Saturday, January 17, 2015

လိပ်ကျွန်း အမှုကို စနစ်တကျဆောင်ရွက်နိုင်ရန် ဘန်ကောက်တွင် ရုံးဖွင့်မည် ဟုဆို

Rakhine News Agency (ရန်ကုန်၊ ဒီဇင်ဘာ ၃၁)

လိပ်ကျွန်း လူသတ်မှုတွင် စွပ်စွဲခံနေရသည့် ရခိုင်လူမျိုး မြန်မာနိုင်ငံသား ရွေှ့ပြောင်းလုပ်သား နှစ်ဦး ၏ အမှုအတွက်ဆောင်ရွက်ပေးမည့် ရုံးကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင်ဖွင့်လှစ်သွားရန် ရှိကြောင်း ရခိုင်အမျိုးသား ကွန်ရက် ဥက္ကဋ္ဌဦးတင်ထူးအောင် က Rakhine News Agency သို့ပြောသည်။

မချစ်သင့်ဘူး

Monday, January 12, 2015

တောင်ငူမြို့ဈေးကြီးတွင် မပေါက်ကွဲ သေးသည့် လက်ပစ်ဗုံးတွေ့ရှိ


ပဲခူးတိုင်း တောင်ငူမြို့ ဈေးကြီးထဲက ရုံ ၁၅ မှာ  မပေါက်ကွဲသေးတဲ့ ဗုံတလုံး ဒီမနက် တွေ့ရှိခဲ့ပါတယ်။

ဈေးရုံမှာ ရေယိုတတယ်ဆိုပြီး စည်ပင်သာယာ ဈေးကော်မီတီက ခေါင်မိုးက သွပ်ပြားတွေ ဖျက်နေတုန်း ရေတံလျှောက်ထဲမှာ မပေါက်ကွဲ သေးတဲ့ လက်ပစ်ဗုံး တွေ့ရှိတာ ဖြစ်တယ်လို့ တောင်ငူမြို့ခံ ကိုသားကြီးက ပြောပါတယ်။

ပျက်ကျ လေယာဉ် အမြီးပိုင်းမှာ black box မတွေ့

AirAsia Flight 8501 က ဆယ်ယူလာတဲ့ လေယာဉ်ပျက်အပိုင်းအစ (ဇန်နဝါရီ ၁၁၊ ၂၀၁၅)
ပျောက်ဆုံးသွားခဲ့ပြီး ပင်လယ်ပြင်အတွင်းမှာ နစ်မြုပ်နေတဲ့ AirAsia လေကြောင်း ခရီးစဉ် ၈၅၀၁ လေယာဉ်ပျက် ရောက်ရှိ နေတဲ့ နေရာနဲ့ လေယာဉ်ပျံသန်းမှု မှတ်တမ်းတင်ကိရိယာ blackbox ရှိတဲ့ နေရာတွေကို အမှတ်အသား ပြုလုပ်ထားနိုင်ပြီ ဖြစ်တယ်လို့ အင်ဒိုနီးရှား အာဏာပိုင်တွေက ပြောပါတယ်။

မူးယစ်ဆေး သုံးစွဲမိတာ ဖခင်ရဲ့ဥပက္ခာပြုမှုတွေကြောင့်လို့ ဖခင်ကို ပြစ်တင် ပြောဆိုလိုက်တဲ့...ဂျေစီချန်း

သြဂုတ်လမှာ မူးယစ်ဆေးဝါး သုံးစွဲမှု၊ ဆေးလက် ၀ယ်ကိုင်ဆောင်မှု တို့ကြောင့် ဖမ်းဆီးခံ လိုက်ရသော ဂျေစီချန်းသည် ပြစ်မှု ထင်းရှားပါက ထောင်သုံးနှစ်အထိ ကျခံဖွယ်ရှိကြောင်း သတင်းတွေမှာ ရေးသား ခဲ့ကြပါသည်။

အမျိုးသား လွှတ်တော် ဥက္ကဌ ၈၈ ခေါင်းဆောင်များနဲ့ တွေ့ဆုံ


အမျိုးသား လွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းက ခေါင်းဆောင်တချို့ဟာ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး ကိစ္စတွေကို ဒီနေ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေး ခဲ့ကြပါတယ်။

လိပ်ကျွန်း လူသတ်မှုအတွက် စွပ်စွဲဖမ်းဆီး ခံထားရသည့် မောင်ဝင်းဇော်ထွန်း ၏ ဖခင်ဖြစ်သူ ဦးထွန်းထွန်းထိုက် စိတ်ဝေဒနာအဆိုးဆုံးခံစားနေရ

 ထိုင်းနိုင်ငံ၊ လိပ်ကျွန်း လူသတ်မှုအတွက် စွပ်စွဲဖမ်းဆီး ခံထားရတဲ့ မြန်မာ အလုပ်သမား လူငယ်နှစ်ဦး၏ မိဘများမှ မောင်ဝင်းဇော်ထွန်း၏ ဖခင် ဦးထွန်းထွန်းထိုက်သည် သားသမီးအတွက် အပူသောကများကြောင့် စိတ်ဖိစီးမှုများလာသည်ဖြစ်သောကြောင့် ဦးထွန်းထွန်းထိုက်၏ စိတ်များသည် တစ်နေ့ ထက်တစ်နေ့ စိတ်ဝေဒနာခံစားနေခဲ့ရာမှ ယခုအခါ အဆိုးဆုံးအခြေနေ သို့ရောက်လာဖြစ်ပြီးသော ၎င်းတို့အား လက်ရှိစောင့်ရှောက်ပေးနေသည့် (ရခိုင်အမျိုးသားပါတီ အမြုတေအဖွဲ့ - ပြည်ပ၊ ထိုင်းနိုင်ငံ)မှ တာဝန်ရှိသူ တစ်ဦးမှပြောကြာခဲ့ပါသည်။

ရန်ကုန်မြို့သစ်စီမံကိန်း ဖော်ထုတ်ပေးဖို့ ဆန္ဒပြ


ရန်ကုန်တိုင်း ဒေသကြီး အစိုးရက ယာယီ ရပ်ဆိုင်း ထားတဲ့ တွံတေး၊ ကြည့်မြင်တိုင် တဖက်ကမ်းနဲ့ ဆိပ်ကြီး ခနောင်တိုမြို့နယ်က ရန်ကုန်မြို့သစ်စီမံကိန်းကို အကောင်အထည် ဖော်ပေးဖို့ ဒေသခံ ၁ဝဝဝ ကျော်က သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကဆံ ဟစ်တိုင်ကွင်းမှာ ဒီနေ့ ဆန္ဒပြတောင်းဆို ခဲ့ကြပါတယ်။