Tuesday, May 13, 2014

ကေအိုင်အိုနှင့် အစိုးရ ဆွေးနွေးပွဲစတင်


by နော်နိုရင်း
အစိုးရတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်အကြား တိုက်ပွဲတွေဖြစ်နေတဲ့ကိစ္စ ကို အဖြေရှာဖို့ နှစ်ဖက်ကိုယ်စား လှယ်တွေ ဒီမနက် ၉ နာရီ စတင်ဆွေးနွေးကြပါတယ်။

ဒီဆွေးနွေးပွဲမှာ အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းအဖွဲ့က ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းအပါအ၀င်၊ ၀န်ကြီး ၅ ဦးတက်ရောက်ခဲ့ပြီး ကေအိုင်အို ဘက်ကတော့ ဦးဆွမ်လွတ်ဂမ် ဦးဆောင်တဲ့ ကေအိုင်အို အဖွဲ့တို့ ဆွေးနွေးကြတာဖြစ်ပါတယ်။
ဒီဆွေးနွေးပွဲမှာ လက်နက်ကိုင်ပဋိပက္ခကိစ္စတွေကို အဓိကထားစတင်ဆွေးနွေးကြပြီး ကေအိုင်အေရဲ့ ဒု-စစ်ဦးစီချုပ်ဗိုလ်ချုပ်ဂွန်မော်က မီဒီယာတွေနဲ့ ဆက်ဆံပြောဆိုမှုတွေကို အဓိက ဖြေရှင်းခဲ့တယ်လို့ ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ မြန်မာငြိမ်းချမ်းရေးစင်တာက ဦးညိုအုန်းမြင့်က ပြောပါတယ်။
ဒီဆွေးနွေးပွဲအတွင်း အစိုးရတပ်အရာရှိတွေအပါအ၀င် လွတ်တော်ကိုယ်လှယ်တွေ ရောက်ရောက်သလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ယူအန်ကိုယ်စားလှယ်တွေက လေ့လာစောင့်ကြည်သူအနေနဲ့ တက်ရောက်ခဲ့ပါတယ်။

ဒီဗွီဘီ

No comments:

Post a Comment