Friday, April 11, 2014

လယ်တီ သိမ်တော် မူလပုံစံမပျက် ပြောင်းရွှေ့ပေးဖို့ ပြည်မြို့မှာ ဆန္ဒပြ

 ဧပြီ(၁၂)၊ ၂၀၁၄
http://burma.irrawaddy.org/wp-content/uploads/2014/04/IMG_0452.jpg

စစ်ကိုင်းတိုင်း မုံရွာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း နယ်မြေနဲ့ မလွတ်ကင်းတဲ့အတွက် ပြောင်းရွှေ့ဖို့ ပြင်ဆင်နေတဲ့ လယ်တီ သိမ်တော်ကြီး မူလ ပုံစံမပျက် ပြောင်းရွှေ့ပေးဖို့ ရာနဲ့ချီတဲ့ ပြည်မြို့သူ မြို့သားများက ဒီနေ့ မနက်ပိုင်းမှာ ဆန္ဒပြ တောင်း ဆို ကြပါတယ်။

အမေရိကန်ရဲ့ မြန်မာ့သင်္ကြန်ဆုတောင်း

ဧပြီ(၁၂)၊ ၂၀၁၄


မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ကာလမှာ မြန်မာလူထုအတွက် အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမားကိုယ်စား အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဂျွန် ကယ်ရီက ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။
ဧပြီလ ၁၁ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက်ထဲမှာ နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီက အဲဒီလို ဆုတောင်းပေးထားတာပါ။

တိုင်းပြည်ပျက်မှ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ရမည့်နည်းလမ်းကိုမလိုလား လမ်းပြကြယ်ဒီနည်းနဲ့ပြင်မယ်

ဧပြီ(၁၂)၊ ၂၀၁၄
အာဏာမသိမ်းလို၍ လွှတ်တော်တွင် တပ်မတော်ပါဝင်ဟု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ပြော တပ်မတော်သား ၂၅ ရာခိုင်နှုန်း လွှတ်တော်ထဲမှာရှိနေတယ်။ ရှင်းရှင်းပြောရရင် အာဏာ မသိမ်း ချင်လို့ ကျနော်တို့ လုပ်ထားတာ။ တပ်မတော်ဟာ

ဘုရားပွဲတွင် လောင်းကစား ပြုလုပ်၍ အရေးယူ

ဧပြီ(၁၂)၊ ၂၀၁၄

တေးသံရှင် Cobra အား Facebook ပေါ် ကိုယ်ချင်းစာစိတ်မရှိဘူးလို့တင်ပြမှုကြောင့် Lazar World ကုမ္ပဏီမှ အီလက်ထရောနစ်ဥပဒေဖြင့် တရားစွဲဆို

တေးသံရှင် Cobra ၏ စာမျက်နှာမှ

ဧပြီ(၁၂)၊ ၂၀၁၄ 
လေဇာဝေါ ကကျွန်တော့်ကိုပုဒ် ၃၄ဃ/၃၈ နဲ့ တရားစွဲဆိုထားကြောင်းကျောက်တံတားရဲစခန်းကလာအကြောင်းကြားသွားပါတယ်ဒီပုဒ်မကဖမ်းရင်အာ
မခံမရအောင်ပြစ်မှူ့ ပိုကြီးအောင်လုပ်လိုက်တယ်ဆိုတာကတော့ဥပဒေနားလည်သူတွေပြောလို့ သိရပါတယ်
သူလည်းကျွန်တော့်ကိုဘယ်လောက်တောင်အချုပ်ထဲထည့် ဖို့ စိတ်အားထက်သန်နေလည်းမပြောဘူးတစ်ခုတော့မေးစရာရှိတယ်တရားစွဲဆိုတဲ့နေရာမှာ အောင်ကြူဟိန်းမဟုတ်ပဲသူ့ ရုံးကဝန်ထမ်းဖြစ်တဲ့ မမြတ်လေးလှိုင်ဖြစ်နေတာကတော့စဉ်းစားစရာပဲ?

ထိုင်းမှာ သင်္ကြန်တွင်း ဘေးကင်းအောင် ၀ိုင်းဝန်းကြိုးပမ်း

 ဧပြီ(၁၂)၊ ၂၀၁၄

THAILAND/
By ဒီဗွီဘီ

ထိုင်းသင်္ကြန်ကာလ ဧပြီ ၁၁ ရက်ကနေ ၁၇ ရက်နေ့အထိ ၇ ရက်တာကာလကို အန္တရာယ်ရှိတဲ့ နေ့ရက်တွေ မဟုတ်ဘဲ ပျော်ရွှင်စရာ နေ့ရက်တွေအဖြစ် မျှော်လင့်ထားတယ်လို့ ၀န်ကြီးချုပ် ယင်းလတ်ရှင်နာဝပ်က ပြောဆိုလိုက်ကြောင်း ထိုင်းနိုင်ငံထုတ် သည်နေးရှင်းသတင်းက ရေးသားပါတယ်။
ဒီလို ပျော်ရွှင်စရာနေ့တွေ ဖြစ်နေဖို့အတွက် ပုဂ္ဂလိက၊ လူ့အသိုင်းအ၀ိုင်း၊ အဖွဲ့အစည်းတွေနဲ့ အတူ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ သင်္ကြန်ကာလ လမ်းပေါ်မှာ မတော်တဆ ဖြစ်ရပ်တွေ ကာကွယ်ရေးနဲ့ ပတ်သက်တဲ့ ဧပြီ ၁၀ ရက်နေ့က ဆွေးနွေးပွဲမှာ ပြောလိုက်ပါတယ်။

ကေတီဗီဆိုင်မှာအပန်းဖြေလာသူများကစားသောက်သီချင်းဆိုပြီး ခိုက်ရန်ဖြစ်ပွားခဲ့ရာ အရောင်းစာရေမ တစ်ဦး ဒဏ်ရာရ

