Thursday, May 22, 2014

တရားသူကြီးက လူသတ်မှုစစ်ဆေးနေစဉ် တရားရုံးဝန်ထမ်းနှစ်ဦး လိင်မှုပြုနေတာကြားမြင်ရ၍ စစ်ဆေးမှုရပ်နား

တရားခွင်ရပ်နားခဲ့သော တရားရုံး
အီတလီနိုင်ငံ Genoa က Palazzo di Giustizia တွင် လူသတ်မှုအား စစ်ဆေးကြားနာနေသော တရားသူကြီး Stunned Anna Ivaldi ဟာ တရားခွင်၌ စစ်ဆေးကြားနာနေစဉ် ဆူညံသည့်အသံဗလံများကြောင့် တဖက်အပေါ် မော့ကြည့်လိုက်ရာ မှုန်မှုန်မှိုင်းမှိုင်း မှန်များနောက် မိမွေးတိုင်း ဖမွေးတိုင်း ချစ်ရည်လူးပြီး လိင်အမှုပြုနေသော တရားရုံးဝန်ထမ်း နှစ်ဦးအား မြင်တွေ့ခဲ့သည့်အတွက် တရားခွင်စစ်ဆေးမှု ရပ်နားခဲ့ကြောင်း သိရသည်။

မုန်တိုင်း ရခိုင်ကို ဦးတည်

ရခိုင် ကမ်းရိုးတန်းနဲ့ မုန်တိုင်း အန္တရာယ်

မေလ၂၂ ရက် မနက် ၁၁ နာရီ ကစပြီး ဘင်္ဂ္လား ပင်လယ်အော် ထဲက မုန်တိုင်းငယ် ဟာ ရခိုင် ကမ်းရိုးတန်းကို ဦးတည် နေပြီလို့ မိုးလေဝသက သတင်း ထုတ်ပြန် လိုက်ပါပြီ။

တပ်မတော်သားအမတ်များ ငုတ်တုတ်အချိန်ကုန် မခံစေလို


နာဂစ်ဖွဲ့စည်းပုံဥပဒေဟုခေါ်တွင် နေကြသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စုလွှတ်တော်နှစ်ရပ်သာမက တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်တွေမှာပါ တပ်မတော်သား ကိုယ်စားလှယ်များ ပါဝင်ကြသည်။

လူသားဆန်မှုကို ကာကွယ်ပေးရေး


လူသားဆန်မှု၊ လူသားဆန်ခြင်း၊ လူသားဆန်မှုကို ထိန်းသိမ်းခြင်း၊ လူသားဆန်မှုကို ကာကွယ်ခြင်း၊ လူသားဆန်မှုကိုချိုးဖောက်သည့် ရာဇ၀တ်မှုများအစရှိတဲ့ အသုံးအနှုန်းတွေဟာ ဒုတိယကမ္ဘာစစ်အပြီး နိုင်ငံတကာ နယ်ပယ်မှာလူသိများလာပါတယ်။ အသုံးအနှုန်းအရ ကျယ်ပြန့်လာပါတယ်။ အဲသလိုကျယ်ပြန့်လာတာနဲ့ အမျှလူသားဆန်မှုဆိုတာ မချိုးဖောက်သင့်တဲ့ မချိုးဖောက်ကောင်းတဲ့ကိစ္စ ဖြစ်သလိုကာကွယ်ရမယ့် အရေးအရာအဖြစ်  လက်ခံလာကြပါတယ်။

ရေးမြို့နယ် NLD အဖွဲ့ဝင်တစ်ဦးနှင့် တူတော်စပ်သူကို အဓမ္မကြံစည်မှု၊ လက်နက်ကိုင်ဆောင်မှုတို့ဖြင့် ဖမ်းဆီး

ဓါတ်ပုံ - ရဲဇာနည် 
မော်လမြိုင်၊ မေ ၂၁

မွန်ပြည် ရေးမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) နာယက ဦးရဲလွင်နှင့် ၎င်း၏ တူတော်စပ်သူကို အဓမ္မ ကြံစည်မှု၊ လက်နက်ကိုင်ဆောင်မှုတို့ဖြင့် ဖမ်းဆီးစစ်ဆေးလျက် ရှိကြောင်း မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးက တာဝန်ကျ ရဲအရာရှိက ပြောကြားသည်။

