Thursday, January 29, 2015

“အသတ်ခံရသည့်မြန်မာအလုပ်သမား၃ဦးအားသင်းဂြိုဟ်ပြီးစီး”

၂၀၁၅ ခု ဖေဖေါ်ဝါရီလ ၂၈ ၊ စောမောင်


      ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီထိုင်းနိုင်ငံတောင်ပိုင်း စူရတ် ဌာနီခရိုင်၊ ချိုင်ဘူရီမြို့Chaiburi.. စိုင်ထောင်ရပ် ကွက် Sai Thong လမ်းနံပတ် ၅ ရှိ ရာဘာခြံတစ်ခု၌ ၂၃၊ ၀၁၊ ၂၀၁၅ ရက်နေ့ ည က သတ်ဖြတ်ခံခဲ့ရသော မြန်မာအလုပ်သမား ၃ဦးတို့အား အလုပ် သမားအရေးဆောင်ရွက်သူများနှင့် ဌာနေ မြန်မာအလုပ်သမား များစုပေါင်း၍ ယနေ့ညနေပိုင်းက ကောင်းမွန်စွာ သဂြိုဟ်လိုက် ပြီဖြစ်ကြောင်း သိရသည်။

ရွာသားပိုင် အိမ်မွေးတိရစ္ဆာန် အဓမ္မသိမ်းယူမှု အစိုးရတပ်လျော်ကြေးပြန်ပေး

ပေါ်တာအဖြစ် ခိုင်းစေခံရသူများ (၂၀၁၁ ခုနှစ် ဇန်န၀ါရီ၊ ကရင်ပြည်နယ်အတွင်းတနေရာ)
ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် တာမိုးညဲမြို့နယ်ခွဲမှာ  ရွာသားပိုင် အိမ်မွေး တိရစ္ဆာန်တွေကို အဓမ္မ ယူဆောင်ခဲ့ပြီးနောက် နယ်မြေအခြေစိုက် အစိုးရတပ်က လာရောက် လျော်ကြေး ပေးသွားတယ်လို့ မြို့နယ်အုပ်ချုပ်ရေးက ပြောပါတယ်။

အမျိုးသားပညာရေး ဆန့်ကျင်ခရီးရှည်အဖွဲ့ ပုပ္ပါးရောက်


အမျိုးသား ပညာရေး ဥပဒေကို ဆန့်ကျင်ကန့်ကွက် သပိတ်မှောက်နေတဲ့ ကျောင်းသားတွေကို ၀ဲလောင်မြို့နဲ့ ပုပ္ပါးမြို့ကြားက မြင်စိုင်းတောင်ကြားမှာ အာဏာပိုင်တွေက တားဆီးမှုတွေ လုပ်ခဲ့ပေမဲ့ ဆက်လက်ချီတက်ခဲ့ပြီး လုံခြုံရေး အခြေအနေ တွေကြောင့် ပုပ္ပါးမြို့ကိုရောက်ဖို့အတွက် ၁၀ မိုင်ခရီး ကားစီးခဲ့ရတယ်လို့ ကျောင်းသားတွေက ဆိုပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ဆန္ဒပြ ကျောင်းသားတွေ ပုပ္ပါးမှာ စည်းဝေး

၎ ပွင့်ဆိုင် ဆွေးနွေးဖို့ သဘောတူညီမှု ရ
ဖေဖော်ဝါရီလ ၁ ရက်နေ့ ရန်ကုန်မှာ အစိုးရနဲ့ ၄ ပွင့်ဆိုင် ဆွေးနွေးပွဲ စဖို့ သဘောတူ ခဲ့တဲ့ သပိတ်မှောက် ကျောင်းသားတွေ အကြား ပုပ္ပါးက ရှေ့ဆက် ချီတက်ဖို့ ကိစ္စ ညှိနှိုင်း နေကြဆဲ ဖြစ်ပါတယ်။

Wednesday, January 28, 2015

ဇီဝနဲ့ ဓာတုလက်နက်ဖျက်သိမ်းရေး ကူညီဖို့ မြန်မာကိုကမ်းလှမ်း


မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ လက်နက်ထိန်းချုပ်ရေး၊ ခွဲခြားစိစစ်ရေးနဲ့ ဥပဒေအတိုင်း လိုက်နာကျင့်သုံးရေးဆိုင်ရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Frank Rose ဟာ မြန်မာဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဦးသန့်ကျော်နဲ့ နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံခဲ့ပါတယ်။