ဧပြီ(၁၂)၊ ၂၀၁၄

စစ်ကိုင်းမြို့၊ စိမ့်ကုန်းရပ်ကွက်ရှိ ရှင်းသန့်
 ကေတီဗီဆိုင်တွင် ယခုလ ၆ ရက်နေ့မွန်း
လွဲ ၁ နာရီ ၁၃ မိနစ်က အပန်ဖြေအနား
ယူရန် လာရောက်သည့် လူအုပ်စုတဖွဲ့မှ
စားသောက် သီချင်းဆိုပြီးနောက် အချင်းချင်းခိုက်ရန်ဖြစ်ပွားခဲ့ ရာ ထိုဆိုင်ရှိ အရောင်းစာရေးမတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆိုင်ရှိပစ္စည်းအချို့ပျက်စီးဆုံးရှုံးခဲ့ကြောင်း စစ်ကိုင်းမြို့မ ရဲစခန်းရှိ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောပြသည်။

ပြည်တော်အမြန်လမ်းဖြူးမြို့နယ်မိုင်တိုင်ခရီးသည်တင်ကား ယာဉ်တိုက်မှုဖြစ် (၂၅)ဦး မီလောင်သေဆုံး

ဧပြီ၁၂ရက်၀၂:၁၀နာရီအချိန်နေပြည်တော်အမြန်လမ်းဖြူးမြို့နယ်မိုင်တိုင်အမှတ်၁၁၆/၂နှင့် ၁၁၆/၃ အကြားတွင်တောင်ကြီးမှရန်ကုန်သို့ မောင်းနှင်လာသောတောင်တန်းပြာမှန်လုံယာဉ်အမှတ် ၅ဃ/၈၂၅၆ မှရှေ့မှသွားနေသော mark2 ယာဉ်အမှတ် 9A/9302 ယာဉ်အားတိုက်မိပြီး mark2 ယာဉ်မှာမှန်လုံအောက်သို့ဝင်ရောက်မီးလောင်သဖြင့်mark2 ပေါ်ပါလူ၎ဦးလုံးနှင့်မှန်လုံကားပေါ်ပါခရီးသည်၁
ဝဦးခန့်ပေါင်း၁၅ဦးခန့်သေဆုံးပြီး၎ဦးဒါဏ်ရာရရှိကြောင်းသိရသည်။

အချုပ်တရားခံထံမှ တားမြစ်ဆေးဝါးများ သိမ်းဆည်းရမိ




ရန်ကုန်၊ ဧပြီ ၁၁၊ ၂၀၁၄

၁၀.၄.၂၀၁၄ရက်နေ့ ၁၅၁၅အချိန် လှိုင်သာယာမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ
သည် တရားရုံအချုပ်ခန်း လုံခြုံရေးတာဝန်ဆောင်ရွက်နေစဉ် လှိုင်သာယာ
မြို့နယ်တရားရုံး ပြစ်မှုကြီးအမှတ် (၄၄၂/၂၀၁၄)၊ လက်နက်ဥပဒေပုဒ်မ ၁၉(င)အမှုမှ အချုပ်တရားခံ အောင်အောင်(ခ)ကတုံး၊ (ဘ)ဦးတင်အောင်၊ ရှမ်းချောင်းကျေးရွာ၊ လှိုင်သာယာမြို့နယ်နေသူအား ရုံးတင်စစ်ဆေးပြီးအပြန် အချုပ်ခန်းတံခါးဝတွင် ၎င်းအား စစ်ဆေးခဲ့ရာ ပုဆိုးခါးပုံစအတွင်း သတင်း

လိင်ပြောင်းထားသူရဲ့ မပြောင်းလဲတဲ့ အချစ် (သီချင်း)

မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ဒီသချင်းလေးကတော့ အတော် ရေပန်းစားလူကြိုက် များနေပါ တယ်။ သီချင်းကို သရုပ်ဖော်ထားတာက ငယ်စဉ်က တိတ်တခိုး ကြိုက်ခဲ့ရတဲ့ သူငယ်ချင်းတယောက်ကို သူ့ရဲ့ ယောက်ျားဘဝ လိင်ကို စွန့်လွှတ်ပြီး အမျိုးသမီး လိင်အဖြစ် ပြောင်းလဲ ခွဲစိပ်ခဲ့ပြီး သူချစ်ရတဲ့သူ အတွက် သူ့အချစ်ကို ဖော်ပြထားတဲ့ သရုပ်ဖော် ဇာတ်လမ်းလည်းဖြစ်ပါတယ်။ 



မြန်မာတွေကြားမှာ ဖြတ်၊ ဖောက်၊ ချုပ် လို့ လူသိများတဲ့ လိင်ခွဲစိပ်ပြောင်းလဲထားတဲ့ သူတဦးရဲ့ အချစ်ဟာ အချစ်အဖြစ်နဲ့ မပြောင်းလဲကြောင်း ဒီဇာတ်လမ်းလေးနဲ့ သီချင်းလေးက သရုပ်ဖော်ထားပါတယ်။

ဆုပန်ထွာရဲ့ ခင်ပွန်းလောင်း ကိုဥက္ကာကျော်ရဲ့ ရှင်းလင်းချက်

ဧပြီ(၁၁)ရက်၊ ၂၀၁၄

အခုရက်ပိုင်း အွန်လိုင်း လောကမှာ နာမည်ကြီးပြီးလူပြောများနေတဲ့ ကိစ္စကတော့ သရုပ်ဆောင် ဆုပန်ထွာ တို့ စုံတွဲ ဓာတ်ပုံနဲ့ ဝေဖန်မှုတွေပါဘဲ။ ဆုပန်ထွာနဲ့ ကိုဥက္ကာကျော် တို့ဟာ ဧပြီလ ၉ ရက်နေ့ က စေ့စပ်ကြောင်းလမ်းပွဲလေး တခုလုပ်ပြီး ကိုဥက္ကာကျော်က သူ့ဖေ့စ်ဘုတ်စာမျက်နှာမှာ မှတ်တမ်း ဓာတ်ပုံတွေကို ဖော်ပြခဲ့ပါတယ်။ 

