Saturday, April 5, 2014

လှည်းကူးဈေးအတွင်း ပဋိပက္ခဖြစ်ပွားမှု ထိန်းသိမ်းနိုင်၍ ဈေးရောင်းဈေးဝယ်တို့ဖြင့် ပုံမှန်အတိုင်း စည်ကားလျက်ရှိ


Sunday, April 06, 2014


ရန်ကုန် ဧပြီ ၅

ရန်ကုန်-မန္တလေး လမ်းမကြီးကို မျက်နှာမူထားသော လှည်းကူးမြို့၏ မြို့မဈေးအတွင်း ခိုက်ရန်ဖြစ်ပွားမှုမှ ပဋိပက္ခအသွင်သို့ ဖြစ်ပေါ်ခဲ့ သော်လည်း ယနေ့ နံနက်တွင် ပုံမှန်အတိုင်း အေးချမ်းစွာဖြင့် ဈေးဝယ်ဈေးသည်တို့ဖြင့် စည်ကားသွားလာလျက်ရှိကြောင်း သိရသည်။

တရားမ၀င်မြန်မာ လုပ်သား ၁၀၀ ကျော် ထိုင်းရဲဖမ်းဆီး

ဓာတ်ပုံ − bangkokpost

နေလင်းထွန်း

ရန်ကုန်− လူမှောင်ခိုအဖွဲ့တစ်ဖွဲ့ က ခိုးသွင်းလာသော တရားမ၀င် မြန်မာရွှေ့ပြောင်းအလုပ်သမား တစ်ရာကျော်ကို ထိုင်းနိုင်ငံ၊ တက်ခ်ခရိုင်အတွင်း ဖမ်းဆီးမိခဲ့ ကြောင်း ဘန်ကောက်ပို့စ် သတင်းစာက ရေးသားဖော်ပြထားသည်။

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ မူကြမ်း ရေးဆွဲနိုင်ရေးအတွက် ဆွေးနွေး

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး မူကြမ်းရေးဆွဲနိုင်ရေးအတွက် အစိုးရ တပ်မတော်နဲ့ လွှတ်တော်ကိုယ်စားလှယ်များ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံးပါဝင်တဲ့ ဆွေးနွေးပွဲကို ရန်ကုန်မြို့မှာ ဧပြီလ ၅ ရက်နေ့က ပြုလုပ်နေပါတယ်။
ရန်ကုန်မြို့မြန်မာငြိမ်းချမ်းရေးစင်တာမှာ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ မူကြမ်း ရေးဆွဲနိုင်ရေးအတွက် ဆွေးနွေးမှုတွေကို ဧပြီလ ၅ ရက်နေ့က စတင်ပြုလုပ်နေပါတယ်။
NCCT and MPC 05042014အခုတွေ့ဆုံဆွေးနွေးပွဲမှာ အစိုးရ၊ တပ်မတော်၊ လွှတ်တော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ ပထမဆုံး တွေ့ဆုံဆွေးနွေးတာဖြစ်တဲ့အတွက်  ထူးခြားမှု တခု ဖြစ်ခဲ့ပါတယ်။
ဒါ့အပြင် အရင်က မပါဝင်ခဲ့တဲ့ ဝပြည်သွေးစည်းညီညွတ်ရေးပါတီ၊ ရှမ်းပြည်ပြန်လည် ထုထောင်ရေးကောင်စီ၊ ရှမ်းပြည်အရှေ့ပိုင်း အထူးဒေသ ၄၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)နဲ့ နာဂ အမျိုးသား ဆိုရှယ်လစ်ကောင်စီတို့ ဆွေးနွေးပွဲတက်ရောက်တာကို တွေ့ရပါတယ်။

မြန်မာအသင်း မလေးရှားအသင်းကို ခြေစွမ်းပြ အနိုင်ရ

ဂျပန်နိုင်ငံ အိုဆာကာ မြို့မှာ ကျင်းပနေတဲ့ ဂျပန်-အာဆီယံ ယူ ၁၄ ချစ်ကြည်ရေးပွဲစဉ် တတိယနေ့ ဧပြီ ၅ရက်နေ့မှာ မြန်မာ ယူ ၁၄ အသင်းက မနက်ပိုင်းမှာ မလေးရှားအသင်းနဲ့ ကစားခဲ့ပြီး ညနေပိုင်းမှာ ဂျပန်ယူ ၁၄ နဲ့ ချစ်ကြည်ရေးပွဲ ဒုတိယပွဲစဉ်အဖြစ်ကစားခဲ့ ပါတယ်။
DSC03982ပထမပိုင်းမှာ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ပြီးနောက်ပိုင်း နည်းစနစ်နဲ့ ကြံခိုင်ရေးပြည့်စုံတဲ့ ဂျပန်အသင်းကို ဂိုးသွင်းခွင့်ပေးလိုက်ရပြီး မြန်မာအသင်းက အချိတ်အဆက်အားနည်းလာပြီး ၃ ဂိုး အသွင်းခံလိုက်ရပါတယ်။
မြန်မာအသင်းက ဂိုးသွင်းနိုင်တဲ့ အခွင့်အရေးတွေ ရခဲ့မယ့် ဂိုးသွင်းလွဲချော်မှုတွေ ရှိပါတယ်။ မြန်မာအသင်းက ပွဲပြီးခါနီး ၁ ဂိုး ပြန်သွင်းနိုင်ပေးမယ့် ဒိုင်လူကြီး အဆုံးအဖြတ်နဲ့ မရခဲ့ပါဘူး။

သင်္ကြန်ကာလအတွင်း အိတ်ဇောသံဆူညံသည့်ဆိုင်ကယ်များ အသိမ်းခံရမည်

Saturday, April 05, 2014

မန္တလေးသင်္ကြန်ပွဲတော်ကာလအတွင်း ရေပက်ခံထွက်နေသည့်ဆိုင်ကယ်များအားတွေ့ရစဉ်(ဓာတ်ပုံ − ညီညီဇော်)
ညီညီဇော်
မန္တလေး− မန္တလေးမြို့သင်္ကြန်ပွဲ တော်တွင် မော်တော်ဆိုင်ကယ် များ အိတ်ဇောစက်သံဆူညံစွာ မောင်းနှင်ပါက သင်္ကြန်ပွဲတော် ကာလအတွင်း ဆိုင်ကယ်သိမ်း ဆည်းခံရမည်ဖြစ်ကြောင်း သ တင်းရရှိသည်။

ယောက်ဖအသတ်ခံရမှု သွားကြည့်သူ လူငယ်ကို ရဲတပ်ဖွဲ့ဝင်လေးဦးက နံပါတ်တုတ်များဖြင့် ဝိုင်းရိုက်ဟုဆို


ရန်ကုန်၊ ဧပြီ ၎

မှော်ဘီမြို့နယ် မြောင်းတကာ ကျေးရွာအမှတ် (၄) ရပ်ကွက် ဘုရားကြီးလမ်းတွင် ဧပြီလ ၃ ရက် ည ၇ နာရီခန့်က ယောက်ဖဖြစ်သူ ဓားထိုး အသတ်ခံရသည်ဟု ကြားသိရသောကြောင့် အသတ်ခံရသော နေအိမ်သို့ သွားရောက် ကြည့်ရှုခဲ့သော အသက် ၂၈ နှစ်အရွယ် အမျိုးသားကို နယ်မြေခံ ရဲတပ်ရင်းမှ စခန်းမှူး အပါအဝင် ရဲတပ်ဖွဲ့ဝင် လေးဦးက နံပါတ်တုတ်များဖြင့် ဝိုင်းရိုက်နှက်ခဲ့သည်ဟု ယင်းကျေးရွာ နေသူများထံမှ သိရှိရသည်။

