Showing posts with label အားကစားသတင်း. Show all posts
Showing posts with label အားကစားသတင်း. Show all posts

Saturday, March 19, 2016

မြန်မာ စပါးကြီးမြွေ အောင်လ ပြိုင်ဘက် အီဂျစ် ကို အနိုင်ယူ

 ပြိုင်ဘက် ရဲ့ လည်ပင်းကို အောင်လ က ပိုင်ပိုင် နိုင်နိုင် ချုပ် မိသွား လို့ မိုဟာမက် အလီ က အရှုံး ပေးကြောင်း အချက် ပြ ခဲ့ ရ။
မြန်မာ နိုင်ငံမှာ ပထမဆုံး အကြိမ် ကျင်းပတဲ့ MMA one championship ကိုယ်ခံပညာ ပေါင်းစုံ အတိုက် အခိုက် ပြိုင်ပွဲမှာ Burma Python လို့ ခေါ်တဲ့ အောင်လ အဲန်ဆန် က ပြိုင်ဘက် အီဂျစ် နိုင်ငံသား မိုဟာမက် အလီကို ပထမ အချီမှာပဲ အနိုင် ရရှိခဲ့ပါတယ်။

Tuesday, October 21, 2014

ဂုဏ်ယူပါတယ် မြန်မာ ယူ-၁၉

မြန်မာအသင်းစွမ်းဆောင်မှုအပေါ် ပရိသတ်များချီးကျူး

 မြန်မာယူ-၁၉အသင်း  ကာတာအသင်းကို ရှုံးနိမ်ခဲ့သော် လည်း အသင်း၏ပြိုင်ပွဲဝင်စိတ် ဓာတ်နှင့်ခြေစွမ်းအပေါ် လူမှုကွန်ရက်များမှတစ် ဆင့်ချီးကျုးမှုများပြုလုပ်ခဲ့ကြသည်။
‘‘Thiha Kyaw Zaw’’အမည်ဖြင့်ဖေ့စ်ဘွတ်ခ်သုံးစွဲသူကလည်း ‘‘ကျေနပ်တယ်ညီလေးတို့’’ မင်းတို့လုပ်ပေးနိုင်တာထက် အများကြီး ပိုပေးဆပ်ခဲ့တာပဲ။ ညီလေးတို့ရဲ့ စိတ်ဓာတ်ကိုလေးစားတယ်။ မြန်မာအသင်းဟာ ဆီမီးကိုထိုက်ထိုက်တန်တန်တက်လာခဲ့တယ် ဆိုတာ အာရှတစ်တိုက်လုံးသိအောင် ညီတို့စွမ်းဆောင်နိုင်ခဲ့တယ်’’ဟု ရေးသားခဲ့သည်။

Wednesday, August 13, 2014

ရော်နယ်ဒိုရဲ့ဂိုးတွေနဲ့ ဥရောပစူပါဖလား ဆွတ်ခူးတဲ့ ရီးရဲလ်

ရီးရဲလ် ၂-၀ ဆီဗီလာ
ရော်နယ်ဒို ၃၀၊ ၄၉

ပေါင် (၇၁)သန်းနဲ့ ခေါ်ယူခဲ့တဲ့ ကစားသမားသစ် ဂျိမ်းရဲ့ ဖန်တီးမှု ကို ဘေးလ် အသုံးမချနိုင်ခဲ့လို့ ပွဲချိန် (၁၉)မိနစ်မှာ ရီးရဲလ် ဂိုးရခွင့်ဆုံးရှုံးခဲ့ရသလို
နောက်(၂)မိနစ်အကြာမှာ ဗီတိုလိုရဲ့ ကန်ချက်ကို ကာဆီးလက်စ် ကာကွယ်နိုင်ခဲ့လို့ ဆီဗီလာ ဂိုးမရခဲ့တာပါ။

Monday, July 7, 2014

ကမ္ဘာ့ဖလားကို အရမ်းလိုချင်နေပြီဟု ဂျာမနီ တိုက်စစ်မှူး ပိုလ်ဒေါစကီး ပြော

6889-lukas-podoslki-arsenal

ဂျာမနီရှေ့တန်းကစားသမား လူးကပ်စ်ပိုလ်ဒေါစကီးဟာ အင်္ဂါနေ့မှာ ကစားရမယ့် ဆီမီးဖိုင်နယ် ပွဲစဉ်မှာ သူတို့ရဲ့ပြိုင်ဘက် ဘရာဇီးအသင်းပေါ်မှာပဲ ဖိအားတွေရှိနေလိမ့်မယ်လို့ ယုံကြည်နေ ပါတယ်။

