Saturday, March 22, 2014

ဒီမိုကရေစီရဲ့ စံနှုန်းစံထားနဲ့ မကိုက်ညီတဲ့ ဖွဲ့စည်းပုံ ပြုပြင်ရန်လိုဟု ဒေါ်စု ပြော

1899954_1556162951275834_480959675_n
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်ပဲနဲ့ နိုင်ငံဟာ ဒီမိုကရေစီကို သွားနေတယ်လို့ ပြောရင် ပြောတဲ့သူတွေဟာ ပြည်သူလူထုကို လှည့်စားနေတာပဲလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

(NLD)ပါတီဝင်တစ်ဦး၏ တိုင်ကြားမှုကြောင့် မေတ္တာရှင်လူမှုကူညီရေးအသင်းပိုင် ယာဉ်(၂)စီး လိုင်စင်မဲ့ဖြစ် သိမ်းဆည်းခံရ


ညောင်လေးပင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီဝင်တစ်ဦးဖြစ်သည့် ဦးတင်မြင့်၏ တိုင်တန်းမှုကြောင့် တော်ဝိကျေးရွာရှိ အများပြည်သူတစ်ပိုင်တစ်နိုင်
နာရေး၊ကျန်းမာရေးကိစ္စများကို(အခမဲ့)ကူညီပေးနေသော မေတ္တာရှင်လူမှုကူညီရေးအသင်း၏ နိဗ္မာန်ယာဉ်တစ်စီးနှင့် အရေးပေါ်လူနာတင်ယာဉ်တစ်စီး စုစုပေါင်းယာဉ်(၂)စီးတို့အား လိုင်စင်မဲ့ယာဉ်အဖြစ် ၂၀၁၄ခုနှစ်၊ မတ်လ(၂၁)ရက်နေ့တွင် ညောင်လေးပင်မြို့မရဲစခန်းမှ သိမ်းဆည်းသွားပြီး
မေတ္တာရှင်လူမှုကူညီရေးအသင်း ကော်မတီဝင်များ(ပါ)လူပုဂ္ဂိုလ်(၇)ဦးအား သွင်းကုန်ထုတ်ကုန်ဥပဒေ ပုဒ်မ(၈)ဖြင့် ဖမ်းဆီးအရေးယူတော့မည်ဖြစ်ကြောင်း သေခံပြည်သူများ၏ ပြောပြချက်အရသိရှိရသည်။

ခရမ်းလွန်ရောင်ခြည်အန္တရာယ် သတိပေး နှိုးဆော်

headstro
ခရမ်းလွန်ရောင်ခြည်အန္တရာယ် သတိပေး နှိုးဆော်ချက်ရပ် ကျန်းမာရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။

Friday, March 21, 2014

စာမေးပွဲကပြန်လာသူ ကျောင်းသူတဦး ၆ဘီးယာဉ်နဲ့ ပွတ်တိုက်မိပြီး သေဆုံး

သတင်းဓာတ်ပုံ - ကိုသားကြီး(တောင်ငူ)

စာမေးပွဲဖြေဆိုပြီး ပြန်လာတဲ့ တောင်ငူတက္ကသိုလ် တတိယနှစ် ရူပဗေဒ ကျောင်းသူ(၂)ဦးရဲ့ ဆိုင်ကယ်နဲ့ ၆ဘီးတပ်ယာဉ် နောက်ပိုင်းနဲ့ ပွတ်တိုက်မိပြီး ကျောင်းသူတဦး သေဆုံးမှုတစ်ခု မတ်လ ၂၁ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။

ရခိုင်အမျိုးသားပါတီ ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ပြိုင်မည်

Written by  ရွှေရည်ဝင်းထက် 

ရန်ကုန်၊ မဇ္ဈိမ။           ။ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည်ဆိုပါက ရခိုင်အမျိုးသားပါတီ အနေဖြင့် ရခိုင်ပြည်နယ်ရှိ မင်းပြားနှင့် ဂွ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအေးသာအောင်က မဇ္ဈိမကိုပြောသည်။
ထိုသို့ ဝင်ပြိုင်ရန် ပြင်ဆင်စရာရှိသည်များကို မတ်လ ၂၃ရက်တွင် စစ်တွေမြို့၌ပြုလုပ်မည့် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးတွင် ဆုံးဖြတ်မည်ဖြစ်သည်။ အဆိုပါမဲဆန္ဒနယ်များ၏ ၂ဝ၁ဝ ပြည့်နှစ် ရွေးချယ်ခံကိုယ်စားလှယ်နှစ်ဦး ဆုံးပါးသွားခဲ့သည်မှာ တစ်နှစ်ကျော် ကြာမြင့်နေပြီဖြစ်သည်။

“အစိုးရ လူကုန်ကူးမှုတိုက်ဖျက်ရေးအစည်းဝေးတွင် လွတ်လပ်သည့်အဖွဲ့များတင်ပြခွင့်ရ”

