Friday, November 30, 2012

Smoke bomb burns too fast!


မလေ့လာမသုံးသပ်ပဲ ရမ်းသမ်းအော်နေရင်တော့ ဖြင့်

Smoke bomb တစ်လုံး ကို ပေါက်ကွဲအောင် ယမ်းကနေ အစပျိုးရတာပါ.. အဓိကရုဏ်း နှိမ်နင်းသူများက မီးခိုးဗုံးတွေကို သပိတ်စခန်းတွေထဲကို ပစ်ထည့်ပြီး လူစုခွဲတဲ့အခါမှာ အစပျိုးယမ်းမီးကြောင့် သပိတ်စခန်းထဲက အ၀တ်အစားတွေ ၊ ရွက်ဖျင်တဲအမိုးတွေ ၊ လှန်းထားတဲ့ အ၀တ်
...
တွေ လောင်တာဖြစ်ပါတယ်.. ( မယုံရင် မိမိအ၀တ်အစားတွေပုံထားတဲ့အထဲ မီးခိုးဗုံးတစ်လုံးပစ်သွင်းပြီး စောင့်ကြည့်ကြည့်ပါ ) အောက်က ဗီဒီယိုလင့်တွေကို လေ့လာကြည့်ပါ.. မီးခိုးဗုံးတစ်လုံး ဘယ်လိုလောင်ကျွမ်းသလဲဆိုတာ တွေ့ရပါလိမ့်မယ်.. ခုကိစ္စမှာ မီးလောင်ဗုံးသုံးတယ်ဆိုရင် တော့ အစအနတောင်ကျန်မှာမဟုတ်ပါဘူး.. မီးလောင်ဗုံးကို အင်္ဂလိပ်လို Napalm Grenade / Bomb လို့ခေါ်ပါတယ် မီးလောင်ဗုံးတစ်လုံး ပေါက်ကွဲတဲ့ အခါ တွက်ရှိလာတဲ့ အပူချိန်ဟာ 800 degrees Celsius (1,500°F) to 1,200 degrees Celsius (2,200°F) ထိ ရှိပါတယ်.. ရေတောင် ၁၀၀ ဒီဂရီ မှာဆူတာ ၈၀၀ ဒီဂရီဆိုရင် ပြာတောင်

ဒဏ်ရာရသံဃာတော်တွေအတွက် ဆေးဝါးအလှု လက်မခံ

ဒဏ်ရာရသံဃာတော်တွေအတွက် ဆေးဝါးအလှု လက်မခံ

ဗွီအိုအေ (မြန်မာပိုင်း)

30.11.2012
လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ရပ်တန့်ရေး ကန့်ကွက်ဆန္ဒပြခဲ့ကြတဲ့ သပိတ်စခန်းတွေကို နိုဝင်ဘာလ ၂၉ ရက် ကြာသပတေးနေ့က အာဏာပိုင်တွေ အကြမ်းဖက် နှိမ်နင်းမှုအတွင်း ဒဏ်ရာ အပြင်းအထန် ရခဲ့ကြတဲ့ ရဟန်းသံဃာတော်တွေ မန္တလေး နဲ့ မုံရွာ ဆေးရုံမှာ ဆေးကုသမှု ခံယူနေရပါတယ်။ ဒီသံဃာတော်တွေအတွက် အာဏာပိုင်တွေဘက်က ကျန်းမာရေး စောင့်ရှောက်မှု တစုံတရာ ထောက်ပံ့ပေးခြင်း မရှိသလို မုံရွာဆေးရုံကြီး မှာ ဆေးဝါးကုသမှု ခံယူနေရတဲ့ သံဃာတော်တွေအတွက် အလှူရှင်တွေက ဆေးဝါး အလှူပြုချင်ပေမဲ့လို့ ဆေးရုံက လက်မခံရဲတဲ့ အခြေအနေတွေလည်း ရှိနေပါတယ်။

မန္တလေး ပြည်သူ့ဆေးရုံကြီးမှာတော့ ဆေးကုသမှုခံနေတဲ့ သံဃာ ၄ ပါး ရှိပါတယ်။ ဒီသံဃာတော်တွေရဲ့ အခြေအနေနဲ့ ပတ်သက်လို့ ကိုယ်တိုင် ဒဏ်ရာရခဲ့သူ ဖြစ်တဲ့ ရေတော်တိုက်က ဆရာတော် ဦးဝိသုတ က အခုလို မိန့်ပါတယ်။

"ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိတဲ့ ဆရာတော် ဦးတိက္ခညာဏ ဆားလင်းကြီး မြို့နယ်ကို အရေးပေါ် ဆရာဝန်ကြီးတွေ ဆေးကုသမှုခံယူနေပါတယ်။ ဘုရားကြီး အလယ်ထပ်ကြီး ဆရာတော် ဦးဝိသုဒ္ဓစာရ  ပြင်းပြင်းထန်ထန် ခံစားနေရတာ ဒကာကြီးတို့ မျက်မှောက် မြင်တဲ့အတိုင်းပါပဲ။ ဦးပါကရကတော့ မျက်စိပျက်မလား၊ ဘယ်လိုအခြေအနေလည်း မသိနိုင်သေးဘူး။"

ထိခိုက်ဒဏ်ရာ ရခဲ့တဲ့ သံဃာတော်တွေထဲက တပါးဖြစ်တဲ့ မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်က ဆရာတော် ဦးတိက္ခဉာဏ ကတော့ မျက်ရည်ယိုဗုံးတွေ၊ မီးလောင်ဗုံးနဲ့ မီးခိုးဗုံးတွေ ပေါက်ကွဲခဲ့တဲ့ အခြေအနေနဲ့ သူ ထိခိုက်ဒဏ်ရာရခဲ့တဲ့ အကြောင်းကို ခုလို မိန့်ပါတယ်။

"တခါတည်း ကွဲခါစမှာ ရှုးခနဲ ပန်းလိုက်တာ ဦးဇင်းနှစ်ထပ်စောင်က အပေါက်ကြီးဖြစ်ပြီး လောင်သွားတယ်။ အထပ်ထပ်မှာ ရေစိုနေရင်းနဲ့ စိုနေတဲ့ရေ ရှိနေတဲ့ဟာကို တချက်တည်းနဲ့ လောင်သွားတာ ဦးဇင်းလည်း သင်္ဃန်းပါ လောင်သွားတယ်။ သင်္ဃန်းတွေလည်း အကုန်လုံးပါသွားတယ်။ အဲ့ဒီ့မှာ ဦးဇင်းလည်း ဘာမှ မမြင်တော့ဘူး။ မီးတွေချည်းပဲ ဖြစ်နေတယ်။ မျက်စိကလည်း ဝါးသွားပြီ။ အဲ့ဒီ့မှာ ထပြီးတော့ လျှောက်ရတာပေါ့။ တချက်တည်း၊ အဲ့ဒီ့တချက်တည်းနဲ့ ဦးဇင်း ညာဘက်တင်ပါးနဲ့ ညာဘက်ခြေထောက်တခုလုံး၊ ညာဘက်လက်ပြင်တွေရယ်၊ ညာဘက်ကျောပိုင်းတွေရယ်၊ ဆရာဝန်ကြီးတွေက ဒီရောက်တော့ ၈၀ ရာခိုင်နှုန်း မီးလောင်သွားတယ်လို့ ဆိုကြတယ်။ "