Thursday, June 19, 2014

ကမ္ဘာ့ဖလား လက်ရှိချန်ပီယံစပိန် - ချီလီကိုရှုံးလို့ ပွဲကထွက်ရ

 ဗုဒ္ဓဟူးနေ့က ၇ ရက်မြောက်ကစားတဲ့ ကမ္ဘာ့ဖလား ဘောလုံးဗိုလ်လုပွဲတွေမှာ လက်ရှိ ကမ္ဘာ့ဖလား ချန်ပီယံ စပိန်အသင်း အုပ်စုအဆင့်မှာတင် ရှုံးလို့ ထွက်သွားရပါပြီ။ အုပ်စု B က စပိန်အသင်း ထွက်သွားရပေမဲ့ နယ်သာလန်နဲ့ ချီလီအသင်းတွေကတော့ ဒုတိယအဆင့်ကို တက်သွားကြပါပြီ။

Wednesday, June 18, 2014

အနီကတ် ထိသွားတဲ့ ပေါ်တူဂီကစားသမား Pepe ဆိုတာ (ရုပ်/သံ)

 
အနီကတ် ထိထွက်သွားရတဲ့ ပေါ်တူဂီ ကစားသမား Pepe ၊  ဓာတ်ပုံ-ဘန်ကောက်ပို့စ်
 
ကမ္ဘာ့ဖလားဘောလုံးပွဲ ဇွန်လ ၁၆ ရက်နေ့ ညက ဂျာမဏီနဲ့ ပေါ်တူဂီ ပွဲစဉ်မှာ ပေါ်တူဂီ ကစားသမား Pepe ကို ကွင်းလယ် ဒိုင်လူကြီးက အနီကတ် ပြထုတ်လိုက်တာ ကြောင့် ပွဲစဉ်ဟာ ထင်ထားသလောက် ကြည့် မကောင်းတော့ပါဘူး။ 

Saturday, May 31, 2014

ဘရာဇီး ကမ္ဘာ့ဖလားဘောလုံးပွဲအတွက် အစွမ်းပြချက်များ

ဘရာဇီးနိုင်ငံမှာ အိမ်ရှင်အဖြစ် ကျင်းပမယ့် ကမ္ဘာ့ဖလား ဘောလုံးပွဲအတွက် ဘောလုံး အစွမ်းပြချက်တွေနဲ့ 
ကြော်ငြာ ရုပ်သံပါ။ 

Thursday, May 29, 2014

ဆီးဂိမ်းကရသည့် ကာယဗလနှင့် ပြေးခုန်ပစ် ရွှေတံဆိပ် ၂ ခု ပြန်အပ်ရမည်

seagamegold15122013
၂၇  ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်းမှာ မြန်မာတွေ ရရှိခဲ့တဲ့ ပြေးခုန်ပစ် အားကစားနည်းထဲက  ရွှေတံဆိပ် ၁ ခုနဲ့ ကာယဗလ အားကစားနည်းက ရွှေတံဆိပ် ၁ ခု   ဆီးဂိမ်းအဖွဲ့ချုပ်ကို ပြန်အပ်ရတော့မှာ ဖြစ်ပါတယ်။
ပြေးခုန်ပစ် ကစားနည်းမှာပါဝင်တဲ့ ကီလို ၂၀ အမျိုးသမီး လမ်းလျှောက်ပြိုင်ပွဲရဲ့ ရွှေတံဆိပ်ဆုရှင် မစောမာလာနွယ်နဲ့ ကာယဗလ အားကစားနည်းက ကိုမင်းဇော်ဦးတို့ဟာ တားမြစ်ဆေးဝါးသုံးစွဲခဲ့တာ တွေ့ရှိခဲ့တာကြောင့်ဖြစ်ပြီး နှစ်ယောက်စလုံးကို ကစားခွင့် ၂ နှစ်ပိတ်ပင်သွားမယ်လို့ အရှေ့တောင်အာရှ အားကစားအဖွဲ့ချုပ် ဆေးဘက်ဆိုက်ရာကော်မတီ တာဝန်ရှိသူတဦးက ပြောပါတယ်။