မြတ်ညို(အလွတ်သတင်းထောက်)   ၂၀၁၄ မတ်လ  ၂၁

       ထိုင်းအစိုးရနှင့်မြန်မာအစိုးရ လူကုန်ကူးမှုတိုက်ဖျက်ရေး ၁၀ကြိမ်   မြောက် နှီးနှောဖလှယ်ပွဲတွင်အစိုးရ မဟုတ်သည့် လွတ်လပ်သည့်အဖွဲ့ အစည်း၎ခုတို့က အကြံပြုချက်များ ကိုတင်ပြခဲ့ကြကြောင်းသိရှိရသည်။ ထိုင်းအစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေးအထူးရဲတပ်ဖွဲAHTD နှင့်  ထိုင်းအစိုးရ လူကုန်ကူးမှုအထူး ထောက်လှမ်းရေးတပ်ဖွဲ့ DSI တို့က မပြီးပြတ်သေးသည့် အမှုတွဲများ၏အခြေအနေများအား လျှင်မြန်စွာအကောင်အထည်ဖေါ်ကြရန်   ဆွေးနွေးကြသည်။ အထူးသဖြင့်အမှုများ တည်ဆောက်ရာတွင် (မြန်မာဘာ သာပြန်)များ၏  ဘက်လိုက်မှုကြောင့်အမှုပျက်ပြယ်မှုများရှိနေကြောင်း၊ ထို့ကြောင့် မြန်မာသံရုံးမှ တရားဝင် ဘာသာပြန်ရရှိ လိုကြောင်း ထိုင်းအစိုးရ ဘက်က  တောင်းဆိုတင်ပြသည်။

ဦးတေဇကို အမေရိကန် ၂ ဦးက တရားစွဲ

ဦးတေဇ
ဦးတေဇ


အဲပုဂံ၊ ထူးကုမ္ပဏီများနဲ့ ဦးတေဇကို အမေရိကန် ၂ ဦးက အမေရိကန်နိုင်ငံရဲ့ စူပါ ပါဝါကို အသုံးချပြီး မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနဲ့ အမေရိကန်နိုင်ငံ တရားရုံးတွေမှာ မမှန်ကန်တဲ့စွပ်စွဲချက်တွေနဲ့ တရားစွဲထားကြောင်း ဦးတေဇက သူ့လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားပါတယ်။

ပြင်သစ်လူမျိုး နှစ်ဦးတို့၏ ထူးခြားသည့် မင်္ဂလာဆောင်ပွဲ



ယနေ့ 20-3-2014-နေ့ မှာတော့ ပြင်သစ်နိုင်ငံ သား mr monney နှင့် ပြင်သစ်နိုင်ငံသူ ms Thellier တိုမှ မြန်မာ့ ဓလေ့ ထုံးထမ်း စဉ်လာကို အလေးထား မြတ်နိုး တန်ဘိုးထားသောအားဖြင့် ဗုဒ္ဓဘာသာယဉ်ကျေးမှု့ နှင့်အညီ အာဝါဟ ဝိဝါဟ မင်္ဂလာကို ပုဂံညောင်ဦးမြို့ မြစည်းခုံကျောင်းတိုက်အတွင်း တွင် သံဃာတော် အရှင်မြတ်များအား

အိမ်ဖော်အဖြစ်လုပ်လုပ်နေတဲ့ အသက် ၂၅ နှစ်အရွယ် အိမ်ဖော်အမျိုးသမီးတဦးကို အိမ်ရှင်က ရေနွေးပူနဲ့လောင်း၊ မီးပူနဲ့ အထိုးခံရတာ အပါအ၀င် အပြင်းအထန် နှိပ်စက်ခံရမှုတခု ရန်ကုန်မြို့မှာ ဖြစ်ပွားခဲ့ပါတယ်။




ရန်ကုန် ဘုရင့်နောင်တာဝါ ၂ က အခန်းတခုမှာ နေထိုင်တဲ့ ဒေါ်စီစိလျ (ခ) ဒေါ်ခါးခါး ဆိုသူက သူ့အိမ်ဖော် မသီတာဝင်းကို ရေနွေးပူလောင်း၊ မီးပူထိုးတာအပါအ၀င် အပြင်းအထန် နှိပ်စက်ခဲ့တာဖြစ်ပါတယ်။

တစ်နေ့တစ်ခါ ခရမ်းချဉ်သီးစားပါက ဆီးကျိတ်ကင်ဆာကို ကာကွယ်နိုင်


တကယ်ကောင်းမွန်တဲ့ နည်းလမ်းလေး ဖြစ်ပါတယ်။ ခရမ်းချဉ်သီးဟာ အိမ်ရှင်မတွေ အတွက်
အလွန်အသုံးဝင်တဲ့ အစားအစာ တစ်ခုဖြစ်တဲ့ အပြင် အများစု ကြိုက်ကြမယ်လို့ ထင်ပါတယ်။