မန္တလေးဆေးရုံမှာ ဆေးကုသမှု ခံယူနေတဲ့ ဒီသံဃာတော်တွေကို မိသားစုတွေနဲ့ အလှူရှင်တွေကပဲ အဓိက တာဝန်ယူ ကုသပေးနေတာ ဖြစ်ပါတယ်။ သံဃာတော်တချို့ ဟာ ခန္ဓာကိုယ်ရဲ့ တ၀က်နီးပါး၊ အတွင်းပိုင်း ကြွက်သား လောင်ကျွမ်းတဲ့အထိ ဒဏ်ရာ အပြင်းအထန် ရခဲ့ကြတာပါ။ ဒီလို သံဃာတော်တွေကို ကုသရေးမှာ ကျွမ်းကျင်တဲ့ ဆရာဝန်တွေရဲ့ ကုသမှု လိုအပ်သလို ပြည့်စုံတဲ့ အစောင့်အရှောက်တွေလည်း အထူး လိုအပ်နေတာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီသံဃာတော်တွေအတွက် အာဏာပိုင်တွေဘက်က တစုံတရာ ဆေးဝါး နဲ့ ကျန်းမာရေး စောင့်ရှောက်မှု တစုံတရာ ထောက်ပံ့ပေးတာမျိုး မရှိသလို မုံရွာ ဆေးရုံကြီးမှာ ဆေးဝါး ကုသခံနေရတဲ့ သံဃာတော်တွေကို အလှူရှင်တွေက ဆေးဝါးလှူဒါန်းချင်တာတောင်မှ လှူဒါန်းလို့မရတဲ့ အခြေအနေတွေမှာ ရှိနေတယ်လို့ သံဃာတော်တွေကို ဆေးဝါး လှူဒါန်းဖို့ သွားခဲ့တဲ့ နာရေးကူညီမှုအသင်း ရန်ကုန် ဥက္ကဋ္ဌ ဦးကျော်သူက ပြောပါတယ်။

"ကျနော်တို့ဆေးဝါးကူဖို့ ဆေးရုံကိုသွားတော့ ဆေးရုံအုပ်ကြီးက ဆေးဝါးလုံလောက်တယ်။ ကုသမှု လုံလောက်တယ်ဆိုပြီး ပြောတယ်။ ဒါပေမဲ့ သံဃာတော်တွေရဲ့အနေအထားက ဒဏ်ရာတွေက အတော်ပြင်းထန်တယ်။ အသားတွေက အထဲအထိ လှိုက်စားနေတာတွေ့တယ်။ ဆေးလှူဖို့က ဆရာဝန်ကြီးတွေက ဒီဟာအတွက်ဆို မလှူပါနဲ့လို့ ပြောတော့ ကျနော်တို့ ဆေးလှူလို့မရတော့ ဝတ္တူငွေပဲ ပေးခဲ့ရတယ်။ ဆေးရုံမှာ ရှိတဲ့ ဆရာဝန်တွေ၊ နပ်စ်မတွေကလည်း တော်တော်ဂရုတစိုက် ကုပေးကြပါတယ်။ ကျနော်သွားတော့လည်း ကျနော်တို့ကို တော်တော်လေး အားပေးကြတယ်။ လာတာကို ကျေးဇူးတင်တယ် ပြောကြတယ်။ ဒါပေမဲ့ အနေအထားက ဒီကိစ္စအတွက် လာလှူတယ်ဆိုရင်တော့ လက်ခံလို့မဖြစ်တဲ့ အနေအထားမျိုးတွေ ပြောနေတော့ ကျနော်တို့လည်း စိတ်မကောင်းရဘူးပေါ့လေ။"

အခုလို မီးလောင် ဒဏ်ရာရထားတဲ့ ဆန္ဒပြ သံဃာတော်တွေနဲ့ ပြည်သူတွေ ထဲမှာ ဆေးရုံ တက်ပြီး ဆေးဝါးကုသမှုရသူတွေ ရှိသလို ဖမ်းဆီး ခံရမှာ စိုးရိမ်လို့ ရွာတွေထဲမှာ ပုန်းရှောင်နေရသူတွေလည်း ရှိနေတာကြောင့် ဒီလိုလူတွေနဲ့ သံဃာတော်တွေရဲ့ ကျန်းမာရေး စိုးရိမ်ရတယ်လို့လည်း ဦးကျော်သူက ပြောပါတယ်။

လောလောဆယ်မှာ ဒဏ်ရာ အပြင်းအထန် ရထားသူတွေကို မုံရွာနဲ့  မန္တလေးက ဒေသခံပြည်သူတွေနဲ့ လူမှုကူညီပေးရေး စေတနာ့ဝန်ထမ်း အဖွဲ့တွေက လိုအပ်တဲ့ ဆေးဝါး အကူအညီတွေ ပေးနေတာ ဖြစ်ပါတယ်။
VOA

ဗွီအိုအေ (မြန်မာပိုင်း)

30.11.2012
လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ရပ်တန့်ရေး ကန့်ကွက်ဆန္ဒပြခဲ့ကြတဲ့ သပိတ်စခန်းတွေကို နိုဝင်ဘာလ ၂၉ ရက် ကြာသပတေးနေ့က အာဏာပိုင်တွေ အကြမ်းဖက် နှိမ်နင်းမှုအတွင်း ဒဏ်ရာ အပြင်းအထန် ရခဲ့ကြတဲ့ ရဟန်းသံဃာတော်တွေ မန္တလေး နဲ့ မုံရွာ ဆေးရုံမှာ ဆေးကုသမှု ခံယူနေရပါတယ်။ ဒီသံဃာတော်တွေအတွက် အာဏာပိုင်တွေဘက်က ကျန်းမာရေး စောင့်ရှောက်မှု တစုံတရာ ထောက်ပံ့ပေးခြင်း မရှိသလို မုံရွာဆေးရုံကြီး မှာ ဆေးဝါးကုသမှု ခံယူနေရတဲ့ သံဃာတော်တွေအတွက် အလှူရှင်တွေက ဆေးဝါး အလှူပြုချင်ပေမဲ့လို့ ဆေးရုံက လက်မခံရဲတဲ့ အခြေအနေတွေလည်း ရှိနေပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွက် ငွေကျပ်တစ်သိန်းခွဲအောက် GSM ဖုန်းအလုံးရေတစ်သန်း ချပေးသွားမည်

 
၂၀၁၃ ဇန်န၀ါရီလတွင် ထွက်ရှိလာမည့်တစ်သိန်းခွဲအောက်  GSM  တန်ဖိုးနည်းဖုန်းများကို ရန်ကုန်တိုင်းဒေသကြီးအတွက် အလုံးရေတစ်သန်းခန့်ချထားပေး  သွားမှာဖြစ်တယ်လို့မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦး၏ပြောကြားချက်အရ သိရ သည်။

လက်ပံတောင်းတောင် မီးလောင်ဗုံးကိစ္စ အဓိကတရားခံ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးကိုကို

လက်ပံတောင်းတောင် မီးလောင်ဗုံးကိစ္စ အဓိကတရားခံ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးကိုကို(အရေးကြီး လက်ဆင့်ကမ်း Share ပေးရန်)