လှည်းကူးမြို့နယ်၊ မြို့မဈေးအတွင်း ခိုက်ရန် ဖြစ်ပွားခဲ့မှုအား အရေးယူ ထားရှိခြင်း

ရန်ကုန်၊ ဧပြီ ၅


၎.၄.၂၀၁၄ ရက်နေ့ ၁၅၄၅ အချိန်တွင် လှည်းကူးမြို့နယ်၊ မြို့မဈေး  အရှေ့ဘက် အမိုးအကာ ကူရှင်ပြုလုပ်သည့် ဆိုင်ခန်းအမှတ်(၂၇/၂၉/၅၉) ဆိုင်ခန်း(၃)ခုမှ ဦးကိုကိုနိုင်၏သားများ ဖြစ်သည့် ရန်နိုင်(ခ)ရန်အောင်ကိုကို (ခ)အွစ္စမန်ပါ(၃)ဦးတို့နှင့် ဆိုင်ခန်းအမှတ်(၁/၂၈)မှ “ချစ်မိတ်ဆွေ”အမည်ရှိ နာရီနှင့် အပိုပစ္စည်းရောင်းဝယ်ရေးဆိုင်မှ သက်ပိုင်ဦး၊ (ဘ)ဦးအောင်ဦးတို့ ခိုက်ရန်ဖြစ်ပွားခဲ့ရာ ရန်နိုင်ပါ(၃)ဦးမှ တုတ်ဖြင့်ရိုက်ပြီး ချွန်ထက်သောအရာ ဖြင့်ထိုးခဲ့သဖြင့် သက်ပိုင်ဦး၏ မျက်လုံးနှင့် ဦးခေါင်းတို့တွင် ဒဏ်ရာရရှိခဲ့ ပါသည်။

လှည်းကူးမြို့တွင်ခိုက်ရန်ဖြစ်ပွားမှုမှတစ်ဆင့် လူစုလူဝေးဖြင့်ဆူပူမှုဖြစ်ပေါ် (ရုပ်/သံ)


လူသတ်မှု၊ မုဒိမ်းမှု၊ ဓားပြမှုနှင့် လုယက်မှုများ အစိုးရသစ် လက်ထက်တွင် ပိုများလာ

Saturday, April 05, 2014


(ရန်ကင်းမြို့နယ်၌ ဖြစ်ပွားခဲ့သော ရက်စက်စွာ လူသတ်မှုဖြစ်စဉ်တွင် ကျူးလွန်သူကို ပြင်းထန်စွာ အရေးယူပေးရန် ဆန္ဒထုတ်ဖော်နေစဉ် (ဓာတ်ပုံ- ဝေလင်းအောင်)

အစိုးရသစ် လက်ထက်တွင် ရန်ကုန်တိုင်းဒေသကြီး၌ ဖြစ်ပွားခဲ့သည့် အမှုကြီး ၁၀ ခုတွင် မုဒိမ်းမှု၊ ဓားပြမှု၊ လုယက်မှုတို့မှာ နှစ်စဉ်တိုးမြင့် လာနေကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

Friday, April 4, 2014

NLD အရိပ့်ခို သူတော်ကောင်းအယောင်ဆောင် တော်ဝင်နှင်းဆီဖောင်ဒေးရှင်း ဥက္ကဌ ဦးစိုးညွန့်၏ လုပ်ရပ်များ



ဒေါ်မူယာခင်နှင့် ဦးစိုးညွန့်(ဥက္ကဌ၊ တော်ဝင်နှင်းဆီဖောင်ဒေးရှင်း)တို့သည် ဦးဘရွှေ၊ ဒေါ်တုတ်တို့၏သားသမီးအရင်းများမဟုတ်ကြဘဲ မွေးစားသားသမီးများဖြစ်ကြောင်း၊ စစ်ဆေးပေါ်လွင်
ပြီးဖြစ်သော်လည်း လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ ဒေါ်မူယာခင်တစ်ဦးတည်းကိုသာ မိဘအရင်းဖြင့် မျိုးရိုးဇယားပြင်ဆင်ခိုင်းခြင်းသည် တရားမျှတမှု၊ ပွင့်လင်း
မြင်သာမှုမရှိကြောင်း မီဒီယာမှတဆင့် တင်ပြအပ်ပါသည်။

ပြည်ခိုင်ဖြိုးပါတီမှ သမ္မတ၊ ဒုသမ္မတများလျှို့ဝှက်လျာ ထားသည်ဟူသောသတင်းမှန်ကန်ခြင်းမရှိဟုဒုဥက္ကဋ္ဌဦးဌေးဦးဆို

လာမည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကြီးအပြီးပေါ်ထွန်း လာမည့် အစိုးရသစ်အတွက်လက် ရှိအာဏာရပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ သမ္မတ၊ ဒုသမ္မတလောင်းများကို လျှို့ဝှက် လျာထားသည်ဟု ပြင်ပနှင့် အင် တာနက်စာမျက်နှာအချို့၌သတင်း အချို့ထွက်ပေါ်လျက်ရှိနေပြီး၊ ယင်း သို့သတင်းများထွက်ပေါ်နေခြင်း မှာ ဟုတ်မှန်ခြင်းမရှိကြောင်း၊ လက်ရှိအာဏာရပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအနေ ဖြင့် ကိုယ်စားလှယ်အမည်စာရင်း များပင်တောင်းခံရသေးခြင်းမရှိ ကြောင်း၊ ပါတီဒုတိယဥက်္ကဋ္ဌ ဦးဌေးဦးကဆိုသည်။

အမေဖြစ်သူကို ကျောက်ကပ်ပေးကာ အသက်စွန်ခဲ့တဲ့ ၇နှစ်အရွယ်ကလေး



အမေဖြစ်သူကို ကျောက်ကပ်ပေးကာ အသက်စွန်ခဲ့တဲ့ ၇နှစ်အရွယ်ကလေး
ဦးနှောက်ကင်ဆာဖြစ်နေတဲ့ ၇နှစ်အရွယ် ကလေးတစ်ဦးဟာ သူ့အမေရဲ့အသက်ကို ကျောက်ကပ်ပေး ကယ်တင်ကာ သူ့အသက်ကို စွန့်လွှတ်ခဲ့တယ်လို့ဆိုပါတယ်။

“မရဏပတ်စပို့”



                                       မရဏာနုဿတိပဲကြားဖူးတယ်။ မရဏပတ်စပို့လို့ ဘာကြောင့်ခေါ် လာရတာလဲ။ မကြာခင်က စိန်စီတဲ့ ပတ်စပို့ ဆိုပြီး မင်္ဂလာရှိရှိ ပြောခဲ့   သေးတယ်လေ။ အချစ်ကို ဘယ် လိုပြောရမယ်ဆိုပြီးလည်းနောက်  ဆုံး ရွှေနားတော်သွင်း ဧချင်းရေးဖွဲ့ ခဲ့သေး တာပဲမဟုတ်ဘူးလား။
           သန်းချီရှိတဲ့အလုပ်သမားတွေ တစ်နေ့တခြား ပတ်စပို့သက်တမ်းတွေ ကုန်ဆုံးလာတယ်။ အလုပ်ရှင်တွေက ဆက်ပြီးတော့ အလုပ်မခိုင်းရဲကြတော့ ဘူး။ အလုပ်သမားတွေလည်း စိတ်ဆင်းရဲနေကြတယ်။ ကုန်ထုတ်လုပ်မှုမှာ ထိခိုက်မှုတွေဖြစ်လာတယ်။

