Saturday, August 23, 2014

“မဟာချိုင်ပုဇွန်အခွံခွာသည့်စက်ရုံတွင်ရောင်းစားခံရသူ၁၉ဦးအား ပူးပေါင်းအဖွဲ့ကကယ်တင်”

ဝေဘာဂီအထူးကုဆေးရုံမှလူနာမှာအီဘိုလာရောဂါဖြစ်ပွားနေခြင်း မဟုတ်ဘဲ ပြင်းထန်ငှက်ဖျားရောဂါ ဖြစ်ပွားနေခြင်းဖြစ်ပြီး ကျန်းမာရေး ပြန်လည် ကောင်းမွန်လာ

နေပြည်တော် သြဂုတ် ၂၃

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကူးစက်မြန်အီဘိုလာရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်း (Surveillance & Response) ကိုထိရောက်စွာ ဆောင်ရွက်လျက်ရှိရာ (၁၉-၈-၂၀၁၄)ရက်နေ့၊ (၂၀း၀၀)နာရီတွင် အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းဖြင့် ဝင်ရောက်လာသော ခရီးသည်အား ဝေဘာဂီ အထူးကုဆေးရုံတွင် အထူးကု ဆရာဝန်ကြီးများ ပါဝင်သော အဖွဲ့မှ အထူးကြပ်မတ်ကုသမှုပေးခြင်းနှင့် ၎င်းနှင့် အနီးကပ်ထိတွေ့ခဲ့သူ (Close Contact) (၄)ဦးအား ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းတို့အား ဆောင်ရွက်လျက် ရှိပါသည်။

ထိုင်းနိုင်ငံထုတ် အလှကုန်ပစ္စည်း ကိုးမျိုးတွင် အရေပြားကင်ဆာ ဖြစ်စေနိုင်သည့် ဓာတုဆေးဝါးများ ပါဝင်၍ သုံးစွဲရန် မသင့်ကြောင်း သတိပေးချက် ထုတ်ပြန်

ရန်ကုန် ၊ ၂၃-၈-၂၀၁၄

ထိုင်းနိုင်ငံထုတ် အလှကုန် ပစ္စည်း ၉ မျိုးတွင် အရေပြား ကင်ဆာ ဖြစ်စေနိုင်သည့် ဓာတုဆေးဝါးများ ပါဝင်သည့် အပြင် မှတ်ပုံတင် ထားခြင်း မရှိသောကြာင့် သုံးစွဲရန် မသင့်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန က သတိပေးချက် ထုတ်ပြန် ထားကြောင်း သိရသည်။

ရန်ကုန်တိုင်းအတွင်း ကျပ်ငွေ ဘီလီယံ ၇ ထောင်ကျော် မြို့သစ်စီမံကိန်း တည်ဆောက်မည်

ရန်ကုန်မြို့အနောက်ဘက်ခြမ်းမှာ အကောင်အထည်ဖော်မယ့် မြို့သစ်စီမံကိန်းကို မြန်မာ့ စေတနာမြို့သစ် အများပိုင် ကုမ္ပဏီလီမိတက်ကို လုပ်ကိုင်ခွင့်ပေးမယ်လို့ သိရပါတယ်။

စစ်တပ်သိမ်းယူထားသည့် လယ်မြေဧက ၂ သိန်းကျော် စွန့်လွှတ်ပြီးဟု ဆို

ကာကွယ်ရေးဝန်ကြီးဌာနက သိမ်းယူထားတဲ့ မြေတွေထဲက ဧက ၂ သိန်း ၁ ထောင်ကျော်ကို စွန့်လွှတ်ခဲ့ပြီး ၁ သိန်းခွဲကျော်ကိုတော့ တိုင်းနဲ့ ပြည်နယ် အစိုးရတွေကို လွှဲပြောင်းပြီးဖြစ်တယ်လို့ ပြည်ထောင်စု အစိုးရအဖွဲ့ ပထမ ၄ လပတ်အစည်းအဝေးကို တင်ပြတဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