သမ္မတရုံး ထောက်လှမ်းရေး ဖွဲ့

အကြမ်းဖက် အန္တရာယ် အတွက် လုံခြုံရေး တိုးချဲ့
သတင်းအချက်အလက်နဲ့ စုံစမ်းထောက်လှမ်းရေး ဆိုင်ရာ ဆက်သွယ် ဆောင်ရွက်ရေး ဌာန တခုကို သမ္မတရုံး က ဖွဲ့စည်း လိုက်ပြီ ဖြစ်ပါတယ်။

ဆရာမနှစ်ဦး အသတ်ခံရမှု စုံစမ်းစစ်ဆေးဖို့ မြန်မာကို ကုလတောင်းဆို

အသတ်ခံလိုက်ရတဲ့ ကချင်ဆရာမနှစ်ဦးရဲ့ ဈာပနအခမ်းအနား။ (ဇန်နဝါရီ ၂၃၊ ၂၀၁၅)
ပြီးခဲ့တဲ့ သီတင်းပတ်က ကချင်တိုင်းရင်းသူ စေတနာ့ဝန်ထမ်း ဆရာမနှစ်ဦး အဓမ္မပြုကျင့် ခံရပြီး ရက်ရက် စက်စက် အသတ်ခံ ခဲ့ရတာနဲ့ ပတ်သက်လို့ အထူးစိုးရိမ် မကင်းဖြစ်မိကြောင်းနဲ့ အမှုမှန်ပေါ်အောင် ထိထိ ရောက်ရောက် စုံစမ်း စစ်ဆေးပေးဖို့ မြန်မာ အစိုးရကို ကုလသမဂ္ဂက ဇန်န၀ါရီလ ၂၇ ရက်နေ့က တောင်းဆို လိုက်ပါတယ်။

သပိတ်မှောက်ကျောင်းသားများနှင့် အစိုးရ ပဏာမဆွေးနွေးပွဲ စတင်

ဓာတ်ပုံ – အောင်ကြီး
အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ သပိတ်မှောက် ကျောင်းသား ခေါင်းဆောင်တွေနဲ့ အစိုးရ တာဝန်ရှိ သူတွေ အကြား ပဏာမအဆင့် ဆွေးနွေးပွဲကို  နေပြည်တော်မှာ ဒီမနက်စတင်ပါတယ်။

ထိုင်းလိပ်ကျွန်းပုံရိပ် ဗြိတိန် မီဒီယာကြောင့်ပျက်ဟု ကျွန်းသူကြီးပြော


ထိုင်းနိုင်ငံတောင်ပိုင်းက လိပ်ကျွန်း (ခိုတောင်) ရဲ့ နာမည်ကောင်းဟာ ဗြိတိန် မီဒီယာရဲ့ သတင်း တွေကြောင့် ပျက်စီးသွားတယ်လို့ ကျွန်းသူကြီးက ပြောပါတယ်။

Tuesday, January 27, 2015

“အဖိနှိပ်ခံအလုပ်သမားများပြ ဿ နာရှင်းမကုန်”

၂၀၁၅ ခု ဇန်န၀ါရီလ
မြတ်ညို (အလွတ်သတင်းထောက်)
 ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ၁၁၅/၃၆လမ်း People’Choice ကုမ္ပဏီဖြင့်လာရောက်ခဲ့သည့်အလုပ်သမားများ ၏ ပြဿ     နာများအား ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT က ကူညီဖြေရှင်းပေးနေကြောင်းသိရှိရသည်။

အရာရှိတလစာထက် ငွေပိုရှိသည့် သူတောင်းစားကို ထိုင်းတွင် ဖမ်းဆီး

 ဓာတ်ပုံ (ဘန်ကောက်ပိုစ့်)

ထိုင်းနိုင်ငံ ချနပ်ခရိုင်မှာ တောင်းရမ်းနေတဲ့ မသန်စွမ်း တရုတ်သူတောင်းစားတဦးရဲ့ အိတ်ထဲမှာ အရာရှိတဦးရဲ့ လစာထက် ပိုများတဲ့ ငွေတွေကြောင့် ဒေသခံ အာဏာပိုင်တွေ အံ့အားသင့်ခဲ့ပြီး ဖမ်းဆီးလိုက်ပါတယ်။

နန်းမြင့်ရွာအနီး တွေ့ရတဲ့ နံပါတ်တုတ်တွေ (ဓါတ်ပုံ)

