Friday, February 27, 2015

မိကျောင်းကန်သပိတ်စခန်းကို စည်ပင်ရဲ ဖြိုခွင်း



26 February 2015
ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံလမ်းမှာရှိတဲ့   မိကျောင်းကန်သပိတ်စခန်းကို စည်ပင်ရဲတွေက ၀င်ရောက် ဖြိုခွင်းရှင်းလင်းခဲ့ပြီး လူ ၁၈ ဦးကို ဖမ်းဆီးထားလိုက်ပါတယ်။
ဖေဖော်ဝါရီလ ၂၆ ရက်နေ့ မနက်က ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ လုံခြုံရေးနှင့် စည်ကမ်းထိန်းသိမ်းရေးဌာနက ရဲတွေက ဖြိုခွင်းရှင်းလင်းခဲ့ကြတာဖြစ်ပြီး သပိတ်စခန်းက ဆန္ဒပြသူ ၁၄ ဦးနဲ့ ဈေးသည် ၄ ဦး  စုစုပေါင်း ၁၈ ဦး ကို ဖမ်းဆီးသွားခဲ့တာပါ။

လောက်ကိုင်ဒေသတွင် ကလေးတဦး မိုင်းနင်း သေဆုံး

 အစိုးရတပ်တွေနဲ့ ကိုးကန့်တိမ်းရှောင်တပ်တွေအကြား တိုက်ပွဲဖြစ်ပွားနေတဲ့ လောက်ကိုင် ဒေသမှာ အသက် ၁၀ အရွယ် ကိုးကန့် ကလေးငယ်တဦး  မိုင်းနင်းမိပြီး သေဆုံးသွားပါတယ်။
လောက်ကိုင်မြို့နယ် ချားဟော်ရွာမှာ ဗုဒ္ဓဟူးမနက်ပိုင်းက အဆိုပါကလေးငယ်ဟာ မနက်စာချက်ပြုတ်ဖို့အတွက် အိမ်အနီးနားမှာ ထင်းရှာရင်း မိုင်းနင်းမိခဲ့တာဖြစ်ပါတယ်။

တိုက်ခိုက်ခံ စပိန် ခရီးသွားဧည့်သည် ရဲတပ်ဖွဲ့ရှာဖွေနေ

တိုက်ခိုက်ခံရသည့် စပိန်နိုင်ငံသား (ဓာတ်ပုံ - Zaw Shinn facebook)
မြန်မာနိုင်ငံကို လာရောက်လည်ပတ်စဉ်အတွင်း တိုက်ခိုက်ခံခဲ့ရတဲ့ စပိန်နိုင်ငံသားတစ်ဦး ရန်ကုန် ဆေးရုံကြီးမှာ ဆေးဝါးကုသမှုခံယူနေစဉ်အတွင်း၊ မနေ့က ဆေးရုံက ရုတ်တရက်ဆင်းသွားတဲ့ အတွက် ရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေပါတယ်။

ဆန္ဒပြအလုပ်သမားများအား ဆူပူအကြမ်းဖက်သူအဖြစ် နိုင်ငံပိုင် သတင်းစာ၌ ဖော်ပြမှုများ ဝေဖန်ခံရ


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅

ဆန္ဒပြ အလုပ်သမားများအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနက ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် နိုင်ငံပိုင် သတင်းစာများမှတစ်ဆင့် သတင်း ထုတ်ပြန်ခဲ့ရာ၌ ““ဆူပူအကြမ်းဖက် ဆန္ဒပြအလုပ်သမားများ””ဟု သုံးနှုန်းထားမှုအပေါ် ဝေဖန် မှုများ ဖြစ်ပေါ်လျက် ရှိသည်။

