Saturday, August 9, 2014

ဝေါမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အခြေခံပညာ ကျောင်းများ ပိတ်ထားရ

 
 ဝေါမြို့နယ် အထကကျောင်း စတင်ပိတ်ရက် ၆ - ၈ - ၂၀၁၄ ကျောင်းသားလယ် (၂၄၂)ဦး၊ မူ(၅၁၈)ဦး၊ အထကဝေါ အရှေ့ကျောင်း ထက်(၁၉၆)ဦး၊ လယ်(၄၉၈)ဦး၊ မူ(၅၃၉)ဦး၊ လ(ခွဲ) ညောင်ကိုင်း ကျောင်း မူ(၂၂၇)ဦး၊ လ(ခွဲ)အဗျားဗိုလ်တဲ ကျောင်းမူ(၁၂၁)ဦး၊ လ(ခွဲ) ဆပ်သွားခြုံ ကျောင်းမူ(၁၃၃)ဦး၊

ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၃၇/၂-၃)ကြားတွင် သေဆုံးနေသည့် အမည်မသိအမျိုးသမီး ၁ ဦးအား တွေ့ရှိ

 နေပြည်တော်၊ သြဂုတ် ၈

၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၆ ရက်နေ့ နံနက် ၇ နာရီ ၃၅ မိနစ်အချိန် ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၃၇/၂-၃)ကြားတွင် လူတစ်ဦး သေဆုံးနေကြောင်း သတင်းအရ ဘောနတ်ကြီး အမြန်လမ်း ရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

လူ ၁၃ ဦးသေဆုံးခဲ့သော ယာဉ်မီးလောင်မှု တရားဥပဒေ၀န်ဆောင်မှုမရှိသေး

 သြဂတ်စ် ၈ ရက် ၂၀၁၄ 

နေပြည်တော် အမြန်လမ်းတွင် လူ(၁၃)ဦး သေဆုံးခဲ့သော တောင်ပြာတန်း Express ယာဉ်မီးလောင် မှုဖြစ်စဉ် ၌ သေဆုံးသွား သူများ အတွက် မျှတသော တရားဥပဒေ ၀န်ဆောင်မှု ဆောင်ရွက်ပေးရန် နိုင်ငံတော် အစိုးရထံ အကြိမ်ကြိမ် တောင်းဆို တင်ပြ ခဲ့သော်လည်း ယနေ့တိုင် လက်တွေ့ဆောင်ရွက် ပေးခြင်း မရှိသေးကြောင်း တောင်ကြီးမြို့ ဒေသခံ သေဆုံးသူ အသိုင်းအ၀ိုင်းများက ပြောကြားခဲ့သည်။

ဗီဒီယိုဇာတ်ကား ရိုက်ကူးမှုကို ဖွေးဖွေး ဘာကြောင့် ကန့်သတ်လိုက်တာလဲ


” ဗီဒီယို ဇာတ်ကား ရိုက်ကူးမှု ကန့်သတ် လိုက်တာက ကွာလတီကို ထိန်းတဲ့ သဘောပါ” ဟု ဖွေးဖွေးက ပြောသည်။

စူပါမွန်းဖြစ်စဉ်ကြောင့် သဘာဝဘေးများကျနိုင်သည်ဆိုသည့် ပြောစကားများကို မစိုးရိမ်ကြရန် ပညာရှင်များပြော

သြဂုတ် ၁၀ ရက်မှ စတင်မည့် ကမ္ဘာနှင့် လနီးကပ်လာကာ ဖြစ်ပေါ်မည့် စူပါမွန်း ဖြစ်စဉ်ကြောင့် ဆူနာမီငလျင် ကဲ့သို့ သဘာဝဘေး အန္တရာယ်များ ကျရောက်နိုင်သည် ဆိုသည့် နက္ခတ် ပညာရှင်များ၏ ပြောကြားချက် အပေါ် လူအများစု စိုးရိမ်ထိတ် လန့်နေကြပြီး နိုင်ငံတကာ မိုးလေ ၀သဌာနများ ကပင် သတိပေး ထားခြင်း မရှိ၍ အထူးစိုးရိမ်ရန် မလိုကြောင်း ရာသီဥတု ဆိုင်ရာ ပညာရှင်များ ကပြောသည်။

