စာနယ်ဇင်း လွတ်လပ်ခွင့် မရှိလျှင် ဒီမိုကရေစီ မရှိနိုင်။ (၁)
စာနယ်ဇင်းလွတ်လပ်ခွင့်သည် လူထုတရပ်လုံးကျင့်သုံးသည့်
လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်၏ အရေးပါသော အစိပ် အပိုင်း ဖြစ်သည်။
စာနယ်ဇင်း လွတ်လပ်ခွင့် မရှိလျှင် လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်ကို
ရုပ်သိမ်းခံလိုက်ရခြင်းပင်ဖြစ် သည်။
လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့် ဆိတ်သုဉ်းပါက ဒီမိုကရေစီ ဟု
မည်သည့်နည်းနှင့် မျှ ဆိုနိုင်မည် မဟုတ်ပါ။ မြန်မာနိုင်ငံသတင်းစာ
ဆရာများအသင်း၏ ညီလာခံကို သြဂုတ်လ (၁၁) ရက်နေ့က ကျင်းပကာ စစ်အစိုးရက
ဖွဲ့စည်း ပေးလိုက်သည့်
အမြုတေစာနယ်ဇင်းကောင်စီ၏ တာဝန်ပိုင်းဆိုင်ရာများအား
လက်မခံနိုင်ကြောင်းဖြင့် တုန့်ပြန် စိမ်ခေါ် လိုက်သည်ကို တွေ့ရသည်။
စစ်အစိုးရ၏ ရွှေဝါရောင်ရုပ်ပြ လွှတ်တော်ကြီးအတွင်းမှနေ၍ ဒီမိုကရေစီရေးကို
အာမခံချက်ပေးနိုင်သည့် မည်သည့် ဥပဒေတစုံတရာ မျှ ထွက်ပေါ်မလာသေးပါ။
နောင်လည်းထွက်ပေါ်လာမည့် အလားအလာ လွန်စွာမှ နည်းပါးနေပါသေးသည်။
ယင်းအချိန်တွင် သတင်းစာဆရာများ၊ စာနယ်ဇင်းဆိုင်ရာ ပုဂ္ဂိုလ်များ၏
ဤလှုပ်ရှားမှုကို လူထုကသာ တခဲနက် ၀န်းရံ ပံ့ပိုးပါက မြန်မာနိုင်ငံ
ဒီမိုကရေစီရရှိရေးကြိုးပမ်းမှု၏ အဓိက မဏ္ဍိုင်တခုဖြစ်လာနိုင်ပါမည်။
စစ်အစိုးရက ဖွဲ့စည်းပေးလိုက်သည့် အမြုတေ စာနယ်ဇင်းကောင်စီတွင် မောင်ဝံသ၊
ဦးသီဟစောနှင့် ဦးကိုကို (စက်မှု တက္ကသိုလ်) တို့ ပါဝင်ပြီး
၎င်းတို့သည်ပင် (လွတ်လပ်သည့်) မြန်မာနိုင်ငံသတင်းစာ ဆရာများ အသင်း၏
ခေါင်း ဆောင်များ
ဖြစ်လာကြသောအခါ အနေအထားမှာ စိတ်ဝင်စားစရာဖြစ်လာသည်။ အဆိုပါ
ပုဂ္ဂိုလ်သုံးဦးက ပင် အကယ်၍ စစ်အစိုးရ၏ အမိန့်ကြော်ငြာစာတွင်
အမြုတေစာနယ်ဇင်းကောင်စီ၏ တာဝန်ပိုင်းများတွင် ဖေါ်ပြထားသည့် အချက်များကို
ပြင်ဆင်ပေးခြင်း
မပြုပါက ၄င်းတို့ အနေဖြင့် အမြုတေ စာနယ်ဇင်းကောင်စီတွင်
ပါဝင်နိုင်မည်မဟုတ် ကြောင်း အများပြည်သူသို့ ပြောင်ပြောင်တင်းတင်း
ထုတ်ဖေါ်ပြောဆိုလာသောအခါ ပို၍ပင် စိတ်ဝင်စားစရာ ကောင်း လာသည်။