တန်ဆောင်မုန်းလပြည့်နေ့ညက ဖြစ်ပွားခဲ့သော လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအား ငြိမ်းချမ်းစွာဆန္ဒပြနေသော ရဟန်းသံဃာအပါအ၀င် ပြည်သူများအား အကြမ်းဖက်နှိမ်နှင်းမှုပုံစံဖြစ်ပေါ်သည့်ကိစ္စတွင် အဓိကတာဝန်အရှိဆုံးလူမှာ ပြည်ထဲရေး ပြည်ထောင်စုဝန်ကြီး ဒုဗိုလ်ချုပ်ကြီးကိုကိုဖြစ်ကြောင်းသိရှိရသည်။ အစိုးရအဖွဲ့ သမ္မတရုံးမှ လက်ပံတောင်းတောင်ကိစ္စကို ပြည်ထဲရေးဝန်ကြီးဌာနအား ဖြိုခွဲရှင်းလင်းရန် တာဝန်ပေးအပ်ထားသော်လည်း ရဲတပ်ဖွဲ့ဝင်များ၏ လုပ်နည်းကိုင်နည်း မကျွမ်းကျင်မှု နည်းစနစ် မသေချာမှု နှင့် ကြိုတင်ပြင်ဆင်လေ့ကျင့်ခြင်းများ အားနည်းခဲ့သောကြောင့် အရုပ်ဆိုးအကျည်းတန်သည့် အကြမ်းဖက်နှိမ်နှင်းမှုပုံစံဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဆန္ဒပြသူများအား ဖြိုခွဲရှင်လင်းရာတွင် လုပ်ကိုင်နည်းအဆင့်ဆင့်ဖြစ်သည့် (၁)ဆန္ဒပြသူများအား မိုက်ခ် များ အော်လံများဖြင့် သတိပေးခြင်း (၂) အတွင်းစည်းအပြင်စည်းတားခြင်း (၃) ထပ်မံသတိပေးခြင်း (၄) အင်အားပြင်းရေပိုက်အသုံးပြုပြီး လူစုခွဲခြင်း (၅) မျက်ရည်ယိုဗုံးများ၊ မီးခိုးဗုံးများခွဲပြီး လူစုခွဲခြင်း (၆) အဓိကခေါင်းဆောင်များကို ဖမ်းဆီးခြင်း (၇) ဒါဏ်ရာရရှိသူများအား သက်ဆိုင်ရာဆေးကုသမှုပေးခြင်း (၈) လူစုခွဲလုပ်ငန်းပြီးဆုံးခြင်းဟူ၍ အကျဉ်းဖျင်းအဆင့်များရှိပါသည်။ အဆင့် (၄) အထိ အောင်မြင်အောင်ဆောင်ရွက်နိုင်ခဲ့သော်လည်း အဆင့်(၅) စတင်ချိန်တွင် စမ်းသပ်လေ့ကျင့်ထားခြင်းမရှိသော ဖော့စ်ဖောရပ်စ်ပါဝင်သော မီးခိုးဗုံးများဖြင့် ပစ်ခတ်ခဲ့ရာမှ အဆိုပါဖော့စ်ဖောရပ်စ်မှာ လေနှင့်ဓါတ်ပြုပြီး ဟိုက်ဒရိုဂျင်နှင့် အောက်စီဂျင်ဓါတ်ပေါင်းများကို မီးလောင်ကျွမ်းစေသဖြင့် အဆင့်(၄)တွင် ရေဖျန်းခံထားရသော လူ၊ ရွက်ဖျင်တဲများနှင့် ပစ္စည်းများကို မီးလောင်ကျွမ်းခြင်း ဖြစ်ပေါ်ခဲ့ရသည်။ အဆိုပါ အဆင့်(၅)တွင် မမျှော်လင့်ဘဲ မီးတောက်မီးလျှံများ ဖြစ်ပေါ်ခဲ့သဖြင့် ဘာဆက်လုပ်ရမည်မသိဘဲ ကြောင်ငေးကြည့်နေခဲ့ရကြောင်းကို အဆိုပါဖြစ်စဉ်တွင် ပါဝင်သည့် အမည်မဖေါ်လိုသူ ရဲအရာရှိတစ်ဦးက PDK နှင့် ဖုန်းဆက်သွယ်ရာတွင် ပြောကြားခဲ့သည်။ အဆိုပါ ရဲအရာရှိက မိမိတို့မှာ ရခိုင်ပြည်နယ်ဖြစ်စဉ်တွင် အသုံးပြုခဲ့သော မီးခိုးဗုံးများဟုသာ ယူဆသဖြင့် ဆန္ဒပြနှိမ်နှင်းရေးအဆင့်များအတိုင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ မမျှော်လင့်ဘဲ မီးများထလောင်ခဲ့သဖြင့် ကြောင်ငေးကြည့်နေရပြီး နောက်ပိုင်းအဆင့်များကို အောင်မြင်စွာမဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ထိုသို့မီးများလောင်ကျွမ်းသဖြင့် သံဃာတော်များ ဒဏ်ရာအနာတရ ရခဲ့မှုများရှိသည်ကို သိရှိရသဖြင့် ၀မ်းနည်းရပါကြောင်း ပြောဆိုသွားသည်။ သို့ဖြစ်၍ လက်ပံတောင်းတောင် ဆန္ဒပြမှု လူစုခွဲရေးစီမံချက်သည် အထက်မှ အောက်ခြေအဆင့်အထိ ကောင်းမွန်စွာ ကြီးကြပ်ကွပ်ကဲနိုင်မှုမရှိခြင်း၊ အောက်ခြေတွင် အသုံးပြုသော လက်နက်ပစ္စည်းများအကြောင်း မသိရှိပဲ လွဲမှားစွာအသုံးပြုခဲ့မိခြင်း၊ အဓိကရုန်းနှိမ်နှင်းရေးနည်းလမ်းများကို အခြေအနေနှင့်အညီ သင့်တော်အောင် အမိန့်မပေးနိုင်ခြင်းများကြောင့် အရုပ်ဆိုးအကျည်းတန်ခဲ့ရပြီး လုပ်ပိုင်ခွင့်ရှိသူနှင့်ပစ်မိန့်ပေးသူ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးကိုကိုမှာ တာဝန်ရှိကြောင်း တင်ပြလိုက်ပါသည်။

Post by: People Development for Knowledge
Photo by: မြ၀တီ

အေးချမ်းမွန်မှ   People Development For Knowledge တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From : People Development For Knowledge












လက်ပံတောင်းတောင် မီးလောင်ဗုံးကိစ္စ အဓိကတရားခံ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးကိုကို(အရေးကြီး လက်ဆင့်ကမ်း Share ပေးရန်)

တန်ဆောင်မုန်းလပြည့်နေ့ညက ဖြစ်ပွားခဲ့သော
လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအား ငြိမ်းချမ်းစွာဆန္ဒပြနေသော ရဟန်းသံဃာအပါအ၀င် ပြည်သူများအား အကြမ်းဖက်နှိမ်နှင်းမှုပုံစံဖြစ်ပေါ်သည့်ကိစ္စတွင် အဓိကတာဝန်အရှိဆုံးလူမှာ ပြည်ထဲရေး ပြည်ထောင်စုဝန်ကြီး ဒုဗိုလ်ချုပ်ကြီးကိုကိုဖြစ်ကြောင်းသိရှိရသည်။ အစိုးရအဖွဲ့ သမ္မတရုံးမှ လက်ပံတောင်းတောင်ကိစ္စကို ပြည်ထဲရေးဝန်ကြီးဌာနအား ဖြိုခွဲရှင်းလင်းရန် တာဝန်ပေးအပ်ထားသော်လည်း ရဲတပ်ဖွဲ့ဝင်များ၏ လုပ်နည်းကိုင်နည်း မကျွမ်းကျင်မှု နည်းစနစ် မသေချာမှု နှင့် ကြိုတင်ပြင်ဆင်လေ့ကျင့်ခြင်းများ အားနည်းခဲ့သောကြောင့် အရုပ်ဆိုးအကျည်းတန်သည့် အကြမ်းဖက်နှိမ်နှင်းမှုပုံစံဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဆန္ဒပြသူများအား ဖြိုခွဲရှင်လင်းရာတွင် လုပ်ကိုင်နည်းအဆင့်ဆင့်ဖြစ်သည့် (၁)ဆန္ဒပြသူများအား မိုက်ခ် များ အော်လံများဖြင့် သတိပေးခြင်း (၂)

Wednesday, November 28, 2012

သမ္မတ လက်မှတ် မထိုးသည့်တိုင် လွှတ်တော်ဆိုင်ရာ ဥပဒေ နှစ်ရပ်ကို အတည်ပြု
















ပြည်ထောင်စုလွှတ်တော် မြင်ကွင်း (ဓာတ်ပုံ – Reuters)


နိုင်ငံတော်သမ္မတက လွှတ်တော်ဆိုင်ရာ ဥပဒေ နှစ်ရပ်ကို လက်မှတ်ထိုးရန် သဘောမတူသော်လည်း ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်ပြီ ဖြစ်သည်။
ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေနှင့် အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေ နှစ်ရပ်ကို ပြည်ထောင်စု လွှတ်တော်က အတည်ပြုပြီး ဖြစ်ကြောင်း ယမန်နေ့နှင့် ယနေ့ထုတ် အစိုးရ သတင်းစာများ၌ ဖော်ပြထားသည်။ ထိုဥပဒေ ၂ ခု အား ပြည်ထောင်စု လွှတ်တော်က အတည်ပြုပြီးဖြစ်၍ သမ္မတက လက်မှတ်ထိုး အတည်ပြုပေးရန် ပေးပို့ခဲ့သော်လည်း ၇ ရက်အတွင်း လက်မှတ်ထိုးပေးမှု မရှိသည့်တိုင် ဖွဲ့စည်းပုံအရ အတည်ပြုပြီး ဖြစ်ကြောင်း သိရသည်။