Thyroid diseases လည်ပင်းကြီးရောဂါများ

ဧပြီ(၁၁)ရက်၊ ၂၀၁၄
ဆရာခင်ဗျ ကျွန်တော် ရန်ကုန်မှာနေပါတယ်။ ကျွန်တော့်အမတစ်ယောက် လည်ပင်းမှာအကြိတ်ဖြစ်လို့ ဆရာဝန် သွားပြတော့ လည်ပင်းကြီးဟိုမုန်းနည်းတာလို့ပြောပါတယ် ဘယ်ညာအကြိတ်ကြီးနေလို့ အိပ်ရင် ပက်လက်မအိပ်နိုင်ပါဘူး။ ရင်တုန် ခြေတုန်လက်တုန်လဲဖြစ်ပါတယ်။ ဆရာဝန်က ကင်ဆာ ဖြစ်နိုင်ခြေရှိတယ်လို့ ပြောပါတယ်။ အဲ့ဒါ ခွဲသင့်ပါသလား။ တကယ်လို့ ကင်ဆာဆိုရင် ဘယ်လိုဆက်လုပ်သင့်ပါသလဲခင်ဗျ။ ကင်ဆာဖြစ်ခဲ့ရင် ကုလို့ ပျောက်နိုင်မပျောက်နိုင် သိချင်ပါတယ်။

သတို့သားနဲ့ ဧည့်သည်တွေကို အဆိပ်ခတ် သတ်ခဲ့တဲ့ အရွယ်မမယ် သတို့သမီးငယ်

ဧပြီ(၁၁)ရက်၊ ၂၀၁၄


နိုင်ဂျီးရီးယားနိုင်ငံမှာ အရွယ်မရောက်ခင် အတင်းအကျပ် အိမ်ထောင်ပြုပေး တာကြောင့် အဆိပ်ခတ်ပြီး သတ်ရာမှာ ခင်ပွန်းနဲ့ သူ့ရဲ့ သူငယ်ချင်းသုံးယောက် သေဆုံးသွားခဲ့ပါတယ်။

ပင့်ကူတစ်ကောင်လို အမြန်ပြေးပြီး ကျောင်းသွားတက်မယ့် ခါးချင်းဆက်အမြွှာ


 
ဧပြီ(၁၁)ရက်၊ ၂၀၁၄
မွေးကတည်းက နှစ်ယောက်ပေါင်း ခြေထောက်နှစ်ချောင်းနဲ့ လက်လေးချောင်းသာ ပါရှိပြီး ခါးချင်းဆက်နေတဲ့ အမြွှာ Shivanath နဲ့ Shivram Sahu တို့ နှစ်ယောက် ကျောင်းသွားဖို့ နည်းလမ်းရှာတွေ့ ခဲ့ပါပြီ။ ပင့်ကူတစ်ကောင်လို မြေပြင်ပေါ်မှာ ပြေးပြီး ကျောင်းအရောက်သွားတက်ကြမှာပါ။

ဘယ်တိုင်းရင်းသားကိုမဆို အိမ်ယာဒုက္ခရောက်သူတွေကို ဒီကေဘီအေ ကူညီမည် (ရုပ်/သံ)

ဧပြီ(၁၁)ရက်၊ ၂၀၁၄
မြန်မာနိုင်ငံအတွင်း အိမ်ယာဖျက်ခံလိုက်ရလို့ နေစရာ ဒုက္ခရောက်တဲ့ ဘယ်တိုင်းရင်းသားကိုမဆို အကူအညီတွေ ဆက်ပေးသွားမယ်လို့ ဒီကေဘီအေက ပြောပါ တယ်။ ဦးမျိုးဇော်လင်းက သတင်းပေးပို့ထားပါတယ်။

ထူးထူးဆန်းဆန်း မင်္ဂလာဆောင်

ပဲခူးမြို့၊ ဥဿာမြို့သစ်၊ ရပ်ကွက်ကြီး(၅)၊ မြို့ရှောင်လမ်းဘေးအနီးရှိ ဈေးသည်တစ်ဦး၏ ရင်ဖွင့်သံ(ရုပ်/သံ)

မြေသိမ်းခံရတဲ့ ကချင်တောင်သူတွေ တရားရင်ဆိုင်နေရ

ဧပြီ(၁၁)ရက် ၂၀၁၄

ကချင်တောင်ပေါ်စိုက်ခင်း တခုအား တွေ့မြင်ရစဉ်
ကချင်ပြည်နယ်က လယ်ယာတွေပေါ်မှာ နှစ်ပေါင်း ကြာရှည် ဓားမဦးချ လုပ်ကိုင် စားသောက်လာတဲ့ တောင်သူလယ်သမားတွေဟာ လယ်ယာမြေအတွက် မြေရှင်ကြေးရှင်တွေရဲ့ တရားစွဲဆိုတာကို ခံနေရပါတယ်။

တရုတ်နိုင်ငံမှာ ကျောင်းကားတစီး မတော်တဆမှုကြောင့် မူလတန်းကလေး ၈ ဦးသေဆုံး

ဧပြီ(၁၁)ရက် ၂၀၁၄
China
တရုတ်နိုင်ငံတောင်ပိုင်း ဟိုင်နန်ခရိုင်ထဲမှာ ကျောင်းကားတစီး မတော်တဆမှု ဖြစ်ပြီး မူလတန်းအရွယ် ကလေး ၈ ယောက် သေဆုံးပြီး ၃၂ ယောက် ဒဏ်ရာရသွားပါတယ်။

