Friday, July 18, 2014

မလေးရှား MH 17 ပျက်ကျပြီး မြင်ကွင်းရုပ်သံ

မနေ့က ယူကရိန်း လေပိုင်နက်မှာ ပစ်ချခံလိုက်ရတဲ့ မလေးရှား လေကြောင်းလိုင်းက MH 17 လေယာဉ် ပျက်ကျပြီး မြင်ကွင်းနဲ့ ရုပ်သံသတင်းဖော်ပြချက်တခုဖြစ်ပါတယ်။ 

သြစတေးလျညီလာခံတက်မယ့်သူ တရာကျော် မလေးလေယာဉ်နဲ့ ပါသွား

ပစ်ချခံရပြီး ၂၉၈ ဦး သေဆုံးခဲ့တဲ့ မလေးရှားလေယာဉ်မှာ သြစတေးလျနိုင်ငံ မဲလ်ဘုန်းမြို့ AIDS ညီလာခံကြီးတခုကိုတက်ရောက် ကိုယ်စားလှယ် အယောက် ၁ဝဝ ခန့် ပါဝင်သွားတယ်လို့ သြစတေးလျအွန်လိုင်းသတင်းတပုဒ်မှာ ရေးထားပါတယ်။

အာဇာနည်ခေါင်းဆောင်တွေကို လွတ်လပ်စွာ ဂုဏ်ပြုခွင့် ရှိသင့်

By အင်ကြင်းနိုင်
ဇူလိုင် (၁၉)ရက်နေ့မှာ ကျရောက်မယ့် ( ၆၇ )ကြိမ်မြောက် အာဇာနည်နေ့ မှာ နိုင်ငံတ၀ှမ်း ဂုဏ်ပြုမယ့် အစီအစဉ်တွေကို ဒေသဆိုင်ရာ အုပ်ချုပ်ရေး အာဏာပိုင်တွေက ပိတ်ပင်တားဆီးနေတာမျိုးတွေ ဆက်ပြီးမရှိသင့်တော့ဘူးလို့  ဒီမိုကရေစီရေး ဦးဆောင်လှုပ်ရှားနေသူတွေကပြောပါတယ်။ အာဇာနည်နေ့မှာ ဟွန်းသံ အရှည်ကြီး တီးတဲ့ကားတွေကို လိုင်စင်သိမ်းမယ်ဆိုတဲ့ ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ရဲ့ ထုတ်ပြန်ချက်၊ နယ်မြို့တွေမှာရှိတဲ့  ဗိုလ်ချုပ်ကြေးရုပ် နဲ့ ကျောက်တိုင်တွေမှာ အလေးပြုခွင့် မရှိဘူးဆိုတဲ့ ကန့်သတ်ချက်တွေကို ဒေသ ဆိုင်ရာ အာဏာပိုင်တွေက အာဇာနည်နေ့မတိုင်ခင်က ထုတ်ပြန်ထားပါတယ်။ အကြောင်းစုံကို မအင်ကြင်းနိုင်ကပြောပြမှာပါ။

အိမ်ဖေါ်ကြော်ငြာပုံ စင်္ကာပူ အစိုးရ သတိပေး

စင်္ကာပူနိုင်ငံမှာ အိမ်ဖေါ်အလုပ် လုပ်ကိုင်ဖို့ သွားရောက်ခဲ့ကြတဲ့ မြန်မာ အပါအ၀င် တောင်အာရှနိုင်ငံ တွေက အိမ်ဖေါ် အလုပ်သမတွေကို သိက္ခာမဲ့ တဲ့ပုံစံနဲ့ ရောင်းအားမြှင့်ကြော်ငြာနေတာတွေ အမြန်ဆုံး ရပ်တန့်ကြဖို့၊ အိမ်ဖေါ်လုပ်ငန်းကုမ္ပဏီတွေကို စင်္ကာပူအစိုးရက မနေ့က သတိပေးလိုက်ပါတယ်။