“ဘန်ကောက်တွင် ရခိုင်အလုပ်သမားဇနီးမောင်နှံအသတ်ခံရ”

၂၀၁၄ ခု ဧပြီ ၄ ရက်
မြတ်ညို(အလွတ်သတင်းထောက်)
          ဘန်ကောက်မြို့၊ ဘန်ဘော်မြို့တွင် ရခိုင်အလုပ်သမား ဇနီးမောင်နှံ ၂ဦး ပြီးခဲ့သည့် တနင်္ဂနွေနေ့ ညဥ့်နက်ပိုင်း က နေထိုင်ရာအခန်းထဲတွင် သတ်ြ ဖတ်ခံခဲ့ရကြောင်း နာရေးကူညီနေကြသည့် ရခိုင်ပါတီဝင် များထံမှသိရသည်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီဥက္ကဋ္ဌ ဦးထွန်းရီ ကွယ်လွန်

အာဏာရှင်ဟောင်းဦးနေ၀င်းရဲ့ မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ)ကို အမွေဆက်ခံတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ခေါင်းဆောင်ဖြစ်တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးထွန်းရီဟာ ဒီနေ့ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။
ဓာတ်ပုံ - nationalunityparty.orgတိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီရဲ့ ဥက္ကဋ္ဌ အသက် ၈၈ နှစ် အရွယ်ရှိ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးထွန်းရီ ဧပြီ ၄ ရက်နေ့ မနက် ၂ နာရီမှာ ရန်ကုန်မြို့ ရွှေဂုံတိုင် အက်စ်အက်စ်စီဆေးရုံမှာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားတယ်လို့ ပါတီပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ဓာတ်ပုံ – nationalunityparty.org
ဦးထွန်းရီဟာ ၁၉၈၁ ခုနှစ်မှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီရဲ့ ဗဟို အလုပ်အမှုဆောင် ဖြစ်လာပြီး ၂၀၀၅ ခုနှစ်ကနေ ကွယ်လွန်ချိန်အထိ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီဥက္ကဋ္ဌ တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။

အခွန်အများဆုံး ထမ်းဆောင်သူ ၁၀၀ ကို ဂုဏ်ပြုမည်

လာမယ့် ဧပြီ ၇ ရက်နေ့ကျရင် ၀င်ငွေခွန်နဲ့ ကုန်သွယ်လုပ်ငန်းခွန် အများဆုံး ထမ်းဆောင် ထားကြတဲ့ လုပ်ငန်းရှင် စုစုပေါင်းအယောက် ၁၀၀ ကို ပြည်တွင်းအခွန်ဦးစီးဌာနက ဂုဏ်ပြုလက်မှတ်တွေ ပေးမယ်လို့ ရန်ကုန်တိုင်းအခွန်ရုံး တာဝန်ရှိသူတယောက်က ဒီဗွီဘီကို အတည်ပြု ပြောဆိုပါတယ်။
tax pဒီလုပ်ငန်းရှင်တွေရဲ့ ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်အတွင်း အခွန်ဆောင်ခဲ့တဲ့ ပမာဏကို
ကြည့်ပြီး ဂုဏ်ပြုတာ ဖြစ်ပြီး အဲဒီကုမ္ပဏီတွေထဲမှာ ကမ္ဘောဇဘဏ်က အခွန်အများဆုံး ဆောင်ထားသူ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်က လုပ်ငန်းရှင် ၄၀ ကို ဂုဏ်ပြုခဲ့ပြီး အခုနှစ် တိုးမြှင့်ကာ အယောက် ၁၀၀ ကို ဂုဏ်ပြုတာ ဖြစ်ပါတယ်။

ပြည်သူ့အတွက် NDF ဘာတွေလုပ်ခဲ့သလဲ

လွှတ်တော်ထဲမှာ NDF ဒါတွေလုပ်ခဲ့တယ်




နိုင်ငံရေး
နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးလွတ်ငြိမ်းချမ်းသာခွင့် အမိန့်ထုတ်ပြန်ရန် လွှတ်တော်စစခြင်း တင်သွင်းခဲ့တယ်။
နိုင်ငံရေးပြစ်မှုတွေကို အရေးယူတဲ့ ပုဒ်မ ၅ (ည)နဲ့ ပုဒ်မ ၁၀ (က) (ခ)တွေကို ပယ်ဖျက်ရန် တင်ပြခဲ့တယ်။
ပြည်တွင်းငြိမ်းချမ်းရေးအတွကaပြည်သူ့တို့ယုံကြည်သူများ ပါဝင် တဲ့  ငြိမ်းချမ်းရေးကော်မတီတရပ်ဖွဲ့စည်းရန်တင်သွင်းခဲ့တယ်
အကျဉ်းသားအခွင့်အရေးတွေကို လူ့အခွင့်အရေးနှဲ့ လျော်ညီစွာ ရရှိစေဖို့ တင်ပြဆွေးနွေးခဲ့တယ်။

လှည်းကူးပဋိပက္ခ ထိန်းသိမ်းရန် ပုဒ်မ ၁၈၈ ထုတ်ပြန်

လှည်းကူးမြို့လယ် ရန်ကုန်−မန္တလေးလမ်းမကြီး(လမ်းဟောင်း)ပေါ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဒေါသထွက်နေသော မြို့ခံအချို့ ထိပ်တိုက်တွေ့ဆုံနေသည်ကို ဧပြီ ၄ ရက် ညက တွေ့ရစဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
 
လှည်းကူးမြို့နယ်တွင် ဈေးဆိုင်နှစ်ဆိုင်ပြဿနာဖြစ်ပွား ရာမှစတင်၍ ပဋိပက္ခဖြစ်ပွားခဲ့ရာ ဧပြီ ၄ ရက် ည ၁၀ နာရီခွဲတွင် လှည်းကူးမြို့နယ်အုပ်ချုပ်ရေးမှူး က ဒေသန္တရအမိန့်ဖြင့် ပုဒ်မ ၁၈၈ ထုတ်ပြန်ခဲ့သည်။
ညနေ ၃ နာရီခန့်မှစတင်ဖြစ်ပွားခဲ့သော ပဋိပက္ခတွင် လူအုပ်ကြီးက ည ၉နာရီ ၅၀ ခန့်တွင်  လမ်းဘေးဝဲယာ တစ် လျှောက်ရှိ အိမ်များ၊ ရဲကားများကို အုတ်ခဲဖြင့် စတင်ပစ်ပေါက်မှုများပြုလုပ်ခဲ့ရာ ရဲတပ်ဖွဲ့အင်အား ၅၀၀ ခန့်ဖြင့် အခြေအနေကို ထိန်းသိမ်းရန် ကြိုးစားခဲ့ရပြီး ည၁၀ နာရီခွဲတွင် ပုဒ်မ ၁၈၈ ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ထိုအမိန့်ကို ဧပြီ ၄ ရက် ညနေ  ၆ နာရီမှ ဧပြီ ၅ ရက် နံနက် ၆ နာရီအထိ ထုတ်ပြန်ခြင်းဖြစ်ပြီး၊ သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရန်၊ တုတ်၊ ဓါးလက်နက်များ မကိုင်ဆောင်ရန်၊ မဖျက်ဆီးရန် စသည်တို့ကို အာဏာပိုင်တို့က လိုက်လံကြေညာသည်။