ဖုန်းကို စက္ကန့် ၃၀ နှင့် အားဖြည့်နိုင်မည့် ဘက်ထရီထွက်လာ

 
ဧပြီ(၁၁)ရက် ၂၀၁၄

ဖုန်းများ၌သုံးစွဲသည့် ဘက် ထရီနည်းပညာသစ်ကို Tel Aviv ၌ ပြုလုပ်သော နည်းပညာကွန်ဖ ရင့်တွင် ထုတ်ဖော်ပြသခဲ့ပြီး အဆိုပါ နည်းပညာသုံးစွဲထား သည့် ဘက်ထရီမှာ အားဖြည့်ရန် စက္ကန့် ၃၀ သာ ကြာမြင့်သည်။

Thursday, April 10, 2014

တက္ကဆီ မောင်းသူကို လိင်ဆက်ဆံခိုင်းပြီး အလိုမပြည့်လို့ ဓါးနဲ့ထိုးခဲ့တဲ့ အမျိုးသမီး

Thursday, April 10, 2014



အိန်ဂျလီနာ ဂျိုလီနဲ့ ရုပ်ချင်းဆင်တူပြီး အသက် ၃၁နှစ်ရှိပြီဖြစ်တဲ့ Luminita Perijoc ဆိုသူ ရိုမေးနီးယန်း အမျိုးသမီးကို တက္ကဆီမောင်း သူအား ရန်ပြုတိုက်ခိုက်ခဲ့တဲ့အတွက် ထိန်းသိမ်း ထားခဲ့တဲ့ ဖြစ်ရပ် တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

ဂျာမန်ခေါင်းဆောင်တွေနှင့် ဒေါ်စု တွေ့ဆုံ

ဂျာမနီသမ္မတ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆို (ဧပြီ ၁၀၊ ၂၀၁၄)

10 April 2014
ဂျာမနီနိုင်ငံကို သုံးရက်ကြာခရီး ရောက်နေတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ဂျာမနီ သမ္မတ Joachim Gauck နဲ့ သမ္မတအိမ်တော်မှာ တွေ့ဆုံခဲ့သလို၊ ဂျာမနီဝန်ကြီးချုပ် Angela Merkel နဲ့လည်း တွေဆုံပြီး မြန်မာနိုင်ငံရဲ့ အနာဂတ်ရေး ကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။ ဒီကနေ့ မနက်ခင်းမှာပဲ ဘာလင်မြို့ကို ရောက်ရှိလာခဲ့တဲ့ ဒေါ်အောင်ဆန်း စုကြည်ကို ဂျာမနီ ရောက် မြန်မာမိသားစုတချို့ကလည်း သူ တည်းခိုတဲ့ ဟိုတယ်မှာ သွားရောက် ကြိုဆို နှုတ်ဆက်ခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဂျာမနီနိုင်ငံ ခရီးစဉ်အကြောင်း မခင်ဖြူထွေးက ပြောပြပေးပါမယ်။

ဝမ်ပေါင် အလုပ်သမားတွေ လခတိုးရေး ဆန္ဒပြ

လက်ပံတောင်း စီမံကိန်း လု့းဝ ရပ်ဆိုင်းရေး ဆန္ဒပြမှုတွေ ရှိခဲ့

10 April 2014
မုံရွာတဖက်ကမ်း လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုပ်ခွင့်ရတဲ့ ဝမ်ပေါင် ကုမ္ပဏီက အလုပ်သင် သင်တန်းသား ၂၀ဝကျော်က အခြေခံလစာ တိုးပေးဖို့ ဆန္ဒပြခဲ့ကြ ပါတယ်။

လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး ရွှေဘိုမှာ တောင်းဆိုဆန္ဒပြ


10 April 2014
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စု လွှတ်တော်နာယက၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးဖို့ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ရာနဲ့ချီတဲ့ဒေသခံတွေက ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ပြုပြင်ပြောင်းလဲမှု နောက် ကြောင်း ပြန်မလှည့်ဖို့ ကန် သတိထားဆောင်ရွက်

မြန်မာသမ္မတဦးသိန်းစိန်နဲ့ အမေရိကန် လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး နေပြည်တော် သမ္မတ အိမ်တော်မှာ တွေ့ဆုံ။ (ဧပြီလ ၁၀၊ ၂၀၁၄) သတင်းဓာတ်ပုံ- နိုင်ငံတော်သမ္မတရုံး
10 April 2014
မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အမေရိကန် ပြည်ထောင်စု အစိုးရပိုင်းရဲ့ မူဝါဒ ချဉ်းကပ် ဆောင်ရွက်မှုမှာ မြန်မြန်ဆန်ဆန် လုပ်ဆောင်စရာတွေကို လုပ်ဆောင်သွားမှာ ဖြစ်သလို၊ မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲ မှုတွေ နောက်ကြောင်း ပြန်လှည့်သွားနိုင်တဲ့ အခြေအနေတွေ အပေါ်မှာလည်း သတိထားပြီး ဆောင်ရွက်သွားမယ်လို့ အာရှ ပစိဖိတ်ဒေသဆိုင်ရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး  Daniel Russel က ပြောလိုက် ပါတယ်။ မြန်မာနိုင်ငံရောက်နေ တဲ့ လက်ထောက်နိုင်ငံခြားရေး ၀န်ကြီး Russel ဟာ မြန်မာအစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံရာမှာ၊လက်ရှိ မြန်မာပြုပြင်ပြောင်းလဲရေး အပေါ် အားပေးပြောဆို တာရှိသလို၊ မြန်မာ့နိုင်ငံရေးမှာ အမေရိကန်ပြည်ထောင်စုရဲ့ စိုးရိမ်မှုတွေကိုလည်း ပြောဆိုသွားခဲ့ပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်လို့တော့ ရန်ကုန်ရုံးခွဲက ကိုသားညွန့်ဦးက သတင်းပေးပို့ထားတာပါ။

