စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ကန့်ဘလူမြို့နယ် ထောက်ရှာအိုင် ကျေးရွာတွင်
ဒေသ အခြေစိုက် စစ်တပ် က သိမ်းယူထားသည့် လယ်ယာမြေဧက ၂၇၄၂ ဧကကို
ပြန်လည်ရရှိရန် အတွက် တောင်သူလယ်သမား ၂၀၀၀ ကျော်က ယင်းမြေနေရာတွင်
ယနေ့မနက်ပိုင်းက ထွန်တုံးတိုက်ပွဲ ဆင်နွဲခဲ့ကြကြောင်း သိရသည်။
ထောင်ရှာအိုင်ကျေးရွာနှင့် အနီးဝန်းကျင်ရှိ ခအုန်းသာ၊ ပေကြီး၊ ယောက်သင်္ကန်း၊
ညီမွန်၊ ထနောင်းကိုင်း၊ ပိတောက်ကုန်း ကျေးရွာများမှ တောင်သူလယ်သမားများက
နွားထွန်ရှဉ်း ၇၀ နှင့် မနက် ၈ နာရီမှ ၁၀ နာရီအထိ ထွန်ယှက် ဆန္ဒပြခဲ့ကြောင်း
တောင်သူအရေး ကူညီဆောင်ရွက်ပေးနေသူများက ပြောပြသည်။
Saturday, March 29, 2014
သန်းခေါင်စာရင်းကောက်ခံသူတွေ လုံခြုံရေး ကုလစိုးရိမ်
ရခိုင်ပြည်နယ်အတွင်း မငြိမ်မသက်မှုတွေကြောင့် နေအိမ်ပျက်စီးသွားခဲ့သူ အမျိုးသမီးတစ်ဦး။
30.03.2014
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ နိုင်ငံတကာအစိုးရမဟုတ်တဲ့အဖွဲ့အစည်း INGO
နဲ့ ကုလသမဂ္ဂရုံးတွေကို လူအုပ်က တိုက်ခိုက်ခဲ့တဲ့အပေါ် အထူးပဲ စိုးရိမ်တဲ့
အကြောင်း ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့ UNFPA က ပြောလိုက်ပါတယ်။
မြို့တော်ခန်းမရှေ့က သပိတ်စခန်း ဖြိုခွဲခံရ
Sunday, March 30, 2014
Photo: RFA
စစ်တပ်ကသိမ်းထားတဲ့မြေတွေပြန်ရဖို့ ရန်ကုန်မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံအနားမှာ ဆန္ဒပြတောင်းဆိုနေတဲ့ ရန်ကုန်တိုင်း မိချောင်းကန်ရပ်ကွက်သူ ရပ်ကွက်သားတွေရဲ့ သပိတ်စခန်းကို ရဲတပ်ဖွဲ့က စည်ပင်သာယာ ဝန်ထမ်းတွေနဲ့ အရပ်သား တချို့ခေါ်လာပြီး အမိုးအကာတွေ အခု မတ်လ ၃ဝ ရက် မနက် ၃ နာရီကျော်မှာ ဝင်ရောက်ဖျက်သိမ်း လိုက်ပါတယ်။
Friday, March 28, 2014
၁၅ နှစ်ကျော် မိန်းကလေးကို ဇနီးဖြစ်သူက ဆေးတိုက်ပြီး ခင်ပွန်းဖြစ်သူက အဓမ္မပြုကျင့်
Friday, March 28, 2014
ဒဂုံ ဆိပ်ကမ်းမြို့နယ် တွင် အသက်(၁၅) နှစ် (၉) လ အရွယ် မိန်းကလေးငယ် တစ်ဦး ကို လင်မယား နှစ်ဦး က ဆေးတိုက် ကာ ခင်ပွန်း ဖြစ်သူ က အဓမ္မ ပြုကျင့်မှု တစ်ခု ဖြစ်ပွားခဲ့ ကြောင်းဒဂုံ ဆိပ်ကမ်း မြို့မ ရဲစ ခန်းမှ သိရသည်။
တပ်မတော်ကအခွင့်အရေးမယူဘူးတဲ့လား?