စနစ်ဟောင်းက မထွက်နိုင်လို့ အမေရိကန်ဝေဖန်

မြန်မာနိုင်ငံက ဂျာနယ်ဖတ်ရှုနေသူ
 ယူနတီဂျာနယ် ရဲ့ သတင်းထောက် ၅ ဦး ကို နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားမှု နဲ့ မြန်မာ အစိုးရက၊ ထောင်ဒဏ် ၁၀ နှစ် ချမှတ် ခဲ့တာဟာ၊ မြန်မာ့ နိုင်ငံရေး ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ အပေါ် သံသယဝင် မေးခွန်း ထုတ်စရာတွေ ပေါ်ပေါက် လာစေပြီး၊ လက်ရှိ အခြေအနေဟာ လည်း ခေတ်ဟောင်း စံနစ်ဟောင်း ထဲက ရုန်းမထွက် နိုင်သေးဘူး ဆိုပြီး၊ မြန်မာ့ နိုင်ငံရေး လေ့လာသူ နြူးယော့ခ်မြို့ အခြေစိုက် နြူးအမေရိကန် ဖောင်ဒေးရှင်း ရဲ့ ဒါရိုက်တာ စူဇန် ဒီမက်ဂျီယို က ဝေဖန် လိုက်ပါတယ်။

Thursday, July 17, 2014

ကျောင်းထိုင်ဘုန်းကြီးတစ်ပါး မိမိကိုယ်ကို ကြိုဆွဲချ၍ အဆုံးစီရင်

 ရေဦး၊ ဇူလိုင် ၁၆

စစ်ကိုင်း တိုင်း ဒေသ ကြီး၊ ရွှေဘို ခရိုင်၊ ရေဦး မြို့နယ်၊ အောင်ကဲဇင့် ကျေးရွာ အုပ်စု၊ ဇီးကုန်း ကျေးရွာ တွင် ဇူလိုင် ၁၅ ရက်နေ့ မနက် ၅ နာရီ ၁၅ မိနစ်အချိန်က ကျောင်းထိုင် ဘုန်းကြီး တစ်ပါးသည် မိမိကိုယ်ကို ကြိုး ဆွဲချ၍ အဆုံးစီရင် သွားခဲ့ကြောင်း ထောက်ကြံ့ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းဇော်ဆိုသူမှ တင်းတိန်ရံ နယ် မြေရဲစ ခန်းမှူး ရဲအုပ် ဌေးဝင်းထံ ဖုန်းဖြင့် ဆက်သွယ်၍ အကြောင်းကြား ခဲ့သည်ဟု သိရသည်။

"မြန်မာအလုပ်သမားများအတွက် မြန်မာသံရုံးသတင်းထုတ်ပြန်”

ဗိုလ်ချုပ်ပုံတူ သီးသန့်ပြမည့် ပန်းချီပြပွဲ ကျင်းပမည်

အာဇာနည်နေ့ အထိမ်း အမှတ်အဖြစ် ပန်းချီဆရာ သုံးဆယ်ကျော် ပါဝင်ရေးဆွဲ ထားသည့်  ဗိုလ်ချုပ်အောင် ဆန်းပုံတူ ပန်းချီကားများ ကိုသာ သီးသန့်ပြသမည့် Bogyoke is our Fatherပန်းချီပြပွဲကို အလှသစ် ပန်းချီပြခန်းတွင် ဇူလိုင် ၁၉ ရက်မှ လကုန် အထိ ပြသ သွားမည်ဖြစ်သည်။

ကြိုးခုန်ခြင်းမှ ရရှိနိုင်သော အကျိုးကျေးဇူးများ

(၁) ဝသောသူများ တစ်နေ့ကို မီးနစ် ၃၀ ခန့်လောက် ကြိုးခုန်ပေးပါက ဝိတ်ကျစေနိုင် ပါတယ်။
(၂) ကြိုးခုန်ခြင်းကို ကစားခြင်းကြောင့် နှလုံးခုန်နှုန်း မြန်စေပါတယ်။ ထို့ကြောင့် နှလုံးကြွက်သားများ သန်မာစေတဲ့ အပြင် အသက်ရှုလမ်းကြောင်းကိုလည်း ပိုမိုကောင်းမွန် စေပါတယ်။ နှလုံးရောဂါ ရှိသူများ အထူးပင် လုပ်သင့်သော အားကစား တစ်ခုဖြစ်ပါတယ်။