နန်းမြင့်ရွာအနီး တွေ့ရတဲ့ နံပါတ်တုတ်တွေ

ဆုမွန်ကောင်း မေတ္တာ

အမျိုးသား ပညာရေး ဥပဒေ ဆန့်ကျင်သပိတ် ပခုက္ကူ ကျောင်းသားများစတင်

ဓာတ်ပုံ – ကိုသက်ခိုင်
မကွေးတိုင်း ပခုက္ကူမြို့မှာ ကျောင်းသားတွေက အမျိုးသား ပညာရေး ဥပဒေကို ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြပွဲကို ဒီကနေ့ မနက် ၉ နာရီမှာ စတင်လိုက်ပါတယ်။ ကျောင်းသားတွေဟာ ပခုက္ကူ တက္ကသိုလ်ကျောင်းဝင်းအတွင်း ၀င်ရောက်ခဲ့ကြပါတယ်။

မကွေးကျောင်းသားသပိတ် (ရုပ်/သံ)

မကွေးမြို့က မြေလတ်ဒေသ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂနဲ့ မြေလတ်ဒေသ ဗကသ အဖွဲ့ဝင် စုစုပေါင်းတစ်ရာကျော်ဟာ အမျိုးသား ပညာရေး ဥပဒေကို ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့က ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြကျောင်းသားတွေဟာ မန္တလေးမြို့ကနေ ရန်ကုန်မြို့ကို ချီတက်ဆန္ဒပြနေတဲ့ ကျောင်းသားတွေနဲ့ ပခုက္ကူမြို့မှာ သွားရောက်ပူးပေါင်းမယ်လို့ သိရပါတယ်။ RFA သတင်းထောက် ကိုဇော်တူးက သတင်းပေးပို့ထားပါတယ်။ RFA Burmese

ငါးသိုင်းချောင်းတွင် မီးလောင်မှုဖြစ်ပွား


ငါးသိုင်းချောင်း ဇန်န၀ါရီလ ၂၆

ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့ မြို့မရပ်ကွက် ကမ်းနားလမ်းနေ ဦးမျိုးလွင်(ဘ) ဦးဘိုကေ (၃၅)နှစ်၏ နေအိမ်တွင် ထမင်းချက်ရာမှ ဇန်န၀ါရီလ(၂၆)ရက် ညနေ(၁၆း၁၅)တွင် မီးလောင်မှု ဖြစ်ပွား သည်။

ကျောင်းသား သပိတ်စစ်ကြောင်း တောင်သာမြို့ကြား တားဆီးမှုများ (ရုပ်/သံ)

အမျိုးသား ပညာရေးကို ကန့်ကွက် သပိတ်မှောက် ဆန္ဒပြနေတဲ့ ကျောင်းသားတွေဟာ ယနေ့ ၂၇၁၀၂၀၁၅ မနက် ၉ နာရီက မြင်းခြံမြို့ ကနေ တောင်သာမြို့ ကို ဆက်လက်ချီတက်လာ ခဲ့ကြတာဖြစ်ပြီး မြင်းခြံမြို့ က ရဟန်းရှင်လူ ကျောင်းသား ပြည်သူ အင်အား ၇၀၀ကျော် ရှိတာလည်း ဖြစ်ပါတယ်။ မြင်းခြံ တောင်သာမြို့ ကြား မိုင်တိုင် ၄၄၇/၆ နန်းမြင့်ကျေးရွာ အုပ်စုရှေ့ မှာတော့ လုံခြုံရေး အင်အား ၁၀၀နီးပါးနဲ့ မီးသတ်ကား ၂စီးချထားပါတယ်။ ၂ဖက်ထိပ်တိုက်တွေ့နိင်တဲ့ အခြေနေတွေလည်း ရှိနေပါတယ်။ လုံခြုံရေးတွေက နန်းမြင့်ကျေးရွာ အုပ်စုရှေ့ မှာ ရဲဝန်ထမ်း လုံခြုံရေးတွေကျန်ခဲ့တဲ့ ဒိုင်းတွေ နံပါတ်တုတ်တွေလည်း ရှိနေပါတယ်။ သပိတ်မှောက် ဆန္ဒပြ ကျောင်းသားတွေက ဂွေးပင်ရိုးကျေးရွာ သံမဏိစက်ရုံလမ်းခွဲကို ရောက်ရှိနေပြီဖြစ်ပါတယ်။ (ဒေသစံတော်ချိန် နေ့လည် ၁နာရီ) DVB TV - 27.01.2015