ပထမဆုံးအကြိမ် ဖုန်းပြောဆိုခ အပို ထပ်ပေးမည်

phone refill card
လာမယ့် ဧပြီ ၁၂ ရက်နေ့ကနေ ၂၁ ရက် သင်္ကြန်ကာလ အတွင်း မြန်မာ့ဆက်သွယ်ရေးက ထုတ်တဲ့ မိုဘိုင်းဖုန်း ငွေဖြည့်ကတ် ကျပ် ၁ သောင်းတန် ၀ယ်ယူသူတွေဟာ အပိုအဖြစ် နောက်ထပ် ငွေကျပ် ၂၀၀၀ ဖိုး ပြောဆိုနိုင်မယ်လို့ ဆက်သွယ်ရေးမိုဘိုင်းဌာန အင်ဂျင်နီယာ တ ယောက်က ပြောပါတယ်။

အိမ်ထောင်ဦးစီး (ဗိုလ်ချုပ်မှူးကြီး)ဦးသန်းရွှေ နေပြည်တော်နေအိမ် သန်းခေါင်စာရင်းကောက်ယူခဲ့

Friday, April 04, 2014




ရန်ကုန်၊ ဧပြီ၁

သမ္မတဦးသိန်းစိန်အစိုးရ၏ သန်းခေါင်စာရင်းကောက်ယူမှုတွင် လက်ရှိတပ်မတော်နှင့် အစိုးရအပေါ် သြဇာ အာဏာ သက်ရောက်လျက်ရှိပြီး နောက်ကွယ်မှ အာဏာရှင်အဖြစ် နိုင်ငံရေးလေ့လာသူများ သတ်မှတ်ခြင်း ခံထားရသော အငြိမ်းစားဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ နေပြည်တော်နေအိမ်သို့လည်း သန်းခေါင် စာရင်းကောက် ယူရေးအဖွဲ့ရောက် ရှိခဲ့ကာ အများပြည်သူကို မေးမြန်းခဲ့သော မေးခွန်း(၄၁)ခု မေးမြန်းခဲ့ပြီး မည်ကဲ့ သို့ ဖြေကြား ခြင်းမျိုး ရှိခဲ့ကြောင်း ကိုမူ တာဝန်ရှိသူများက ဥပဒေအရ ဖြေ ဆိုနိုင်ခြင်းမပြုကြောင်း ဧပြီ (၂)ရက်တွင် မြန်မာ သံတော်ဆင့် သို့ ငြင်းဆန်ပြောကြားခဲ့သည်။

လယ်သမား ကူညီပေးရေးဌာနတွေ ဖွင့်လှစ်ဖို့ ကလင်တန်ဖောင်ဒေးရှင်း ကူညီမည်

ကျေးလက်နေ တောင်သူတွေကို အကူအညီတွေ ပေးနိုင်မယ့် Farmer Center တွေ ဖွင့်လှစ်ဖို့ကိစ္စ နိုင်ငံတကာလူမှုရေးအသင်းအဖွဲ့ဖြစ်တဲ့ ကလင်တန်ဖောင်ဒေးရှင်းနဲ့ မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်း တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
အမေရိကန်အခြေစိုက် ကလင်တန်ဖောင်ဒေးရှင်းက မစ္စတာ Martha E. Brantley ဦးဆောင်တဲ့အဖွဲ့က တောင်သူလယ်သမားအသင်း ဥက္ကဋ္ဌနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းကဘဲ ရန်ကုန်မှာ တွေ့ဆုံခဲ့ပြီး Farmer Center တည်ဆောက်ရေးကိစ ပြောဆိုဆွေးနွေးခဲ့ကြပါတယ်။
Farmers plant rice seedlings in a paddy field on the outskirts of Yangonဒီတွေ့ဆုံမှုနဲ့ ပတ်သတ်ပြီး မြန်မာနိုင်ငံတောင်သူလယ်သမားအသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက တောင်သူတွေအတွက် တကယ်လိုအပ်တဲ့အကူအညီတွေ ရရှိမယ်လို့ မျှော်လင့်တဲ့အကြောင်း ဒီဗွီဘီကို ပြောပါတယ်။
တောင်သူတွေရဲ့လိုအပ်ချက်ဖြစ်တဲ့ နည်းပညာ၊ မျိုးစေ့နဲ့ လယ်ယာသုံးပစ္စည်းတွေကို အရစ်ကျ ၀ယ်ယူနိုင်မယ့် အခွင့်အရေး အပြင် ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်တွေအပေါ်မှာလည်း အကူအညီ ပေးနိုင်ဖို့အတွက် ကလင်တန်ဖောင်ဒေးရှင်းက မြန်မာ့နိုင်ငံကို လာရောက်ခဲ့တာပါ။

ဧပြီလ ၄ ရက်နေ့ မိုးလေ၀သ ခန့်မှန်းချက် – ဒေါက်တာထွန်းလွင်

ဧပြီ ၃ ရက်နေ့ မနက် ၇ နာရီ မိနစ် ၃၀ အချိန် ဖမ်းယူရရှိထားတဲ့ တိမ်ပုံမှာဆိုရင် ကပ္ပလီ ပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ တိမ်အသင့်အတင့်မှ တိမ်ထူထပ် နေပါတယ်။ ကျန်ဘင်္ဂလားပင်လယ်အော်မှာတော့ တိမ်နည်းငယ် ဖြစ်ထွန်းနေပါတယ်။
မြန်မာနိုင်ငံပေါ်မှာကတော့ မြောက်ပိုင်း၊ တောင်ပိုင်းနဲ့ အနောက်ပိုင်းဒေသတွေမှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါတယ်။ ကျန်ဒေသတွေမှာ တိမ်ကင်းစင်နေတာကို တွေ့ရှိရပါတယ်။
weather04042014ဧပြီ ၄ ရက်နေ့အတွက် မြန်မာ့ပင်လယ်ပြင်အခြေအနေ ခန့်မှန်းချက်အနေနဲ့ကတော့ မြန်မာ့ ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ လှိုင်းအနည်းငယ်သာ ရှိနိုင်ပြီး လှိုင်းအမြင့် ၁ ပေကနေ ၂ ပေလောက် မြင့်တက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ဧပြီ ၄ ရက်နေ့အတွက် ခရမ်းလွန်ရောင်ခြည် မြင့်တက်နိုင်မှုကတော့ မြိတ်မြို့မှာ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း ၁၄၊ မော်လမြိုင်၊ ဘားအံ၊ ပုသိမ်နဲ့ တောင်ကြီးမှာ ခရမ်းလွန် ရောင်ခြည်အညွှန်းကိန်း ၁၃ ဒဿမ၊ ၂၊ ရန်ကုန်မြို့မှာ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း ၁၃ ဒဿမ၊ ၁ ၊ ပဲခူးမှာ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း ၁၃ အထိမြင့်တက်နိုင်ပါတယ်။
မြစ်ကြီးနားမှာ ခရမ်းလွန်ရောင်ခြည်မြင့်တက်မှုဟာ ၈ လောက်သာ ရှိနိုင်ပြီး ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာ ၁၀ ကနေ ၁၂ အထိမြင့်တက်နိုင်ပါတယ်။

Thursday, April 3, 2014

ချီလီနိုင်ငံတွင် ငလျင်ကြီးလှုပ်ခတ်ပြီးနောက် ပျက်စီးမှုစာရင်း ကောက်ယူနေစဉ် အင်အားပြင်းငလျင်ထပ်မံလှုပ်