ရေးမြို့နယ်တွင် လယ်မြေလျော်ကြေးငွေများ အတင်းအဓမ္မ လက်ခံစေခဲ့မှုရှိ

တပ်မတော် အစိုးရလက်ထက်က မြေယာများသိမ်းယူပြီးနောက် ကာလပေါက်ဈေးနှင့် မကိုက်ညီသည့် လျော်ကြေးများကို အတင်းအဓမ္မ လက်ခံစေခဲ့ကြောင်း မွန်ပြည်နယ်၊ ရေးမြို့နယ်မှ အသိမ်းခံ ဥယျာဉ်ခြံရှင်များက ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) မှ လယ်သမားရေးရာ တာဝန်ရှိသူများနှင့် တွေ့ဆုံရာတွင် ဖွင့်ဟပြောဆိုခဲ့သည်။

သရဖူလွှဲခွင့် အပေးမခံရတဲ့ အလှမယ်ရဲ့ ရင်ဖွင့်ချက်


စာချုပ်ပြည့် သွားပြီဖြစ်တဲ့ အတွက် လွတ်လွတ် လပ်လပ်နဲ့ နေလို့ရပြီ” ဟု ခင်ဝင့်ဝါက ပြောသည်။
 ”အရင်ကတော့ အော်ဂနိုက်ဇေးရှင်း ကတစ်ဆင့် ပြီးမှ သွားတယ်။ ဘာပဲလုပ်လုပ် ညီမတို့ အမြဲ တင်ပြခဲ့တယ်။ အခုတော့ ကိုယ့်ဟာကိုယ် ဆုံးဖြတ်နိုင်ပြီလေ” ဟု ခင် ဝင့်ဝါ က ပြောသည်။

Friday, August 22, 2014

မြန်မာလူငယ်တွေ စစ်အာဏာရှင်တွေအလိုကျ စာမဖတ်ကြတော့တာလား

မြန်မာလူငယ်တွေ စာဖတ်အသင်းတို့ စာကြည်တိုက်တို့ ထူထောင်မယ်ဆိုတာနဲ့ အရင်ဆုံး ဖြိုခွင်းဖို့ကြိုးစားတာက အာဏာပိုင်တွေပဲဖြစ်ပါတယ်။ ခေတ်အဆက်ဆက် စစ်အာဏာရှင်တွေရဲ့ ခြိမ်းခြောက်ဖိအားပေးမှုအောက်မှာ စာမဖတ်တော့တဲ့မျိုးဆက် ပေါ်ထွက်လာပြီး စာကြည့်တိုက်ယဉ်ကျေးမှုလည်း ဗုန်းဗုန်းလဲခဲ့ရပါတယ်။ အခုကော မြန်မာတွေ စာဖတ်ကြရဲ့လား။
မြန်မာအစိုးရသစ်လက်ထက် စာကြည့်တိုက်လုပ်ငန်းတွေ လုပ်ကြသူအများစု နားမလည်တဲ့သူတွေက တာဝန်အရ လုပ်နေကြတာမို့ လူထုကြားမှာ အသက်မဝင်လာဘူးလို့ ပန်းချီအိမ် ရွေ့လျားစာကြည့်တိုက်က ကိုမောင်မောင်စိုးက ပြောပါတယ်။

အချိန်ပိုင်းအလုပ်လိုချင်သူတွေအတွက် အခွင့်အလမ်းတစ်ခုပါ

 ကျောင်းတစ်ဖက်နဲ့ အလုပ်လုပ်ချင်သူတွေ၊ ဝင်ငွေမလောက်တဲ့သူတွေ အချိန်ပိုင်းအလုပ်ရဖို့ အခွင့်အလမ်းတစ်ခု ပေါ်လာပါပြီ။ ဂျပန်နိုင်ငံက BNG နဲ့ မြန်မာပြည်က Myanwave တို့ပူးပေါင်းပြီး Charmya Project ကနေ ဆောင်ရွက်ပေးတော့မှာပါ။

သမ္မတကို ဆန္ဒပြတဲ့ သတင်း သမားတွေ အမှုက ကင်းလွတ်

သတင်းထောက် ၅၀ နီးပါး သတင်းမယူဘဲ ဆန္ဒပြခဲ့
 ပြီးခဲ့တဲ့လက သမ္မတ ဦးသိန်းစိန်ကို ခွင့်ပြုမိန့် မပါဘဲ ဆန္ဒပြတယ် ဆိုပြီး ပုဒ်မ ၁၈ နဲ့ အမှုဖွင့် ထားတဲ့ သတင်းထောက် ၅၀ နီးပါးကို ကမာရွတ် ရဲစခန်းက အမှု လုံးဝ ပိတ်သိမ်းလိုက် ပါတယ်။