Thursday, March 20, 2014

ပျောက်ဆုံးလေယာဉ် (MH370) ၏ ပျက်စီးအပိုင်းအစ တွေ့ရှိကြောင်း သြစီဝန်ကြီးချုပ်ပြော


ကင်ဘာရာ ၊ မတ် ၂၀

အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းတွင် MH370 ပျောက်ဆုံးလေယာဉ်မှ ပျက်စီးအစိတ်အပိုင်းဖြစ်နိုင်ဖွယ် ပစ္စည်း ၂ ခုကို တွေ့ရှိကြောင်း သြစတြေးလျဝန်ကြီးချုပ် တိုနီအက်ဘော့ဘ် က ကင်ဘာရာသြစတြေးလျပါလီမန်၌ ယနေ့နံနက် ၁၀ နာရီခွဲတွင် ပြောကြားခဲ့သည်။

၈ နှစ်သားလေးနဲ့ အတူအိပ်ခဲ့တဲ့ အမျိုးသမီး ထောင် ၂ နှစ်ကျ


တလောက အသက် ၄၁ နှစ်အရွယ်တက္ကသိုလ် ဆရာမနဲ့ အသက် ၁၆နှစ်အရွယ် ဆယ်တန်းကျောင်းသားခိုးပြေးကြတဲ့ သတင်းထက် အခုကိစ္စကပိုစိတ်ဝင်စားစရာ ကောင်းမယ် ထင်ပါတယ်။

တစ်ချိန်က မြန်မာနိုင်ငံရဲ့ ရင်နာစရာများ

၃၆ စက္ကန့် နဲ့ Jesus ကို အလဲထိုးသူ

အရမ်းကိုအံ့သြဖို့  ကောင်းလောက်အောင် မျက်လှည့်ပြကွက်လို့  ဆိုနှိုင်ပါတယ် မျက်လှည့်

Wednesday, March 19, 2014

ဟံသာဝတီလေဆိပ် တင်ဒါကိစ္စ တစ်က ပြန်စ

ဟံသာဝတီလေဆိပ် နမူနာအား တွေ့မြင်ရစဉ်

မြန်မာနိုင်ငံမှာ အကြီးဆုံး ဖြစ်လာမယ့် ပဲခူး ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ် တည်ဆောက်ရေး တင်ဒါအောင် ကုမ္ပဏီတွေနဲ့ လေကြောင်းပို့ဆောင်ရေး ဦးစီးဌာန ဆွေးနွေးရာမှာ အဆင်မပြေမှုတွေနဲ့ နောက်ထပ် ထည့်သွင်းစဉ်းစားရမယ့် အချက်တွေ ရှိလာတာကြောင့် နဂို တင်ဒါ တင်သွင်းခဲ့တဲ့ ကုမ္ပဏီကြီးအားလုံး တင်ဒါအသစ် ပြန်လည် တင်သွင်းကြဖို့ လေကြောင်းပို့ဆောင်ရေး ဦးစီးဌာနက အကြောင်းကြားထားပါတယ်။

"ကျေးဇူးတင်ပါတယ် ဒါပေမယ့်" “နှလုံးသားမှာဆူးနစ်ဝင်တယ်”



“နှလုံးသားမှာဆူးနစ်ဝင်တယ်”                                       
       အကူညီတောင်းသူထဲက အလုပ်သမားအကြီး အမှူးဖြစ်သူ ကိုခင်ဇေါ်ဝင်း က “ဆရာ.. ကျနော်တို့  လူကုန်ကူးခံခဲ့ရကောင်းလားလို့   ပြစ်ဒဏ်ခတ်ထား တာလားဗျာ၊  ကျနော်တို့ ဒီ ကယ်ဆယ်ရေးစခန်းထဲမှာ ဘာမျှော်လင့် ချက်မှမရှိပဲ တစ်နှစ်တိတိနေခဲ့ကြရပြီ။ ကျနော် တို့ မိသားစုနဲ့   ဝေးနေရတာပဲ အဖတ်တင်တယ်။ လူကုန်ကူးမှုကိုကျူးလွန်ကြတဲ့ဂိုဏ်းခေါင်း   ဆောင်ထောင် မကျသေးဘူး။ ထောင်ချခံနေ ရပြီဖြစ်တဲ့ဂိုဏ်းသား တွေ ကျနော်တို့ ထက်ေ တာင် အယင်လွတ်မလားမသိဘူး။ ကျနော်တို့ကို လူကုန် ကူးတဲ့ပွဲ စားတွေ ဆီက အဖိုး နည်းနည်းနဲ့ဝယ်ယူပြီး မသေမချင်းခိုင်းနေတဲ့ ထိုင်းငါးဖမ်းလှေပိုင်ရှင်   တွေ တရားရုံးကိုတောင်လာစရာမလို ဘူးဗျာ။ ကျနော်တို့ ဘယ်တော့ အိမ်ပြန်ရမလဲဆရာ၊ ကျနော်တို့ကို ကူညီပါ အုံးဗျာ” လို့ပြောတဲ့စကားဟာ ကျနော့်ရင်ကို စူးဆူးသလိုခံစားရတယ်။