ကျန်းမာရေးအတွက် သံပုရာရည် သောက်မယ်

(၁) အသည်း ကျောက်ကပ်အတွက် ကောင်းမွန်စေပါတယ်။
(၂) ဆံပင်အတွက်လည်း ကောင်းမွန်စေပါတယ်။

PR စနစ် ဆန္ဒပြသူတို့ကို ပြည်မြို့မှာ အရေးယူ

ပဲခူးတိုင်းအနောက်ပိုင်း၊   ပြည်မြို့မှာ ဆန္ဒမဲအချိုးကျ ကိုယ်စားပြုစနစ် (PR) ကို အမျိုးသားလွှတ်တော်နှင့် ပြည်သူလွှတ်တော်တွေမှာ လက်ခံခဲ့သော်လည်း ပြည်သူလူထုအနေနှင့် လက်မခံနိုင်ကြောင်းကို ပြီးခဲ့တဲ့ တနင်္လာနေ့ မနက်ပိုင်းက ပြည်မြို့ကနိုင်ငံရေးအင်အားစုတွေ စုပေါင်းပြီး  လူစည်ကားရာနေရာတွေမှာ လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။ 

LED မီးတိုင်ကို အားသွင်းရာမှ အပူချိန်လွန်ကဲ၍ နေအိမ်ထရံမီးလောင်

မန္တလေး သြဂုတ် ၈
မန္တလေး ချမ်းမြသာစည်မြို့နယ် ဆ(၁)ရပ်ကွက် ချမ်းမြသာစည်မြို့နယ် အားကစားကွင်း မြောက်ဘက်၊ ၇၂ လမ်းနှင့် ၇၃လမ်းကြား ညီညွတ်ရေး လမ်းကြား အိမ်အမှတ် (၈၆)တွင် နေထိုင်သော ကိုပိုင်ပိုင်(ခေါ်)ကိုပိုင် စိုးသူ (၂၇နှစ်)၏သွပ်မိုး၊ ထရံကာ နှစ် ခန်းသုံးခန်းနှစ်ထပ်နေအိမ်၌ ယနေ့ မွန်းလွဲ ၂နာရီ ၁၅မိနစ်ခန့်က နေအိမ် အပေါ်ထပ် Led မီးတိုင်ကို အား သွင်းရာ လျှပ်စစ်မီးကြိုးမှ တစ်ဆင့် အပူချိန်လွန်ကဲ၍ နေအိမ်ကာရံထား သောထရံကို မီးစတင်လောင်ကျွမ်း ခဲ့ပြီး ¤င်းနေအိမ်မီးမှတစ်ဆင့် တောင် ဘက်ကပ်လျက်ရှိသော သွပ်မိုး၊ ထရံ ကာ နှစ်ခန်းသုံးခန်း တစ်ထပ်နေအိမ် ဖြစ်သည့် ကိုကျော်ဝင်းဦး(ခ) ကိုငယ် လေးနေအိမ်နှင့် တောင်ဘက်ကပ် လျက်ရှိ ဦးတင်အောင်နေထိုင် သော နှစ်ထပ်တိုက်အပေါ်ထပ် အတွင်း ပစ္စည်းများအကုန်လောင် ကျွမ်း၍အောက်ထပ်တွင် မီးဟပ် ခံခဲ့ရပြီး အိမ်နှစ်လုံး၊ တိုက်တစ်လုံး မီးလောင်သွားကြောင်း သိရသည်။

ကာ/လုံ ထောက်ခံချက်ဖြင့် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ပါက ယခင် ထောက်လှမ်းရေး ဟောင်းများ ပါဝင်လာဖွယ်ရှိ

ရန်ကုန် သြဂုတ် ၈

အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံချက် ဖြင့် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ပါက ယခင်ထောက် လှမ်းရေးဟောင်းများ ပါဝင်လာဖွယ်ရှိကြောင်း သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးသိန်းညွန့်က ပြောသည်။

ကော့ကရိတ်-မြဝတီတောင်ပေါ်ကားလမ်း ခြောက်ဘီးကားတစ်စီး တိမ်းမှောက်

 သြဂုတ် ၈ရက်၊ ၂၀၁၄ခုနှစ်။ နန်းချောင်ဖော့

 ကော့ကရိတ်-မြဝတီ တောင်ပေါ် ကားလမ်း၌ စားသောက်ကုန် တင်ဆောင်လာသော ခြောက်ဘီး ယာဉ်တစ်စီးသည် သြဂုတ် ၆ရက် နေ့(ကားအဆင်းနေ့) နံနက် ၈နာရီကျော်၌ မိုင်တိုင်အမှတ် ၇၈/၂ (ဝါးစခန်း)တွင် တိမ်းမှောက်သွားသည်ဟု မျက်မြင်သက်သေ ကားသမားများက ပြောသည်။