စစ်တွေမှာ ညမထွက်ရအမိန့် အချိန်ပြောင်းလဲသတ်မှတ်

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ နိုင်ငံတကာ လူမှုရေး အဖွဲ့အစည်း ရုံးခန်းတွေနဲ့ လူနေအိမ်တွေကို တိုက်ခိုက်မှု တွေ ဖြစ်ပြီး နောက်ပိုင်း ညနေ ၆ နာရီကနေ မနက် ၆ နာရီအထိ ထုတ်ပြန်ထားတဲ့ ပုဒ်မ- ၁၄၄ ညမထွက်ရ အမိန့်ကို မနေ့ကစပြီး ည ၉ နာရီကနေ မနက် ၅ နာရီအထိ ပြောင်းလဲသတ်မှတ်လိုက်ပါတယ်။

မန်စီမှာ အစိုးရနဲ့ ကေအိုင်အေတပ်တွေ တိုက်ပွဲဖြစ်ပွား

10 April 2014

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ် ပန်ခမ်းကျေးရွာအုပ်စု နားလုံနဲ့ လဂါတ်ဒေါ့ကျေးရွာကြားမှာ အစိုးရတပ် တပ်မ ၈၈ နဲ့ ကေအိုင်အေ တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၂၇ တို့အကြား ဒီနေ့ နေ့လည်ပိုင်းက တိုက်ပွားဖြစ်ပွားခဲ့ပါတယ်။

ရွေးကောက်ပွဲဝင်မယ့်ကိုယ်စားလှယ်လောင်းပဲ မဲဆွယ်ခွင့်ပြုဖို့ ကော်မရှင်ပြင်

Union Election Commission

10 April 2014
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ် လောင်းကပဲ မဲဆွယ် စည်းရုံးခွင့်ရှိမယ့် ညွှန်ကြားချက် ထုတ်ပြန်ဖို့ ရှိတယ်လို့ ကော်မရှင်ရုံး ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က ပြောပါတယ်။

ယုဇနပလာဇာရှိ ဝေဒီဖိနပ်ဆိုင်တွင် ပေါက်ကွဲမှုဖြစ်ပွား




10 April 2014
ယနေ့နံနက် ၉နာရီ ၅ မိနစ်ခန့်တွင် ယုဇနပလာဇာရှိ ဝေဒီဖိနပ်ဆိုင်တွင် ပေါက်ကွဲမှု တစ်ခု ဖြစ်ခဲ့ပြီး ဈေးသူ ဈေးသားများ အလန့်တကြား ပြေးဆင်း ခဲ့ကြသည်။

သမီးကလေးရွာသားတွေအတွက် ဒေါက်တာစင်သီယာမောင် ဆေးခန်းဖွင့်လှစ် ကူညီ

ဓာတ်ပုံ - မျိုးဇော်လင်း

10 April 2014
သမီးကလေးကျေးရွာကနေ အဓမ္မရွှေ့ပြောင်းခံခဲ့ရတဲ့ ရွာသားတွေအတွက် နယ်စပ်နေ ပြည်သူတွေကို ကူညီပေးနေတဲ့ ဒေါက်တာစင်သီယာမောင်က ယာယီဆေးခန်း ဖွင့်လှစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှု ပေးနေပါတယ်။

သင်္ကြန်စာ ’’ဒီနှစ်သိကြားမင်း ဘာစီးပြီး ဆင်းသလဲ’’

ထောင်ချခံရသည့် DVBသတင်းထောက် လွတ်မြောက်ရေး ဆုတောင်းပွဲပြုလုပ်

ကြာသာပတေးနေ့၊ ဧပြီ ၁၀ရက်၊ ၂၀၁၄ခုနှစ်။

DVB နယ်သတင်းထောက် ကိုဇော်သက်ဖေ (ခ) သူရသက်တင်ကို ထောင်ဒဏ်တစ်နှစ် ချမှတ်လိုက်ခြင်းကြောင့် ရန်ကုန်မြို့ DVBရုံးမှ လုပ်ဖော်ကိုင်ဖက်တစ်ချို့နှင့် သူငယ်ချင်းများက ဆူးလေဘုရားတွင် ဧပြီလ ၁၀ရက် နံနက်က ဆုတောင်းပွဲပြုလုပ်ခဲ့သည်။ (ဓာတ်ပုံ- ကောင်းထက်ကျော်)

Wednesday, April 9, 2014

နေအိမ်ထဲထိ ၀င်ပြီး ဆွဲကြိုးဖြတ်

ဓါတ်ပုံ - Yangon Police
ဧပြီ ၉
 
အမျိုးသားတစ်ဦးက နေအိမ်ထဲထိ ၀င်ရောက်လာပြီး ရွှေဆွဲကြိုးအား လုယက်ခဲ့သည်ဆိုသည့် တိုင်တန်းမှု တစ်ခုကို သာကေတမြို့နယ်ရဲစခန်းက ဧပြီ ၆ ရက်တွင် တိုင်တန်းထားသူကို ဖမ်းဆီးစစ်ဆေးနေသည်။