Saturday, March 29, 2014
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ
"တစ်ဦးချင်းအတွက်၊ ပါတီတစ်ခုအတွက်၊ အဖွဲ့အစည်းတစ်ခုအတွက်၊ တိုင်းရင်းသား လူမျိုးစုတစ်ခုအတွက်၊ တပ်မတော်အတွက် ရေးဆွဲပြဌာန်းထားတဲ့မူ မဟုတ်ဘူး၊ ဒါ့ကြောင့်ထောက်ခံဆန္ဒမဲပေးသူ ၉၂.၄၈ ရာခိုင်နှုန်းရဲ့ ဆန္ဒကို လေးစားရမှာဖြစ်တယ်၊ "လို့ဆိုသွားတယ်
အခြေခံဥပဒေ ပြင်ဆင်ရေး ထောက်ခံဆန္ဒမဲ ၉၂ ဒသမ ၄၈ ရာခိုင်နှုန်းကို လေးစားရန် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် ပြော
Thursday, March 27, 2014
မြောက်ကိုရီးယားတက္ကသိုလ်ကျောင်းသားများအား ကင်ဂျုံအန်ဆံပင်ပုံထားရှိရန် တိုက်တွန်း
မြောက်ကိုရီးယားအမျိုးသားတက္ကသိုလ်
ကျောင်း သားများသည် ယခုအခါ ၎င်းတို့ နိုင်ငံ့ခေါင်းဆောင် အာဏာရှင်
ကင်ဂျုံအန်ကဲ့သို့ ဆံပင်ပုံစံမျိုး တစ်ပုံစံတည်း ညှပ်ထားကြရန်
လိုအပ်နေပြီဖြစ်သည်။
မြို့တော်ပြုံယမ်းတွင် ပြီးခဲ့ သည့် နှစ်ပတ်ခန့်က ထုတ်ပြန်ခဲ့ သည့်
အစိုးရက ပိတ်ပင်တားမြစ် ချက်နှင့် လမ်းညွှန်ချက်များတွင် ထိုသို့
ကင်ဂျုံအန်ကဲ့သို့ ဆံပင်ပုံ ညှပ်ထားရန် တိုက်တွန်းထားခြင်း ဖြစ်သည်။ ယခုအခါ
နိုင်ငံတစ် ဝန်းသို့ ဖြန့်ချိထားသော ယင်း သတ်မှတ်ချက်များကို အချို့က
မလိုက်နာလိုကြဘဲ မိမိတို့နှင့် လိုက်ဖက်သည့် ဆံပင်ပုံစံသာ
ထားချင်ကြကြောင်းဆိုသည်။
လက်ထိတ်၊ သံကြိုးတန်းလန်းနှင့် ဆေးရုံတက်နေသည့် အမျိုးသမီးသရုပ်ဆောင်သစ်အား အချုပ်ခန်းပြန်ပို့
ရိုက်ကူးခြင်းမပြုရသေးသည့်
ရုပ်သံဇာတ်လမ်းတွဲ၏ ဇာတ်ညွှန်းမိတ္တူပျောက်ဆုံးမှုဖြင့် တရားစွဲခံထားရသော
အမျိုးသမီးကို ဆေးရုံခုတင်ပေါ်တွင် လက်ထိတ်တန်းလန်းနှင့်
သံကြိုးချည်ထားသည့်ပုံ ဖေ့စ်ဘွတ်ခ်ပေါ်သို့ တင်လိုက်သည့်
အဆိုတော်CobraကိုLaser World ကုမ္ပဏီက တရားစွဲမည်ဖြစ်ကြောင်း
ပြောကြားလိုက်သည်။
“ပုဇွန်အခွံခွာသည့်အလုပ်ရုံမှ အလုပ်သမား ၂၂ ဦးအား ကယ်ထုတ်”
မင်းဘခက်၊ ၂၀၁၄ မတ်လ ၂၇ ရက်
ထိုင်းနိုင်ငံမဟာချိုင်မြို့တွင်ရှိသော ပုဇွန်အခွံခွာသည့် အလုပ်ရုံတွင် ရောင်းစားခံနေရသည့် မြန်မာအလုပ်သမား ၂၂ ဦးတို့အား ပူးပေါင်းအဖွဲ့တို့က ယနေ့ကယ်တင်နိုင်ကြောင်းသိရှိရသည်။
ပုဒ်မ ၁၄၄ ထုတ်ထားသည့် စစ်တွေမြို့ မြင်ကွင်း (ဓာတ်ပုံ)
By ဒီဗွီဘီ
