Friday, October 25, 2013

ဖော်ကောင်လုပ်ကုန်ပြီး

ကျွန်နော့ နာမည်က ဗိုလ်ကြီး ဖြိုးသက်ထွန်းပါ..မိသားစုက ကနေဒါနိုင်ငံမှာ နေပါတယ်။ဗိုလ်လောင်းသင်တန်း အပတ်စဉ်(၄၇ )သင်တန်းဆင်းတစ်ယောက်ဖြစ်ကာ တပ်ရင်း(၈၅/၉၉) နဲ့နေပြည်တော် စစ်ရုံးချုပ် တို့မှာတာဝန်ထမ်းဆောင်ခဲ့ဘူးပြီး ၂၀၁၃ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့မှာ မျက်လုံးအားနည်း ချို့ယွင်းမှု့ ကြောင့် ဆေးပင်စင်ယူကာ ကနေဒါနိုင်ငံသို့ထွက်ခွာခဲ့ပါတယ်။

Online စာမျက်နှာတွေကနေ နိုင်ငံရေး လူမျိုး/ဘာသာရေး သွေးထိုးလှုံ့ဆော် ၀ါဒဖြန့် နေသော pages တွေဟာ နေပြည်တော် စစ်ရုံးချုပ်မှ ချုပ်ကိုင်ခိုင်းစေနေကြောင်းကို ကျွန်နော် ပါဝင်ပတ်သက်ခဲ့ဘူးသမျှ သိကျွမ်းထားသလောက် ဖောက်သည်ချပါ၇စေ..။

Global Fund For Women ဂုဏ်ပြုမယ့် အမျိုးသမီးခေါင်းဆောင် ၃ ဦးမှာ မြန်မာတဦး ပါဝင်



အမေရိကန်နိုင်ငံ အခြေစိုက် Global Fund For Women အဖွဲ့ကြီးက ကမ္ဘာ တဝန်း အမျိုးသမီး အခွင့်အရေး လှုပ်ရှားနေသူတွေကို  ဂုဏ်ပြုဖို့ ရွေးချယ်ရာမှာ ထိုင်းနိုင်ငံအခြေစိုက် အမျိုးသမီးများ အဖွဲ့ချုပ် – မြန်မာနိုင်ငံ(WLB) ရဲ့ အထွေထွေ အတွင်းရေးမှူး ဒေါ်တင်တင်ညို ပါဝင်ကြောင်း သိရပါတယ်။
ကမ္ဘာ့ အမျိုးသမီးရေးရာတွေနဲ့ ပတ်သက်ပြီး ကူညီ ထောက်ပံ့မှုတွေ ပေးနေတဲ့ Global Fund For Women က လုပ်ဖော် ကိုင်ဖက် တွေကို အသိအမှတ်ပြုတဲ့ အနေနဲ့ အမျိုးသမီးအရေး လှုပ်ရှားသူတွေကို ၅ နှစ် တကြိမ် ဂုဏ်ပြုတဲ့အခမ်းအနား ကျင်းပ ပါတယ်။
အခု လာမယ့် ၂၅ နှစ်မြောက် အခမ်းအနားအတွက် ဒေါ်တင်တင်ညို အပါအဝင် ကိုလံဘီယာ နိုင်ငံသူ Karmen Ramírez Boscán နဲ့ နိုင်ဂျီးရီးယား နိုင်ငံသူ Ndidi Nwuneli တို့ကို ရွေးချယ်ထားကြောင်း သိရပါတယ်။

ပြည်သူ့ဘက်တော်သား

“စိန်စီတဲ့ပတ်စပို့ထက်လုံခြုံမှုရှိတဲ့ပတ်စပို့စာအုပ်ဖြစ်ဖို့လိုသည်”



ဒီနေ့ပြည်တွင်းထုတ်The Voice Weekly နေ့စဉ်ထုတ်သတင်းစာမှာ ထိုင်းရောက်မြန်မာအလုပ် သမားတွေကိုင်ဆောင်တဲ့ယာယီပတ်စပို့စာအုပ်တွေကို အနီရောင်နိုင်ငံကူးလက်မှတ်အဖြစ် ပြောင်းလဲထုတ် ပေးမယ်ဆိုတဲ့သတင်းဖတ်ရတယ်။ ဒီစာအုပ်ဟာအခြားနိုင်ငံတွေကို ထွက်လို့ရလောက်တဲ့ပတ်စပို့မဟုတ်ပဲ OnlyThailand(ထိုင်းနိုင်ငံအတွက်) လောက်သာသုံးလို့ရတဲ့ ပတ်စပို့ဆိုရင်တော့ မြန်မာအလုပ်သမားတွေ ရင်ခုန်ကြမှာမဟုတ်ဘူးလို့ ကျနော်ထင်တယ်။

မုဒိန်းမှုကို Youtube ပေါ်တင်ခဲ့သည့် GTC ကျောင်းသူလေး