Saturday, August 9, 2014

ကာ/လုံ ထောက်ခံချက်ဖြင့် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ပါက ယခင် ထောက်လှမ်းရေး ဟောင်းများ ပါဝင်လာဖွယ်ရှိ

ရန်ကုန် သြဂုတ် ၈

အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံချက် ဖြင့် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ပါက ယခင်ထောက် လှမ်းရေးဟောင်းများ ပါဝင်လာဖွယ်ရှိကြောင်း သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးသိန်းညွန့်က ပြောသည်။
ယနေ့ သင်္ဃန်းကျွန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ရုံးခန်းမ၌ ပြုလုပ်သော သင်္ဃန်းကျွန်းမြို့နယ် လွှတ်တော်ကိုယ်စား လှယ်များ လွှတ်တော်အတွေ့အကြုံရှင်းလင်းပွဲ၌ ပြောခြင်းဖြစ်သည်။
အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်နှင့်ပတ်သက်သည့် အဆိုကို ပြီးခဲ့သည့်လွှတ်တော်၌တင်ခဲ့ရာ သက်ဆိုင်ရာက အမျိုးသားကာကွယ်ရေး နှင့်လုံခြုံရေးကောင်စီ၏ထောက်ခံချက်ဖြင့် အထွေထွေလွတ်ငြိမ်း ချမ်းသာခွင့် ထပ်မံထုတ်ပြန်ပေးဖွယ်ရှိကြောင်း ပြန်လည်ဖြေကြား ခဲ့သည်ဟု သိရသည်။

ဦးသိန်းညွန့်က ''ဒုတိယအကြိမ်လွှတ်တော်ကတည်းက အထွေ ထွေလွတ်ငြိမ်းချမ်းသာခွင့်ရဖို့ အဆိုတင်ခဲ့တယ်။ ခိုး၊ လူသတ် စတာ တွေကလွဲရင် နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် တတ်နိုင်သမျှ ပြစ်ဒဏ်သက်သာခွင့်ပေးဖို့ လိုအပ်တယ်။ အဓိကကတော့ အမျိုးသား ပြန်လည်သင့်မြတ်ရေးရဖို့ပေါ့။ သင်္ဃန်းကျွန်းမြို့နယ်ထဲမှာနေထိုင်တဲ့ Custom က ထောက်လှမ်းရေးအရာရှိဟောင်းတို့ရဲ့ဖခင်နဲ့ ဇနီးတို့ရဲ့ တင်ပြချက်တွေရခဲ့တယ်။ ထောက်လှမ်းရေးအကြီးအကဲ ဦးခင်ညွန့် နေအိမ် အကျယ်ချုပ်ပြန်လွှတ်ပြီး သူ့အမိန့်ကိုနာခံရတဲ့ ထောက်လှမ်း ရေးဟောင်း ၂၂ဦး ကျန်နေတာ ဘယ်လိုမှတရားမျှတမှု မရှိဘူးလို့ ယူဆတယ်။ ထောက်လှမ်းရေးနဲ့ ဆက်စပ်ပြီး ထောင်ထဲမှာကျန်နေ တဲ့သူတွေလဲ အများကြီးပဲ။ အဆို တင်တဲ့အခါ သူတို့အတွက်လဲပါ တယ်။ အဆိုကိုပြန်လည်ဖြေကြား ချက်အရ လွတ်လမ်းမရှိတော့ဘူး ဆိုပြီး စိတ်ဓာတ်ပိုင်းဆိုင်ရာအရ ထိခိုက်နေတဲ့အတွက် အများကြီး မျှော်လင့်ချက်ရှိသွားတယ်''ဟု ပြော သည်။

နိုင်ငံတော်သမ္မတ အနေဖြင့် စတင် တာဝန်ထမ်းဆောင်ခဲ့ပြီး မကြာမီ ၂ဝ၁၁ခုနှစ် မေလ ၁၆ရက် မှစ၍ ၂ဝ၁၄ ခုနှစ် မေလ ၂၈ ရက်အတွင်း ပြစ်ဒဏ်ဆိုင်းငံ့လျှော့ ပေါ့မှုနှင့် လွတ်ငြိမ်းချမ်းသာခွင့် အမိန့် (ငါး) ကြိမ်၊ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄ဝ၁ ပုဒ်မခွဲ (၁) အရ ပြစ်ဒဏ်ဆိုင်းငံ့လွတ်ငြိမ်း ခွင့် (၄၃) ကြိမ်ထုတ်ပြန်ခဲ့ကြောင်း၊ နိုင်ငံရေးအကျဉ်းသားများ အပါ အဝင် အကျဉ်းသား စုစုပေါင်း ၆၈၈၂၄ ဦးကို လွှတ်ပေးခဲ့ပြီးဖြစ် ကြောင်း၊ ထို့ပြင် ၂ဝ၁၃ ခုနှစ်မှစ၍ နိုင်ငံရေးအကျဉ်းသားများစိစစ်ရေး ကော်မတီကိုဖွဲ့စည်းခဲ့ပြီး ယင်း ကော်မတီ၏ စိစစ်ထောက်ခံချက် အရ နိုင်ငံရေးအကျဉ်းသားပေါင်း ၃၅၄ ဦးကိုလည်း လွှတ်ပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၌ လွတ်လပ်ရေး ရရှိချိန်မှစပြီး အစိုးရအဆက်ဆက် အနေဖြင့် အမျိုးသားပြန်လည်စည်း လုံးညီညွတ်ရေးအတွက် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်များ ကိုအခါအားလျော်စွာ ထုတ်ပြန်ခဲ့ သည်။

ရွှေအာကာ၊ ညွန့်ဝင်း
The Union Daily


No comments:

Post a Comment