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ညမထွက်ရအမိန့် ပုဒ်မ
၁၄၄ ထုတ်ပြန်လိုက်ပြီး လူ ၅ ယောက်ထက် ပိုမစုဖို့နဲ့ အကြမ်းဖက်လုပ်ရပ်တွေ
မလုပ်ကြဖို့ သက်ဆိုင်ရာက အမိန့်ထုတ်ထားပါတယ်။
စစ်တွေမြို့ပေါ်မှာ အိုင်အန်ဂျီအို ရုံးပေါင်း ၅၀ လောက် တည်ရှိပြီး ရုံးတိုင်းလိုလိုကို လိုက်လံဖျက်ဆီးခံနေရတာပါ။
ကိုရီးယားစစ်ပွဲအတွင်း ကျဆုံး တရုတ်စစ်သား ၄၃၇ ဦး၏ရုပ်ကြွင်းများ ပြန်ပို့
၁၉၅၀ – ၅၃ ကိုရီးယားစစ်ပွဲအတွင်း ကျဆုံးခဲ့တဲ့ တရုတ်စစ်သား
၄၃၇ ယောက်ရဲ့ ရုပ်ကြွင်းတွေကို ယာယီ အရိုးအိုးဗိမာန်ကနေ တရုတ်နိုင်ငံကို
ပြန်ပို့ဖို့ လေဆိပ်ကို ဒီနေ့ လွှဲပြောင်းပေးနေတယ်။
စစ်တွေတွင် ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွား
By ခင်ဦးသာ
ရခိုင်ပြည်နယ် စစ်တွေမြို့၌ မာတေဇာ (NGO) အဖွဲ့မှ နိုင်ငံခြားသူ တဦးသည်
၎င်းတို့ ငှားရမ်းနေထိုင်သည့် နေအိမ်တွင် လွှင့်ထူ ထားသော ဗုဒ္ဓဘာသာ
သာသနာ့အလံကို ဖြုတ်ချ၍ မလေးမစား လုပ်သည်ဟုဆိုကာ ယမန်နေ့ ညက
ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွား ကြောင်း သိရသည်။
အာမခံချက်မရှိသေးတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းရေး
ကိုရဲ
“ကျွန်တော်တို့တော့
လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးပစ္စည်းဆိုတာ ဘာမှန်းတောင်မသိဘူး၊
တစ်ခါမှလည်း မ၀တ်ဘူး။ ကျွန်တော်တို့လုပ်နေတာ ၅နှစ်
၆နှစ်လောက်တောင်ရှိနေပြီ၊ ဒီလိုပဲ လုပ်နေတာပဲ”လို့ သူကပြောရင်း တူထုဖို့
အလှည့်ကျသူတစ်ဦးကို လွှဲပေးလိုက်ပါတယ်။
မလေးရှားလေယာဉ်တစ်စီး ပျံသန်းစဉ် အင်ဂျင်မီးလောင်၍ အရေးပေါ်ဆင်းသက်
Wednesday, March 26, 2014
ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများ ဒုက္ခ
ထိုင်းနိုင်ငံအတွင်းရှိ ရွှေ့ပြောင်းမြန်မာအလုပ်သမား အားလုံးနီးပါးမှာ
နိုင်ငံတော်သမ္မတကြီးနှင့် အစိုးရအဖွဲ့ ဝင်ဝန်ကြီးများ သက်ဆိုင်ရာအစိုးရ
ဝန်ထမ်းအရာရှိများ၏ ကူညီပံ့ပိုးပေးမှုကြောင့် ယာယီနိုင်ငံကူးလက်မှတ်
များ လက်ဝယ်ကိုင်ဆောင်ထားခွင့်ရနေပြီး ထိုင်းလဝက၊ ထိုင်းရဲများ ထိုင်းအလုပ်ရှင်များ၏ မတရားမှုများမှ ကင်းဝေးလျှက်ရှိပါသည်။
ဆေးကျောင်းသားတစ်ဦးပျောက်ဆုံးနေ
ရန်ကုန်၊ မတ် ၂၆