ပျက်စီးနေသော တရားစီရင်ရေးနှင့် ချည့်နဲ့နေသော မဏ္ဍိုင်များ


ယခင် ဗဟိုတရားရုံးချုပ် (ယခု ရန်ကုန်တိုင်း တရားရုံးချုပ်) နှင့် ရန်ကုန်တိုင်း စုပေါင်းတရားရုံး နှစ်ခုကို ပုဂ္ဂလိကသို့ လွှဲပြောင်း ရောင်းချမှုကို ရှေ့နေများ ကန့်ကွက်ခဲ့ကြသည် (ဓာတ်ပုံ – Reuters)

မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးသမိုင်းဟာ ၁၉၄၈ မတိုင်မီက မြန်မာနိုင်ငံမှာ High Court သာရှိပြီး အယူခံကိုတော့ အိန္ဒိယနဲ့ အင်္ဂလန်ကိုသွားရတယ်။ အဆင့်အနေနဲ့တော့ နိမ့်တာပေါ့။ ၁၉၄၈ လွတ်လပ်ရေးရပြီးတော့ မြန်မာတရားစီရင်ရေးက Common Law Family ထဲမှာပါပြီး တရားစီရင်ရေးဆိုင်ရာ ဥပဒေအခြေခံ မူသဘောတရားတွေ (Legal Principles) နဲ့အညီ ဆောင်ရွက်ခဲ့ကြတယ်။ ဟိုခေတ်က ဥပဒေပညာသင်တဲ့ သူတွေကလည်းများတော့ တတ်ကျွမ်းကြတယ်။ လူအများစုကလည်း တရားစီရင်ရေးအပေါ် လေးစားကြတယ်။ အုပ်ချုပ်ရေးပိုင်းက မတရားဆောင်ရွက်တာတွေကို တရားစီရင်ရေးက ကြပ်မတ် ထိန်းသိမ်းပေးရတယ်။