မြေသိမ်းယာသိမ်းခံ တောင်သူတွေ ဆန္ဒပြ

  မတ္တရာက တောင်သူတွေ
 ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် ထဲက သိမ်းဆည်းခံ စိုက်ပျိုးမြေတွေ အရေးနဲ့ ပတ်သက်ပြီး၊ တောင်သူ ၂၀ဝ ဝန်းကျင်လောက် ဆန္ဒပြဖို့ မြစ်သားမြို့ပေါ် တက်ရောက် ခဲ့ပေမယ့်၊ မြို့နယ် အာဏာပိုင်တွေ ရဲ့ ဂတိစကား တွေ ရခဲ့လို့ လူစု ခွဲခဲ့ကြပါ တယ်။

Friday, August 8, 2014

" တောင်ပြုံး ရဲကင်းမှ ရဲတပ်ဖွဲ့ ဝင်တွေ ရိုက်နှက်လို့ ရေသည်တဦး ပြင်းထန်စွာ ဒဏ်ရာရ"

ရဲတပ်ဖွဲ့ ဝင်တွေ ရိုက်နှက်လိုက်တဲ့ လူငယ်
 (၃၊၀၈၊၂၀၁၄) နေ့ည ၁၀ နာရီကျော်က မတ္တရာမြို့နယ်၊ တောင်ပြုံးရဲကင်းမှ ရဲတပ်ဖွဲ့ဝင်များမှ ဒုတ်များ၊ လက်ထိပ်များဖြင့် လူငယ်တဦးကို မေးမြန်း စုံစမ်းမရှိဘဲ ၀ိုင်းဝန်း ရိုက်နက်ခဲ့ကြတယ်။

ညောင်လေးပင်၌ လယ်မြေဧရိယာပေါင်း ၁၈၆၉၆ ဧက ရေလွှမ်းနစ်မြုပ်

 
 ညောင်လေးပင် သြဂုတ် ၇ 

ဩဂုတ် ၁ ရက်မှ ၆ ရက် အထိ မိုးအဆက်မပြတ် ရွာသွန်းမှု ကြောင့် မြစ်ချောင်းများ ရေလျှံတက် ကာ ညောင်လေးပင်မြို့အတွင်းရှိ လယ်ယာမြေများ ရေကြီးနစ်မြုပ်ခြင်း ခံခဲ့ရသည်။

နေအိမ်တွင် တစ်ဦးတည်း ရှိနေသော အဘွားအိုအား သတ်ကာ နားကပ်ဖြတ်ယူ သွားသူကို ဖော်ထုတ် ဖမ်းဆီးရမိ

ရန်ကုန်၊ သြဂုတ် ၇
၅.၈.၂၀၁၄ ရက်နေ့ ၁၆၃၀ အချိန်တွင် ရွှေပြည်သာ မြို့နယ်နေ ဒေါ်ခင်ဖြူအေးမှ ၎င်းသည် အထည်ချုပ် စက်ရုံ၌ အလုပ်လုပ် ကိုင်နေစဉ် နေအိမ်၌ ကျန်ခဲ့သော မိခင်ဖြစ်သူ ဒေါ်သိန်းတင်၊(၇၆)နှစ်မှာ သွေးအိုင် ထဲ၌ လဲနေကြောင်း သားဖြစ်သူမှ ဖုန်းဆက် အကြောင်း ကြားသဖြင့် နေအိမ်သို့ ပြန်လာကြည့်ရှုရာ မိခင်ဖြစ်သူ ဒေါ်သိန်းတင်မှာ လည်ပင်း ပြတ်ရှ ဒဏ်ရာများဖြင့် လဲကျသေဆုံး နေသည်ကို တွေ့ရှိရပြီး မိခင်ဖြစ်သူ၏ ၀ဲ/ယာ နားရွက် အဖျားများမှာလည်း ပြတ်နေကာ ၀တ်ဆင် ထားသော ကျောက်(၁)ပွင့်စီပါ ရွှေနားကပ်(၁)ရံ တန်ဖိုး(၁၀၀၀၀၀)ကျပ်ခန့်မှာ ပျောက်ဆုံး နေသည်ကို တွေ့ရှိရ သဖြင့် မိခင်အားသတ်၍ နားကပ်အား ယူဆောင် သွားသူကို စုံးစမ်း အရေးယူ ပေးပါရန် တိုင်တန်းချက်အရ ရွှေပြည်သာမြို့မရဲစခန်း (ပ)၄၉၆/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၀၂/၃၉၂ ဖြင့် အမှုဖွင့်လှစ်ကာ ပြစ်မှုကျူးလွန်သူအား စုံစမ်း ဆောင်ရွက်ခဲ့ ပါသည်။