ဆန်တီယာဂို

ချီလီနိုင်ငံမြောက်ပိုင်းဆိပ်ကမ်း အီကွီကျူတွင် ငလျင်နှင့်ဆူနာမီလှိုင်းရိုက်ခတ်ပြီးနောက် လှေများကို ဆယ်ယူရန်ကြိုးစားနေသော တံငါသည်များ (Francisco Alcayaga Motta/REUTERS
)
ဂျပန်နိုင်ငံအထိပင် သတိပေးချက်ထုတ်ပြန်ခဲ့ရသည့် ဆူနာမီလှိုင်း သတိပေးချက်များ ဖြစ်ပေါ်စေခဲ့ပြီး လူခြောက်ဦး သေဆုံးခဲ့သော ရစ်ခ်ျတာစကေး ၈ ဒသမ ၂ အဆင့်ရှိ အင်အားပြင်း မြေငလျင် လှုပ်ခတ်ပြီးနောက် ကုန်းမြင့်ဒေသများတွင် ခိုလှုံခဲ့ကြ သည့် ချီလီနိုင်ငံသား ထောင် ပေါင်းများစွာသည် ဧပြီ ၂ ရက်တွင် နေရပ်သို့ ပြန်လည်ရောက်ရှိလာကြသည်။

အဓမ္မစစ်မှုထမ်းခိုင်း၍ ပလောင်ဒေသရှိ လီဆူးတိုင်းရင်းသားများ ရွာလုံးကျွတ် ထွက်ပြေး

Friday, April 04, 2014



လားရှိုး၊ ဧပြီ ၂

ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် မန်လုံးကျေးရွာအုပ်စု တာလတ်ကျေးရွာတွင် ပလောင် စကားပြော လက်နက်ကိုင်တပ်ဖွဲ့ တစ်ဖွဲ့က အဓမ္မ စစ်သားစုဆောင်းမှုများ ပြုလုပ်နေပြီး စစ်မှုထမ်းရန် ငြင်းဆန်သူများကို သတ်ပစ်သဖြင့် ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်ခဲ့ရကြောင်း ကာယကံရှင် လီဆူး တိုင်းရင်းသားများထံမှ သိရှိရသည်။

ဆရာကြီးဦးဝင်းတင်၏ ကျန်းမာရေး အစိုးရတာဝန်ယူလျက်ရှိ အထူးခြားဆုံး ဂုဏ်ပြုခံရခြင်းအဖြစ် သုံးသပ်

Friday, April 04, 2014



မတ်လ ၂၉ ရက် ညနေပိုင်းက ဆရာကြီးဟံသာဝတီဦးဝင်းတင်ကို ၈၈ မျိုးဆက်ပွင့်လင်း အဖွဲ့ခေါင်းဆောင် ကိုမင်းကိုနိုင်မှ လာရောက်လူနာကြည့်ရှု

ရန်ကုန်၊ ဧပြီ ၃

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိ၊ ၀ါရင့်သတင်းစာ ဆရာကြီး ဟံသာဝတီဦးဝင်းတင်၏ ကျန်း မာရေး စောင့်ရှောက် ကုသမှု အ၀၀ကို ပြည်ထောင်စု အစိုးရအဖွဲ့၊ ကျန်းမာရေး ၀န်ကြီးဌာနမှ ပြည်ထောင်စု ၀န်ကြီး ညွှန်ကြားချက်ဖြင့် မိသားစုထံ ခွင့်ပန်ကာ အစိုးရစရိတ်ဖြင့် လက်ရှိ အထူးကြပ်မတ် ဆေးဝါးကုသရမှု အားလုံးကို တာဝန်ယူ ဆောင်ရွက်ပေးလျက်ရှိကြောင်း ဆရာကြီးဟံသာဝတီ ဦးဝင်းတင်အား အနီးကပ် စောင့်ရှောက်နေသူများက မြန်မာသံတော်ဆင့်သို့ ပြောသည်။

အိမ်အကူမိန်းကလေးငယ်အား ဆီပူစိမ်သည့် မော်ဒယ်မင်းသမီးလင်မယားလုပ်ရပ်အား ဖခင်ဖြစ်သူ တိုင်းဆိပ်ကမ်းအရာရှိက ဖုံးကွယ်ထား

Friday, April 04, 2014



ပုသိမ်၊ ဧပြီ ၁

ဧရာဝတီတိုင်းဒေသကြီး ဆိပ်ကမ်းအာဏာပိုင်အရာရှိ (ရေ၀န်ကြီး) ဦးကိုကိုနိုင်သည် ရန်ကုန် မြို့နေ သမီးဖြစ် သူ မော်ဒယ်သရုပ်ဆောင် သီရိကိုကိုနိုင်တို့ ဇနီးမောင်နှံက နေအိမ်ရှိ အိမ်အကူ ကရင်အမျိုးသမီးငယ်အား ညှဉ်းပန်းနှိပ်စက်ခဲ့ရာ ခန္ဓာကိုယ်အနှံ့ ဒဏ်ရာများစွာ ရရှိသည်ကို သိသော်လည်း မိန်းကလေးငယ်၏ မိဘများ အား အကြောင်းမကြားဘဲ ဖုံးကွယ်ထားကာ ပုသိမ်ဆေးရုံ၌ တိတ်တဆိတ် ကုသနေကြာင်း စုံစမ်း သိရှိရသည်။

တူမအရင်းဖြစ်သူကို ရောင်းစားသော ဦးလေးကို အမှုဖွင့်

Friday, April 04, 2014


ရန်ကုန်၊ ဧပြီ ၃

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် မြင်စိုင်းမြို့သစ်နေ အသက် ၂၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို မူဆယ်တွင် အလုပ်ရမည်ဟု ဆိုကာ တရုတ်ဇနီးမယားအဖြစ် ရောင်းစားခဲ့သည် တိုင်ကြားခံရသည့် ဦးလေးကို ဧပြီလ ၁ ရက်နေ့က ကျောက်ဆည်မြို့နယ် ရဲတပ်ဖွဲ့စခန်းက အမှုဖွင့် အရေးယူခဲ့ကြောင်း နေပြည်တော် တိုင်းလူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဒုရဲမှူးမင်းနိုင်က ပြောကြားသည်။

ယခုရာသီတွင် မိုးကြိုးပစ်ခြင်း၊ လေဆင်နှာမောင်းတိုက်ခတ်ခြင်းနှင့် မိုးသက်လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပွားနိုင်ဟုဆို

Thursday, April 03, 2014


ကောင်းထက် Yangon Times Journal အတွဲ (၁၀) အမှတ် (၁၄)

ရန်ကုန်၊ မိုးကြိုးပစ်ခြင်း၊ လေဆင်နှာ မောင်းတိုက်ခတ်ခြင်းနှင့် မိုးသက်လေ ပြင်းများ တိုက်ခတ်ခြင်းတို့မှာ ယခုအ ချိန်တွင် ဖြစ်ပွားနိုင်သည့်အတွက် အထူးဂရုစိုက်ရမည့် ရာသီဥတုဖြစ် စဉ်တစ်ခုဖြစ်ကြောင်း မိုးလေဝသ ပညာရှင်ဒေါက်တာထွန်းလွင်က ပြော ကြားလိုက်သည်။