Saturday, April 5, 2014

မြန်မာအသင်း မလေးရှားအသင်းကို ခြေစွမ်းပြ အနိုင်ရ

ဂျပန်နိုင်ငံ အိုဆာကာ မြို့မှာ ကျင်းပနေတဲ့ ဂျပန်-အာဆီယံ ယူ ၁၄ ချစ်ကြည်ရေးပွဲစဉ် တတိယနေ့ ဧပြီ ၅ရက်နေ့မှာ မြန်မာ ယူ ၁၄ အသင်းက မနက်ပိုင်းမှာ မလေးရှားအသင်းနဲ့ ကစားခဲ့ပြီး ညနေပိုင်းမှာ ဂျပန်ယူ ၁၄ နဲ့ ချစ်ကြည်ရေးပွဲ ဒုတိယပွဲစဉ်အဖြစ်ကစားခဲ့ ပါတယ်။
DSC03982ပထမပိုင်းမှာ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ပြီးနောက်ပိုင်း နည်းစနစ်နဲ့ ကြံခိုင်ရေးပြည့်စုံတဲ့ ဂျပန်အသင်းကို ဂိုးသွင်းခွင့်ပေးလိုက်ရပြီး မြန်မာအသင်းက အချိတ်အဆက်အားနည်းလာပြီး ၃ ဂိုး အသွင်းခံလိုက်ရပါတယ်။
မြန်မာအသင်းက ဂိုးသွင်းနိုင်တဲ့ အခွင့်အရေးတွေ ရခဲ့မယ့် ဂိုးသွင်းလွဲချော်မှုတွေ ရှိပါတယ်။ မြန်မာအသင်းက ပွဲပြီးခါနီး ၁ ဂိုး ပြန်သွင်းနိုင်ပေးမယ့် ဒိုင်လူကြီး အဆုံးအဖြတ်နဲ့ မရခဲ့ပါဘူး။

Monday, March 17, 2014

အိမ်ကွင်းမှာ ပေးလိုက်ရတဲ့ ပယ်နယ်တီသုံးလုံးကြောင့် လီဗာပူးလ်ကို ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်

Monday, March 17, 2014

လီဗာပူးလ်အသင်းဟာ ဒီနှစ်မှာ ချန်ပီယံဆုကို ပြန်လည်ရရှိဖို့ အကြီးမားဆုံးစိန်ခေါ်မှုပွဲစဉ်အဖြစ် မန်ချက်စတာယူနိုက်တက်အသင်းကို အိုးထရက်ဖို့ ဒ်မှာ သွားရောက်ယှဉ်ပြိုင်ခဲ့ရာမှာ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲအနိုင်ရရှိခဲ့တဲ့အတွက် လီဗာပူးလ်အသင်းဟာ ဇယားထိပ်ဆုံးက ချယ်လ်ဆီးအသင်းနဲ တစ်ပွဲလျော့ လေးမှတ်သာ ကွာဟတော့ပြီး ချန်ပီယံဆုကို အကောင်းဆုံး ခြိမ်းခြောက် နိုင်တဲ့ အနေအထားကို ရောက်ရှိခဲ့ပါတယ်။

Wednesday, October 3, 2012

အဝေးကွင်းဂိုးပြတ်ဖြင့် ဥရောပနိုင်ပွဲစတင်ခဲ့သည့် ချန်ပီယံ



ဥရောပလက်ရှိချန်ပီယံ ချယ်လ်ဆီးအသင်းသည် ဒိန်းမတ်ချန်ပီယံ FC Nordsjaelland အား ၄င်းတို့၏
အိမ်ကွင်းတွင် (၄)ဂိုးပြတ်ဖြင့် အနိုင်ယူခဲ့ကာ ဥရောပအောင်ပွဲစစ်မျက်နှာကို စတင်လိုက်သည်။ ချယ်လ်ဆီး
အသင်းသည်ယမန်နှစ် ဥရောပအဝေးကွင်းရလာဒ်ဆိုးများ ဖြစ်သည့် (၇)ပွဲတွင် (၁)ပွဲသာအနိုင်ရရှိသည့်
မှတ်တမ်းကိုချေဖျက်မည်ဟု ကြုံးဝါးထားသည့်နှင့်အညီ အာဆင်နယ်ပွဲ ကစားသမားစာရင်းမှ အပြောင်း
အလဲအဖြစ်(၂)နေရာသာပြုလုပ်ပြီးပွဲထွက်လာသည်။ တယ်ရီအစား ကားဟေးလ်၊ ပွဲဆက်များနေသည့်
ဟာဇက်အစားမော့ဆက်တို့ကို ကစားစေပြီး တိုက်စစ်ဦးစားပေးဖြင့် ခင်းကျင်းခဲ့သည်။ အိမ်ရှင်အသင်းတွင်
FC Twenty မှအ၄ားလာရောက်ကစားနေသည့် တိုက်စစ်မှူးဂျွန်၊ ကွင်းလယ်တွင် ဘက်ခ်မန်း၊ လောရန်ဇို
တို့ကို အဓိကကျောရိုးထား၍ ရင်ဆိုင်ခဲ့သည်။