အာဏာရှင်များနှင့် မြန်မာ့ တပ်မတော် အပိုင်း ၁၁ – ဗေဒင်၊ ယတြာများနှင့် နိဂုံး အဆုံးသတ်ခြင်း

အာဏာရှင်,  မြန်မာ့တပ်မတော်, ဗေဒင်, ယတြာ, သန်းရွှေ
ကုလသမဂ္ဂရဲ့ အဆင့်မြင့်အရာရှိတွေ ရွှေတိဂုံမှာ ပူဇော်ဂါရဝပြုနေကြတဲ့ ဆင်းတုတော်ရဲ့ မျက်နှာဟာ ဦးသန်းရွှေနဲ့ ဆင်တယ်


နေပြည်တော်ကို  မြို့တော်အဖြစ် ပြောင်းရွှေ့ရုံးစိုက်ခြင်းအတွက်  မဟာဗျူဟာ အကြောင်းပြချက်တွေ ပေးခဲ့ပေမယ့် မြန်မာပြည်သူအချို့ကတော့ သူ့ရဲ့ ဗေဒင်ဆရာကအကြံပေးခဲ့လို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက မြို့သစ်တည်ခဲ့တယ်လို့ ပြောနေကြတုန်းပဲ။ ဗေဒင်ဆရာက သူနဲ့ ဒေါ်ကြိုင်ကြိုင်ကို ကပ်ဘေးတခု ရောက် မလာခင် မြို့တော်ရွှေ့ပြောင်းဖို့ တိုက်တွန်းခဲ့တယ်လို့ ဆိုတယ်။ အဲဒီကပ်ဘေးက၂၀ဝ၈ ခုနှစ် နာဂစ်မုန်တိုင်း ဒါမှမဟုတ် ၂၀ဝ၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး တခုခုကိုဆိုလိုတာဖြစ်မယ်လို့လည်း ယူဆနိုင်ပါတယ်။ ဒီသတင်းတွေ ဘယ်လောက်အတိုင်းအတာအထိ မှန်ကန်မယ်ဆိုတာကိုတော့ ဘယ်သူမှ မသိပါဘူး။ ဒါပေမယ့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဒေါ်ကြိုင်ကြိုင်က နက္ခတ်၊ ဗေဒင်နဲ့ တခြားသော လျှို့ဝှက်ဆန်းပြားတဲ့ လောကီပညာ ရပ်တွေကို အလွန်ယုံကြည် အားကိုးတယ်ဆိုတာကတော့ မြန်မာနိုင်ငံမှာ လူတိုင်းသိကြတဲ့အချက်တခုပါ။

ငပုတောမီး လူပေါင်း ၄၀၀ နီးပါး အိုးမဲ့အိမ်မဲ့ ဖြစ်

ငပုတောမြို့နယ်, ထိန်တန်း ကမ္ဗလာ ကျေးရွာအုပ်စု, ကမ္ဗလာ ကျေးရွာ, မီးလောင်မှု
၂၀၁၃ ဒီဇင်ဘာလ အတွင်းက ဖြစ်ပွားခဲ့သည့် လပွတ္တာမြို့ မီးလောင်မှု (ဓာတ်ပုံ – ဆလိုင်းသန့်စင် / ဧရာဝတီ)


ဧရာဝတီတိုင်း ဒေသကြီး ငပုတောမြို့နယ် ထိန်တန်း ကမ္ဗလာ ကျေးရွာအုပ်စု ကမ္ဗလာ ကျေးရွာ၌ မတ်လ ၁၈ ရက် ညနေပိုင်းက မီးလောင်မှု ဖြစ်ပွားရာ နေအိမ် ၇၂ လုံးနှင့် စပါးကျီ ၂၆ လုံး ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။

DVB - လျှပ်စစ်မီတာခတိုးကောက်ဖို့ ပြည်ထောင်စုလွှတ်တော်ဆုံးဖြတ်

Tuesday, March 18, 2014

အင်းစိန်ထောင်မှ အကျဉ်းသား ခုနစ်ဦး တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆို

Tuesday, March 18, 2014


ရန်ကုန်၊ မတ် ၁၇

အင်းစိန် ဗဟိုအကျဉ်းထောင်တွင် ပြစ်မှုအသီးသီးဖြင့် ပြစ်ဒဏ်ကျခံနေရသူ အကျဉ်းသားများအနက် အသက် ၂၀ အောက် အကျဉ်းသား ခုနစ်ဦးသည် ယခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို အဆိုပါ အကျဉ်းထောင်ရှိ အမှတ် ၃ အခြေခံပညာ အလယ်တန်းကျောင်းတွင် ဝင်ရောက် ဖြေဆိုကြောင်း အင်းစိန် ဗဟိုအကျဉ်းထောင် ထံမှ စုံစမ်း သိရှိရသည်။

နှစ် ၅၀ ကျော် တောင်းရမ်းစားသောက်ခဲ့သူ ဆော်ဒီနိုင်ငံသူ သေဆုံးချိန်၌ မီလီယံနာဖြစ်နေ

Tuesday, March 18, 2014
photo-internet

အမ်းမရိတ်

နှစ်ပေါင်း ၅၀ ကျော်မျှ တောင်းရမ်းစားသောက်ခဲ့သော အသက် ၁၀၀ အရွယ် ဆော်ဒီအမျိုးသမီးတစ်ဦးမှာ ၎င်းသေဆုံးချိန်၌ ငွေကြေးအများအပြားနှင့် အဆောက်အအုံ လေးခုချန်ထားခဲ့ကြောင်း အမ်းမရိတ် သတင်း တစ်ရပ်တွင် မတ်လ ၁၆ ရက်က ဖော်ပြထားသည်။
အိုင်ရှာဟု အမည်ရသည့် အဆိုပါအမျိုးသမီးမှာ ဆွေးမျိုးသားချင်း မရှိသောကြောင့် ၎င်း၏ ပိုင်ဆိုင်မှုများကို အာဏာပိုင်များသို့ပေးအပ်ရန် အိမ်နီးနားချင်း တစ်ဦးသို့ ပြောဆိုခဲ့ရာမှတစ်ဆင့် ယခုကဲ့သို့ သိရှိခဲ့ရခြင်း ဖြစ်သည်။

Monday, March 17, 2014

Skymark လေကြောင်းလိုင်းဟာ လေယာဉ်မယ်တွေကို စကပ်တို ၀တ်ခိုင်းလို့ ဝေဖန်ခံနေရ



Photo: Bloomberg
ဂျပန် နိုင်ငံမှာရှိတဲ့ လေကြောင်းလိုင်း တစ်ခုဟာ လေယာဉ်မယ်တွေကို စကပ် တိုတို ၀တ်ဆင်ခိုင်းခဲ့ လို့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင် နေရတယ်လို့ သိရပါတယ်။ Skymark လေကြောင်းလိုင်းဟာ မကြာမီ စတင်ပြေး ဆွဲမယ့် ပထမဆုံး ခရီးစဉ်ဖြစ်တဲ့ ဟာနီဒါ- ဖူကူအိုကာကို သွားမယ့် လမ်းကြောင်းမှာ လေယာဉ် မယ်တွေကို စကပ်တိုတို ၀တ်ဆင်စေမှာ ဖြစ်ပါတယ်။

ဒါမျိုးတွေ ထပ်လုပ်စေချင်တာလား



မြင်သမျှ ကြားသမျှ

အခုတလောခေတ်အစားဆုံး သတင်းကတော့ လိင်တူချင်းတရားဝင် လက်ထပ်လိုက်တဲ့သတင်းပါပဲ။ ကမ္ဘာမှာတောင်များများစားစားမရှိသေးတဲ့ အချိန်မှာ မြန်မာက ကမ္ဘာ ကို ထိုးဖောက်လိုက်တာလားဆိုတာ စဉ်းစားစရာ။ ဒါကို တရားဥပဒေအရ တားမြစ်ခြင်း၊ အရေးယူခြင်းမရှိဘူးလို့လည်း သိရပါတယ်။ တစ်ဦးတစ်ယောက်နစ်နာမှု မရှိလို့ တိုင်ကြားခြင်းမရှိလို့ပါတဲ့။ ဥပဒေအရ ဟုတ်ပါလိမ့်မယ်။ ဒါပေမဲ့ စဉ်းစားပါ။

သစ်တောညွန်ကြားရေးမှူး (AD)ဂျွန်ထွန်းဦး၏ ပြည်သူအပေါ်မတရားနှိပ့်စက်မှု အပိုင်း(၂)