တန်ဆောင်မုန်းလပြည့်

~~~~~~ တန်ဆောင်မုန်းလပြည့် ~~~~~~ 

တန်ဆောင်တိုင်~မီးထွန်းပွဲတော် အခါသမယမှာ 

ဗုဒ္ဓဘာသာဝင် ~~~ ဆွေမျိုးမိတ်သင်္ဂဟအပေါင်း

ကိုယ်စိတ်နှစ်ဖြာ~~~~~ကျန်းမာချမ်းသာစွာဖြင့်

ဒေါသ ~ မောဟ ~ မာန ~ မီးများ ~ကင်းဝေးကာ 

အပူအပင်မဲ့လျက်~~~~~~ဘာသာသာသနာ၏ 

အဆုံးအမများ ~~~ လိုက်နာကျင့်သုံးနိုင်ကြပါစေ

ပညာဆီမီး ~ ထွန်းလင်းကာ မြန်မာတစ်ပြည်လုံး 

အဘိဇ္ဇာ အမှောင်ကင်း ငြိမ်းအေးချမ်းသာနိုင်ပါစေ
‎~~~~~~ တန်ဆောင်မုန်းလပြည့် ~~~~~~

တန်ဆောင်တိုင်~မီးထွန်းပွဲတော် အခါသမယမှာ

ဗုဒ္ဓဘာသာဝင် ~~~ ဆွေမျိုးမိတ်သင်္ဂဟအပေါင်း

ကိုယ်စိတ်နှစ်ဖြာ~~~~~ကျန်းမာချမ်းသာစွာဖြင့်

Tuesday, November 27, 2012

မြိုင်မြိုင်ဆိုင်ဆိုင် ပဲခူးမြို့ရဲ့ လတန်ဆောင်တိုင်

မြန်မာနိုင်ငံသား(၁)ဦး၊ တရုတ်နိုင်ငံသား(၂)ဦးတို့နှင့် အတူ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

မြန်မာနိုင်ငံသား(၁)ဦး၊ တရုတ်နိုင်ငံသား(၂)ဦးတို့နှင့် အတူ မူးယစ်ဆေးဝါးများ  ဖမ်းဆီးရမိ..................
========================================

၂၅-၁၁-၂၀၁၂ ရက်နေ့ ၂၁၀၀ အချိန် ကချင်ပြည်နယ်၊ ၀ိုင်းမော်ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သတင်းအရ ၀ိုင်းမော်မီးပွိုင့်လမ်းဆုံအနီး၊ ၀ိုင်းမော်-မြစ်ကြီးနား ကားလမ်းပေါ်၌ သက်သေများနှင့်အတူ
စောင့်ဆိုင်းနေစဉ် ၀ိုင်းမော်မှ မြစ်ကြီးနားသို့ ၀ိုင်းမော်မြို့နယ်နေ ကျန်းဟိန်း(ခ)ရှောက်ကျန်း(၃၆)နှစ် မောင်းနှင်လာပြီး တရုတ်နိုင်ငံသား အားဂျုံး(၃၀) နှစ်နှင့် ၀မ်တဲ့ကျား(၃၆)နှစ်တို့ လိုက်ပါလာသည့် ယာ
ဉ်အမှတ် ၁ဂ/xxxx ပရာဒိုယာဉ်အား စစ်ဆေးခဲ့ရာ အားဂျုံးဝတ်ဆင်ထားသည့် ရှပ်အင်္ကျီလက်ရှည် ရှေ့ခါးပိုင်းနေရာ၊ အင်္ကျီနှင့် ခန္ဓာကိုယ်ကြားတွင် အနီရောင်ပလပ်စတစ်အပိုင်းအစဖြင့် ထုပ်ထားသည့် ဘိန်းမဲအရည်များ သုတ်လိမ်းထားသော အညိုရောင် အမျှင်ခြောက် ၂၂ ဂရမ်ပါ ၁ ထုပ်၊ ၅ ဂရမ်ခန့်ပါ ၁ ထုပ်၊ ၇ ဂရမ်ခန့်ပါ ၁ ထုပ်၊ စုစုပေါင်း ၃ ထုပ်၊ အလေးချိန် ၃၄ ဂရမ်ခန့်၊ တန်ဘိုးငွေကျပ်(၅၁၀၀၀ိ/-)အား သိမ်းဆည်းရမိခဲ့သဖြင့် ၀ိုင်းမော်မြို့နယ်နေ ကျန်းဟိန်း(ခ)ရှောက်ကျန်း၊ တရုတ်နိုင်ငံသား ၂ ဦးဖြစ်သည့် အားဂျုံးနှင့် ၀မ်တဲ့ကျားတို့ ၃ ဦးအား ၂၃၅၀ အချိန် ၀ိုင်းမော်ရဲစခန်း မယ(ပ) ၁၀၀/ ၂၀၁၂ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၆(ဂ)ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

Ref; ရဲဇာနည်


၂၅-၁၁-၂၀၁၂ ရ
က်နေ့ ၂၁၀၀ အချိန် ကချင်ပြည်နယ်၊ ၀ိုင်းမော်ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သတင်းအရ ၀ိုင်းမော်မီးပွိုင့်လမ်းဆုံအနီး၊ ၀ိုင်းမော်-မြစ်ကြီးနား ကားလမ်းပေါ်၌ သက်သေများနှင့်အတူ
စောင့်ဆိုင်းနေစဉ် ၀ိုင်းမော်မှ မြစ်ကြီးနားသို့ ၀ိုင်းမော်မြို့နယ်နေ ကျန်းဟိန်း(ခ)ရှောက်ကျန်း(၃၆)နှစ် မောင်းနှင်လာပြီး တရုတ်နိုင်ငံသား အားဂျုံး(၃၀) နှစ်နှင့် ၀မ်တဲ့ကျား(၃၆)နှစ်တို့ လိုက်ပါလာသည့် ယာ

ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ယင်းလတ်ရှင်နာဝပ်အား လွှတ်တော်တွင် အယုံအကြည်မရှိ ဟု အဆိုတင်သွင်းခံရ

ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ယင်းလတ်ရှင်နာဝပ်အား လွှတ်တော်တွင် အယုံအကြည်မရှိ ဟု အဆိုတင်သွင်းခံရ
Tuesday, November 27, 2012 

နိုဝင်ဘာလ ၂၁ ရက်နေ့က ထိုင်းနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် အစိုးရအား ဆန့်ကျင်သူများနှင့် ရဲများအကြား မျက်ရည်ယိုဗုံးများခွဲ၍ လူစုခွဲခဲ့ရသည့်

...တင်းမာမှုများ ဖြစ်ပွားပြီး နောက်ဆက်တွဲ အနေဖြင့် ပါလီမန် အတွင်းတွင် အတိုက်အခံ ပါတီဘက်မှ ၀န်ကြီးချုပ်အား အယုံအကြည်မရှိဟု အဆို တင်သွင်းခဲ့ကြသည်။ ထိုင်းဝန်ကြီးချုပ်ဟာ တိုင်းပြည်ကို ပေးထားတဲ့ ကတိအား မလုပ်ဆောင်ပေးနိုင်သေးဘဲ အကျင့်ပျက် ချစားမှုတွေကို ခွင့်ပြုထားဆဲ ဖြစ်ပါတယ်။ 

ဒါ့အပြင့် ပြင်ပရောက်နေသူရဲ့ သြဇာ လွှမ်းမိုးမှုကိုလည်းမတွန်းလှန်နိုင်ဘူးဟု
ဝန်ကြီးချုပ်ဟောင်း သက်ဆင်အား ရည်ညွှန်းလျက် အတိုက်အခံ ဒီမိုကရက်
ပါတီမှ လွှတ်တော်အမတ် Jurin Laksanavisit မှ အခြေအတင် ပြောကြား
ခဲ့သည်။ ၂၀၁၁ ခုနှစ် ဇွန်လတွင် ကျင်းပသည့် ရွေးကောက်ပွဲတွင် ယင်လတ်၏ Puea Thai’s ပါတီမှ အနိုင်ရရှိခဲ့ပြီးနောက် ၆ပါတီမှ ညွှန့်ပေါင်း
ဖွဲ့ကာ လွှတ်တော်တွင် ၅ပုံ ၃ပုံ လွှမ်းမိုးထားနိုင်ခဲ့သည်။ အကိုဖြစ်သူ၏ သြဇာအောက်တွင် လှုပ်ရှားနေသည့် ရုပ်သေးရုပ်သာ ဖြစ်ကြောင်း စွပ်စွဲ
ပြောဆိုခံနေရသည့် ယင်းလတ်ခ်မှ သူမသည် နိုင်ငံကိုကာကွယ် စောင့်
ရှောက်နိုင်သည့် ယုံကြည်ချက် ရှိကြောင်းသတင်းထောက်များအား
ပြောကြားခဲ့သည်။ ဆန္ဒပြသူများအား ဘုရင်စနစ် ဆန့်ကျင်သည့် the royalist group Pitak Siam (Protecting Siam) အဖွဲ့မှ ဦးဆောင်ပြီး အင်အား ၂သောင်းခန့် စုရုံးဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

Mrtv-4