ဆိုင်အတွင်းသို့ဝင်ရောက်၍ ဓါးဖြင့်ထိုးကာ ငွေများလုယက်သူကို ဖမ်းဆီးအရေးယူ

ရန်ကုန်၊ ဧပြီ ၉
 
၈.၄.၂၀၁၄ ရက်နေ့ ၁၇၀၀ အချိန်ခန့်တွင် ဘုရင့်နောင်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် နယ်မြေ အတွင်း သတင်းစုံစမ်းနေစဉ် မရမ်းကုန်းမြို့နယ်၊ (၃)ရပ်ကွက်၊ ကျိုက်ဝိုင်းဘုရားလမ်းရှိ Z-4 ဖုန်းနှင့် ကွန်ပျူတာပြုပြင် ရောင်းဝယ်ရေး ဆိုင်အနီး အရောက်တွင် ၎င်းဆိုင်အတွင်းမှ ဘေးလွယ်အိတ် လွယ်ထားသော လူငယ်တစ်ဦး ပြေးထွက်လာသည်ကို တွေ့ရှိရပြီး နောက်မှ လူတစ်ဦးပြေးလိုက်လာကာ ဆိုင်အတွင်းသို့ဝင်ရောက်၍ ဓါးဖြင့်ထိုးကာ ပိုက်ဆံများလုယူသွားသဖြင့် ၀ိုင်းဝန်းဖမ်းဆီးပေးရန် အော်ဟစ်အကူအညီ တောင်းခံနေသည်ကို တွေ့ရှိရ၍ ပတ်ဝန်းကျင်မှ ပြည်သူများအကူအညီဖြင့် လွယ်အိတ်လွယ်ထားသောလူငယ်ကို ၀ိုင်းဝန်းဖမ်းဆီးခဲ့ပါသည်။

“MOU အလုပ်သမားတစ်ဦးအား ပြည်နှင်ဒဏ်ပေး”

By မင်းဘခက်
 
တစ်လလျှင် ဘတ်ငွေလေးထောင် ၃လတိုင်တိုင် အဖြတ်တောက်ခံရသည့်MOUအလုပ်သမားတစ် ဦး က မြန်မာသံရုံးသို့ တင်ပြအကူညီတောင်း ခံခဲ့ရာသက်ဆိုင်ရာကုမ္ပဏီကဘတ်ငွေ ၁,၇၀၀  ပေး၍ ပြည်နှင် ဒဏ် ပေးလိုက်ကြောင်း အလုပ်သမား  ကပြောသည်။

ရဲတိုက် ကို ထောင်ခြောက်နှစ် ချမှတ်ခြင်းအပေါ် အယူခံဝင်မည်

Wednesday, April 09, 2014


သရုပ်ဆောင် ရဲတိုက် ကို ကျောက်တံခါးမြို့နယ်တရားရုံးမှ မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှု ဖြင့် ချမှတ်လိုက်သော ပြစ်ဒဏ် နှင့်ပတ်သက်၍ အယူခံဝင်သွား မည်ဖြစ်ကြောင်း ဆာတိုရီ ရုပ်ရှင် နှင့် ဗီဒီယိုထုတ်လုပ်ရေးမှ ဒါရိုက်တာ  ရီဇော်ကပြောသည်။

သင်္ကြန်တွင် ပဋိပက္ခမဖြစ်ရန် ရဲတပ်ရင်းအားလုံး ထုတ်သုံးကာ လုံခြုံရေးတာဝန်ယူမည်

Wednesday, April 09, 2014
၂၀၁၃ ခုနှစ် မြန်မာအတာသင်္ကြန်ကာလအတွင်း ရန်ကုန်မြို့ ပြည်လမ်းတစ်နေရာတွင် လုံခြုံရေးတာဝန် ယူထားသည့် ရဲတပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။ ယခုနှစ် ရန်ကုန်သင်္ကြန်တွင် ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခများ မဖြစ်ပွားစေရန် ရန်ကုန်ရှိ ရဲတပ်ရင်းအားလုံးကို ထုတ်သုံးပြီး လုံခြုံရေးတာဝန်ယူသွားမည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။ (ဓါတ်ပုံ - မဇ္ဈိမ)

သင်္ကြန်ပွဲတော်ကာလတွင် ရန်ကုန်တိုင်းအတွင်း ဘာသာရေးလူမျိုးရေးပဋိပက္ခများမဖြစ်စေရန် တိုင်း အတွင်းရှိ ရဲတပ်ရင်းအားလုံးကို ထုတ်သုံးကာ မြို့နယ်စခန်းများကိုလည်း အရန်အဖြစ် စုဆောင်းဖွဲ့စည်း ထားပြီး လုံခြုံရေးတာဝန်ယူ ဆောင်ရွက်မည်ဟု ရန်ကုန်တိုင်းနယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူး ကြီးတင်ဝင်းက မဇ္ဈိမကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် လာမည့်သင်္ကြန်ကာလတွင် ဥရောပတိုင်းပြည်များသို့သွား၍ ဆုများလက်ခံယူမည်

Wednesday, April 09, 2014



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ (ဧပြီ ၉ ရက်) ည ၇ နာရီ ၃၀ မိနစ်တွင် ဂျာမနီနှင့် ပြင်သစ်နိုင်ငံများသို့ ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။

လွှတ်ပေးမယ်ပြောပြီး ငွေတစ်သိန်းတောင်းတာ နှစ်သိန်းပေးလိုက်တယ်။ ပြန်လည်းရောက်မလာဘူး။ အမေတစ်ခုသားတစ်ခုပဲရှိတာ

Wednesday, April 09, 2014

ကေအိုင်အေ လက်နက်ကိုင်အဖွဲ့က အဓမ္မစစ်သားစုဆောင်းခံရသူများ ပြန်လွှတ်ပေးရေး ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့နှင့် ကချင်ပြည်နယ်အခြေစိုက် ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ (PCG) မှ အဖွဲ့ဝင်များ ဧပြီ ၆ ရက်က ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

သမီးကလေးကျေးရွာသားများကို စောင့်ရှောက်မှု ပေးခဲ့သည့် အောင်သိဒ္ဓိ ဘုန်းကြီးကျောင်းအား ရွှေ့ပြောင်းခိုင်းပြီ