၂၃.၃.၂၀၁၄ရက်နေ့ ၂၃၃၀အချိန်တွင် ဗိုလ်တထောင်မြို့နယ်၊(၉)ရပ်ကွက်၊ (၄၆)လမ်း၊ အမှတ်(၁၀)၊ အခန်းအမှတ်(၃၀၂)နေ ဦးရမ်ဇာဝါးမှ ၎င်း၏ အတူနေသားဖြစ်သူ မောင်ဇော်မြတ်ထွဋ်၊ (၂၁)နှစ်၊ ၁၂/ဗတထ(နိုင်) ၀၄၄၃၄၈၊ နောက်ဆုံးနှစ် အပိုင်း(က)၊ဆေးတက္ကသိုလ်(၁)ကျောင်းသားမှာ ပျောက်ဆုံး နေကြောင်းနှင့် စုံစမ်းရှာဖွေပေးပါရန် တိုင်တန်းချက်အရ ဗိုလ်တထောင်မြို့မရဲစခန်း လူပျောက်အမှတ်စဉ်(၃/၂၀၁၄)ဖြင့်ဖွင့်လှစ်ကာ စုံစမ်းဆောင်ရွက်လျက်ရှိပါသည်။
၂၃.၃.၂၀၁၄ရက်နေ့ ၂၃၃၀အချိန်တွင် ဗိုလ်တထောင်မြို့နယ်၊(၉)ရပ်ကွက်၊ (၄၆)လမ်း၊ အမှတ်(၁၀)၊ အခန်းအမှတ်(၃၀၂)နေ ဦးရမ်ဇာဝါးမှ ၎င်း၏ အတူနေသားဖြစ်သူ မောင်ဇော်မြတ်ထွဋ်၊ (၂၁)နှစ်၊ ၁၂/ဗတထ(နိုင်) ၀၄၄၃၄၈၊ နောက်ဆုံးနှစ် အပိုင်း(က)၊ဆေးတက္ကသိုလ်(၁)ကျောင်းသားမှာ ပျောက်ဆုံး နေကြောင်းနှင့် စုံစမ်းရှာဖွေပေးပါရန် တိုင်တန်းချက်အရ ဗိုလ်တထောင်မြို့မရဲစခန်း လူပျောက်အမှတ်စဉ်(၃/၂၀၁၄)ဖြင့်ဖွင့်လှစ်ကာ စုံစမ်းဆောင်ရွက်လျက်ရှိပါသည်။
Tuesday, March 25, 2014
အမေရိကန်က အခြားနိုင်ငံ တစ်နိုင်ငံလုံးရဲ့ ဖုန်းများကို အသံဖမ်းပြီး ပြန်လည်နားထောင်နိုင်
Wednesday, March 26, 2014
လတ်တလော ပြည်သူများ၏ ခွင့်ပြုချက်မရှိဘဲ ဖုန်းများကို တိတ်တဆိတ်
နားထောင်မှုများကြောင့် ပြည်သူများ၏ ပြစ်တင်ကြိမ်းမောင်းမှု ခံနေရတဲ့
အမေရိကန် အမျိုးသားလုံခြုံရေး အေဂျင်စီ (National Security Agency) မှာ
အခြားနိုင်ငံ တစ်နိုင်ငံလုံးရဲ့ ဖုန်းခေါ်ဆိုမှုများကို အသံဖမ်းယူထားနိုင်
ပြီး ပြန်လည် နားထောင်မယ့် နည်းပညာရပ်များ ရှိနေကြောင်း ထပ်မံထွက်ပေါ်လာတဲ့
သတင်းပေါက်ကြားချက်များအရ သိရှိရပါတယ်။
Monday, March 24, 2014
မလေးရှား လေကြောင်းဌာန၏ MH 370 နောက်ဆုံး အဆုံးသတ်ပြီ
Tuesday, March 25, 2014
10:45 Pm 24.3.2014
မလေးရှားလေကြောင်း ပိုင် Boring 777-200 အမျိုးအစားလေယာဉ် ကြီး၏ ကွာလာလမ်ပူ - ပေကျင်း ခရီးစဉ် ဖြစ်သော ပျံသန်းအမှတ် MH370 သည် ယနေ့ ၂၄.၃.၂၀၁၄ တွင် တောင်အိန္ဒိယ သမုဒ္ဒယာတွင်း သို့ ပျက်ကျ ခဲ့ပြီး ခရီးသည် ၊ လေယာဉ် အမှုထမ်း အားလုံး အသက်ဆုံးရှုံးပြီးဖြစ်ကြောင်း ကို မလေးရှား နိုင်ငံ ၏ ရုပ်သံ လိုင်းများမှ တဆင့် မလေးရှား ဝန်ကြီးချုပ် Najib မှ ရှဖွေသူများ၏ အတည်ပြုချက်အရ ဝမ်းနည်းစွာ ကြော်ငြာကြောင်း သိရှိရသည် ။