အသားပေါ်မှာ စာရေးလို့ရတဲ့ အရည်အပြားရောဂါ

Thursday, April 03, 2014


ကမ္ဘာ့ လူဦးရေရဲ့ ၅ ရာခိုင်နှုန်းလောက်မှာ ဖြစ်တတ်တဲ့ အရည်အပြား ရောဂါ တစ်မျိုး ဖြစ်ပြီး အသားပေါ်မှာ စာရေးလို့ရတာ ကြောင့် သူ့ကို Dermatographic urticaria လို့ ခေါ်ပါတယ်။ Skin writing လို့ အင်္ဂလိပ်လိုလဲ အလွယ်ခေါ် ပါတယ်။

မြန်မာ-ထိုင်း ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲတွင် မြန်မာကစားသမား ပဲပြားမောင်မောင် သေဆုံး

Thursday, April 03, 2014


ရန်ကုန်၊ ဧပြီ ၂

ရေးမြို့ ဟံဂံကျေးရွာ ဘုန်းကြီးပျံပွဲ၌ ကျင်းပခဲ့သည့် မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲ၌ မြန်မာ့ရိုးရာ လက်ဝှေ့သမား ပဲပြားမောင်မောင်မှာ ထိုင်းလက်ဝှေ့သမားနှင့် ယှဉ်ပြိုင် ထိုးသတ်စဉ် ပထမအချီ၌ပင် ဒဏ်ရာရပြီး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ချုပ် အတွင်းရေးမှူး ဦးစိုင်းဇော်ဇော်က ပြောကြားသည်။

Wednesday, April 2, 2014

သန်းခေါင်စာရင်းကောက်ယူသော အဖွဲ့များ ဘင်္ဂါလီရွာများတွင် စာရင်းမကောက်ရဘဲ လမ်းလျှောက်နေရ

ဘင်္ဂါလီကျေးရွာများသို့ လုံခြုံရေးအပြည့်ဖြင့် သန်းခေါင်စာရင်းသွားရောက်ကောက်ယူနေစဉ် (ဓာတ်ပုံ - အောင်ခိုင်)
စစ်တွေမြို့နယ်အတွင်းရှိဘင်္ဂါလီကျေးရွာများ၌ သန်းခေါင်စာရင်းကောက်ယူရာတွင် ရိုဟင်ဂျာလူမျိုးဟု စာရေးကန့်ကွက်မှု၊ ရိုဟင်ဂျာဟုသာ ဖြေဆိုမှုဆက်လက်ကြုံတွေ့နေကြောင်း သတင်းရရှိသည်။
မတ်လ ၃၁ ရက်က စစ်တွေ မြို့ ဆုမေကျေးရွာ၌ သန်းခေါင်စာရင်းကောက်ယူရာ ယင်းကျေးရွာအ၀င်လမ်းဘေးရှိ အုတ်နံရံများ၌ လူမျိုးရိုဟင်ဂျာကို ဖြည့်စွက်ပါဟု မြေဖြူဖြင့် စာများရေးသားထားသည်ကိုတွေ့ရသည်။

ဒီကေဘီအေနဲ့လိုက်ပါလာတဲ့ သမီးလေးကျေးရွာသားတွေ တားဆီးခံရ

tameelay ban02042014
ရန်ကုန်တိုင်းအတွင်း ရွာဖျက်ခံရလို့နေစရာမရှိတဲ့ ရွာသား ၂၀၀ ကျော်ဟာ ထိုင်းမြန်မာနယ်စပ်မှာ အခြေချနေထိုင်ဖို့ ကရင်ပြည်နယ်အစိုးရရဲ့ တားဆီးမှုနဲ့ ကြုံနေရပါတယ်။

ထပ်မံဖြစ်ပွားသည့် ရခိုင်ပြည်နယ် ပဋိပက္ခသည် ပြည်နယ် အစိုးရ၏ ညံဖျင်းမှုကြောင့်ဆို

ရခိုင်ပြည်နယ်, စစ်တွေမြို့, ပဋိပက္ခ, ပြည်နယ် အစိုးရ, ဦးရဲထွဋ်, ဦးဇော်အေးမောင်
စစ်တွေမြို့ Malteser International ရုံးအနီးတွင် ရဲတပ်ဖွဲ့ လုံခြုံရေး ယူနေစဉ် (ဓာတ်ပုံ – Facebook / Tun Naing)
 ရခိုင်ပြည်နယ်တွင် စစ်တွေမြို့တွင် မတ်လ ၂၆ နှင့် ၂၇ ရက်က ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ ပိုင်ဆိုင်သည့် အဆောက်အဦးများအား ဖျက်ဆီးခဲ့သည့် ပဋိပက္ခများ ဖြစ်ပွားလာရခြင်းသည် အစိုးရ၏ စီမံခန့်ခွဲမှု ညံ့ဖျင်းမှုများကြောင့် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရခိုင် တိုင်းရင်းသား ၀န်ကြီး ဦးဇော်အေးမောင်က ပြောဆိုသည်။

၄၈ နှစ်အတွင်း မြန်မာကာကွယ်ရေးဝန်ကြီးရဲ့ ပထမဆုံး အမေရိကန်ခရီး

မြန်မာကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်ကို  ဦးရော်နီညိမ်း က ဟိုနိုလူလူမှာ တွေ့ဆုံမေးမြန်းနေစဉ် (ဓာတ်ပုံ - ဗွီအိုအေမြန်မာပိုင်း) မြန်မာကာကွယ်ရေးဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်ကိုဦးရော်နီညိမ်းကဟိုနိုလူလူမှာ တွေ့
 ဆုံမေးမြန်းနေစဉ်(ဓာတ်ပုံဗွီအိုအေမြန်မာပိုင်း)
မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံမှုတွေ တိုးမြှင့်လုပ်ဆောင်လာနေတဲ့ အမေရိကန် ပြည်ထောင်စုရဲ့ ဖိတ်ကြားချက်နဲ့ နှစ်ပေါင်း ၅၀ နီးပါးအတွင်း ပထမဆုံးအကြိမ် မြန်မာကာကွယ်ရေးဝန်ကြီး အမေရိကန်မှာ ကျင်းပတဲ့ လုံခြုံရေးဆိုင်ရာ ထိပ်သီးအစည်းအဝေးကို တက်ရောက်လာခဲ့ပါတယ်။

မြန်မာ့ ဂုဏ်ရည် နှင့် မိကျောင်းကန် မြေသိမ်းမှု ပြဿနာ မပြေလည်သေး

 မြန်မာ့ ဂုဏ်ရည် အိမ်ရာ, မိကျောင်းကန် ရပ်ကွက်, မြေသိမ်းခံရသူများ, ရန်ကုန်တိုင်း ဒေသကြီး အစိုးရ, နယ်စပ်ရေးရာနှင့် လုံခြုံရေး ၀န်ကြီး ဗိုလ်မှူးကြီး တင်ဝင်း
ရန်ကုန်မြို့တော်ခန်းမတွင် အာဏာပိုင်များနှင့် ယမန်နေ့က တွေ့ဆုံ ဆွေးနွေးနေသည့် မိကျောင်းကန် ဆန္ဒပြသူများ(ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