Monday, January 26, 2015

ဗ​က​သ ကျောင်းသား​တွေ ကို မြင်း​ခြံ​မြို့​လုံး​ကျွတ် ကြိုဆို

ပြည်သူ အများ လွတ်မြောက် ရေး ကို ကျောင်းသား လူငယ် တွေ က ဆောင်ကြည်း ပေးနိုင်မယ် ဆိုတဲ့ ယုံကြည် မျှော်လင့် ချက် နဲ့ အားပေးခဲ့ ကြတာ လို့ မြို့ခံ တွေက ပြော။
အမျိုးသား ပညာရေး ဥပဒေ ကို သပိတ်မှောက် နေကြ တဲ့ ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ဗကသ ရဲ့ မန္တလေး ကနေ ရန်ကုန် ထိ ခရီးရှည် လမ်းလျှောက် ချီတက်ပွဲ ၆ ရက် မြောက် နေ့ မြင်းခြံမြို့ ကို ရောက် ရှိလာတဲ့ ဆန္ဒပြ ကျောင်းသား တွေ ကို မြို့လုံးကျွတ် သောင်းသောင်း ဖျဖျ ကြိုဆို ခဲ့ကြပါတယ်။

အစောင့်တပ်ကြပ်ကြီးကိုသတ်ကာ ထွက်ပြေးသွားသည့် အကျဉ်းသားများကို လေးဖက်လေးတန် ပိတ်ဆို့ရှာဖွေလျက်ရှိ


မန္တလေးမြို့၊ နန်းတွင်း၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ရှိ အမှတ်(၁) စစ်အကျဉ်းထောင်တွင် တာဝန်ကျ အစောင့် တပ်ကြပ်ကြီးကို သတ်ကာ ထွက်ပြေး သွားသည့် တပ်မတော် အကျဉ်းသားများကို မြို့လေးဖက်လေးတန် ပိတ်ဆို့ရှာဖွေ လျက်ရှိကြောင်း တပ်မတော် အသိုင်းအဝိုင်းနှင့် နီးစပ်သူများထံမှ သိရသည်။

နယ်စပ်မှ တရားမ၀င် ဆေးဝါးများနှင့် ဆေးဝါးအတုများ ၀င်ရောက်နေမှုကြောင့် ပြည်သူများ၏ ကျန်းမာရေးအတွက် ခြိမ်းခြောက်မှုများ ရှိနေ


ရန်ကုန် ၊ ၂၆-၁-၂၀၁၅

နယ်စပ်မှ တရားမဝင် တင်သွင်းလာသော ဆေးဝါးများနှင့် ဆေးဝါးအတုများ ဝင်ရောက် နေမှုကြောင့် ပြည်တွင်းရှိ ဆေးဆိုင်များတွင် သာမက နေရာအနှံ့သို့ ရောက်ရှိ နေနိုင်ပြီး ပြည်သူများ၏ ကျန်းမာရေး အတွက် ခြိမ်းခြောက်မှုများ ရှိနေကြောင်း ဆေးကုန်သည် များက ပြောသည်။

မယ်စကြ၀ဠာဆု ကိုလံဘီယာ အလှမယ် ရရှိ


မြန်မာအလှမယ် သျှားထွဋ်အိန္ဒြာ ၀င်ရောက်ယှဉ်ပြိုင်နေတဲ့ ၆၃ ကြိမ်မြောက် မယ်စကြ၀ဠာ ပြိုင်ပွဲမှာ ကိုလံဘီယာ ပေါလီနာ ၀ီဂါက မယ်စကြ၀ဠာ အဖြစ် အရွေးချယ်ခံခဲ့ရပါတယ်။

မျက်စိကွယ်နေသော မိခင်တစ်ဦးက ၄င်း၏ မွေးကင်းစကလေးကို e-Sight မျက်မှန်ဖြင့် ပထမဆုံးအကြိမ် အဖြစ် ကြည့်ရှုနိုင်ခဲ့


အော့တ၀ါ ၊ ၂၆-၁-၂၀၁၅

ကနေဒါနိုင်ငံ၌ မျက်စိ ကွယ်နေသော မိခင်တစ်ဦးသည် ၄င်း၏ မွေးကင်းစ ကလေးကို e-Sight ဟု အမည် ပေးထားသည့် အမြင်အာရုံ မြှင့်တင် ပေးသည့် မျက်မှန်ကို တပ်ဆင်၍ ပထမဆုံး အကြိမ် အဖြစ် ကြည့်ရှု နိုင်ခဲ့ကြောင်း အင်တာနက် သတင်းတစ်ရပ် ၌ ယမန်နေ့တွင် ဖော်ပြခဲ့သည်။

မန္တလေး နန်းမြို့အတွင်း စစ်အကျဉ်းထောင်တွင် အစောင့် တပ်ကြပ်ကြီးအား သတ်၍ အကျဉ်းသားများ ထွက်ပြေး