ဆူပါမွန်းနေ့ ဒီရေတက်မှုကြောင့် ရေကြီးမှု အခြေအနေ ပိုမိုဆိုးရွားနိုင်

 
လနဲ့ ကမ္ဘာ အနီးကပ်ဆုံးရှိမယ့် Supermoon (ဆူပါမွန်း) နေ့ သြဂုတ် ၁၀ ရက်မှာ ဒီရေတက်မှာကြောင့် လက်ရှိ မြန်မာနိုင်ငံတွင်း ရေကြီးမှုအခြေအနေ ပိုမိုဆိုးရွားလာနိုင်တယ်လို့ မိုးလေ၀သပညာရှင် ဦးထွန်းလွင်က ခန့်မှန်းပြောပါတယ်။

“ကိုယ်ဝန်ဆောင်မိခင်လောင်းဇနီးမောင်နှံကိုမဲဆောက်ပုလိပ်ဖမ်း၊ MAT ကကယ်ထုတ်”

၂၀၁၄ ခု ဇူလိုင်လ ၈ ရက်
ကိုတီး(အလွတ်သတင်းထောက်)

              ကိုယ်ဝန်ငါးလရှိလာပြီး အလုပ်အကိုင် ဆက်လက် မလုပ်လိုတော့သဖြင့် နေ ရပ်သို့ ပြန်သည့် တရား ၀င် အလုပ်သမား ဇနီးမောင်နှံ အား မဲဆောက်ပုလိပ်က တစ်နေကုန်ဖမ်းဆီးချုပ်နှောင် ထားခဲ့ရာ၊ ဘန်ကောက် အခြေစိုက်ထိုင်းနိုင်ငံရောက် မြန် မာနိုင်ငံသားများအဖွဲ့ MAT ကူညီမှုဖြင့်လွတ်မြောက်သွား ခဲ့ပြီးဖြစ်သည်။

အွန်လိုင်းမှာ လူပြောများနေတဲ့ ရေသူမနဲ့ပတ်သက်လို့

အွန်လိုင်းမှာ နာမည်ကြီးပြီး အငြင်းအခုန်ဖြစ်နေတဲ့ ရေသူမ နဲ့ပတ်သက်တဲ့ မူလ ဖန်တီးရှင်ကို တွေ့ပါပြီ။ တကယ်တော့ ဒီ ရေသူမဆိုတာကို Pirates of the Caribbean ဇာတ်ကားထဲမှာ On the Stranger Tides အတွက် ရုပ်လုံးဖော်ကာ ဖန်တီးခဲ့ကြခြင်းဖြစ်ပါတယ်။ 

ဂျပန်မှာ အလုပ်ရမယ်ဆိုပြီး သိန်း ၃ထောင်ကျော်ဖိုး လိမ်ခံခဲ့ရတယ်

ဂျပန်မှာ Work Permit နဲ့ အလုပ်ရမယ်ဆိုပြီး တစ်ယောက်ကို ကျပ်သိန်းတစ်ရာကျော်စီ အလိမ်ခံရတဲ့ ၁၆ယောက်နဲ့ အခြားကိစ္စနဲ့ လိမ်ခံခဲ့ရသူ ၇ယောက်က အောင်ချမ်းမြေ့ ဆေးဝါးကျွမ်းကျင်သင်တန်းနဲ့ ကျော်ကျော်နိုင် မိသားစု နည်းပညာဝန်ဆောင်မှုကုမ္ပဏီက သူတို့ကို လိမ်လည်ခဲ့တယ်လို့ သြဂုတ် ၆ရက်နေ့က စွပ်စွဲခဲ့ပါတယ်။