ဧရာဝတီတိုင်းလယ်သမား ၁၃ ဦး တရားစွဲခံရ

ဧရာဝတီတိုင်း ကြံခင်းမြို့နယ် ဆိပ်သာ မက်သနောစက်ရုံပိုင်မြေထဲမှာ ၀င်ရောက်စိုက်ပျိုး တယ်ဆိုပြီး လယ်သမား ၁၃ ယောက်ကို ပိုင်နက်ကျူးလွန်မှုနဲ့ သြဂုတ် ၂၁ ရက်နေ့က တရားစွဲလိုက်ပါတယ်။

ဇာထိုးပန်းထိုး အိမ်တွင်းမှုလုပ်ငန်း ဝါယာရှော့ ဖြစ်ကာ မီးလောင်မှုဖြစ်

ရန်ကုန်၊ သြဂုတ် ၂၂

၂၁.၈.၂၀၁၄ရက်နေ့ ၁၆၃၅အချိန် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၂)ရပ်ကွက်၊ ဦးဖိုးလတ်လမ်းရှိ နေအိမ်တစ်အိမ်တွင် မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းအရ သွားရောက် စစ်ဆေးခဲ့ပါသည်။

ခင်ပွန်းဟောင်းမှ မကျေနပ်၍ မြို့ လည်ခေါင် ဓားဖြင့် ထိုး

Photo online
သြဂုတ် ၂၁

ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့ ဈေးပိုင်းရပ်တွင် သြဂုတ်လ ၂၀ ရက်နေ့ ၊ နံနက် ၈ နာရီ အချိန် တွင် ခင်ပွန်းဟောင်းဖြစ်သူမှ ဓားထိုးမှု့ ဖြစ်ပွား ခဲ့ကြောင်း သတင်း ရရှိသည်။

နိုင်ငံတကာပြိုင်ပွဲငါးခုအတွက် မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်ငါးဦးထွက်ပေါ်

ရန်ကုန် သြဂုတ် ၂၁

နိုင်ငံတကာအဆင့်မီ အလှမယ် ပြိုင်ပွဲငါးခုသို့ သွားရောက်ယှဉ်ပြိုင် ရန်အတွက် မြန်မာအလှမယ်ငါးဦး ရွေးချယ်ပွဲကြီးကို သြဂုတ် ၂၁ ရက် ည ၉ နာရီက ရန်ကုန်မြို့ MCC ခန်းမ၌ ကျင်းပသည်။

Thursday, August 21, 2014

တူလွန်းတဲ့ သုံးမြွာပူးကလေးတွေကို ခွဲခြားဖို့အတွက် ခြေသည်းဆိုးရသတဲ့

ဗြိတိန်နိုင်ငံမှ အင်မတန် ကံကောင်းတဲ့ လင်မယား နှစ်ဦး ဖြစ်ပါတယ်။ မီးဖွားမှုပေါင်း ၁ သိန်း ၆ ထောင်မှာ တစ်ကြိမ်သာ ဖြစ်နိုင်ချေ ရှိတဲ့ သုံးမွာပူး မွေးဖွားခြင်းကို ပြုလုပ်နိုင်ခဲ့ ပါတယ်။

Wednesday, August 20, 2014

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကူးစက်မြန် အီဘိုလာဗိုင်းရပ်စ်ရောဂါ သံသယရှိ လူနာတစ်ဦး စစ်ဆေးတွေ့ရှိ

အီဘိုလာဗိုင်းရပ်စ် / ဓါတ်ပုံ - အင်တာနက် 
 နေပြည်တော်၊ သြဂုတ် ၂၁

အာဖရိကအနောက်ပိုင်းဒေသရှိ နိုင်ငံများတွင် ကူးစက်မြန် အီဘိုလာ ဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားမှုနှင့် ပတ်သက်၍ ကျန်းမာရေး ၀န်ကြီးဌာန သည် မြန်မာနိုင်ငံအတွင်းသို့ အဆိုပါရောဂါ ကူးစက်ဝင်ရောက်မှု မရှိစေရေးအတွက် အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ဆိပ်ကမ်းများ၊ နယ်စပ်ဖြတ်ကျော် ၀င်ပေါက်များတွင် အဖျားရောဂါ စောင့်ကြပ် ကြည့်ရှုခြင်း၊ ရောဂါဖြစ်ပွားသော နိုင်ငံများသို့ ခရီးသွားလာမှုနှင့် လူနာနှင့် ထိတွေ့သော သံသယရှိသူများအား စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပါသည်။