အလုပ်သမားသပိတ် ဘာကြောင့် ရှေ့ဆက်နေရလဲ …


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅

အစိုးရက ပြင်းထန်သော ဖြိုခွင်းမှုများ ပြုလုပ်သော်လည်း ရွှေပြည်သာ စက်မှုဇုန် အလုပ်သမား သပိတ်စခန်း ကို ရွှေပြည်သာ စက်မှုဇုန်ရှိ E land Myanmar အထည်ချုပ် စက်ရုံအနီးတွင် ယနေ့အထိ ဖွင့်လှစ်ထားဆဲ ဖြစ် သည်။

အခြေခံလစာ သုံးသောင်းကျပ် တိုးမြှင့်မပေးမချင်း အလုပ်သမားများ ဆက်လက်ဆန္ဒပြ တောင်းဆိုသွားမည်


နေ့ကြေး တစ်ထောင့်တစ်ရာကျော်နဲ့ ထမင်းစားလို့ မရဘူးလေ … ဆန်တစ်ပြည်တောင် ၁၂၀၀ ပေးရ တယ် ဆန်တစ်ပြည် ၁၂၀၀ ဆိုတာတောင်မှ အကြမ်းပဲရှိသေးတယ် …

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

ရွှေပြည်သာ မြို့နယ်ရှိ အထည်ချုပ်စက်ရုံ (၃)ရုံမှ အလုပ်သမား (၂၀၀၀)ကျော်ခန့်သည် မူလရရှိထားသည့် အခြေခံလစာမှာ စားဝတ်နေရေး အဆင်မပြေသည့်အတွက် လက်ရှိရရှိနေသည့် အခြေခံလစာကို သုံးသောင်း ကျပ် တိုးမြှင့်ပေးရန် မရမချင်း ထပ်မံ တောင်းဆိုသွားမည် ဖြစ်ကြောင်း အခြေခံ အလုပ်သမားများ သမဂ္ဂမှ ဘဏ္ဍာရေးမှူး မခင်မျိုးအေးက ဖေဖော်ဝါရီ (၂၃) ရက်တွင် မြန်မာသံတော်ဆင့် သို့ ပြောသည်။

တောင်းဆိုချက်အပေါ် အချိန်ဆွဲလျှင် ကျောင်းသားသပိတ် ရန်ကုန် ချီတက်မည်

ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီ နှင့် NNER အဖွဲ့၊ အရပ်ဖက် လူ့အဖွဲ့အစည်းတွေ ဆွေးနွေးပွဲမှာ စာရေးဆရာ ချစ်ဦးညိုမှ ကျောင်းသားသပိတ်နှင့် ပညာရေး ဥပဒေပြင်ဆင်မှု အပေါ် ထောက်ခံကြောင်း ပြောကြား။ သတင်းဓာတ်ပုံ- NNER 
ဖေဖေါ်ဝါရီ(၁၁)ရက်နေ့က လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲမှာ သဘောတူခဲ့တဲ့ အတိုင်း အမျိုးသားပညာရေးဥပဒေအား ပြင်ဆင်သည့် ဥပဒေ မူကြမ်းကိစ္စကို လွှတ်တော်မှာ ဆွေးနွေးဖို့ ဆက်ပြီးကြန့်ကြာနေမယ်ဆိုရင် သပိတ် စစ်ကြောင်းတွေကို နဂို သတ်မှတ်ထားတဲ့အတိုင်း ရန်ကုန်ကို ပြန်ချီတက် သွားမယ်လို့ ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီ ကပြောလိုက်ပါတယ်။ ရန်ကုန်မြို့မှာ (ဖေဖေါ်ဝါရီ ၂၆ရက်) မနေ့က ကျင်းပတဲ့ အရပ်ဖက် လူ့အဖွဲ့အစည်းတွေနဲ့ ဒီမိုကရေစီ ပညာရေးဦးဆောင်ကော်မတီ / NNER တို့ တွေ့ဆုံပွဲအပြီး ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။ ဒီအကြောင်း ကိုညဏ်ဝင်းအောင်က တင်ပြထားပါတယ်။

လေးပွင့်ဆိုင် သဘောတူညီချက်များအား အစိုးရက ဖောက်ဖျက်နေကြောင်း ပညာရေးဝန်ကြီးထံ အိတ်ဖွင့်ပေးစာပို့