ပြည်မြို့ရဲ့ ရှစ်လေးလုံး နှစ်ပတ်လည်နေ့ အခမ်းအနားနဲ့ ဆန္ဒပြပွဲ

(ဓာတ်ပုံများ - ကောင်းမြတ်မင်း /  ဧရာဝတီ)
 
သောကြာနေ့မှာ ကျရောက်တဲ့ ၂၆ နှစ်မြောက် ရှစ်လေးလုံး နှစ်ပတ်လည်နေ့ အခမ်းအနားနဲ့ ဆန္ဒပြပွဲတခုကို   ပြည်မြို့မှာ တွေ့ရပါတယ်။  ဗိုလ်ချုပ်ကျောက်ရုပ်ရှေ့မှာပြုလုပ်တဲ့အခမ်းအနားကိုတော့ ပြည်မြို့ရှိ နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ ဗကသများအဖွဲ့ချုပ်က ကျောင်းသား စုစုပေါင်း လူဦးရေ ၅၀ ဝန်းကျင် တက်ရောက်ခဲ့ပြီး၊ ပြည်တက္ကသိုလ်ရှေ့သို့အသွား ဆန္ဒပြ ချီတက်ချိန်မှာတော့ လူအင်အား ၁၅ ဦးခန့် ပါဝင်ခဲ့ပါတယ်။

မော်လမြိုင်ကျောင်းအုပ်ဆရာမကြီးကို စစ်ဆေးနေပြီ

အမှတ်(၁)အခြေခံပညာ ဦးစီးဌာနဆီက သတင်းတို ၂ ပုဒ် ရောက်လာပါတယ်။
သူတို့ဆီမှာ ဖြေရှင်းဆောင်ရွက်နေတဲ့ ကိစ္စရပ်နှစ်ခုအကြောင်း လိုတိုရှင်း ရေးထားတာပါ။

မြွေဟောက်များနှင့် အတူနေထိုင်ရင်း ပျော်ရွှင်နေသည့် (၁၁)နှစ်သမီးလေး

ကာဂျိုလ်ခန်းသည် အိန္ဒိယနိုင်ငံမှ အသက်(၁၁)နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးဖြစ်သည်။ သူမသည် ကျောင်းတက်ပြီး အတန်းဖော်များနှင့် တွေ့ဆုံရခြင်းထက် နေအိမ်တွင် ရှိနေသည့် မိတ်ဆွေများနှင့်သာ ဆော့ကစားလိုသူ ဖြစ်သည်။ သူမ၏ မိတ်ဆွေများ ဆိုသည်မှာ အလွန်အဆိပ်ပြင်းသည့် မြွေဟောက်ကြီးများ ဖြစ်ကြသည်။

Thursday, August 7, 2014

လက်မရှိသော်လည်း စန္ဒရားဆရာဖြစ်ခဲ့သူ


လက်နှစ်ဖက် မရှိသော်လည်း ဘဝကို အရှုံးမပေးဘဲ ရင်ဆိုင်နိုင်တဲ့ လက်မရှိ စန္ဒရားဆရာ Liu Wei အကြောင်းလေးကို ရေးသား လိုက်ရပါတယ်။

PR စနစ်ကို ရန်ကုန်မြို့တွင် ကန့်ကွက် ဆန္ဒပြ


(ဓာတ်ပုံများ - စိုင်းဇော်/ဧရာဝတီ)  
 
ပြည်သူ့လွှတ်တော်သို့ တင်သွင်းထားသည့် PR စနစ်ကို ပြည်သူများ ပူးပေါင်းဆန္ဒပြမှုတခု ရန်ကုန်မြို့လယ်တွင် သြဂုတ်လ(၅)ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

ဘရာဇီး မိုက်ကယ်ဂျက်ဆင်

မိုက်ကယ်ဂျက်ဆင်လို့ ပြောလိုက်ရင် ကမ္ဘာတလွှား သူ့ပရိသတ်တွေက မျက်လုံးပင့်သွားကြမယ်ထင်ပါ တယ်။ အခုလည်း မိုက်ကယ်ဂျက်ဆင်ရဲ့ ပရိသတ်တွေထဲက သူ့ကို အရှုးအမူးဖြစ်ပြီး မိုက်ကယ်နဲ့ အခြေခံ ရုပ်လက္ခဏာတူတဲ့ မိုက်ကယ်ဂျက်ဆင် အသစ်တဦး ပေါ်လာပါပြီ။