အေးချမ်းမွန်မှ  Myanmar Online News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Myanmar Online News

Tuesday, November 27, 2012

နိုဝင်ဘာလ ၂၁ ရက်နေ့က ထိုင်းနိုင်ငံတွင်
ဖြစ်ပွားခဲ့သည့် အစိုးရအား ဆန့်ကျင်သူများနှင့် ရဲများအကြား မျက်ရည်ယိုဗုံးများခွဲ၍ လူစုခွဲခဲ့ရသည့်

...တင်းမာမှုများ ဖြစ်ပွားပြီး နောက်ဆက်တွဲ အနေဖြင့် ပါလီမန် အတွင်းတွင် အတိုက်အခံ ပါတီဘက်မှ ၀န်ကြီးချုပ်အား အယုံအကြည်မရှိဟု အဆို တင်သွင်းခဲ့ကြသည်။ ထိုင်းဝန်ကြီးချုပ်ဟာ တိုင်းပြည်ကို ပေးထားတဲ့ ကတိအား မလုပ်ဆောင်ပေးနိုင်သေးဘဲ အကျင့်ပျက် ချစားမှုတွေကို ခွင့်ပြုထားဆဲ ဖြစ်ပါတယ်။

ဆရာမ ရိုက်မှုကြောင့် မူလတန်းကျောင်းသားတစ်ဦး ဆေးရုံတင်ထားရ

ဆရာမ ရိုက်မှုကြောင့် မူလတန်းကျောင်းသားတစ်ဦး ဆေးရုံတင်ထားရ

Tuesday, 27 November 2012

ရန်ကုန်မြို့၊ ဒဂုံမြို့သစ် အ.မ.က(၃) မူလတန်းလွန်ကျောင်းတွင် အတန်းပိုင်ဆရာမက ဆရာမနှုတ်ဆက်ပွဲအတွက် ငွေကျပ် ၁၀၀
မပေးနိုင်သောကြောင့် သံပေတံဖြင့် ကျောင်းသား မောင်ဇာနည်လမင်းကို လက်အရိုးအက်သွားအောင် ရိုက်ခဲ့သည်ဟု ဖခင်ဖြစ်သူ ဦးအောင်ဆန်းဝင်း
က ပြောသည်။

“သားကို မိန်မက ရေချိုးပေးတော့ လက်နာတယ်ပြောလို့ မေးတော့မှ ဆရာမရိုက်တာလို့ပြောတယ်” ဟု ဦးအောင်ဆန်းဝင်းက ပြောကြားသည်။

ယခုလ ၂၃ ရက်နေ့က အရိုက်ခံခဲ့ရသော မောင်ဇာနည်လမင်းမှာ ပထမအကြိမ် ဆေးရုံတက်ကာ ကျောက်ပတ်တီးစီးခဲ့ရပြီး မသက်သာသည့်အတွက် ဒုတိယအကြိမ် ၂၆ ရက်နေ့က ဓါတ်မှန်ရိုက်ခြင်း၊ ကျောက်ပတ်တီး စီးခြင်းများ ပြုလုပ်ခဲ့ရကြောင်း သိရသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ တိုင်တန်းသော်လည်း မိမိတို့နှင့်မသက်ဆိုင်ကြောင်း၊ ရဲစခန်းသို့ သွားရောက်တိုင်တန်း သော်လည်း ယခုအချိန်ထိ အမှုဖွင့်ပေးခြင်း မရှိသေးကြောင်း အဆိုပါအမှုအား လိုက်လံဆောင်ရွက်ပေးနေသူ ပွင့်လင်းလူ့အဖွဲ့အစည်းမှ
ဦးသန်းမြင့်အောင်က ဆိုသည်။

အဆိုပါကျောင်း၏ ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာဆွေက အမှုကိစ္စအကြောင်း အချိန်မပေးနိုင်သေး၍ မဖြေဆိုနိုင်သေးကြောင်း ပြောကြားသည်။

အဆိုပါဖြစ်စဉ်အတွက် တရားရုံးအထိ တိုင်တန်းသွားရန် စီစဉ်နေပြီဖြစ်ကြောင်း ဒဂုံမြို့သစ်တောင်ပိုင်း ပွင့်လင်းလူ့အဖွဲ့ အစည်းမှ ဆိုသည်။

အစောပိုင်းက တောင်းပန်ရုံဖြင့် ကျေနပ်နိုင်သော်လည်း ဆရာမ ဒေါ်အိအိနုထွေးက ကျောင်းသားအား မရိုက်ခဲ့ဟု ငြင်းဆိုနေသည့်အတွက် အမှုမှန်ပေါ်ရန် ဆက်လက်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း မောင်ဇာနည်လမင်း၏ မိဘများက ဆိုသည်။

အ.မ.က (၃) ဒဂုံမြို့သစ်အရှေ့ပိုင်း မူလတန်းလွန်ကျောင်းရှိ ဆရာများသည် ငွေကြေးကောက်ခံ၍ အချိန်ပိုသင်ကြားမှုများရှိခဲ့ကြောင်းနှင့် ကျူရှင်သင်ကြားမှုများရှိနေကြောင်း ကျောင်းသားမိဘ တစ်ဦးဖြစ်သူ ဦးလှမင်းက ပြောသည်။


ဟိန်းသူ
The Myanma Age on

Tuesday, 27 November 2012

ရန်ကုန်မြို့၊ ဒဂုံမြို့သစ် အ.မ.က(၃) မူလတန်းလွန်ကျောင်းတွင် အတန်းပိုင်ဆရာမ
က ဆရာမနှုတ်ဆက်ပွဲအတွက် ငွေကျပ် ၁၀၀
မပေးနိုင်သောကြောင့် သံပေတံဖြင့် ကျောင်းသား မောင်ဇာနည်လမင်းကို လက်အရိုးအက်သွားအောင် ရိုက်ခဲ့သည်ဟု ဖခင်ဖြစ်သူ ဦးအောင်ဆန်းဝင်း
က ပြောသည်။

“သားကို မိန်မက ရေချိုးပေးတော့ လက်နာတယ်ပြောလို့ မေးတော့မှ ဆရာမရိုက်တာလို့ပြောတယ်” ဟု ဦးအောင်ဆန်းဝင်းက ပြောကြားသည်။

Monday, November 26, 2012

ပဲခူးမြို့မ၂ထပ်ဈေးကြီးမှ ဈေးသည်တစ်ဦးး၏ ဒုက္ခ

မိုဘိုင်းအင်တာနက် အသုံးပြုမှု ကျသင့်ငွေအတွက် Volume ဖြင့် ကောက်ခံမည့် ယာယီဈေးနှုန်း သတ်မှတ်

မိုဘိုင်းအင်တာနက် အသုံးပြုမှု ကျသင့်ငွေအတွက် Volume ဖြင့်
ကောက်ခံမည့် ယာယီဈေးနှုန်း သတ်မှတ်


မိုဘိုင်းအင်တာနက် အသုံးပြုမှုကျသင့် ဘီလ်(ငွေ)ကို မိနစ်ဖြင့် ကောက်ခံနေရာမှ အသုံးပြုသည့် Volume အလိုက် ပြောင်းလဲကောက်ခံမည့် အစီအစဉ်ကို လာမည့် ဒီဇင်ဘာလအတွင်း စတင်ကျင့်သုံးသွားမည် ဖြစ်ကြောင်း၊ Volume စနစ်ဖြင့် ကောက်ခံမည့် ဘီလ်နှုန်းထားများကိုလည်း ယာယီအဆင့် သတ်မှတ်ပြီးစီးနေပြီ ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ပြောသည်။ “လျာထားတာက 100 Kbyte ကို ၂ ကျပ်၊ 1 M ကို ၂၀ ကျပ်၊ လစဉ် 100 M ကို ၁၅၀၀ ကျပ် ဒါမှမဟုတ် ၁၈၀၀ ကျပ်လောက် ကောက်ခံဖို့ စီစဉ်ထားတယ်။ ဈေးနှုန်းတွေက များများသုံးရင် လျှော့ပေးထားတယ်ဆိုတဲ့ သဘောပဲ” ဟု အင်ဂျင်နီယာချုပ်က ဆိုသည်။ မြန်မာ့ဆက်သွယ်ရေး၏ မိုဘိုင်းဖုန်းအင်တာနက် အသုံးပြုမှုဘီလ်စနစ် ပြောင်းလဲကောက်ခံခြင်းသည် အင်တာနက်စနစ်ကို မိုဘိုင်းဖုန်း၌ ဖွင့်ထားရုံဖြင့် ဘီလ်ပေးဆောင်ရခြင်းမရှိဘဲ အင်တာနက်စနစ်ကို ဝင်ရောက်အသုံးပြုမှသာလျှင် ဘီလ်ပေးဆောင်ရသည့်အတွက် အသုံးပြုမှုများ အနေဖြင့် ပိုမိုအဆင်ပြေလာနိုင်သည်ဟု နေ့စဉ်မိုဘိုင်း အင်တာနက်အသုံး...