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄

အစိုးရက လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှု သဘောတူညီချက်များအား အစိုးရက ဖောက်ဖျက်သော လုပ်ရပ်များ လုပ်ဆောင်နေကြောင်း ဒီမိုကရေစီ ပညာရေး ဦးဆောင်လှုပ်ရှားမှု ကော်မတီနှင့် ပညာရေးစနစ် ပြုပြင်ပြောင်း လဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER) တို့က ပညာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်စန်းရီ ထံသို့ ဖေဖော်ဝါရီလ ၂၁ ရက်စွဲဖြင့် အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ကြောင်း ဖေဖော်ဝါရီလ ၂၂ရက် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

Thursday, February 26, 2015

ဒေါက်တာလမ်းပြကြယ်

သတင်းကြိုက်သူများအတွက်

အကောင်းဆုံးသတင်းများ စုစည်းတင်ပြမှု

ဆက်သွယ်ရန်

ဒေါက်တာလမ်းပြကြယ်၏ အမြင်သဘောထား

Tuesday, February 24, 2015

မြန်မာအမျိုးသမီးငယ်တစ်ဦး အဓမ္မပြုကျင့် သတ်ဖြက်ခံရ


သတင်း-စောမောင်

ထိုင်းနိုင်ငံတောင်ပိုင် စူရတ်ဌာနီခရိုင် ကော့စမွေကျွန်းတွင် အလုပ်လုပ် ကိုင်သော မြန်မာအမျိုးသမီးငယ် တစ်ဦးသည် ယမန်နေ့ညက အဓမ္မပြုကျင့် ခံရပြီး သက်ဖြက်ခြင်းခံခဲ့ရကြောင်း ကော့စမွေကျွန်း ရဲစခန်း၏ ပြောပြချက်အရသိရှိရသည်။

လုံးပတ် ငါးလက်မရှိ သစ်ချောင်းကြီး လည်ပင်း ထုတ်ချင်း ပေါက်စူးဝင်ခဲ့ သူအား တောင်ငူ ခရိုင် ဆေးရုံကြီးမှ အောင်မြင်စွာ ခွဲစိတ်ကုသပေးခဲ့


တောင်ငူ ဖေဖော်ဝါရီ ၂၃

အသက် (၄၆)နှစ်အရွယ် အမျိုး သားတစ်ဦး၏ လည်ပင်းထဲသို့ လုံးပတ် ငါးလက်မ၊ အရှည် ငါးပေ ရှိ သစ်ချောင်းကြီး ထုတ်ချင်းပေါက် ဝင်ခဲ့သော်လည်း တောင်ငူခရိုင် ပြည်သူ့ဆေးရုံကြီးမှ ခွဲစိတ်ဆရာဝန် များက အောင်မြင်စွာ ခွဲစိတ်နိုင်ခဲ့ ကြောင်း သိရသည်။

အကျဉ်းသားတွေပါတဲ့ ကားတန်း ပစ်ခတ်ခံရ

ကြက်ခြေနီ ယာဉ်တန်းတွေ တိုက်ခိုက်ခံခဲ့ရ
လောက်ကိုင် ကနေ လားရှိုး ပြောင်းဖို့ အကျဉ်းသား တွေ ပါတဲ့ ကားတန်း ကို အရင် ကြက်ခြေနီ ယာဉ် တွေ ပစ်ခတ် ခံရတဲ့ လောက်ကိုင် နဲ့ ချင်းရွှေဟော် ကြား လုံထန် အရပ် မှာ မနေ့ ညနေ ၂နာရီ ၁၅ မိနစ် လောက် က လက်နက်ကိုင် လူတစု က ထပ်ပစ် ခံရပါတယ်။