ပဲခူးတွင် ဆိုင်ကယ်သမား(၃)ဦးမှ စက်ဘီးစီးလာသူ အမျိုးသမီး၏လက်ဆွဲအိတ်အား ဆွဲယူထွက်ပြေးမှုဖြစ်ပွား

 ၃-၈-၂၀၁၄ ရက်နေ့တွင် ပဲခူးမြို့၊ မြို့မရဲစခန်းအပိုင်၌ ဆိုင်ကယ်စီးလာသူ(၃)ဦးမှ ကွမ်းဆိုင်သိမ်းပြီး ပြန်လာသည့် အမျိုးသမီးတစ်ဦး ဂျိုင်းကြားတွင်ညှပ်ထားသည့် မိန်းမကိုင်လက်ဆွဲအိတ်အား ဆောင့်ဆွဲ လုယူထွက်ပြေးမှုဖြစ်ပွားခဲ့သည်။

Monday, August 4, 2014

မြန်မာ့အရေး ၂၀၁၄ညီလာခံ ၃ရက်ကြာ ကျင်းပခဲ့

 ဘားမား စတာဒီစ် ၂၀၁၄ ညီလာခံ
 မြန်မာ့ အရေး လေ့လာရေး ပညာရပ်ဆိုင်ရာ နိုင်ငံတကာ ညီလာခံ တစ်ရပ်ကို စင်္က࿿ာပူ နိုင်ငံမှာ ၃ ရက် ကြာ ကျင်းပခဲ့တာ မှာ၊ တက်ရောက် လာ ကြသူတွေဟာ လက်ရှိ မြန်မာ့ နိုင်ငံရေး အပြောင်းအလဲ အပေါ် သုံးသပ်မှုတွေ အပါအဝင်၊ မြန်မာ့ လူ့အဖွဲ့အစည်း အတွင်း တွေ့ကြုံ နေရတဲ့ စိန်ခေါ်မှုတွေ ကို ဆွေးနွေးထားကြ တဲ့ စာတမ်းတွေ ကို ဖတ်ခဲ့ကြ၊ သဘောထား အမြင်တွေကို ဖလှယ်ခဲ့ကြတယ် လို့ သိရပါတယ်။

KIA ကား ဆုချသော ခြေတစ်ပေါင်ကျိုးပြိုင်ပွဲ ကိုယ်စားဝင်ပြိုင်သူ လေးနာရီရပ်နိုင်ပြီး အနိုင်ရ

(ဓာတ်ပုံ- မောင်တာ)
By မောင်တာ
မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် ခြေတစ်ဖက်တည်းရပ်ပြီး ကားကိုအချိန်အကြာဆုံးထိထားနိုင်သူအား KIA ကား ဆုချီးမြှင့်သည့်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နေသူများကို တွေ့ရစဉ်။ လေးနာရီကျော် ရပ်နိုင်ပြီး ဆုရရှိသွားသော ကိုမောင်မောင်မှာ(ဘောင်းဘီတိုအကျား−ဝဲအစွန်ဆုံး) အငှားဝင်ရောက် ယှဉ်ပြိုင်ခဲ့သူဖြစ်ပြီး အနိုင်ရသောကြောင့် ၎င်းကို ငှားရမ်းယှဉ်ပြိုင်ခိုင်းသူက ကျပ်တစ်ဆယ့်ငါးသိန်း ပေးအပ်ခဲ့သည်။

Sunday, August 3, 2014

ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ရွှေကျင်မြို့နယ် လေဆင်နှာမောင်း တိုက်ခတ်မှု

ဓါတ်ပုံ - အင်တာနက် 
ဩဂုတ် ၃ ရက်
ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ရွှေကျင်မြို့နယ် သစ်ဖယောင်းတန်း ကျေးရွာတွင် ယနေ့နံနက် (၁၀း၃၀) အချိန် တွင် လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် အိမ်ခြေ(၅၂)လုံး ပျက်စီးသွားခဲ့ပြီး လူဦးရေ (၂၅၉) အိမ် မဲ့အိုးမဲ့ ဖြစ်ခဲ့ ရသည်။