အစိုးရဌာနတွေ တာဝန်ကျေပွန်ခြင်းမရှိ ဟု ဒေါ်အောင်ဆန်း စုကြည် ပြောကြား

 လျှပ်စစ်ကြိုး ပြတ်ကျတဲ့ အတွက် ဓါတ်လိုက် သေဆုံးမှုတွေ ဆက်တိုက် ပေါ်ပေါက် နေတာနဲ့ ပတ်သက်ပြီး ကြိုတင် ကာကွယ်ရေးကို ထိထိရောက်ရောက် အရေးတကြီး ဆောင်ရွက်ဖို့ လိုနေပြီလို့ ဒေါ်အောင်ဆန်း စုကြည် ကပြော ကြား လိုက်ပါတယ်။ အများပြည်သူတွေရဲ့ အသက်အန္တရာယ်အတွက် သက်ဆိုင်ရာ အစိုးရဌာနတွေ အနေနဲ့ အစဉ်အမြဲ စစ်ဆေးပြီး လိုအပ်သလို မွန်းမံပြင်ဆင်ဖို့ တာဝန်ရှိတယ်လို့လည်း သူကပြောပါတယ်။

မြန်မာနိုင်ငံမှာ HIV ဝေဒနာရှင် ၂ သိန်းနီးပါးရှိ

 UNAIDS ကုလသမဂ္ဂဌာနက ထုတ်ပြန်တဲ့ အစီရင်ခံစာသစ်မှာ HIV ရောဂါပိုး ရရှိနေကြသူ သန်းပေါင်းများစွာကို အသက်ကယ်နိုင်မယ့် ဆေးဝါးတွေပေးနိုင်ရင် ၂၀၃၀ ခုနှစ်မှာ AIDS ရောဂါကူးစက်ပြန့်ပွားမှာကို အဆုံးသတ်နိုင်မယ့် အလားအလာရှိတယ်လို့ ဖော်ပြထားပါတယ်။ သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ နိုင်ငံတကာ AIDS ညီလာခံကြီးမတိုင်ခင် တပတ်အလိုမှာ ဒီအစီရင်ခံစာကို ထုတ်ပြန်လိုက်တာပါ။ ဗွီအိုအေသတင်းထောက် Lisa Schlein ရဲ့ သတင်းပေးပို့ချက်ကို အခြေခံပြီး မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

ကန့်ဘလူမှာ လယ်သိမ်းခံတောင်သူ ၆ ဦးကို ထောင်ဒဏ်တွေ ချမှတ်

 စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်မှာ လယ်သမား ၆ ယောက်ကို ပိုင်နက်ကျူးလွန်မှု၊ အကျိုးဖျက်ဆီး မှုတွေနဲ့ သက်ဆိုင်ရာက ပြီးခဲ့တဲ့ ၁၄ ရက်နေ့မှာ ထောင်ဒဏ်တွေ အသီးသီးချမှတ်လိုက်သလို နောက်ထပ် လယ်သ မား အယောက် ၁၀၀ ကျော်လည်း အမှုရင်ဆိုင် နေရတယ်လို့ သိရပါတယ်။