ဒိန်းမတ်ကလပ်အား အနိုင်ကစားရန် ကစားသမားများအား သတိပေးလိုက်သည့် ဒီမက်တီယို



ချယ်လ်ဆီးမန်နေဂျာ ဒီမက်တီယိုသည် ယနေ့ညယှဉ်ပြိုင်ကစားမည့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ဒိန်းမတ်ကလပ် နော့စ်ဂျေလန်အသင်းအား အနိုင်ကစားရန် အသင်းသားများအား သတိပေးလိုက်ပါသည်။ ယနေ့ညသာ ရှုံးနိမ့်ခဲ့ပါက နောက်တစ်ဆင့်တက်ရန်ခက်ခဲသွားနိုင်ကြောင်း ဒီမက်တီယိုက ၀န်ခံခဲ့သည်။

Tuesday, October 2, 2012

ချယ်လ်ဆီးမှ နှစ်ရှည်စာချူပ် မျှော်လင့်နေသည့် အက်ရှလေကိုးလ်



ESPN မှဖော်ပြသော သတင်းအရ အက်ရှလေကိုးသည် ချယ်လ်ဆီးအသင်းဆီမှ နှစ်ရှည်သက်တမ်းတိုးစာချူပ် ကမ်းလှန်းရန်မျှော်လင့်နေပြီး သူ၏ ကစားသမားဘ၀အား ချယ်လ်ဆီးမှာပဲ အဆုံးသတ်သွားရန် ရည်ရွယ်လျက်ရှိသည်ဟု ဖော်ပြထားပါသည်။
အသက်၃၀အထက် ကစားသမားများအား တစ်နှစ်ထက်ပိုမို၍ စာချူပ်တိုး မကမ်းလှမ်းသည့် ချယ်လ်ဆီးအသင်း၏ ပေါ်လစီအရ ၃၁နှစ်ရှိပြီဖြစ်သည် အက်ရှလေကိုးလ်အားလည်း ချယ်လ်ဆီးမှ တစ်နှစ်သက်တမ်းတိုးရန်သာ ကမ်းလှမ်းခဲ့တာပါ။ ဒါကို အစောပိုင်းက ကိုးလ်အနေနဲ့ ပယ်ချခဲ့ပြီးဖြစ်ပါသည်။
ESPN မှ ဖော်ပြချက်အရ

အာဆင်နယ်နှင့်ပွဲမှ ချယ်လ်ဆီးအသင်းအပေါ် နည်းစနစ်ပိုင်း သုံးသပ်ချက်များ



ချယ်လ်ဆီးအသင်းသည် ပြီးခဲ့သည့်စနေနေ့က အင်းမရိတ်ကွင်းတွင် အာဆင်နယ်အသင်းအား နှစ်ဂိုး၊ တစ်ဂိုးဖြင့် ဦးဆောင်ခဲ့ပြီး အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့သည်..။ နှစ်သင်းစလုံးသည် တိုက်စစ်ကို ဦးစားပေးပြီး လျှင်လျှင်မြန်မြန် ကစားခဲ့ကြသဖြင့် ကြည့်ကောင်းခဲ့သည်..။ ထို့အပြင် အရည်အသွေးမြင့် ကွင်းလယ်ကစားသမားတို့၏ အားပြိုင်မှုများကြောင့် နည်းစနစ်ပိုင်းအရလည်း အဆင့်မြင့်ခဲ့သည်..။ ချယ်လ်ဆီးအသင်း၏ အနိုင်ဂိုးများမှာလည်း အလွတ်တန်ကန်ဘောများမှ ရရှိခဲ့ခြင်း ဖြစ်သလို ပေးလိုက်ရသည့် ချေပဂိုးမှာ ဘယ်တောင်ပံ ခံစစ်ကြောင်း အားနည်းမှုကြောင့် ဖြစ်ပေသည်..။

Saturday, September 29, 2012

ပရိတ်သတ်တွေရဲ့ လှောင်ပြောင်မှုကို တယ်ရီအကောင်းဆုံး ထိန်းချူပ်နိုင်ပါလိမ့်မယ် – ဒီမက်တီယို



တယ်ရီသည် အန်တန်ဖာဒီနန်အား လူမျိုးရေးခွဲခြားသည်ဟု အက်ဖ်အေက စွပ်စွဲကာ ၄ပွဲပယ်နှင့် ပေါင် ၂၂၀၀၀၀ ပြစ်ဒဏ်ချမှတ်ခဲ့ပါသည်။ ဒီမက်တီယိုက လာမည့်ပွဲစဉ်များတွင် သူ့အား လှောင်ပြောင်မည့် ပရိတ်သတ်များရှိနေမယ်ဆိုတာ ခန့်မှန်းမိပေမယ့် တယ်ရီအနေဖြင့် သူ့ရဲ့ အတွေ့အကြုံအရ အကောင်းဆုံး ထိန်းချူပ်နိုင်မယ်လို့ဆိုပါသည်။

