Wednesday, July 24, 2013

ပဲခူးမြို့ ထိပ်တန်းမြန်မာ အထည်ချုပ်စက်ရုံ အမှတ်(၂) စက်ရုံအလုပ်သမားများ လုပ်အားခလစာတိုးမြင့်ရေးဆန္ဒထုတ်ဖော်


ကိုးနှစ်သမီးကို အဓမ္မကျင့်ကာ နားကပ် ဖြုတ်သူတရွာတည်းနေ ဒေသခံတဦးကို ဖမ်းမိ

ကိုးနှစ်သမီးကို အဓမ္မကျင့်ကာ နားကပ် ဖြုတ်သူတရွာတည်းနေ ဒေသခံတဦးကို ဖမ်းမိ 
ဒိုက်ဦး ၊ ဇူလိုင် ၂၃

ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ်၊ ကတုတ်ဘုရားကြီး ကျေးရွာတွင် ဇူလိုင်လ ၂၂ရက် နံနက် ၁၀နာရီ မိနစ် ၃၀ခန့်က အသက် ၉ နှစ် အရွယ် မိန်းကလေးငယ် ဈေးဝယ်ပြီး အပြန်တွင် အမျိုးသား တစ်ဦးက အဓမ္မ ပြုကျင့် ခဲ့ရာ ညနေ့ ၃ နာရီခွဲတွင် ယင်းသို့ ပြုလုပ်သည်ဟု စွပ်စွဲခံရသူကို ဖမ်းမိ ခဲ့ကြောင်း အဆိုပါ ကျေးရွာတွင် နေထိုင်သူများထံမှ သိရှိရသည်။

ကတုတ်ဘုရားကြီး ကျေးရွာရှိ ဘကြီးဖြစ်သူထံ အလည်လာသည့် စတုတ္ထ တန်း ကျောင်းသူ တစ်ဦးသည် အဘွား ဖြစ်သူက ဈေးဝယ်ခိုင်းရာ သုံးဖာလုံ ခန့် ဝေးသည့် ငါးဧက ဘက်စုံ စိုက်ပျိုးမွေးမြူရေးခြံ အနီးရှိ ဈေးဆိုင်မှ မုန့်နှင့် ဆေးလိပ် ဝယ်ယူပြီး အပြန်တွင် လက်ခုတ်ကွင်း ကျေးရွာနေသူ အသက် ၂၈ နှစ် အရွယ် မင်းသူ (ခ) ကိုသူက အဓမ္မ ပြုကျင့်ကာ ယင်းမိန်းကလေးငယ် ဝတ်ဆင်ထားသည့် နားကပ်ကိုပါ ဖြုတ်ယူ ထွက်ပြေး ခဲ့ကြောင်း ကျေးရွာ နေထိုင်သူ တစ်ဦးက ရှင်းပြသည်။

ယင်းကဲ့သို့ အဓမ္မပြုခံရသူ မိန်းကလေးငယ်က ဘကြီးထံ ပြန်လာပြီး ငိုယိုကာ တိုင်ကြားသဖြင့် ၎င်း၏ ဘကြီးက ကျေးရွာ အုပ်ချုပ်ရေးမှူးထံ အကြောင်းကြားခဲ့ကြောင်း၊ ကျေးရွာမှ တာဝန် ရှိသူများနှင့် ရပ်မိရပ်ဖများက ကလေးအပေါ် ကျူးလွန်ခဲ့သူဟု သံသယရှိသူကို ရှာဖွေရာ ၎င်း၏နေအိမ် တွင် မတွေ့ဘဲ တောင်ဘုရားကြီးရွာတွင် ဖမ်းမိခဲ့ကြောင်း လိုက်လံ ရှာဖွေသူ များထဲတွင် ပါဝင်သူ၊ ကတုတ် ဘုရားကြီးရွာမှ ဦးတင့်နိုင်က ပြောကြားသည်။

“သူ့ (ဦးမင်းသူ (ခ) ကိုသူ) ကို အိမ်မှာ မတွေ့ဘူး၊ အမျိုးသမီး တစ်ယောက် က ကားပေါ်မှာတွေ့တယ်လို့ သတင်းပေးလို့ လိုက်ကြတာ၊ မော်လမြိုင် သွားဖို့ ကား လက်မှတ်တောင် ဝယ်ထားပြီးပြီ” ဟု ၎င်းက ဆိုသည်။

အဆိုပါ အဓမ္မမှုနှင့် ပတ်သက်၍ မင်းသူ (ခ) ကိုသူကို (ပ) ၁၇၄/၂၀၁၃၊ ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ထား ကြောင်း ဖောင်တော်သီ ရဲစခန်းထံမှ သိရသည်။

