Monday, April 8, 2013

“ငါးဖမ်းလှေဆိပ်၂ ခုမှ ရောင်းစားခံထားရသည့်မြန်မာအလုပ်သမား ၇ဦးအားကယ်တင်”



 ၂၀၁၃ ဧပြီလ ၈ ရက်      ကိုတီး
                                 ထိုင်းအစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ AHTD နှင့် ပူးပေါင်းအဖွဲ့တို့ယမန်နေ့ကငါးဖမ်းလှေဆိပ်၂ဆိပ်မှ ရောင်းစား ခံထားရသည့် မြန်မာအလုပ်သမား ၇ဦးကို ကယ်တင်နိုင်လိုက် သလို ထိုင်းပဲနင်းတစ်ဦး ကိုပါဖမ်းဆီးခေါ်ဆောင်လာခဲ့ေ ကြာင်း  သိရှိရသည်။
         ဘန်ကောက်မြို့တောင်ဘက် ကီလိုမီတာ ၁၈၀ ခန့် အကွာ တွင်ရှိသော ခြုံဘူရီခရိုင် ချောင်းစမေးစံလှေဆိပ်  ချီဝစ်တံတားမှ လှေအမှတ် ၆၇ ပေါ်တွင် ရောင်းစားခံထား ရသည့် မြန်မာအလုပ်သမား ၄ဦး ကိုလည်းကောင်း  တပြိုင် တည်းတွင်ဘန်ကောက်မြို့အနီးစမူပါကန် ခေါင်ဒဲန်  လှေဆိပ် မှ လှေအမှတ်၂၁  ပေါ်တွင် ရောင်းစားခံထားရသည့် အလုပ် သမား ၃ဦးတို့အား  ကယ်တင်နိုင်ခဲ့ကြခြင်းဖြစ်သည်။
ထိုင်းအစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့AHTD,ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေးဖွံ့ဖြိုးရေး ဖေါင်ဒေး ရှင်းFED,ဘန်ကောက်မြန်မာသံရုံးမှ မြန်မာအလုပ်သမားညွန်ကြားရေးမှူး ဦးနိုင်ထွန်း နှင့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။