Wednesday, April 09, 2014


သမီးကလေး ကျေးရွာ သား များအား စောင့်ရှောက် ပေးခဲ့သည့် အောင်သိဒ္ဓိ ဘုန်းကြီး ကျောင်းအား အ လိုင်နီ တမံ၏ အူကြောင်း ပေတစ်ထောင် အတွင်း မလွတ်ကင်း၍ ရွှေ့ပြောင်းပေးရန် ပဲခူးတိုင်း ဆည်မြောင် ဦးစီးမှ စာပေးပို့ခဲ့ကြောင်း ကျောင်းထိုင် ဆရာတော် ဦးအဂ္ဂဓမ္မက မိန့်ကြားသည်။

အိုင်အန်ဂျီအိုလ်ရုံးတွေ အကြမ်းဖက်ခံရမှု စုံစမ်းစစ်ဆေးရေးအဖွဲ့ မီဒီယာတွေနဲ့ တွေ့ဆုံ

ဓာတ်ပုံ - ထွန်းထွန်းသိန်း
ဓာတ်ပုံ – ထွန်းထွန်းသိန်း
By ဒီဗွီဘီ
 
စစ်တွေမြို့က အိုင်အန်ဂျီအိုလ်ရုံးတွေ အကြမ်းဖက်ခံရမှုကို စုံစမ်းစစ်ဆေးရေးအဖွဲ့က ဒီကနေ့ သတင်းထုတ်ပြန်ခဲ့သလို စုံစမ်းစစ်ဆေးရေး အဖွဲ့ခေါင်းဆောင် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်း ကလည်း ဒီကနေ့ နေ့လည်ပိုင်း ရန်ကုန်မြို့ ငြိမ်းချမ်းရေးစင်တာမှာ မီဒီယာတွေနဲ့ ခဏတာ တွေ့ဆုံမှုပြုလုပ်ခဲ့ပါတယ်။

သင်္ကြန်မတိုင်ခင် မူးယစ်ဆေးဖမ်းဆီးမှု ပြုလုပ်

By နော်နိုရင်း

ဧပြီ(၉)ရက်
၂၀၁၃ ခုနှစ် ရန်ကုန်မြို့ရှိ သင်္ကြန်ရေကစားမဏ္ဍပ်တခုအား မြင်တွေ့ရစဉ်သင်္ကြန်မတိုင်ခင် အစားသောက်အပြင် မူးယစ်ဆေးဝါး ၀ယ်ယူစုဆောင်းမှုတွေရှိတဲ့အတွက် မူးယစ်ရဲတပ်ဖွဲ့ကနေပြီး ဖမ်းဆီးအရေးယူမှုတွေ လုပ်ဆောင်နေပါတယ်။
မကြာခင်ရက်ပိုင်းမှာ မြန်မာ့ရိုးရာ အတာသင်္ကြန် ကျရောက်လာပါတော့မယ်။ သင်္ကြန် ကာလမှာ ကုန်ဈေးနှုန်းတော်တော်များများ တက်တတ်တာကြောင့် စားသောက်ကုန် ပစ္စည်းတွေ ကြိုတင် ၀ယ်ယူတတ်ကြပြီး တချိုက မူးယစ်ဆေးဝါ၀ယ်ယူစုဆောင်းမှုတွေ လုပ်ဆောင်နေတယ်လို့ ရန်ကုန်တိုင်း မူယစ်တားဆီးနှိမ်နှင်းရေးတပ်ဖွဲ့က ရဲမှူး ခင်မောင်သိန်းက ပြောပါတယ်။ ဒါကြောင့် မူးယစ်ရဲတပ်ဖွဲ့အနေနဲ့ လက်ရှိမူးရေးစုဆောင်းမှုတွေကို ဖမ်းဆီးရေးယူမှုတွေ လုပ်ဆောင်နေ တယ်လို့ ပြောပါတယ်။

ပထမဆုံး အကြိမ် မော်ဒန်သင်္ကြန်စာ ထုတ်ဝေ

BY ကိုထွေး

ဧပြီ(၉)ရက်
အရင်နှစ်စဉ်နှစ်တိုင်း ထုတ်နေကျ သင်္ကြန်စာတွေနဲ့ မတူကွဲပြားတဲ့ မော်ဒန်သင်္ကြန်စာကို ပထမဆုံးအကြိမ် အဖြစ် ဖေးဘရိတ်ဂျာနယ်မှာ ထည့်သွင်းပြီး ဖြန့်ချိ လိုက်ပါတယ်။
မြန်မာနိုင်ငံ နက္ခသိပ္ပံအဖွဲ့က အမှုဆောင် အရာရှိချုပ် ဦးဇေယျာကိုမြန်မာနိုင်ငံ နက္ခသိပ္ပံအဖွဲ့က အမှုဆောင် အရာရှိချုပ် ဦးဇေယျာကိုက ရေးသားထားတဲ့ စာမျက်နှာ ၄ မျက်နှာ ရှိ ဒီမော်ဒန်သင်္ကြန်စာကို ဖေးဘရိတ်ဂျာနယ်မှာ ထည့်သွင်းပြီး မေတ္တာလက်ဆောင် အဖြစ် ဖြန့်ဝေခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံ နက္ခသိပ္ပံအဖွဲ့က အမှုဆောင် အရာရှိချုပ် ဦးဇေယျာကို
ဒီမော်ဒန်သင်္ကြန်စာမှာ အရင် သင်္ကြန်စာအရေးသားတွေနဲ့မတူသလို ခေတ်သစ်နက္ခသိပ္ပံ တွက်ကိန်းတွေနဲ့ ပုံစံသစ်နဲ့ ဖန်တီးထားတာ ဖြစ်သလို အရင်က ထုတ်ဝေနေတဲ့ သင်္ကြန်စာတွေနဲ့ ကွာဟချက်ကို ဦးဇေယျာကိုက အခုလို ရှင်းပြပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ဝေါဟာရအသုံးအနှုန်းကို အကြိတ်အနယ်ဆွေးနွေးခဲ့ရ