မိုးနေ

The Voice Weekly
ဒိုက်ဦး ၊ ဇူလိုင် ၂၃

ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ်၊ ကတုတ်ဘုရားကြီး ကျေးရွာတွင် ဇူလိုင်လ ၂၂ရက် နံနက် ၁၀နာရီ မိနစ် ၃၀ခန့်က အသက် ၉ နှစ် အရွယ် မိန်းကလေးငယ် ဈေးဝယ်ပြီး အပြန်တွင် အမျိုးသား တစ်ဦးက အဓမ္မ ပြုကျင့် ခဲ့ရာ ညနေ့ ၃ နာရီခွဲတွင် ယင်းသို့ ပြုလုပ်သည်ဟု စွပ်စွဲခံရသူကို ဖမ်းမိ ခဲ့ကြောင်း အဆိုပါ ကျေးရွာတွင် နေထိုင်သူများထံမှ သိရှိရသည်။

ပဲခူးမြို့ ထိပ်တန်းမြန်မာ အထည်ချုပ်စက်ရုံ အမှတ်(၂) စက်ရုံအလုပ်သမားများ လုပ်အားခလစာတိုးမြင့်ရေးဆန္ဒထုတ်ဖော်



ဇူလိုင် ၂၄

ပဲခူးမြို့ ထိပ်တန်းမြန်မာအထည်ချုပ်စက်ရုံ အမှတ်(၂)မှ စက်ရုံအလုပ်သမားဦးရေ (၃၀)ခန့်သည် လုပ်အားခလစာတိုးမြင့်ရေး၊ ဖယ်ရီစရိတ်ရရှိရေးနှင့်
ကျန်မာရေးစောင့်ရှောက်မှုများအပြည်အ၀ရရှိရေး စသည့်အချက်များပါရှိသော တောင်ဆိုချက်များကို ၂၀၁၃ခုနှစ် ဇူလိုင်လ ၂၄ရက်နေ့ နံနက် ၈း၀၀
နာရီတွင် စက်ရုံရှေ့ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ စက်ရုံအလုပ်သမားတစ်ဦးအားဆက်သွယ်မေးမြန်းခဲ့ရာ  '' ကျမတို့ အဓိကတောင်းဆိုတဲ့ အချက်က(၆)ချက်ပါ။ (၁)လုပ်အားခလ
စာတိုးမြင့်ပေးရေး (၂) ဖယ်ရီစရိတ်(ခ)လမ်းစရိတ်ပေးရေး(၃) ရေလုံအိမ်သာရေနှင့်သောက်သုံးရေ အခက်အခဲဖြေရှင်းပေးရန်(၄) လုပ်ငန်းလည်ပတ်
စေလိုခြင်း၊ (၅) လုပ်ငန်းမလည်ပတ်ပါက နစ်နာကြေးပေး၍ စက်ရုံရပ်နားစေလိုကြောင်းနှင့်(၆) ထွက်သွားသော ၀န်ထမ်းများအတွက် ရက်ပေါင်ကြေး
အား နှစ်လပိုင်းမှစ၍ ယခု(၆)လပိုင်းအထိမပေးသည့်အတွက် အခုလိုဆန္ဒထုတ်ဖော်ရတာပါ "ဟု ပြောကြားသည်။

Monday, July 22, 2013

လမ်းပြကြယ်အဖွဲ့မှ ကျေးလက်ဒေသများသို့ရောက်သွားပြီး ဥပဒေပညာပေး ဟောပြောမှုများပြုလုပ်

ဇူလိုင် ၂၂

လူ့အခွင့်အရေးရှေ့နေကြီး ဦးအေးမြင့်(လမ်းပြကြယ်)ဦးဆောင်သော အဖွဲ့သည် ၂၀၁၃ ခုနှစ် ဇူလိုင်လ(၂၁)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊
ထန်းတပင်မြို့နယ်၊ တောစွန်ကျေးရွာရှိ ဒေသခံရွာသူ/သားများအား ဥပဒေရေးရာကိစ္စနှင့်ပတ်သက်သည့် အသိပညာပေးဟောပြောမှုများ ပြုလုပ်
ပေးခဲ့ကြောင်း သတင်းရရှိသည်။

Sunday, July 21, 2013

ဒေါ်ဘောက်ဂျာက သူ့ကို ဖမ်းဆီးတာဟာ တရားမျှတမှု မရှိဘူးလို့ပြော

daw-bauk-gya-b305 
၂၀၁၂ ခုနှစ် သြဂုတ်လ ၂၁ ရက်က ရန်ကုန်မြို့ စီးတီးစတား ဟိုတယ်တွင် NDF ပါတီက တောင်သူ လယ်သမားရေးရာ ကော်မတီ ဆွေးနွေးပွဲတွင် ဒေါ်ဘောက်ဂျာ (လူ့အခွင့်အရေးလှုပ်ရှားသူ)က ဆွေးနွေးတင်ပြနေစဉ်။
RFA
အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီရဲ့ ကချင်ပြည်နယ် ဥက္ကဋ္ဌ ဒေါ်ဘောက်ဂျာက မိမိကို ဝရမ်းပြေးလို့ နာမည်တပ်ပြီး အခုချိန်ထိ ဘာမှ အသိပေးခြင်းမရှိဘဲ ဖားကန့်မြို့နယ် ရဲစခန်းမှာ ဖမ်းဆီးထားတာဟာ တရားမျှတမှုမရှိဘူးလို့ ဒီကနေ့ပြောဆိုလိုက်ပါတယ်။