ပြုသူ တချို့က ပြောသည်။ “အရင်က 3G သုံးတဲ့ WCDMA တွေဟာ GSM ကွန်ရက်ထဲကို ရောက်သွားရင် Speed က နည်းသွားတယ်။ ဒါပေမယ့်လည်း သူက တစ်မိနစ် ၄ ကျပ်နှုန်း ပေးနေရတဲ့အတွက် နစ်နာမှုရှိတယ်။ အင်တာနက်စနစ်ကို ဖွင့်ပြီး မပိတ်မိသူတွေ အတွက်လည်း နစ်နာမှုက ရှိနေတယ်။ အခုက Download ဝင်လုပ်မှ ပေးရတဲ့ သဘောမျိုး ဖြစ်သွားတယ်” ဟု ဦးဌေးဝင်းက ပြောသည်။ လက်ရှိ သတ်မှတ်ထားသော ယာယီဈေးနှုန်းများသည် အင်တာနက် အသုံးပြုသည့် GSM, WCDMA, CDMA 800 စသည့် မိုဘိုင်းဖုန်း အားလုံးအတွက် အကျုံးဝင်ကြောင်း၊ ဈေးနှုန်း အတည်သတ်မှတ်ပြီးပါက ယခင်ခွဲခြား သတ်မှတ်ထားသည့် တစ်မိနစ် ၂ ကျပ်၊ တစ်မိနစ် ၄ ကျပ်ဟူသော ဈေးနှုန်းများကို ပယ်ဖျက်သွားမည် ဖြစ်ကြောင်း သိရသည်။ “ဆက်သွယ်ရေးက သူတို့ဘက်မှာ Loading အရမ်းများလို့ Volume အလိုက်ကောက်တာ ဖြစ်နိုင်တယ်။ သာမန် Facebook၊ Gtalk သုံးသူလောက်တော့ အဆင်ပြေတယ်။ ကျွန်တော်တို့ အတွက်တော့ သိပ်အဆင်မပြေလောက်ဘူး။ ဘာလို့လဲဆိုတော့ ios Firmware တစ်ခုကိုတောင် 1G, 2G လောက်ရှိနေတယ်” ဟု Golden Wave မိုဘိုင်းဖုန်းနှင့် ကွန်ပျူတာ အရောင်းဆိုင်မှ ကိုနေဇော်လွင်က ပြောပြခဲ့ကြောင်း ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။

အေးချမ်းမွန်မှ  International Social Network Myanmar တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :International Social Network Myanmar

Photo From :International Social Network Myanmar
မိုဘိုင်းအင်တာနက် အသုံးပြုမှုကျသင့် ဘီလ်(ငွေ)ကို မိနစ်ဖြင့် ကောက်ခံနေရာမှ အသုံးပြုသည့် Volume အလိုက် ပြောင်းလဲကောက်ခံမည့် အစီအစဉ်ကို လာမည့် ဒီဇင်ဘာလအတွင်း စတင်ကျင့်သုံးသွားမည် ဖြစ်ကြောင်း၊ Volume စနစ်ဖြင့် ကောက်ခံမည့် ဘီလ်နှုန်းထားများကိုလည်း ယာယီအဆင့် သတ်မှတ်ပြီးစီးနေပြီ ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ပြောသည်။ “လျာထားတာက 100 Kbyte ကို ၂ ကျပ်၊ 1 M ကို ၂၀ ကျပ်၊ လစဉ် 100 M ကို ၁၅၀၀ ကျပ် ဒါမှမဟုတ် ၁၈၀၀ ကျပ်လောက် ကောက်ခံဖို့ စီစဉ်ထားတယ်။ ဈေးနှုန်းတွေက များများသုံးရင် လျှော့ပေးထားတယ်ဆိုတဲ့ သဘောပဲ” ဟု အင်ဂျင်နီယာချုပ်က ဆိုသည်။ မြန်မာ့ဆက်သွယ်ရေး၏ မိုဘိုင်းဖုန်းအင်တာနက် အသုံးပြုမှုဘီလ်စနစ် ပြောင်းလဲကောက်ခံခြင်းသည် အင်တာနက်စနစ်ကို မိုဘိုင်းဖုန်း၌ ဖွင့်ထားရုံဖြင့် ဘီလ်ပေးဆောင်ရခြင်းမရှိဘဲ အင်တာနက်စနစ်ကို ဝင်ရောက်အသုံးပြုမှသာလျှင် ဘီလ်ပေးဆောင်ရသည့်အတွက် အသုံးပြုမှုများ အနေဖြင့် ပိုမိုအဆင်ပြေလာနိုင်သည်ဟု နေ့စဉ်မိုဘိုင်း အင်တာနက်အသုံး

မြန်မာကိုတင်ပို့မည့် မြောက်ကိုရီးယား လက်နက်ပစ္စည်း ဂျပန်တွင် ဖမ်းမိ


ပီတာအောင်-DVB နိုဝင်ဘာ - ၂၆- ၂၀၁၂

မြန်မာနိုင်ငံကို တင်ပို့မယ့် လက်နက်ထုတ်လုပ်ရာမှာ အသုံးပြုနိုင်တဲ့ မြောက်ကိုရီးယား ပစ္စည်းတွေကို သင်္ဘောတစီးပေါ်ကနေ ဂျပန်အာဏာပိုင်တွေက ကြားဖြတ်ဖမ်းဆီးနိုင်ခဲ့တယ်လို့ အဆာဟိ ရှင်ဘွန်း ဂျပန်နေ့စဉ်သတင်းစာမှာ နိုဝင်ဘာ ၂၄ ရက်နေ့က ထုတ်ဖော်ရေးသားလိုက်ပါတယ်။

ဒုံးလက်နက်ပစ္စည်းထုပ်လုပ်ရာမှာ ဒါမှမဟုတ် ယူရေနီယံသန့်စင်ရာမှာ သုံးနိုင်တဲ့ ပစ္စည်းတွေ တင်ဆောင်ထားတဲ့ ကုန်တင်သင်္ဘောတစီးကို ဂျပန်နိုင်ငံ တိုကျိုဆိပ်ကမ်းမှာ ဆိုက်ကပ်ထားစဉ် ဂျပန်အာဏာပိုင်တွေက သြဂုတ်လ ၂၂ ရက်နေ့မှာ အမေရိကန်ရဲ့တောင်းဆိုချက်အရ တက်ရောက်ရှာဖွေခဲ့တာလို့ ဂျပန်သတင်းစာမှာ ရေးပါတယ်။

တင်ချင်းဆက် အမွှာ ခွဲစိတ်မှု မှတ်တမ်း


Monday, November 26, 2012 အိမ့်သံစဉ်

မြန်မာနိုင်ငံတွင် ပထမဆုံး တင်ချင်းဆက် အမွှာညီအစ်ကိုအား ခွဲစိတ်မှုကို မန္တလေးမြို့ ခုတင် ၅၅၀ ဆံ့ ဆေးရုံကြီးမှာ ယနေ့နံနက် ၇ နာရီတွင် စတင်ခွဲစိတ်မှုများ ပြုလုပ်လျက် ရှိပါတယ်။

တင်ချင်းဆက် အမွှာညီအစ်ကိုမှာ မောင်အောင်ခန့်ကျော်နှင့် မောင်အောင်မြတ်ကျော်တို့ ဖြစ်ပြီး မိဘများမှာ ဦးဝင်းတိုးနှင့် ဒေါ်မြသန္တာတို့ ဖြစ်ပါတယ်။ ဇာတိမှာ စစ်ကိုင်းတိုင်း မင်းကွန်းဒေသ အနီးရှိ ထုံးဘိုကျေးရွာ ဖြစ်ပါတယ်။

စာမေးပွဲသီးသန့် ဖြေဆိုခိုင်းသည့်ကိစ္စကို သရုပ်ဆောင် မိုးယုစံဖြေရှင်း

စာမေးပွဲသီးသန့် ဖြေဆိုခိုင်းသည့်ကိစ္စကို သရုပ်ဆောင် မိုးယုစံဖြေရှင်း

လက်ရှိ ကျင်းပလျက်ရှိသော တက္ကသိုလ်စာမေးပွဲ ဒုတိယ အသုတ် ဖြေဆိုမှုများတွင် သရုပ်ဆောင်မိုးယုစံ အနေဖြင့် ပါမေက္ခချုပ်မှစီစဉ်ပေး၍ စာမေးပွဲဖြေဆိုခွင့်ကို သီးသန့်ကျောင်း သားများဖြေဆိုသည့် အတိုင်းသာရော နှောဖြေဆိုခဲ့ကြောင်း The Messenger ဂျာနယ်သို့မိုးယုစံကပြောသည်။ 
''မျက်လုံးက ပါဝါလွဲလို့ လေ ဆာပစ်ထားတယ်။ ခုကျတဲ့နေရာက ပြောင်းထိုင်လို့ မရတာနဲ့ အခုလို ဖြေ လိုက်တာပါ။ စာမေးပွဲဖြေတဲ့ နှစ်ရက် မှာ ကားရိုက်တဲ့ရက်ဖြစ်နေတော့ စာ မေးပွဲဖြေပြီးတာနဲ့ ကားရိုက်ဝင်ပါ တယ်။ မိုးယုစံမို့လို့ ပါချုပ်က သီးသန့် စီစဉ်ပေးတာတော့မဟုတ်ပါဘူး။ သီး သန့်ခန်းဆိုတာအခန်းတစ်ခန်းထဲမှာ အခြားကျောင်းသားတွေလည်းရှိတယ်။ အခြားကျောင်းသားတွေဆိုတာ အချို့ အဲလိုမျိုးနေမကောင်းလို့ ၊ကျွန်မလည်း နေမကောင်းလို့ ဖြေတာပဲလေ''ဟု ၄င်းက ပြောသည်။
အဆိုပါ သရုပ်ဆောင် မိုးယုစံ အား စာမေးပွဲဖြေဆိုရန်သီးသန့်ခန်း တွင် ပါမောက္ခချုပ်က စီစဉ်ပေးသည့် ဆိုသည့် သတင်းများ အွန်လိုင်းဖေ့စ် ဘုတ်ခ် စာမျက်နှာများတွင်ပျံ့နှံ့နေ ကြောင်း သိရသည်။