" စာဖက်ပရိတ်သက်ကြီးရေ " ပဲခူးတိုင်းဒေသကြီး သစ်တောညွန်ကြားရေးမှူး (AD)ဂျွန်ထွန်းဦး၏ ပြည်သူအပေါ်မတရားနှိပ်စက်မှု အပိုင်း(၁)ကို ဖက်သင့်သလောက်ဖက်ပြီး
ကြပြီပေါ့။ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ မြို့ချောင်းကျေးရွာ၊ ဈေးတန်း(၂)ရပ်ကွက်မှာ နေထိုင်တဲ့ ကိုစိုးသူအောင်(ခ)စောင်းစောင်းရဲ့ ရင်ဖွင့်ထားတဲ့ ရုပ်/သံ
ဗွီဒီယိုဖိုင်အတိုင်း စာဖက်ပရိတ်သက်ကြီးသိရှိအောင် ရေးသားတင်ပြထားတာပါ။ ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ(၁၈)ရက်နေ့မှာ ကိုစိုးသူအောင်(ခ)စောင်းစောင်းမှ ဖဒိုရဲစခန်းတွင်

သစ်တောညွန်ကြားရေးမှူး (AD)ဂျွန်ထွန်းဦး၏ ပြည်သူအပေါ်မတရားနှိပ့်စက်မှု အပိုင်း(၁)



၂၀၁၄ခုနှစ်၊ ဇန်န၀ါရီလ(၁၇)ရက်နေ့ ည(၁၀)နာရီခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ မြို့ချောင်းကျေးရွာ၊ ဈေးတန်း(၂)ရပ်ကွက်
တွင်နေထိုင်သော ကိုစိုးသူအောင်(ခ)စောင်းစောင်းနှင့် အသက်(၁၇)နှစ်အရွယ်ရှိ မောင်ကုလား(ခ)မင်းအောင်ပိုင်ဆိုသူတို့အား သစ်တောညွန်ကြား
ရေးမှူး (AD)ဦးဂျွန်ထွန်းဦး(ပါ)၁၅ ဦးအဖွဲ့မှ ဥပဒေမဲ့ ရိုက်နှက်ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံပြည်သူများ၏ ပြောပြချက်အရ သိရှိရသည်။

ပျောက်ဆုံး မလေးရှား လေယာဉ် နံပါတ် ချဲထီဒိုင်များ လက်မခံ

ချဲထီ , ချဲထီဒိုင်, ပျောက်ဆုံး မလေးရှား လေယာဉ် , MH 370, ၃၀၇, ၂၃၉
ရန်ကုန်မြို့ရှိ မလေးရှား လေယာဉ် လက်မှတ် အရောင်း ဌာနအား တွေ့ရပုံ (ဓာတ်ပုံ – ဇာနည်ဝင်း / ဧရာဝတီ)
ပဟေဠိဆန်ဆန် ပျောက်ဆုံးနေဆဲ ဖြစ်တဲ့ မလေးရှား လေယာဉ် နံပါတ် MH 370နဲ့ ခရီးသည် ၂၃၉ ဦး အရေအတွက် နံပါတ် တွေကို ထိုင်း- မြန်မာ ချဲထီဒိုင် တချို့က လောင်းကစားခွင့် မပေးဘဲ ပိတ်ပင် ထားတယ်လို့ သိရပါတယ်။

သူခိုး ဓားပြတွေ ပေါလာတဲ့ ခေတ်

ဒီမိုကရေစီ, လုံခြုံရေး, ဆင်းရဲမွဲတေမှု, အလုပ်လက်မဲ့, သူခိုး, ဓားပြ
ရေကြောင်း ဓားပြတွေပေါ်လာ၊ ပြစ်မှုကျူးလွန်လို့ လုံခြုံရေးအင်အား ၂၀၀ ကျော်နဲ့ ရေကြောင်းရဲတပ်ဖွဲ့ ဖွဲ့စည်းကာကွယ်နေရတဲ့ အနေအထားရောက်နေပါပြီ (ဓာတ်ပုံ – Reuters)

သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့သစ် တက်၊ အပြောင်းအလဲတွေလုပ်ပြီး သုံးနှစ်အကြာ ဒီမိုကရေစီ ဘယ်လောက် ထွန်းကားလာတယ် မပြောနိုင်သေးပေမယ့်  သူခိုးဓားပြတွေ ပေါတဲ့ ခေတ်တခေတ်ကို ရောက်လာတယ်လို့တော့ ပြောနိုင်ပါတယ်။ အခုဆိုရင် မြေပြင်ပေါ်မှာပဲ သူခိုးဓားပြတွေ ရှိတယ်ဆိုတဲ့ အနေအထားမဟုတ်တော့ပါဘူး။ ရေကြောင်း ဓားပြတွေပေါ်လာ၊ ပြစ်မှုကျူးလွန်လို့ လုံခြုံရေးအင်အား ၂၀၀ ကျော်နဲ့ ရေကြောင်းရဲတပ်ဖွဲ့ ဖွဲ့စည်းကာကွယ်နေရတဲ့ အနေအထားရောက်နေပါပြီ။