အာဖရိကအနောက်နိုင်ငံမှ ပြန်လာသူတစ်ဦးတွင် အဖျားရောဂါတွေ့ရှိ

  ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အာဖရိကအနောက်နိုင်ငံမှ ပြန်လာသူတစ်ဦးတွင် အဖျားရောဂါတွေ့ရှိ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ရောဂါစစ်ဆေးမှုနှင့် ရောဂါထိန်းချုပ်ခြင်းလုပ်ငန်းများ ချက်ချင်းဆောင်ရွက်

ကလေးစစ်သား စုဆောင်းဆဲဟု ဗိုလ်ချုပ်ဂွန်မော် ပြော

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဆုံဆည်းမြိုင်ကျေးရွာတွင် ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်က ပြုလုပ်သည့် (၁၉)နှစ်မြောက် DKBA တပ်မတော်နေ့ အခမ်းအနားတွင် အသက်မပြည့်သေးသည့် တပ်သားတစ်ဦးအား တွေ့ရစဉ်။ ဓာတ်ပုံ-ဟောင်ဆာ(ရာမည)
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဆုံဆည်းမြိုင်ကျေးရွာတွင် ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်က ပြုလုပ်သည့် (၁၉)နှစ်မြောက် DKBA တပ်မတော်နေ့ အခမ်းအနားတွင် အသက်မပြည့်သေးသည့် တပ်သားတစ်ဦးအား တွေ့ရစဉ်။ ဓာတ်ပုံ-ဟောင်ဆာ(ရာမည)

Written by  ကေဇူး 
အသက်မပြည့်သေးသည့် ကလေးစစ်သား စုဆောင်းခြင်း မပြုရန် KIA ဗဟိုက ညွှန်ကြားထားသော်လည်း အောက်ခြေတွင် စုဆောင်းမှုများရှိနေဆဲဖြစ်သည်ဟု KIA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်က ပြောကြားသည်။

စိန်ခေါ်မှု တစ်ခု အနေနဲ့ ရုပ်ရှင် ရိုက်မယ့် Bobby Soxer


“စိန်ခေါ်မှု တစ်ခု လို့လည်း ပြော လို့ရတယ်။ ရုပ်ရှင် ကားကြီးဖြစ်နေတဲ့ အတွက် ပိုပြီးတော့လည်း တာဝန်ကြီး တယ်။ ကျောင်းသား ကားလေးဖြစ်နေ တဲ့အခါ ကျတော့ အမှတ် တရ လည်း ဖြစ်မယ်။ ကိုယ်တွေလည်း စည်းစည်း လုံးလုံးလေးနဲ့ လုပ်ကြည့် ချင်လို့ပါ” လို့ ပြောလာသူက ဘိုဘိုအင်တာ တိန်းမန့် ကနေ ဒါရိုက်တာ ဝင်းလွင် ထက် ရဲ့ပုံဖော်မှုကို လွှမ်းပိုင်၊ ရဲရင့် အောင်၊ နန်းမြတ်ဖြိုးသင်း တို့နဲ့အတူ ရိုက်ကူးမယ့် ရုပ်ရှင် ဇာတ်ကားကြီး မှာ ပါဝင် သရုပ်ဆောင်မယ့် ဟစ်ဟော့ပ် အဆိုတော် မလေး Bobby Soxer ပါ။

Tuesday, August 19, 2014

ဂျက်ကီချန်း၏ သားဖြစ်သူ မူးယစ်ဆေးဝါးမှုဖြင့် အဖမ်းခံရ


နာမည်ကျော် အက်ရှင်မင်းသား ဂျက်ကီချန်း၏ သားဖြစ်သူကို မူးယစ်ဆေးဝါးနှင့် ဆက်နွယ်သော အမှုတစ်ခုဖြင့် တရုတ် ရဲများက ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

ဓမ္မစေတီခေါင်းလောင်း တည်နေရာအား စတင်တူးဖော်ပြီ

သြဂုတ် ၁၈ ရက်နေ့တွင် ဓမ္မစေတီခေါင်းလောင်း တည်နေရာအား စတင်တူးဖော်နေပြီဖြစ်ကြောင်း သိရသည်။