လက်ရှိ သရုပ်ဆောင်မိုးယုစံ ဖြေဆိုခဲ့သော ဘာသာရပ်မှာ မြန်မာ စာ နောက်ဆုံးနှစ်ဖြစ်ပြီး၊ အမှန် တကယ် သီးသန့်စာမေးပွဲဖြေဆိုခန်း မှာ အခန်းတစ်ခန်းတွင် ကျောင်းသား ၁ဝ ယောက်အား ဆရာမ ၃ ယောက် က စောင့်ကြပ်ခြင်းဖြစ်ကြောင်း၊ သာ မန်စာဖြေခန်းများ၌ ကျောင်းသား အယောက် ၅ဝ တွင် ဆရာမ ၂ ဦး သာစောင့်၍ ယခုကဲ့သို့ သီးသန့်ခန်း တွင် ဖြေဆိုခြင်းသည် ပိုမိုကျဉ်းကြပ် ကြောင်း မိုးယုစံက ဆိုသည်။
သရုပ်ဆောင်မိုးယုစံသည် မိုးယံရွှေလမင်းနှင့် မြတ်ဆုကုဋေ ထီဆိုင်ကြီး၏ Miss ပြိုင်ပွဲတွင် ပထမဆုရရှိခဲ့ပြီး အနုပညာလောက သို့ စတင်ဝင်ရောက်ခဲ့ကာ ကြော်ငြာ နှင့် ရုပ်ရှင်ဗီဒွီယိုလောက၌ တက် သစ်စ မင်းသမီးတစ်ဦးအနေဖြင့် အောင်မြင်မှု အရရှိဆုံး သရုပ်ဆောင် တစ်ဦး ဖြစ်သည်။

အေးချမ်းမွန်မှ  Messenger News Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :hlyothwetuyin.blogspot.com
 
လက်ရှိ ကျင်းပလျက်ရှိသော တက္ကသိုလ်စာမေးပွဲ ဒုတိယ အသုတ် ဖြေဆိုမှုများတွင် သရုပ်ဆောင်မိုးယုစံ အနေဖြင့် ပါမေက္ခချုပ်မှစီစဉ်ပေး၍ စာမေးပွဲဖြေဆိုခွင့်ကို သီးသန့်ကျောင်း သားများဖြေဆိုသည့် အတိုင်းသာရော နှောဖြေဆိုခဲ့ကြောင်း The Messenger ဂျာနယ်သို့မိုးယုစံကပြောသည်။

''မျက်လုံးက ပါဝါလွဲလို့ လေ ဆာပစ်ထားတယ်။ ခုကျတဲ့နေရာက ပြောင်းထိုင်လို့ မရတာနဲ့ အခုလို ဖြေ လိုက်တာပါ။ စာမေးပွဲဖြေတဲ့ နှစ်ရက် မှာ ကားရိုက်တဲ့ရက်ဖြစ်နေတော့ စာ မေးပွဲဖြေပြီးတာနဲ့ ကားရိုက်ဝင်ပါ တယ်။ မိုးယုစံမို့လို့ ပါချုပ်က သီးသန့် စီစဉ်ပေးတာတော့မဟုတ်ပါဘူး။

သတင်းထောက်ဘက်မှ ရပ်တည်ချက် အမှန်


          Hot News Journal vol-3, no-113 25-31 Oct 2012 နေ့ထုတ် ဂျာနယ်တွင် လက်ထောက်သတင်း အယ်ဒီတာ ကိုစိုးဝင်းနိုင်သည် `၀တက္ကမြေပါဝင်လို့ ဇေကမ္ဘာအား တရားစွဲဆို´ သတင်းနှင့် ပတ်သက်၍ ဇေကမ္ဘာကုမ္ပဏီ၏ ညွှန်ကြားချက်အရ မျိုးမျိုးမြတ်မြတ်ရသော ရှေ့နေများမှ ၎င်းတို့၏ မိတ်ဆွေ ဒေါက်တာခင်ရွှေအတွက် ဘက်မှ ကာကွယ်၍ ရှင်းလင်းကြေညာချက် ထုတ်ပြန်ပါသည်။

ကျေးဇူးခံ၊ ကျေးဇူးစား ပြဿနာ ရှင်းတမ်း



ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဦးဝေလွင် ရဲ့ လက်ပတောင်းတောင် စီမံကိန်း နဲ့ ပါတ်သက်ပြီး လွတ်တော်အတွင်း ရှင်းပြချက်ကိုနားထောင်ပြီး သတင်းစာမှာပါ သေချာအောင် နားလည်အောင်ဖတ်ခဲ့ပါတယ်..။ လက်မခံနိုင်တဲ့ အချက်ကိုပြောပါ့မယ်..။ ကျန်တာနောက်တော့ပြောမယ်..ဗျာ..။

Sunday, November 25, 2012

စဉ်းစားသုံးသပ်လာစရာလိုပြီဖြစ်သော တက္ကသိုလ်ဝင်တန်းမေးခွန်း

 
သင်ရိုးညွှန်တမ်းစာအုပ်တစ်အုပ်တွင် အခန်း (၁၂)ခန်း ပါဝင်ရာ (၄)ခန်းကျက် ရုံနှင့် အမှတ် (၆၀)၀န်းကျင်ရကာ စာမေး ပွဲအောင်မြင်နိုင်သည်ဟုဆိုလျှင် သင်အံ့ သြမည်လား။ အံ့သြစရာမရှိပါ။ ယနေ့ မြန်မာနိုင်ငံတွင် အရေးကြီးဆုံးဟု သတ် မှတ်ခံထားရသည့် တက္ကသိုလ်ဝင်တန်းစာ မေးပွဲ၏ ဇီဝဗေဒမေးခွန်းပါ။ ကျောင်း သား/သူများ အခက်အခဲနည်းစေရန်ဟု ရည်ရွယ်ခဲ့ပါက အမှားကြီးမှားတော့မည်။ တက္ကသိုလ်ဝင်တန်းကို အောင်မြင်လာ သည့် ကျောင်းသားတစ်ဦးသည် သင်ရိုး ညွှန်တမ်း၏ သုံးပုံတစ်ပုံသာ တတ်ကျွမ်း သည်ဟုဆိုလျှင် ၎င်းင်းဖြစ်စဉ်သည် မလျော် ညီသော အားထုတ်မှုတစ်ခုအား အခွင့် အရေးရစေရန်အတွက် လမ်းကြောင်းပေး နေခြင်းဖြစ်သည်။ ဇီဝဗေဒဘာသာရပ် တွင် အပင်လောကသဘောနှင့် ဖွဲ့စည်း ပုံ၊ အကောင်လောက၏ သဘောနှင့် ဖွဲ့ စည်းပုံကို အခြေခံအဆင့် နားလည်တတ် ကျွမ်းသင့်သည်။ လက်ရှိဖြစ်စဉ်တွင်မူ အခန်း(၄)ခန်းသာကျက်ပြီး ကောင်းစွာ နားလည်သဘောမပေါက်ဘဲ တက္ကသိုလ် သို့ တက်ရောက်ခွင့်ပြုနေခြင်းက မေးခွန်း ထုတ်သူတို့ သတိပြုရန် လိုနေပေပြီ။

အရေးကြီးသည့် စစ်ဆေးတွေ့ရှိချက်များ တင်ပြလာခြင်းအား ထုတ်ပြန်ကြေညာခြင်း

“ ပုဂ္ဂလိကထံမှရရန် ကြွေးကျပ်သန်း(၄ဝ, ၂ .၁၂၂)နှင့် အမေရိကန် ဒေါ်လာ(၇ဝ,၆၅၅ .ဝ၂ဝ)၊ ဝန်ထမ်းများ၏ မှားယွင်းမှုနှင့် အလွဲသုံးစား မှုကြောင့် ပြန်သွင်းရမည့် ငွေကျပ်သန်း (၁
၄၃..၉၁၆)ဖြစ် ”

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက်(၅/၂ဝ၁၂)
၂ဝ၁၂ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်
၁၃၇၄ ခု၊ တန်ဆောင်မုန်းလဆန်း ၁၁ ရက်

လုပ်ငန်းရှင်၊ ပဲခူးမြို့နယ်စည်ပင်သာယာနှင့် မိဒီယာများ၏ လုပ်ဆောင်ချက်များ...

သနပ်ပင်မြို့နယ်ရှိ လယ်သမား(၄)ဦးအား ခြေချုပ်ပုဒ်မဖြင့် ဖမ်းဆီးထားသည့်အတွက် လယ်သမားမိသားစုများ ဆန္ဒပြရန်လျှောက်ထား

ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်၊ လှာပကစ်ကျေးရွာမှ လယ်သမား(၃)ဦးနှင့်အတူ သနပ်ပင်မြို့၊ ဘူတာပိုင်းရပ် ကွက်နေ ဦးအောင်ကျော်ဆိုသူတို့အား ခြေချုပ်ပုဒ်မတက်ပြီး မတရားဖမ်းဆီးချုပ်နှောင် တရားစွဲဆိုထားသည့်အတွက် လယ်သမားမိသားစုများနှင့် ဆွေးမျိုးမိတ်ဆွေများမှ နိုဝင်ဘာ(၂၉)ရက်နေ့တွင် ဆန္ဒဖော်ထုတ်ပွဲပြုလုပ်ရန် မြို့နယ်ရဲတပ်ဖွဲ့မှူးထံ တရားဝင်ခွင့်
ပြုမိန့်တောင်းခံထားကြောင်း သိရှိရသည်။