အင်းလျားလမ်းတွင် နေ့ခင်းကြောင်တောင် ကားလုယက်မှုဖြစ်

ရန်ကုန်၊ မေ ၂၁

ဗဟန်းမြို့နယ် အင်းလျားလမ်းပေါ်ရှိ ကွန်ပျူတာတက္ကသိုလ် (ဗဟန်းနယ်မြေ) အရှေ့တွင် မေလ ၂၁ ရက် မွန်းလွဲ ၁ နာရီခန့်က အသက် ၂၈ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးက အငှားယာဉ်မောင်းကို ထိုးကြိတ်ကာ ကားလုယက်မှု ဖြစ်ပွားခဲ့ကြောင်း လုယက်ခံရသူ အငှားယာဉ်မောင်း ဦးစိုးမိုးက The Voice သို့ ပြောကြားသည်။

ရုတ်တရက်သေဆုံးသွားသူ၏ ရုပ်လောင်းအား သဂြုင်္ိဟ်ပြီး တစ်လအကြာတွင် တူးဖော်စစ်ဆေးရာမှ လူသတ်မှုပေါ်

မုံရွာမြို့နယ်၊ ကိုင်းတောကျေးရွာတွင် အသက် (၃၄)နှစ်အရွယ် နိုင်လင်းဆိုသူ အမျိုးသားတစ်ဦး ရုတ်တရက် သေဆုံးခဲ့သဖြင့် မြေမြှုပ်သဂြုင်္ိဟ်ပြီး တစ်လအကြာ၌  ပြန်လည်တူးဖော်စစ်ဆေးရာမှ လူသတ်မှုအဖြစ် ဖော်ထုတ်အရေးယူနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

ငွေလို၍ အိမ်နီးချင်း ကလေးကိုသတ်ပြီး နားကပ်ချွတ်ယူ

ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာတွင် အမျိုးသားတစ်ဦးက ခြောက်နှစ်အရွယ် မိန်းကလေးကို သတ်ကာ နားကပ်အားချွတ်ယူပြီး အလောင်းကို ကျေးရွာသင်္ချိုင်းတွင် မြေမြှုပ်ထားမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ပုသိမ် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ကို ဒေသခံများ ဆန္ဒပြ

ပုသိမ်၊ မေလ ၂၁

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် မေလ ၂၀ ရက်နေ့ နံနက် ၉ နာရီက လူကုန်ကူးမှု ကျူးလွန်သူများကို ထိရောက်စွာ အရေးယူရန်နှင့် လူကုန်းကူခံရသူများကို လူသားဆန်စွာ ဆက်ဆံရန်အတွက် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ကို လူကုန်ကူး ခံခဲ့ရသူများနှင့် မိသားစုဝင်များက ဆန္ဒဖော်ထုတ်ကြကြောင်း ယင်းဆန္ဒဖော်ထုတ်ပွဲ ဦးဆောင်သူ ဦးမြင့်နိုင်က ပြောကြားသည်။

ဝူခုံးဇာတ်ဆောင်ရဲ့ မြန်မာပြည်ငြိမ်းချမ်းရေးခရီး စတင်

မြန်မာပရိသတ်အကြိုက်တွေ့တဲ့ တရုတ်ဇာတ်လမ်းတွဲ Journey to the west က ၀ူခုံးဇာတ်ဆောင် Mr.Liu Xiao Ling Tong ဟာ ရန်ကုန်မြို့ကို ရောက်ရှိနေပြီး သူ့ရဲ့ တတိယဇာတ်လမ်းတွဲကို မြန်မာပြည်အခြေခံပြီး ရိုက်ကူးလိုတယ်လို့ ထုတ်ဖော်ပြောကြား လိုက်ပါတယ်။