ပျောက်ဆုံး မလေး လေယာဉ်ကြောင့် ဘန်ကောက် ပတ်စ်ပို့ မှောင်ခို ဈေးကွက် ဂယက်ရိုက်


 နိုင်ငံကူးလက်မှတ်, ထိုင်းနိုင်ငံ, MH370 ဘိုးအင်းလေယာဉ်
ပျောက်ဆုံး မလေး လေယာဉ် MH370 တွင် ပါသွားသော ခရီးသည်များအတွက် ကွာလာလမ်ပူလေဆိပ်တွင် မျှော်လင့်ချက်နှင့် အားပေးသည့် စာသားများ ရေးသားထားသည်ကို မတ်လ ၁၇ ရက်နေ့က တွေ့ရစဉ် (ဓာတ်ပုံ – Reuters)

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူလေဆိပ်မှ တရုတ်နိုင်ငံ၊ ပီကင်းသို့အသွား ပျောက်ဆုံးနေသည့် မလေးရှား လေကြောင်းလိုင်းပိုင် ဘိုးအင်းလေယာဉ်ပေါ်၌ ခိုးယူနိုင်ငံကူး လက်မှတ်သုံး ခရီးသည် ၂ ဦး လိုက်ပါသွားသည်ဟု အတည်ပြုချက် ထွက်ပေါ်ပြီးနောက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ နိုင်ငံကူးလက်မှတ်ဈေးကွက်တွင် အကြီးအကျယ် ရိုက်ခတ်သွားသည်ဟု စုံစမ်းသိရှိရသည်။

ပျောက်ဆုံးနေတဲ့မလေးရှားလေယာဉ်ပြန်တွေ့ ပြီ


တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုနေသူ ကျောင်းသားတစ်ဦး ကျောင်းဝန်း


ရန်ကုန်၊ မတ် ၁၇
ယနေ့နံနက်၀၈၄၅ အချိန် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အထက(၃)စာစစ်ဌာနတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုနေသူ
မောင်---(၂၃)နှစ်၊ ခုံအမှတ် ဆဒတ-၁၇၆၆၊ သိပ္ပံတွဲ(ပြင်ပဖြေ)၊ (၁၈)ရပ်ကွက်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်

လစာအပြည့်အ၀ထုတ်မပေးလို့ ဆန္ဒထုတ်ဖော်



ရန်ကုန်တိုင်းဒေသကြီးဒဂုံ မြို့သစ်အရှေ့ပိုင်းမြို့နယ်လေး ထောင့်ကန်ရပ်ကွက်လမ်းဆုံတွင် ရှိသောTOYA HERCULE အမည်ရှိအထည်ချုပ်စက်ရုံတွင် မတ်လ ၁၀ ရက်နေ့ နံနက် ၈း၃၀  နာရီအချိန်မှစ၍ ၎င်းစက်ရုံတွင်   ရှိသော အလုပ်သမား ၁၂၇ ယောက်မှစက်ရုံရှေ့တွင်ဆန်္ဒဖော် ထုတ်ခဲ့ကြောင်း သိရသည်။

မြန်မာအမျိုးသမီး ၃ သောင်းကို အလုပ်ပေးမည်


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အော်ပရေတာ လိုင်စင်ရထားပြီး လုပ်ငန်း စတင်နေပြီဖြစ်တဲ့ ကာတာ အခြေစိုက် အော်ရီဒူးကုမ္ပဏီဟာ မြန်မာအမျိုးသမီး ၃ သောင်းကျော်ကို ပြည်တွင်းမှာ သင်တန်းပေးပြီး အလုပ်အကိုင် ခန့်အပ်သွားမယ်လို့ ထုတ်ပြန်ကြေညာပါတယ်။

အိမ်ကွင်းမှာ ပေးလိုက်ရတဲ့ ပယ်နယ်တီသုံးလုံးကြောင့် လီဗာပူးလ်ကို ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်

Monday, March 17, 2014

လီဗာပူးလ်အသင်းဟာ ဒီနှစ်မှာ ချန်ပီယံဆုကို ပြန်လည်ရရှိဖို့ အကြီးမားဆုံးစိန်ခေါ်မှုပွဲစဉ်အဖြစ် မန်ချက်စတာယူနိုက်တက်အသင်းကို အိုးထရက်ဖို့ ဒ်မှာ သွားရောက်ယှဉ်ပြိုင်ခဲ့ရာမှာ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲအနိုင်ရရှိခဲ့တဲ့အတွက် လီဗာပူးလ်အသင်းဟာ ဇယားထိပ်ဆုံးက ချယ်လ်ဆီးအသင်းနဲ တစ်ပွဲလျော့ လေးမှတ်သာ ကွာဟတော့ပြီး ချန်ပီယံဆုကို အကောင်းဆုံး ခြိမ်းခြောက် နိုင်တဲ့ အနေအထားကို ရောက်ရှိခဲ့ပါတယ်။