Friday, September 28, 2012

ကမ္ဘာ့ကလပ်အသင်းများ ပြိုင်ပွဲ ပွဲစဉ်ဇယားထွက်ပေါ်


ကမ္ဘာ့ကလပ်အသင်းများ ပြိုင်ပွဲ ပွဲစဉ်ဇယားကို တနင်္လာနေ့က ထုတ်ပြန်လိုက်ရာ ချယ်လ်ဆီးအသင်းသည်
ဆီမီးဖိုင်နယ်ပွဲအဖြစ် မက္ကဆီကိုကလပ် CF Monterrey (သို့) အာရှချန်ပီယံလိဂ်ပြိုင်ပွဲမှ အနိုင်ရရှိသည့်
အသင်းနှင့် ဒီဇင်ဘာလ(၁၃)ရက်နေ့တွင် ဂျပန်နိုင်ငံ၊ ယိုကိုဟားမားမြို့၌ ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရှိ
ရသည်။

ဝုလ်ဗ်ကို ဂိုးပြတ်သွင်းယူပြီး League Cup စတုထ္တအဆင့်သို့ ချယ်လ်ဆီးတက်ရောက်


League Cup ခေါ် Capital One Cup တတိယအဆင့်ပြိုင်ပွဲအဖြစ် ချယ်လ်ဆီးအသင်းသည် အိမ်ကွင်း
စတန်းဖို့ဘရစ်ခ်ျ၌ ချန်ပီယံရှစ်အသင်းဖြစ်သည့် ၀ုလ်ဗ်အသင်းအား လက်ခံကစားခဲ့ရာ (၆)ဂိုး ဂိုးမရှိဖြင့်
ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး စတုထ္တအဆင့်သို့တက်ရောက်သွားသည်။ ယခုပွဲတွင် ဒီမက်တီယိုသည် ၄-၂-၃-၁

ကွင်းလယ်တိုက်စစ်အားပြိုင်မည့် လန်ဒန်ဒါဘီပွဲ


စက်တင်ဘာလ(၂၉)ရက်နေ့တွင်  ပရီးမီးယားလိဂ်ပွဲစဉ်(၆)အဖြစ် ချယ်လ်ဆီးသည် အာဆင်နယ်အိမ်ကွင်း
အမ်းမရိတ်သို့ သွားရောက်ယှဉ်ပြိုင်ပြီး ယခုနှစ်ဘောလုံးရာသီတွင် အသင်းကြီးထိပ်တိုက်တွေ့ဆုံမှုအဖြစ်
စတင်တော့မည်ဖြစ်သည်။ ချယ်လ်ဆီးအသင်းတွင် လတ်တလောဒဏ်ရာရကစားသမားမရှိသည့်အပြင်
အနားယူနေသည့် မာကိုမာရင်မှလည်း ပြီးခဲ့သည့် League Cup ပွဲတွင် ၀င်ရောက်ကစားနိုင်ပြီဖြစ်သည်။
သို့သော် တယ်ရီ၏ကြားနာမှုမှာ ယခုရက်ပိုင်းအတွင်း ပြီးဆုံးဖွယ်ရှိ၍ ပွဲပယ်ခံရခြင်းရှိ-မရှိမသိနိုင်သေးပါ။
အာစင်ဝင်းဂါးအသင်းအတွက် ကာလကြာရှည်ဒဏ်ရာရနေသည့် ၀ဲလ်ရှိုင်းယားမှလွဲ၍ သိပ်ပြသနာရှိပုံ
မရပေ။

League Cup စတုထ္တအဆင့်တွင် ချယ်လ်ဆီးနှင့်မန်ယူ စတန်းဖို့ဘရစ်ခ်ျ၌ ထိပ်တိုက်တွေ့မည်


League Cup ခေါ် Capital One Cup စတုထ္တအဆင့်တွင် ပွဲစဉ်များ မဲခွဲဆုံးဖြတ်ခဲ့ရာ ချယ်လ်ဆီးအသင်းနှင့်
မန်ချက်စတာယူနိုက်တက်အသင်းတို့သည် စတန်းဖို့ဘရစ်ခ်ျ၌ အောက်တိုဘာလ(၃၀)ရက်(သို့)(၃၁)ရက်နေ့
တွင် ထိပ်တိုက်တွေ့ဆုံကြမည်ဖြစ်သည်။