MPT အချင်းချင်း ခေါ်ဆိုမှု တစ်မိနစ် ၂၅ ကျပ်သို့ လျှော့ချရန် စီစဉ်

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း (MPT)က ယင်းတို့၏ မို ဘိုင်းဖုန်း အချင်းချင်း ခေါ်ဆိုမှုကို တစ်မိနစ်လျှင် ၂၅ ကျပ်နှုန်းသို့ လျှော့ချပေးရန် စီစဉ်လျက်ရှိပြီး အတည်ပြုနိုင်ရန် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း သတင်းရရှိ သည်။

ခြေထောက်တွင် ဘုရားပုံတော် ဆေးမင်ကြောင် ထိုးထားသောနိုင်ငံခြားသားအား ပြည်နှင်ဒဏ်ပေး

ခြေထောက်တွင် ဘုရားပုံတော် ဆေးမင်ကြောင် ထိုးထားသော ကနေဒါနိုင်ငံ သားအား လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင် အားဝန်ကြီးဌာနက ညောင်ရွှေမှ ညတွင်းချင်း ရန်ကုန် လေဆိပ်သို့ ပြန်ပို့ကာ ပြည်နှင်ဒဏ်ပေး ခဲ့ကြောင်း မြန်မာနိုင်ငံ ဧည့်လမ်း ညွှန်အသင်း (MTGA) မှ သတင်း ရရှိသည်။

ကင်မရာရှေ့မှာ ထမင်းစားပြီး တစ်လကို ကန်ဒေါ်လာ သောင်းချီရတဲ့ အမျိုးသမီး

ပုံမှာ မြင်တွေ့ နေရတဲ့ အမျိုးသမီး ဟာ Park Seo-yeon လို့ အမည်ရပြီး The Diva လို့ Nickname ပေးထား ပါတယ်။ သူ့ရဲ့ အလုပ်က ကင်မရာ ရှေ့မှာ တစ်ရက်ကို ၃ နာရီ ထမင်းစားခြင်း ဖြစ်ပြီး တစ်လတစ်လ သူ့ရဲ့ ဝင်ငွေက အမေရိကန်ဒေါ်လာ ၉၄၀၀ ရှိပါတယ်။ ကန်ဒေါ်လာ ၁ သောင်းကပ်နေတဲ့ သူမ ဝင်ငွေကို ပေးတဲ့ သူတွေ ကတော့ ကြည့်ရှုသူတွေနဲ့ အလှူဒါန်းတဲ့ အဖွဲ့အစည်း တစ်ခုတို့ ဖြစ်ပါတယ်။
ကိုရီးယားမှာ Family (မိသားစု) ဆိုတာကို အဓိပ္ပါယ်ဖွင့်ရင် ထမင်းအတူ စားခြင်း လို့ အမည်ရ ပါတယ်။ ဒါကြောင့်မို့ တစ်ယောက်တည်း မနက်စာ၊ နေ့လည်စာ၊ ညစာ စားသုံးခြင်း တို့က အထီးကျန်ဆန်တယ်လို့ ယူဆ ကြပြီး အများ မျက်စိရှေ့မှာ ဆိုရင် ရှက်စရာ အလေအထ တစ်ခုလို့တောင် ယူဆ ပါတယ်။

လှည်းကူးမြို့နယ် ဒါးပိန်မြို့ မြောက်ပိုင်းလူသတ်မှု့နှင့်ပတ်သက်၍ မြို့ခံပြည်သူများထိတ်လန့်စိုးရိမ်နေ


ဒါးပိန်
ဇူလိုင်-၃၀
ဇူလိုင် ၁၇ရက်နေ့  နေ့လည် ၂း၃၀ အချိန်ခန့်က  လှည်းကူးမြို့နယ် ဒါးပိန်မြို့  ဒါးပိန်နယ်မြေရဲစခန်းအပိုင် ဒါးပိန်မြို့မြောက်ပိုင်းတွင် အသက် ၄၉နှစ် အရွယ် အမျိုးသမီးတစ်ဦးအား လည်ပင်းလှီးသတ်ဖြတ်ခံရမှု့နှင့်ပတ်သက်၍ ဒါးပိန်မြို့ခံများ ထိတ်လန့်စိုးရိမ်နေရကြောင်းသိရှိရသည်။  ။