Wednesday, May 14, 2014

နိုင်ဂျီးရီးယားကျောင်းသူများ ရှာဖွေရာတွင် စောင့်ကြည့်ရေးလေယာဉ်များ အမေရိကန်အသုံးပြု

နိုင်ဂျီးရီးယား အစ္စလာမ်မစ်သူပုန်အဖွဲ့ ဘိုကိုဟာရမ်က ထုတ်ပြန်သော ဗီဒီယိုမှ ရယူထားသည့်ဓာတ်ပုံ၌ ပြန်ပေးဆွဲခံရသော ကျောင်းသူများကို တွေ့ရစဉ်။ ယင်းကျောင်းသူများ မည်သည့်ဒေသသို့ ရောက်ရှိနေသည်ကို မသိရပေ။ (Boko Haram handout via Reuters TV/REUTERS)

ဘိုကိုဟာရမ် အစ္စ လာမ်မစ်သူပုန်များ ဖမ်းဆီးခေါ် ဆောင်သွားသော ကျောင်းသူ ၂၀၀ ကျော်ကို ရှာဖွေရန် နိုင်ဂျီးရီး ယား ဝေဟင်ထက်၌ လူလိုက်ပါ သော စောင့်ကြည့်ရေးလေယာဉ် များ ပျံသန်းလျက်ရှိသည်ဟု အ မေရိကန်အစိုးရက ပြောကြားခဲ့ သည်။ အမေရိကန်အစိုးရသည် နိုင်ဂျီးရီးယားအစိုးရနှင့် ဂြိုဟ်တု ဓာတ်ပုံများကို မျှဝေကာ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်ဟု သိရ သည်။

အမေရိကန်အစိုးရသည် လူ ပျောက်ရှာဖွေရေးတွင် ကူညီရန် နိုင်ဂျီးရီးယားနိုင်ငံ၌ လူလိုက်ပါ ခြင်းမရှိသော မောင်းသူမဲ့လေ ယာဉ်များ အသုံးပြုရန် စဉ်းစား လျက်ရှိသည်ဟုလည်း အမေရိ ကန်အရာရှိများက ရိုက်တာသ တင်းဌာနအား ပြောကြားခဲ့သည်။ လက်ရှိ နိုင်ဂျီးရီးယားဝေဟင် ထက်၌ ပျံသန်းနေသော အမေရိ ကန်လေယာဉ်အမျိုးအစားများ မှာ မည်သည့်လေယာဉ်အမျိုးအ စားဖြစ်သည်မှာ မရှင်းလင်းသေး ပေ။
အမေရိကန်အစိုးရ၏ လူ လိုက်ပါသော လေယာဉ်များ မောင်းနှင်ပျံသန်းနေသည့်ကိစ္စ မထုတ်ဖော်မီ ဘိုကိုဟာရမ်သူပုန် အဖွဲ့က ၎င်းတို့ ဖမ်းဆီးထားသော မိန်းကလေး ၁၃၀ ခန့်ပါဝင်သည့် ဗီဒီယိုကို ဖော်ပြခဲ့သည်။ ယင်းဗီ ဒီယိုတွင် ဖမ်းဆီးခံထားရသူ မိန်း ကလေးများသည် အစ္စလာမ်ဘာ သာသို့ ကူးပြောင်းသွားပြီဟု စစ်သွေးကြွများက ပြောကြားခဲ့ သည်။ အဖမ်းခံရသူ မိန်းကလေး အများစုမှာ ခရစ်ယာန်ဘာသာ ၀င်များဖြစ်သည်ဟု ၎င်းတို့၏ မိသားစုများက ပြောကြားခဲ့သည်။
အဆိုပါ မိန်းကလေးများကို နိုင်ဂျီးရီးယားအစိုးရ အကျဉ်း ထောင်များတွင် ချုပ်နှောင်ခံနေရ သော သူပုန်များနှင့် အလဲအလှယ် လုပ်မည်ဟု ဘိုကိုဟာရမ်ခေါင်း ဆောင်အဘူကာကာရှီကူးက ပြောကြားခဲ့သည်။ သို့ရာတွင် ဘို ကိုဟာရမ်တို့၏ အကျဉ်းသားလဲ လှယ်ရန်ဟူသော ကမ်းလှမ်းချက် ကို နိုင်ဂျီးရီးယားအစိုးရက လက် မခံကြောင်း သတင်းများ ထွက် ပေါ်လျက်ရှိသည်။
ဧပြီ ၁၄ ရက်က ပြန်ပေးဆွဲ ခံရသော နိုင်ဂျီးရီးယားကျောင်း သူကလေးများ ရှာဖွေရေးနှင့် ပြန် လည်လွတ်မြောက်ရေးတွင် အ မေရိကန်နှင့် ကမ္ဘာ့နိုင်ငံအချို့ သည် နိုင်ဂျီးရီးယားအစိုးရနှင့် ပူး ပေါင်းဆောင်ရွက်လျက်ရှိပြီး အ ကူအညီများပေးလျက်ရှိသည်။ အမေရိကန် ကျွမ်းကျင်သူအဖွဲ့ တစ်ဖွဲ့သည် ပြီးခဲ့သည့် သီတင်း ပတ်တွင် နိုင်ဂျီးရီးယားနိုင်ငံသို့ ရောက်ရှိခဲ့ပြီး လူပျောက်ရှာဖွေ ရေးလုပ်ငန်းများ စတင်နေပြီဟု သိရသည်။  

Ref: BBC/AFP

No comments:

Post a Comment