ရန်ကုန်တိုင်း ဒေသကြီး တာမွေမြို့နယ် မြန်မာ့ဂုဏ်ရည် အိမ်ရာ မြေသိမ်းမှု၊ သင်္ဃန်းကျွန်း မြို့နယ် မိကျောင်းကန် မြေသိမ်းမှု များ နှင့် ပတ်သက်ပြီး အာဏာပိုင်များက ဒေသခံများနှင့် တွေ့ဆုံဆွေးနွေး ညှိနှိုင်းသော်လည်း တိကျသည့် ဖြေရှင်းချက် မရရှိကြောင်း သိရ သည်။
ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ နယ်စပ်ရေးရာနှင့် လုံခြုံရေး ၀န်ကြီး ဗိုလ်မှူးကြီး တင်ဝင်း ဦးဆောင်ပြီး ရန်ကုန် မြို့တော်ခန်းမ တွင် တွေ့ဆုံညှိနှိုင်းခဲ့ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် Willy Brandt ဆု လက်ခံယူမည်


NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတကာ Willy Brandt ဆု လက်ခံရယူမည် ဖြစ်ကြောင်း ဘန်ကောက်ပို့စ် သတင်း တရပ်အရ သိရသည်။ ၎င်းသည် လာမည့် သီတင်းပတ် အတွင်း ဂျာမနီနိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး ဂျာမန်သမ္မတ Joachim Gauck နှင့် ဘာလင်၌ တွေ့ဆုံမည် ဖြစ်သည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလက ဂျာမန် ၀န်ကြီးချုပ် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့စဉ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည်။ အဆိုပါ ဆုမှာ နိုင်ငံတကာ ပြည်သူများကြား အပြန်အလှန်နားလည်မှု ဖော်ဆောင်ပေးသူများအား ချီြးှမှင့် ပေးအပ်ခြင်း ဖြစ်သည်။

“အလုပ်သမားများအပေါ် ဘတ်တစ်ထောင်စီဖြတ်တောက်ခြင်းအားကန့်ကွက်သင့်”

          
By မောင်ပေါ်ထွန်း
 
    
 ပြန်ပို့စရိတ်ဟူသည့်ခေါင်းစဉ်ဖြင့်  မြန်မာအလုပ်အလုပ်သမားတစ်ဦးလျှင် ဘတ်ငွေ တစ်ထောင်စီ ကောက် ခံ ရန်ပြင်နေသည့် ထိုင်းအစိုးရ မူဝါဒအားမြန် မာအစိုးရအနေဖြင့် အလျှင်အမြန် ကန့်ကွက်သင့်ကြောင်း ထိုင်းနိုင်ငံရောက်   မြန်မာနိုင်ငံသားများအဖွဲ့ MAT က ယနေ့တောင်းဆိုလိုက်သည်။

“ငါးဖမ်းလှေမှ ရောင်းစားခံအလုပ်သမား၃ဦးအားကယ်ထုတ်”


ကိုတီး    ၂၀၁၄  ဧပြီလ  ၂ ရက်

         ထိုင်းနိုင်ငံတောင်ပိုင်း ခြုံဘူရီခရိုင် ချောင်းစမေးစံ  ငါးဖမ်းလှေဆိပ် မဲခေါင်တံတား လှေအမှတ် (၅)တွင် ၁လကြာရောင်းစားခံနေခဲ့ ရသည့် မြန်မာ အလုပ်သမား ၃ဦးတို့အား ပူးပေါင်းအဖွဲ့တို့က ယနေ့ စောစောက ကယ်ထုတ်   နိုင်လိုက်သည်။

Tuesday, April 1, 2014

ယူနတီအမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်လေးဦးတို့၏ ငါးကြိမ်မြောက်ရုံးချိန်း၌ ဒေသခံတရားလိုသက်သေက တားမြစ်ဆိုင်းဘုတ်မရှိကြောင်း ထွက်ဆိုပြီး စက်ရုံတည်ဆောက်ရေးလုပ်သားသက်သေက စက်ရုံရှေ့တွင် ဓာတ်ပုံမရိုက်ရဆိုင်းဘုတ် စိုက်ထူထားကြောင်း ထွက်ဆို



(မတ် ၃၁ ရက် ငါးကြိမ်မြောက်ရုံးချိန်းတွင် ယူနတီဂျာနယ်မှ သတင်းထောက်အချို့အား တွေ့ရစဉ်)

မတ် ၃၁ ရက်က ပခုက္ကူခရိုင်တရားရုံးတွင် ပြုလုပ်သော ယူနတီအမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်လေးဦးတို့အမှု ငါးကြိမ်မြောက်ရုံးချိန်း၌ ဒေသခံတရားလိုပြသက်သေက ယူနတီသတင်းထောက်များ က.ပ.စ ၂၄ စက်ရုံနယ်မြေများသို့ ဓာတ်ပုံလာရောက်ရိုက်ကူးသည့် နေရာများတွင် မည်သည့် တားမြစ်ဆိုင်းဘုတ်များ စိုက်ထူထားခြင်း မရှိကြောင်းနှင့် ၎င်းတို့၏ လယ်မြေအသိမ်းခံရမှုများအား ထွက်ဆိုခဲ့ပြီး စက်ရုံတည်ဆောက်ရေး အုတ်သယ်လုပ်သားတရားလိုသက်သေ အမျိုးသမီးက စက်ရုံရှေ့တွင် 'ကင်မရာ၊ လက်ကိုင်ဖုန်းမယူရ'၊ 'ဓာတ်ပုံမရိုက်ရ' ဆိုင်းဘုတ်များ ယခုနှစ်ဆန်းပိုင်းမှ စတင်စိုက်ထူထားကြောင်း ထွက်ဆိုခဲ့သည်။

တောင်နှင့် မြောက်ကိုရီးယား အပြန်အလှန်ပစ်ခတ် (၂)

Tuesday, April 01, 2014


တောင်နဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံ စစ်တပ်တွေဟာ ဒီကနေ့မှာ ရေပိုင်နက် နယ်စပ်မျဉ်းတစ်လျှောက် အပြန်အလှန် ပစ်ခတ်ခဲ့ကြလို့ အနီးအနား ကျွန်းတွေပေါ်က လူတွေ ဗုံးခိုကျင်းတွေထဲ ဝင်ပြီး တိမ်းရှောင်နေခဲ့ရပါတယ်။

နာနတ်သီးစားမိရာမှ AIDS ဖြစ်



အသက် ၁၀နှစ်အရွယ် ကောင်လေးတစ်ယောက် နာနတ်သီးစိတ်ဝယ်စားပြီး  နောက် ၁၅ ရက်ကြာတဲ့အခါမှာတော့ နေမကောင်းစ ဖြစ်လာခဲ့ပါတယ်။ ဘယ်လိုမှ မသက်သာတဲ့နောက် ဆရာဝန်ထံမှာ ဆေးကု ဆေးစစ်ချက်ယူကြည့်တဲ့အခါမှာတော့ သူ့ဆီမှာ HIV ရောဂါပိုး ကူးစက်ခံနေရပြီဆိုတာ သိလိုက်ရပါတယ်။ သူ့မိဘတွေကတော့ ဘယ်လိုမှ မယုံကြည်နိုင်ခဲ့ပါဘူး။ အဲဒီနောက်မှာ ကောင်လေးရဲ့ မိသားစုဝင် အကုန် ဆေးစစ်ကြပါတယ်။ ဒါပေမယ့် ကောင်လေးကလွဲလို့ ဘယ်သူမှ HIV ရောဂါပိုးမရှိကြပါဘူး။

ကိုနေမျိုးဇင်နဲ့ ဦးဝင်းချိုကို ထောင်ဒဏ် ၃ လစီချ

ဓာတ်ပုံ - နေမျိုးဇင်
ဓာတ်ပုံ – နေမျိုးဇင်

လူမှုရေးလုပ်ငန်း လုပ်နေတဲ့ မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက် ညှိနှိုင်းဆောင်ရွက်သူ ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်နဲ့ လယ်သမားအရေးဆောင်ရွက်သူ ဦးဝင်းချို တို့ ၂ ဦးကို ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးက ထောင်ဒဏ် ၃ လစီ ချမှတ်လိုက်ပါတယ်။

မလေးရှာနိုင်ငံတွင် ဘောလုံးကန်နေရာမှ နှလုံးရပ်ပြီး ရုတ်တရတ် မြန်မာလူငယ်တစ်ဦးသေဆုံး...ကူညီပေးကြပါ...