မန္တလေးမြို့၊ နန်းမြို့အတွင်း၊ အမှတ်(၂) စစ်အကျဉ်းထောင်မှ အပြစ်ပေး ခံနေရသူ(၈)ဦးသည် ဇန်န၀ါရီ ၂၅-ရက် ၊နံနက်(၄)နာရီခန့်က အစောင့်တပ်ကြပ်ကြီး အားသတ်ဖြတ်ကာ ထွက်ပြေး သွားကြောင်း သိရ၍
နန်းမြို့တွင်းမှ သက်ဆိုင်ရာကို သွားရောက် မေးမြန်းခဲ့ရာ အတည်ပြု ပြောကြားခြင်း မရှိခဲ့ကြောင်း သိရသည်။

“မြန်မာအလုပ်သမား၃ဦးအားအမည်မသိသေနတ်သမားပစ်သတ်”

၂၀၁၅ ခုဇန်န၀ါရီလ ၂၆
မြတ်ညို (အလွတ်သတင်းထောက်)
ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်၊ ချိုင်ဘူရီမြို့Chaiburi.. စိုင်ထောင်ရပ် ကွက် Sai Thong လမ်းနံပတ် ၅ ၌ ရှိ   သော ရာဘာခြံတစ်ခုတွင် မြန်မာ အလုပ်သမား၃ဦးအား အမည်မသိသေ နတ်သမားများကပစ်သတ်သွားကြော င်းသိရသည်။ 
           ၂၃၊ ၀၁၊ ၂၀၁၅ ရက်နေ့ ည ၈နာရီခွဲခန့်အချိန်တွင် ပစ် သတ်ခံခဲ့ကြရခြင်းဖြစ်သည်။  သေဆုံသူများမှာ မွန်ပြည်နယ် သံဖြူ ဇရပ်မြို့နယ်၊ စက်စဲကမ်းခြေ ဓမင်းဆိပ်၊ စံပြကျေးရွာမှဖြစ်ကြသည် ။ အသက် ၁၃နှစ်အရွယ် မောင်ချစ်ဖူး နှင့် အသက် ၃၀ အရွယ် ကိုကျော်ထူး တို့သည် ဦးဝင်းကြည် အမိ ဒေါ်ညှစ်တစ် တို့၏ သား များဖြစ်ကြသည်။ အသက် ၂၂ နှစ်အရွယ် ကိုဆန်းမင်း မှာ အဖ  ဦးဒညင်းပုန်း၊ အမိ၊ ခေါ်ခင်ချို တို့၏ သားဖြစ်ပြီး တရွာတည်းသား များဖြစ်ကြောင်းသိရသည်။

Sunday, January 25, 2015

ဗိုလ်ချုပ်အောင်ဆန်းက ဒီလိုပြောတယ်


ပညာဆိုသည်မှာ စာအုပ်စာတမ်းဖတ်၍ စာသိမူကို ပညာဟု မဆိုပေ။
ပညာသည် ' အတိုင်းအဆ ' မထင်။ အလွန်ကျယ်ပြော နက်နဲလှပေသည်။ ကမ္ဘာရှိ စာအုပ် အားလုံးပင်လျှင် ပညာအားလုံးကို လောကပြင်ကျယ် တည်းဟူသော ကျောင်းကြီး၌ ကျွန်ုတို့သည် ပုခက် တွင်းထဲမှသည် မြေကြီးထဲသို့ ရောက်သည်အထိ ပညာသင်သားများ ဖြစ်နေကြစေသည်။

မူးယစ်ဆေး သယ်ဆောင်သည့် နမ့်ခမ်းရဲကို ပြည်သူက ဖမ်းဆီး

10942764_1542104476048745_1061768263_n copy

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့မှာ မူးယစ်ဆေးဝါးသယ်ဆောင်လာတဲ့ ရဲတပ်သားတယောက်နဲ့ အရပ်သားတယောက်ကို ရပ်ကွက်လူငယ်တွေက ဖမ်းဆီးပြီး ရဲစခန်းကို လွှဲပြောင်းပေးခဲ့ပါတယ်။
နမ့်ခမ်းမြို့ ကောင်းဆာရပ်ကွက်မှာ ဇန်န၀ါရီ ၂၃ ရက် ည ၁၀ ကျော်အချိန်က ဖမ်းဆီးမိခဲ့တာဖြစ်ပြီး ရက်ကွက်လုံခြုံရေးယူနေတဲ့ လူငယ်အဖွဲ့က ဖမ်းတာလို့ ဒေသခံတဦးက ပြောပါတယ်။