Monday, February 23, 2015

ဒါးပိန်မြို့လူသတ်မှု့ တရာခံမပေါ်သေး


ဖေဖော်ဝါရီ-၂၃
၂၀၁၄ခု ဇူလိုင်လ ၁၇ရက်နေ့ နေ့လည် ၂း၃၀နာရီအချိန်ခန့်တွင် လှည်းကူးမြို့နယ် ဒါးပိန်မြို့(မြောက်ပိုင်း)နေသူ ဒေါ်ခင်စန်းဝင်း အသက်(၄၉)နှစ်အား ၎င်း၏နေအိမ်အတွင်း လည်ပင်းပြတ်ရှဒဏ်ရာဖြင့် မှောက်လျှက်အနေအထား သေဆုံးနေပြီး ရွှေထည်ပစ္စည်းနှင့်ငွေများပါပျောက်ဆုံးသွားသဖြင့် သားဖြစ်သူမှ မိခင်အားသတ်၍ ပစ္စည်းများယူသွားသူကိုဖမ်းဆီးအရေးယူပေးပါရန် ဒါးပိန်ရဲစခန်းသို့ အမှု့ဖွင့်တိုင်တန်းခဲ့သော်လည်း ယနေ့အထိတရားခံအားဖမ်းဆီးဖော်ထုတ်နိုင်ခြင်းမရှိသေးကြောင်း သေဆုံးသူ ဒေါ်ခင်စန်းဝင်း၏သား ကိုဝင်းဆွေဦးကပြောကြားသည်။

Sunday, February 22, 2015

တပ်မတော် စစ်ကြောင်းများနှင့် ဆက်သွယ်ရေး လမ်းကြောင်းများအား ပိတ်ဆို့ထားသော ကိုးကန့် သောင်းကျန်းသူများ အဖွဲ့များ တိုက်ပွဲများ ဆက်လက်ဖြစ်ပွား


နေပြည်တော် ဖေဖော်ဝါရီ ၂၁

ကိုးကန့်သောင်းကျန်းသူများသည် လောက်ကိုင်မြို့သို့ ဆက်သွယ်သည့် လမ်းကြောင်းများအား ဖြတ်တောက် ပိတ်ဆို့ကာ လောက်ကိုင်မြို့အား အုပ်ချုပ်မှုခက်ခဲစေရန် ရည်ရွယ်လုပ်ဆောင်လျက်ရှိသဖြင့် တပ်မတော် စစ်ကြောင်းများက နယ်မြေ ရှင်းလင်းခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

မြို့လယ်မှာကျောက်မျက်ဈေး မဆောက်ဖို့ မိုးကုတ်မြို့ခံတွေ ဆန္ဒပြ

မိုးကုတ် အင်းအစပ်က မုံကွင်းမှာ ကျောက်မျက်လုပ်ငန်း ရှင်များအသင်းက ကျောက်မျက်ဈေး ဆောက်လုပ်ဖို့ အတွက် ပြင်ဆင်နေတာကို မြို့ခံ ၁ဝဝဝ ကျော်က ဇန်နဝါရီလ ၁၁ ရက်နေ့က ကန့်ကွက်ဆန္ဒပြစဉ်။ Photo: Hset Paing Toe/ RFA
မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့လယ်မှာရှိတဲ့ မုံကွင်းမှာ ကျောက်မျက်လုပ်ငန်းရှင်များ အသင်း က ကျောက်မျက်ဈေး ဆောက်လုပ်ဖို့ ပြင်ဆင်နေ တာကို မြို့ခံတွေက ကန့်ကွက်ဆန္ဒပြကြပါတယ်။

ဟိုးလေးတကျော်ဖြစ်ခဲ့သည့် ထိုင်းအမျိုးသား ၃ ဦး လက်ထပ်ပွဲ


ထိုင်းနိုင်ငံမှာ လိင်တူ အမျိုးသား ၃ ဦး အချင်းချင်း လက်ထပ်တဲ့ကိစ္စ ထိုင်းလူမှုကွန်ရက်တွေမှာ ဟိုးလေးတကျော် ဖြစ်သွားခဲ့ပါတယ်။