မ‌လေးရှားနိုင်‌ငံ ပီနန်‌ ဘက်‌တာဝတ် ပသာသိဂီ‌နေ မြန်‌မာနိုင်‌ငံ ရခိုင်‌ပြည်‌ ‌တောင်‌ကုတ်‌မြို့နယ်‌ အဖ ဦးထွန်းရှိန်‌..အမိ ‌ဒေါ်သက်‌ရှည်‌ တို့၏ သား ‌မောင်‌မြင့်‌လွင်‌ သည်‌ တနင်္ဂ‌နွေ‌နေ့ တွင်‌ သူငယ်‌ချင်းများနဲ့ ‌ဘောလုံးကန်‌‌နေရာမှ ရုတ်‌တရက်‌ နှလုံးရပ်‌ပြီး ဆုံးသွားပါသဖြင့်‌ အမိမြန်‌မာပြည်‌ကို ဆက်‌သွယ်‌ရန်‌ အဆက်‌အသွယ်‌ မရှိဖြစ်‌‌နေပါသည်‌။

"သတိပေး တိုက်တွန်းနှိုးဆော်ချက်"

                      
 
အလုပ်သမားများသန်းခေါင်စါရင်းပေးသွင်းရန်နေရပ်ရင်းသို့ဖုန်းဆက်ကြပါ" 
 

Sunday, March 30, 2014

ကေအိုင်အို ထိန်းချုပ်နယ်မြေတွေမှာ သန်းခေါင်စာရင်း မကောက်နိုင် (မေးမြန်းချက်)

ဒေါ်ခွန်ဂျာ
မတ်လ ၃၀ ရက် ဒီကနေ့ကစပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ သန်းခေါင်စာ ရင်းကောက်ယူနေပြီ ဖြစ်ပေမယ့် ကချင်ပြည်နယ်ထဲမှာတော့ ကေအိုင်အိုထိန်းချုပ်နယ်မြေတွေမှာ သန်းခေါင်စာရင်း ကောက်ယူနိုင်ခြင်း မရှိပါဘူး။

“ထွက်သွား” လို့ လွယ်လွယ် မပြောသင့်ပါဘူး


နယ်စည်းမခြား, ရခိုင်, နိုင်ငံရေး, ဘာသာရေး, ကျန်းမာရေး
ရှမ်းပြည်နယ် လားရှိုးမြို့မှ MSF ဆေးခန်း (ဓာတ်ပုံ – MSF )

နယ်စည်းမခြား ဆရာဝန်အဖွဲ့ Médecins Sans Frontières (MSF) ရခိုင်မြေက ထွက်သွားပါဆိုပြီး စစ်တွေမြို့မှာ ဆန္ဒပြပွဲတွေ စပြုလုပ်ကတည်းက ကျနော်စိတ်မကောင်းပါဘူး။ ခုတော့ အစိုးရက တရားဝင်  (MSF) အဖွဲ့ကို ရခိုင်က ထွက်သွားဖို့ ပြောလိုက်တဲ့အပြင် နောက်ဆက်တွဲ ဖြစ်ခဲ့တဲ့ ကုလသမဂ္ဂ ရုံးတွေနဲ့ အခြားအဲန်ဂျီအိုရုံးတွေကို တိုက်ခိုက်ရန်ရှာခဲ့တာတွေကို မထိန်းသိမ်းနိုင်ခဲ့ပြန်ပါဘူး။

တပ်မတော်မှ နံပတ်(၃) အဆင့် ဗိုလ်ချုပ်ကြီးတစ်ဦး မောင်တောကိုရောက်စဉ် တိုင်းရင်းသားတစ်ဦး သတ်ဖြတ်ခံရ

အသတ်ခံရသူအား မှတ်တမ်းတင်ထားစဉ်။ (ဓါတ်ပုံ- Share Arakan News)

(နိရဉ္စရာ- ၃၁ မတ်လ ၂၀၁၄)

မြန်မာတပ်မတော်မှ နံပတ် (၃) အဆင့်ရှိ ဗိုလ်ချုပ်ကြီး လှဌေးဝင်းအပါအ၀င် နိုင်ငံတော် အစိုးရ ခေါင်းဆောင်များ မောင်တောမြို့သို့ ရောက်ရှိစဉ် နာရီပိုင်း အနည်းငယ် အတွင်း သက်လူမျိုး တိုင်းရင်းသား တစ်ဦးသတ်ဖြတ်ခံခဲ့ရသည်။

ဒုသမ္မတ ရခိုင်လိုက်သွားပြီး ရိုဟင်ဂျာအသုံးအနှုန်း လက်မခံကြောင်း ထုတ်ပြန်မှ ရခိုင်တိုင်းရင်းသားများ သပိတ်လှန်၍ သန်းခေါင်စာရင်းကောက်ယူနိုင်

စစ်တွေမြို့အနီး မွတ်စလင်လူမျိုးအများစုနေထိုင်ရာ ကျေးရွာတစ်ရွာတွင် သန်းခေါင်စာရင်းကောက်ယူမည့် သန်းခေါင်စာရင်း စာရင်းစစ်နှင့် စာရင်းကောက်များအား လုံခြုံရေးအပြည့်ဖြင့် မတ်လ ၃၀ ရက်တွင် တွေ့ရစဉ် (ဓာတ်ပုံ − လင်းဘိုဘို/အီးပီအေ)
 
အစိုးရက သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟူသောအသုံးအနှုန်းကို လက်မခံနိုင်ကြောင်း တရားဝင် စာထုတ်ပြန်လိုက်သောကြောင့် ရခိုင်ပြည်သူများက သပိတ်လှန်လိုက်၍ သန်းခေါင်စာရင်းကောက်ယူနိုင်သော်လည်း ဘင်္ဂါလီအများစုက ရိုဟင်ဂျာဟုသာ ဖြေဆို၍ မကောက်ယူခဲ့ကြောင်း သတင်းရရှိသည်။

ကမ္ဘာတစ်ဝန်းတွင် ကွပ်မျက်သတ်ဖြတ်မှုများ ၁၅ ရာခိုင်နှုန်း မြင့်တက်လာကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ပြောကြား


အီဂျစ်သမ္မတဟောင်းမော်စီကိုထောက်ခံသူများအား ယမန်နှစ်က အလက်ဇန်းဒြီးယားတွင်ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုကို စစ်ဆေးသော တရားခွင်တွင် တွေ့ရစဉ် (Al Youm Al Saabi Newspaper/REUTERS)
 
အီရန်နှင့် အီရတ်နိုင်ငံ တို့တွင် ကွပ်မျက်မှုပိုများလာပြီး ၂၀၁၃ ခုနှစ်အတွင်း ကမ္ဘာတစ် ဝန်း အများသိ ကွပ်မျက်သတ်ဖြတ် မှု ၁၅ ရာခိုင်နှုန်း ပိုများလာ ကြောင်း နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့်အဖွဲ့၏ အစီရင်ခံစာ အရ သိရသည်။