စိုက်ပျိုးစရိတ်ချေးငွေ ကျပ်ဘီလီယံ ၅၀ ပိုထုတ်ချေးမည်

Farmers plant rice seedlings in a paddy field on the outskirts of Yangon
အခုနှစ် မိုးရာသီ စပါးသီးနှံအတွက် စိုက်ပျိုးစရိတ်ချေးငွေကို အခုဘဏ္ဍာနှစ်မှာ ကျပ် ၉၈၃ ဘီလီယံ ထုတ်ချေးမှာဖြစ်လို့ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်နဲ့ယှဉ်ရင် ကျပ်ဘီလီယံ ၅၀ ပိုမိုထုတ်ချေးသွားမယ်လို့ မြန်မာ့လယ်ယာဖွံ့ဖြိုးဘဏ်က အကြီးတန်းအရာရှိတဦးက ပြောပါတယ်။

မုန်တိုင်းငယ် လိမ္မော်ရောင်အဆင့်ရောက်ရှိ၊ ရခိုင်ကမ်းရိုးတန်းကို ရွေ့လျားမည်ဟုဆို

storme
မြန်မာစံတော်ချိန် ၁၁း၃၀ နာရီအချိန် ထိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ လိမ္မော်ရောင်အဆင့်ကို ရောက်ရှိနေပြီး မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းကို ဦးတည်ရွေ့လျားနေတယ်လို့ မိုးဇလက သတင်းထုတ်ပြန် ပါတယ်။

သေမင်းတမန် လမ်းမကြီးကို ဘယ်လိုပြင်ကြမလဲ

ရန်ကုန်, နေပြည်တော်, မန္တလေး, အမြန်လမ်းမ, အင်ဂျင်နီယာ,
လူသေဆုံး ထိခိုက်မှုတွေ များနေတာကြောင့် “သေမင်းတမန် လမ်းမကြီး” လို့ လူတွေခေါ်လာကြပါပြီ (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
ယာဉ်မတော်တဆ ထိခိုက်မှုတွေကြောင့် လူသေဆုံး ထိခိုက်မှုတွေ များနေတာကြောင့် “သေမင်းတမန်လမ်းမကြီး” လို့ လူတွေခေါ်လာကြတဲ့ ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကြီးကို ဖြတ်သန်း သွားလာဖို့အတွက် ပြည်သူတွေ ကြောက်ရွံ့နေကြပါပြီ။

တရုတ်လူမျိုး ၂ ဦးကို ပြန်ပေးဆွဲခဲ့ခြင်းမဟုတ်ဟု လက်ပံတောင်းဒေသခံများပြော

Lapadaung Press release22052014
မေလ ၁၈ ရက်နေ့က ဆည်တည်းရွာနဲ့ တုံရွာအကြားယာခင်းထဲကို မြေတိုင်းဖို့ ရောက်ရှိခဲ့တဲ့ ၀မ်ပေါင်ကုမ္မဏီဝန်ထမ်း တရုတ်လူမျိုးတဦးနဲ့ စကားပြန်တဦးကို ပြန်ပေးဆွဲတာမဟုတ်ဘဲ ခေတ္တခေါ်ယူထားခြင်းသာ ဖြစ်ကြောင်း လက်ပံတောင်း ကြေးနီစီမံကိန်းဒေသ၊ ဆည်တည်းရွာခံတွေက ရန်ကုန်မြို့ မြန်မာဂျာနယ်လစ်ကွန်ရက် ရုံးခန်းမှာ ဒီနေ့နေလယ် သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ပြောကြားပါတယ်။

အပစ်ရပ် မူကြမ်း၌ ဖက်ဒရယ်ဆိုင်ရာ အသုံးအနှုန်း တပ်မတော် လက်ခံ

ဖက်ဒရယ် စနစ်, အပစ်အခတ် ရပ်စဲရေး မူကြမ်း, ငြိမ်းချမ်းရေး , တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့ ,NCCT, တပ်မတော်
မေလ ၂၁ ရက်က ရန်ကုန်မြို့ မြန်မာ ငြိမ်းချမ်းရေး စင်တာတွင် ကျင်းပသော ဆွေးနွေးပွဲ တက်ရောက်လာသည့် NCCT မှ ဒေါက်တာ ဆလိုင်းလျန်မုန်း ဆာခေါင်းအား မီဒီယာ သမားများက မေးမြန်းနေစဉ် (ဂျေပိုင် / ဧရာဝတီ)
ဒီမိုကရေစီနှင့် အမျိုးသားရေး တန်းတူ အာမခံချက်ပေးသော ဖက်ဒရယ် စနစ် ပုံဖော်မည့် ပြည်ထောင်စု စနစ် စကား အသုံး အနှုန်းကို အပစ်အခတ် ရပ်စဲရေး မူကြမ်းတွင် သုံးနှုန်းရန် တပ်မတော်ဘက်က လက်ခံလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ဧရာဝတီတိုင်းမှာ ကြံ့ခိုင်ရေးပါတီက NLD ကို ဖွဲ့စည်းပုံ မပြင်ရေး အားစမ်း

ဖွဲ့စည်းပုံ အခြေခံဥပဒေ, ဧရာဝတီတိုင်း, ကြံ့ခိုင်ရေးပါတီ
ဖွဲ့စည်းပုံ အခြေခံဥပဒေ မမြင်ရေးအတွက် ကြံ့ခိုင်ရေးပါတီက လူစုစည်းကာ ဆန္ဒပြခိုင်းခဲ့သည် (ဓာတ်ပုံ – ဧရာဝတီ)

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေနဲ့ ပူးပေါင်းပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းလာချိန်မှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) ရဲ့ ဗဟိုကော်မတီဝင် ဧရာဝတီတိုင်း အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးသိန်းအောင်က ဖွဲ့စည်းပုံပြင်ဖို့ မလိုကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် ဇလွန်မြို့မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ မပြင်ဖို့ ကြံ့ခိုင်ရေးပါတီက ဦးဆောင်ပြီး ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။ ဒါကြောင့် ကြံ့ခိုင်ရေးပါတီက ဖွဲ့စည်းပုံ မပြင်ရေးအတွက် အဟန့်အတား စတင်လုပ်ဆောင်လာပြီးလားလို့ နိုင်ငံရေးအသိုင်းအ၀ိုင်းက ဝေဖန်ပြောဆိုနေကြပါတယ်။

ရာဇဝတ် ပုဒ်မများနဲ့ ခြိမ်းခြောက် ခံလာရတဲ့ မြန်မာ့ မီဒီယာ

Media Law, ဦးသိန်းစိန်အစိုးရ, Press Freedom, ပြန်ကြားရေး ၀န်ကြီးဌာန, East-West-Center, RFA, VOA, BBC, The Irrawaddy, Freedom House, RSF, CPJ,
သတင်းလွတ်လပ်ခွင့် အတွက် ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၇ ရက်က ဆန္ဒပြခဲ့သည့် သတင်းသမားတချို့(ဓာတ်ပုံ – စိုင်းဇော် / ဧရာဝတီ)

သမ္မတ ဦးသိန်းစိန် အစိုးရသက်တမ်း ၃ နှစ် ကာလ လွန်မြောက်လာချိန်မှာ မီဒီယာသမားတချို့ကို ဖမ်းဆီး ထောင်ချတာ၊ တရားစွဲဆို အရေးယူတာတွေကြောင့် အစိုးရရဲ့ မီဒီယာ လွတ်လပ်ခွင့်ကို တကယ်ယုံကြည်မှု မရှိဘူးလို့ ပြည်တွင်း မီဒီယာ အသိုင်း အဝိုင်း က ဝေဖန်ပြောဆိုမှုတွေ ရှိလာပါတယ်။

Wednesday, May 21, 2014

ချစ်သူကိုယ် ချစ်လွန်းလို့ မိမိကိုယ်ကို အဆုံးစီရင်သွားတဲ့ မုံရွာ ကန်သာယာဘေးက ကြိုးဆွဲချမှု