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ပထမမူကြမ်း လက်မှတ်ထိုးအပြီး ခေါင်းဆောင်များကို ဧပြီ ၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ − နစ်ကီ)
 
By အောင်သူရ၊ အောင်ခိုင်

တစ်နိုင်ငံလုံး အပစ်အ ခတ်ရပ်စဲရေး ဆွေးနွေးပွဲတွင် ဝေါ ဟာရအသုံးအနှုန်းနှင့် ပတ်သက် ၍ အကြိတ်အနယ်ဆွေးနွေးခဲ့ရ ပြီး မေလ ပထမပတ်တွင် နှစ် ဖက်ကိုယ်စားလှယ်များ ထပ်မံ တွေ့ဆုံရန် သဘောတူညီခဲ့ကြ သည်။

ထမင်းတစ်နပ်လျှော့စားရတာမဟုတ်ဘူး ထမင်းငတ်နေကြတာပါ

Wednesday, April 09, 2014


အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်၊ တောင်သူ လယ်သမားရေးရာ ကော်မတီ(ဗဟို)နှင့် ပြည်သူ့လွှတ် တော် ကိုယ်စားလှယ်များမှ မြောက် ဥက်္ကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့ သစ်ရှိ မြေသိမ်းခံ လယ်သမားများ နှင့် တွေ့ဆုံပွဲကို ဧပြီ(၈)ရက်နေ့ က ကျင်းပခဲ့သည်။

၂၀၁၅ မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံအနှံ့ မဲဆွယ် စည်းရုံးခွင့် ပိတ်ပင်တော့မလား


 ဒေါ်အောင်ဆန်းစုကြည်, ၂၀၁၅ ရွေးကောက်ပွဲ, ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်, အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ ကာလ ဒေါ်အောင်ဆန်းစုကြည် ရှမ်းပြည်နယ် ကလောတွင် မဲဆွယ် စည်းရုံးနေစဉ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
BY
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးတင်အေးက ၂၀၁၅ အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ် စည်းရုံးမှုတွေ လုပ်တဲ့နေရာမှာ သက်ဆိုင်ရာ မဲဆန္ဒနယ်အတွက် ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်းတွေကိုသာလျှင် မဲဆွယ်စည်းရုံးခွင့်ပြုမယ်လို့ ဧပြီလ ၇ ရက်နေ့  ပုသိမ်မြို့မှာ ပြောဆို လိုက်တာမို့  ၂၀၁၅ ပြည်လုံးကျွတ် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံအနှံ့မဲဆွယ်ခွင့်ကို ဦးတည်ပိတ်ပင်တော့မလားဆိုတဲ့ မေးခွန်းတွေ နိုင်ငံရေး အသိုင်း အ၀ိုင်းမှာ ထွက်ပေါ် လာပါတယ်။

Tuesday, April 8, 2014

သရုပ်ဆောင် ရဲတိုက် ကို မူးယစ်ပုဒ်မ ၁၅/၁၆ (ဂ) အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၆) နှစ်ချမှတ်ခဲ့ (ရုပ်/သံ)

ဟောင်ကောင်သို့ အိမ်အကူစေလွှတ်မှု ပြန်လည်ခွင့်ပြုမည်

ဟောင်ကောင်တွင် ပြည်ပနိုင်ငံများမှ အိမ်အကူများ အားလပ်ရက်ရ၍ စုပေါင်းတွေ့ဆုံအနားယူနေစဉ်

By အေးမြတ်သူ

ယာယီဆိုင်းငံ့ထားသည့် ဟောင်ကောင်သို့ မြန်မာအိမ်အကူအလုပ်သမားစေလွှတ်မှု မကြာမီ ပြန်လည်ခွင့်ပြုပေးတော့မည်ဖြစ်ကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီအသင်းချုပ်မှ သတင်းရရှိသည်။

နိုင်ငံခြားကုမ္ပဏီတွေနဲ့ ပူးပေါင်းမယ့် မြန်မာစွမ်းအင်ကုမ္ပဏီ စာရင်းကြေညာ

Swan Inစွမ်းအင်ဝန်ကြီးဌာနဟာ မြန်မာ့ကမ်းနီး၊ ကမ်းလွန် ရေနံနဲ့ သဘာဝဓာတ်ငွေ့ တူးဖော်ရေး လုပ်ကွက် ၂၀ အတွက် တင်ဒါအောင်ထားတဲ့ နိုင်ငံခြားကုမ္ပဏီတွေ စာရင်း ကြေညာပြီး သိပ်မကြာခင် အဲဒီ ကုမ္ပဏီတွေနဲ့ ဖက်စပ် လုပ်ကိုင်မယ့် မြန်မာကုမ္ပဏီ ၈ ခု စာရင်း ထုတ်ပြန် ကြေညာပါတယ်။
အဲဒီကုမ္ပဏီတွေထဲမှာ မြန်မာနိုင်ငံထဲက နာမည်ကြီး သူဌေးကြီးတယောက်ဖြစ်တဲ့ ဦးမိုးမြင့် ရဲ့ ပက်ထရိုလီယံ အီးအင်န်ပီ ကုမ္ပဏီ၊ ဦးကျော်ကျော်လှိုင်ရဲ့ စမတ် အီးအင်န်ပီ အင်တာနေရှင်နယ် ကုမ္ပဏီ၊ အေ၀မ်း မိုင်းနင်းကုမ္ပဏီနဲ့ ပါရမီ စွမ်းအင်ဖွံ့ဖြိုးရေး ကုမ္ပဏီတွေ ပါဝင်ပါတယ်။