Sunday, March 16, 2014

ပျောက်ဆုံးနေသော မလေးရှား လေယာဉ်ကို မောင်းနှင် သွားသည့် လေယာဉ်မှူးမှာ နိုင်ငံရေး ခံယူချက် ပြင်းထန်သူ ဖြစ်ကြောင်း စုံစမ်းတွေ့ရှိ

Monday, March 17, 2014

လွန်ခဲ့သော ၉ ရက်ခန့်က ပျောက်ဆုံးသွားခဲ့သည့် မလေးရှား လေကြောင်းလိုင်းပိုင် ဘိုးရင်း ၇၇၇ ကို တာဝန်ယူပြီး မောင်းနှင် သွားခဲ့သည့် လေယာဉ်မှူးမှာ နိုင်ငံရေးခံယူချက် ပြင်းထန်သူ တစ်ဦးဖြစ်ပြီး မလေးရှား အတိုက်အခံ နိုင်ငံရေး ခေါင်းဆောင် အန်ဝါအီဘရာဟင်မ်ကို ထောက်ခံသူတစ်ဦး ဖြစ်သည်ဟု Daily Mail တွင် ဖော်ပြထားသည်။

လူအိုတစ်ယောက်ကို အမှိုက်လို စွန့်ပစ်တဲ့ ခေတ်ကြီးလား


(မန္တလေးမြို့)
မန္တလေးမြို့လယ်၊ ဒေါင်းတောင်းလို့ခေါ်ကြ တဲ့ တစ်နေရာ။ လမ်းထောင့်မှာ အမှိုက်ပစ်စရာ ကန်တစ်ခုရှိတယ်။ ည အမှောင်ကို အခွင့် ကောင်းယူပြီး အဘွားအိုတစ်ယောက်ကို အဲ သည်အမှိုက်ကန်ထဲ စွန့်ပစ်ထားတယ်။ အဘွား အို ခမျာ ချမ်းရှာလို့ ရရာပီနန်အိတ်ခွံဟောင်း တွေကို ခြုံပြီး ကွေးနေတယ်။
လမ်းမီးတွေ မလင်းတော့ ပတ်ဝန်းကျင်က မှောင်မှောင်။ မြို့လယ်ကောင်ပေမဲ့ အန္တရာယ်ကို လွယ်မထားနိုင်သူတွေက အမှိုက်ကန်မှာ ရှူရှူ ပန်း ကြတယ်။ ပီနန်အိတ်ခွံခြုံထားတဲ့ အဘွားအို က စိုတိစိုစွတ်။ မနေသာတဲ့အခါ လူးကာလွန့် ကာ တွန့်မိ တယ်။

မိုးညှင်းမြို့ ဒီဂရီကောလိပ်အနီး ထန်းတပင်ရွာသားနှစ်ဦး မိုင်းထိ

Sunday, March 16, 2014

၂၀၁၄ ၊ မတ်လ ၁၆ ရက်


မြန်ပြည်မြောက်ပိုင်း(ကချင်ပြည်နယ်) မိုးညှင်းမြို့နယ်က ထန်းတပင်ရွာသား ရှမ်းနီတိုင်းရင်းသားများဖြစ်ကြတဲ့ ဦးအောင်မင်း အသက် (၄၂)နှစ်နှင့် မောင်ကျော်ဇင်အေး အသက် (၂၀)ကျော်တို့ နှစ်ဦးသည် မိုးညှင်းဒီဂရီကောလိပ်အနီး ကျောက်ဖြူတောင် နှစ်မြွှာဆုံနေရာတွင် မိုင်းထိမှန်၍ ရွာသားတစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ သတင်းရရှိသည်။

၃၁ နှစ်တိုင်တိုင်ဇွဲမလျှော့ဘဲ ၁၀ တန်းစာမေးစာမေးပွဲဖြေဆိုနေသူ ဦးအုန်းရွှေ

Sunday, March 16, 2014
မြန်မာစာဖြေပြီး ပြန်လာသောဦးအုန်းရွှေ

၁၉၈၂-၈၃ ပညာသင်နှစ်မှ ယခု ၂၀၁၃-၂၀၁၄ ပညာသင်နှစ်ထိ ၃၁ နှစ်တိုင်တိုင်ဇွဲမလျှော့ဘဲ ၁၀ တန်းစာမေးစာမေးပွဲဖြေဆိုနေသူ ဦးအုန်းရွှေ ဖြစ်ပါတယ်။

ချွေးနံ့ပျောက်ဆေးကြောင့် ရရှိနိုင်သော ရင်သားကင်ဆာ


ကင်ဆာရောဂါသည် အလွန် ကြောက်စရာ ကောင်းသောရောဂါ တစ်မျိုးဟု လူတိုင်း သိကြသည်။ ဗဟုသုတ အနေဖြင့် ရင်သားကင်ဆာ ဖြစ်ပွားစေနိုင်သည့် အရာများကို တင်ပြလိုပါသည်။