မုံရွာ၊ မေ ၂၀

စစ်ကိုင်းတိုင်းဒဒေသကြီး၊ မုံရွာမြို့၊ ဒေါနခြံရပ်ကွက်၊ ဗိုလ်ချုပ်လမ်းအနီးရှိ ကန်သာယာရေကန်ကြီးအနီးတွင် မေလ ၂၀ ရက်နေ့ ညနေ ၆ နာရီအချိန်က နည်းပညာ၊ ပညာရှင် လူငယ်တစ်ဦး သမီးရည်းစား ကိစ္စနှင့် ပတ်သက်၍ မိမိကိုယ်ကို အဆုံးစီရင်သွားသည့် သေမှုသေခင်းဆိုင်ရာ ကိစ္စတစ်ရပ်ပေါ်ပေါက်ခဲ့ကြောင်း မုံရွာမြို့မရဲစခန်းမှူး ဒုရဲမှူး ကျေိာကျော်ညွှန့်ထံမှ သိရသည်။

လက်ပံတောင်းတောင်ဒေသ ပဋိပက္ခတွင် ရဲတပ်ဖွဲ့ဝင်အချို့ ဒဏ်ရာရပြီး ကား(၅)စီး၊ ဆိုင်ကယ်(၁၂) ဖျက်စီး ခံလိုက်ရ

ဆားလင်းကြီး၊ မေ ၁၉

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ကျောက်ဖြူတိုင်ကျေးရွာနှင့် ဇီးတောရွာဟောင်း ကျေးရွာအနီးတွင် မေလ ၁၈ ရ့်နေ့ ည ၉ နာရီဝန်းကျင်ခန့်ကဖြစ်ပွားခဲ့သော ဒေသခံတောင်သူများနှင့် လုံခြုံ ရေးရဲတပ်ဖွဲ့ဝင်များအကြား ဖြစ်ပွားခဲ့ ပဋိပက္ခတွင် ရဲတပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ကားငါးစီးပျက်စီးခဲ့ ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ပုဒ်မ ၄၃၆ ပြင်ဆင်နိုင်ရန် အခြေခံဥပဒေပြင်ဆင်ရေးကော်မတီက လွှတ်တော်တင်မည်

Staff-sell-copies-of-Myanmars-constitution-at-the-Lower-House-of-Parliament-in-Naypyitaw-July-9-2012.-300x192
အခြေခံဥပဒေပြင်ဆင်ရေးအတွက် အဓိက အခက်အခဲဖြစ်တဲ့ ပုဒ်မ ၄၃၆ အပါအ၀င် အခြေခံ ဥပဒေ အခန်း ၁၂ က ပုဒ်မတချို့ကို ပြင်ဆင်နိုင်ဖို့ အခြေခံဥပဒေပြင်ဆင်နိုင်ရေး ကော်မတီက ဆုံးဖြတ်ခဲ့ပြီး လွှတ်တော်ကိုတင်ပြမယ်လို့ ကော်မတီဝင် တဦးကပြောပါတယ်။

မြန်မာကျောင်းသားများကို ဒေါ်လာ သန်း ၁၀၀ ကူညီမည်

school
ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံမှာရှိတဲ့ ကျောင်းသားတွေအတွက် ဒေါ်လာ သန်း ၁၀၀ ပညာရေး ထောက်ပံ့ကူညီမှု ပေးမယ့် စီမံကိန်းကို ကြေညာလိုက်ပါတယ်။

(NDF)ပါတီ ခေါင်းဆောင် ဒါက်တာ သန်းငြိမ်း ကွယ်လွန်

ဒေါက်တာ သန်းငြိမ်း
ဒေါက်တာ သန်းငြိမ်း
အမျိုးသားဒီမိုကရေစီအင်အားစုပါတီခေါင်းဆောင် ဒေါက်တာသန်းငြိမ်း (၇၆) နှစ်ဟာ မေလ ၂၁ ရက် 
မနက် ၇ နာရီက ရန်ကုန်မြို့၊ ပင်လုံဆေးရုံမှာ အသည်းရောဂါနဲ့ ကွယ်လွန်သွားပါတယ်။