မလေးရှားလေကြောင်း ပိုင် Boring 777-200 အမျိုးအစားလေယာဉ် ကြီး၏ ကွာလာလမ်ပူ - ပေကျင်း ခရီးစဉ် ဖြစ်သော ပျံသန်းအမှတ် MH370 သည် ယနေ့ ၂၄.၃.၂၀၁၄ တွင် တောင်အိန္ဒိယ သမုဒ္ဒယာတွင်း သို့ ပျက်ကျ ခဲ့ပြီး ခရီးသည် ၊ လေယာဉ် အမှုထမ်း အားလုံး အသက်ဆုံးရှုံးပြီးဖြစ်ကြောင်း ကို မလေးရှား နိုင်ငံ ၏ ရုပ်သံ လိုင်းများမှ တဆင့် မလေးရှား ဝန်ကြီးချုပ် Najib မှ ရှဖွေသူများ၏ အတည်ပြုချက်အရ ဝမ်းနည်းစွာ ကြော်ငြာကြောင်း သိရှိရသည် ။
“MOU အလုပ်သမားအား မြန်မာကိုယ်စားလှယ်က ဘီယာဗူးဖြင့်ပေါက်၊ ထိုင်းကုမ္ပဏီပိုင်ရှင်ကပါးရိုက်”
မင်းဘခက် ၂၀၁၄ ခု မတ်လ၂၄
မဟာချိုင် ပန်းရံလုပ်ငန်းခွင့်သို့ ခေတ္တပြောင်းရွှေ့ခံထားရသည့်
MOUအလုပ်သမား၂၂ဦးအား တာဝန်ရှိသည့်ကုမ္ပဏီများက ကောင်မွန်စွာဖြေရှင်းခြင်းပြုရမည့်အစား
ကိုယ်စားလှယ်က အလုပ်သမငယ် တစ်ဦးအား သောက်လက်စ ဘီယာဗူးဖြင့် ပစ်ပေါက်ခဲ့ကြောင်းသိရှိရသည်။
၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲ အခြေအနေ တစေ့တစောင်း
ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ ဒီနှစ်အတွင်း
မကြာခင်ကျင်းပမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြေညာလိုက်တဲ့
ကြားဖြတ်ရွေးကောက်ပွဲတွေဟာ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက်
အားစမ်းမှုတခုဖြစ်လာနိုင်တယ်လို့ သုံးသပ်သူတွေ ရှိသလို၊
တိုင်းရင်းသားပါတီတချို့ ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို
ပိုပြီးအားကောင်းသွားစေလိမ့်မယ်လို့ သုံးသပ်နေကြပါတယ်။ ရခိုင်အမျိုးသားပါတီ
ဒေါက်တာအေးမောင်၊ ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဦးလှဆွေ နဲ့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဝင်းထိန် တာဝန်ခံတချို့ ကို
ဗွီအိုအေသတင်းထောက် ဒေါ်အင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။
Sunday, March 23, 2014
လျှို့ဝှက် ရုပ်ပျိုဆေး
ငယ်ငယ်တုန်းက ကျောင်းပိတ်ရက်တွေဆို သူငယ်ချင်းတွေနဲ့ ချိန်းပြီး ရွာနောက်က စမ်းချောင်းထဲမှာ ငါးသွားမျှားလေ့ရှိတယ်။ လယ်ကွင်းပြင်တွေ ဖြတ်ပြီး သွားရတဲ့အတွက် စမ်းချောင်းနားရောက်တာနဲ့ အရင်ဆုံး လုပ်ရတဲ့ အလုပ်ကတော့ ခြေထောက်မှာ တွဲလောင်း တွဲလောင်း ကပ်တွယ်နေတဲ့ လက်သန်းသာသာလောက်ရှိ မျှော့ကြီးတွေကို ခွါပစ်ရတဲ့အလုပ်ပဲ။ အသဲယားအူယားတတ်တဲ့လူတွေဆို ကြည့်တောင် မကြည့်ရဲကြဘူး။ မိုးတွင်းကာလဆို အဆိုးဆုံး။ မိုးကျတာနဲ့ လယ်ကွင်းတွေထဲ အများဆုံးပေါက်နေတဲ့ အကောင်ပလောင်တွေကတော့ မျှော့တွေပါပဲ။ မိန်းကလေးတွေ ဘယ်သူမှ မသွားရဲကြဘူး။ မျှော့အတွယ်ခံရမှာစိုးလို့ တဲ့။ ကျုပ်တို့ ကောင်လေးတွေကတော့ တီတွေ မျှော့တွေ မပြောနဲ့ တစ်ခါတစ်လေ မြွေတွေတောင် ဖမ်းပြီး အိပ်ထောင့်ထဲ ထည့်ထားလိုက်သေးတယ်။ ကြောက်ရမှန်းမသိ၊ လန့်ရမှန်းမသိပေါ့။
သမီးလေးရွာသူ/ရွာသားများကို မြေနေရာပြန်ချထားပေးမည်ဆို
ကျူးကျော်မြေဟုဆိုကာ ဖယ်ရှားခံခဲ့ရသော လှည်းကူးမြို့ နယ်၊ သမီးကလေးကျေးရွာမှ ရွာ သူရွာသားများကို ပြန်လည်စိစစ် ၍ လှည်းကူးမြို့နယ်အတွင်းရှိ အခြားသောကျေးရွာများတွင် မြေနေရာပြန်လည်ချထားပေးရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
ရခိုင်သူရဲကောင်း အလိုရှိသည်
၂၀၁၁ သမ္မတ ဦးသိန်းစိန် အစိုးရသစ် တက်မလာခင် ရခိုင်ပြည်နယ် နဲ့ ဒီနေ့
ရခိုင်ပြည်နယ် အခြေအနေကိုကြည့်ရင် အတော့်ကို အံ့သြစရာ အလှည့်အပြောင်း
အခြေအနေကြီး တစ်ခုကို တွေ့ကြရမယ် ဖြစ်ပါတယ်။
“အလည်ဗီဇာနဲ့တင်ပို့လိုက်တဲ့အလုပ်သမားများအကူညီတောင်းခံ”
မင်းဘခက် ၂၀၁၄ ခုမတ်လ၂၁
နိုင်ငံကူးလက်မှတ်စာအုပ်(ပတ်စပို့)
ဖြင့် ထိုင်းနိုင်ငံအတွင်းသို့ MOU ကုမ္ပဏီက တင်သွင်းလာခဲ့ သည့် အလုပ်သမားများမှာ လာမည့်
၂၅ ရက်နေ့ တွင် ဗီဇာသက်တမ်းကုန်ဆုံးတော့မည်ဖြစ်သဖြင့် နယ်စပ် သို့ ပို့ဆောင်ပေး ပါရန်
အကူညီတောင်းခံလျှက်ရှိကြောင်း သိရှိရသည်။
အလုပ်သမားများအား
ဆောက်လုပ်ရေးလုပ်ရမည်ဟု စာချုပ်ချုပ်ဆို ခဲ့ကြသော်လည်း လက်ရှိတွင်
ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီ ဘူပန်တစ်အရပ်တွင်ရှိသော
ရာပြားသန့်စင်ထုတ်လုပ်သည့်အလုပ်ရုံတွင် ဓါတုဆေးရည်များဖြင့်
လုပ်ကိုင်ရသည့်အလုပ်ရုံတွင်လုပ်ကိုင်နေကြရကြောင်း အလုပ်သမားများကပြော သည်။
“MOUအလုပ်သမား၅၀ဦး တစ်နေ့တည်းပုလိပ်၃ကြိမ်အဖမ်းခံရ”
ခရမ်းသားလေး ၂၀၁၄ ခု
မတ်လ ၂၂ ရက်
မေ၀င့်ကုမ္ပဏီမှ
တင်ပို့ထားသည့်MOU အလုပ်သမား
၅၀ ဆယ်ကျော် ယမန်နေ့ကတစ်နေ့တည်းတွင်
ပုလိပ်၃ကြိမ်တိုင်တိုင်ဖမ်းဆီးခြင်းကိုခံခဲ့ရသဖြင့်ထမင်း၂ထပ်ငတ်ခဲ့ကြရကြောင်း
MAT အဖွဲ့ကပြောသည်။
Subscribe to:
Posts (Atom)