ကလေးအလုပ်သမားဆိုင်ရာ ILO သဘောတူစာချုပ် မြန်မာလက်မှတ်ရေးထိုးမည်

 ကလေးသူငယ် အလုပ်သမားတွေကို အဆိုးဝါး ဆုံးပုံစံနဲ့ လူကုန်ကူးခြင်း၊ ကျွန်ပြုခြင်း၊ ကလေးစစ်သား အဖြစ် စုဆောင်းခြင်းတို့ကို အရေးယူမယ့် နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ် ILO ရဲ့ ပြဌာန်းချက် အမှတ် ၁၈၂ ကို မြန်မာနိုင်ငံက အဖွဲ့ဝင်နိုင်ငံ အနေနဲ့ လက်မှတ်ထိုး ၀င်ရောက်ဖို့ ဒီနေ့ ပြည်ထောင်စု လွှတ်တော်က အတည်ပြု လိုက်ပါတယ်။

Wednesday, July 16, 2014

“အသတ်ခံရသည့်မြန်မာအလုပ်သမားအလောင်းသဂြိုဟ်ခွင့်ရပြီ”

၂၀၁၄ ခု ဇူလိုင်လ ၁၆ 
 မင်းဘခက်
   မြန်မာအချင်းချင်းလုယက်သတ်ဖြတ်ခံထားရသည့် အလောင်းတစ်ခုအား  မြန်မာအလုပ်သမားသံအရာရှိနှင့် MAT အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ပေးမှုဖြင့် ယနေ့ညနေကမိသားစုများ ကောင်းမွန်စွာ သဂြိုဟ်ခွင့်ရရှိ သွားပြီဖြစ်ကြောင်း သိရသည်။

“MOU အလုပ်သမား၂၆ဦး လုပ်အားခမရ၍ သစ်ရွက်ကိုပြုတ်စားနေရ”

၂၀၁၄ ဇူလိုင်လ ၁၆ ရက်
           မောင်ပေါ်ထွန်း (အလွတ်သတင်းထောက်)

              ရွှေရည်ဖြိုးအောင် ကုမ္ပဏီမှ မလေးရှားနယ်စပ်ရှိ ပန်းရံလုပ်ငန်း ခွင်တစ်ခုသို့ တင်ပို့ထားသည့် MOU အလုပ်သမား၂၆ဦး စားစရာမရှိ၍ ဘောစကိုင်းရွက်များကိုပြုတ်၍စားနေရကြောင်း အလုပ်သမားများက ပြော သည်။

သမ္မတကို ဆန္ဒပြသည့် သတင်းထောက်များ ပြန်တောင်းပန်ပါက ကျေအေးပေးမည်ဆိုသည်မှာ မဟုတ်ဟု ဦးရဲထွဋ်ပြော

 သမ္မတ ဦးသိန်းစိန်ကို အ သံတိတ်ဆန္ဒပြခဲ့သော သတင်း ထောက်များ သမ္မတအား တောင်းပန်ပါက အမှုဖွင့် ထားခြင်းကို ကျေအေးပေးရန် ရှိကြောင်း ပြောဆိုခဲ့သည် ဆိုသည်မှာ မှန်ကန်မှု မရှိကြောင်း သမ္မတ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြော သည်။

အာဇာနည်နေ့ လှုံ့ဆော်မှုများ နိုင်ငံတဝန်းပြုလုပ်မည်


၂၀၁၁ ဇူလိုင် ၁၉ ရက်နေ့က ရန်ကုန်မြို့ အာဇာနည်ကုန်းတွင် တွေ့ရသော မြင်ကွင်းတခု (ဓာတ်ပုံ - ဧရာဝတီ)
လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများကျဆုံးခဲ့သောနေ့နှင့် အာဇာနည် စိတ်ဓါတ်အကြောင်းကို လူထုအကြား ပိုမိုသိရှိနိုင်စေဖို့အတွက် လူမှုအဖွဲ့အစည်း ၄၀ ကျော်က
စည်းရုံးလှုံ့ဆော်မှုများ ပြုလုပ်သွားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အာဇာနည်နေ့မှာ ဥသြဆွဲပေးမယ့် ဆော့ဝဲလ်


Android phone/Tablet ကိုင်ဆောင်သူများအတွက် အာဇာနည်နေ့အကြိုဆော့ဝဲလ်လေးကို တင်ပေးလိုက်ပါတယ်။