Wednesday, December 5, 2012

နမ်းရမည့် ဇာတ်ဝင်ခန်း ရိုက်ကူးရန် သက်မွန်မြင့် ငြင်းဆန်

နမ်းရမည့် ဇာတ်ဝင်ခန်း ရိုက်ကူးရန် သက်မွန်မြင့် ငြင်းဆန်

Wednesday, December 05, 2012  

နာမည်ကျော်မင်းသမီး သက်မွန်မြင့်က နမ်းရမည့် ဇာတ်ဝင်ခန်းကို ရိုက်ကူးရန် ငြင်းဆန်သောကြောင့် ဇာတ်လမ်းကောင်းသည့် ရုပ်ရှင်တကားကို လက်လွှတ်လိုက်လိုက်ရမည့် အခြေအနေဖြစ်နေသည် ဟု အလင်းတန်းဂျာနယ်သို့ ပြောပြသည်။

ကျွန်မကနှင်းဆီပါမောင် အမည်ရှိ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးမည့် ဒါရိုက်တာဝိုင်းက အဆိုပါ ဇာတ်ဝင်ခန်းက အရေးကြီးသည့် ဇာတ်ဝင်ခန်းဖြစ်သောကြောင့် "မဖြုတ်ပေးနိုင်ဘူး" ဟု မှတ်ချက်ပြုထားကြောင်း သက်မွန်မြင့်က ပြောသည်။

တနင်္လာနေ့ထုတ် အလင်းတန်းဂျာနယ်တွင် ယင်းသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

"သက်မွန်ရဲ့ ပရိသတ်တွေကလည်း အဲဒါမျိုးတော့ လက်မခံဘူး ထင်ပါတယ်။ နောက် ထားသခင်ရဲ့ စရိုက်ကလည်း ဒါမျိုး မဟုတ်ဘူး ထင်ပါတယ်" ဟု သက်မွန်မြင့်က အလင်းတန်းဂျာနယ်ကို ရှင်းပြသည်။

ယခင်ကလည်း ဒါရိုက်တာဝိုင်း ရိုက်ကူးခဲ့သည့် ဇာတ်ကားတခုနှင့် ပတ်သက်ပြီး သူ၏ ပရိသတ်က ငြိုငြင်ခဲ့ဖူးသည်ဟု မင်းသမီးက ဆိုသည်။

"Sexy Dance ကခိုင်းတာ။ မလုပ်လို့ မရဘူး ဆိုလို့ ရိုက်ခဲ့တယ်။ ပရိသတ်တွေက သူ့ကို မပြောဘူး။ သက်မွန်ကိုပဲ ၀ိုင်းပြီး ပြောကြတာလေ" ဟု မင်းသမီးက ပြောသည်။

ဒါရိုက်တာဝိုင်းနှင့် ရိုက်ကူးသည့် ဇာတ်ကားတိုင်း အောင်မြင်ခဲ့ကြောင်း၊ ပုဂ္ဂိုလ်ရေးအရ ပြဿနာ မရှိကြောင်း၊ ဒါရိုက်တာကို ဆရာလုပ်ခြင်းလည်း မဟုတ်ကြောင်း မင်းသမီးသက်မွန်မြင့်က ပြောသည်။

ချင်းတိုင်းရင်းသူတဦးဖြစ်သည့် မင်းသမီးချောသက်မွန်မြင့်သည် ဒါရိုက်တာဝိုင်း ရိုက်ကူးသည့်  “အာဒမ်ရယ်၊ ဧ၀ရယ်၊ ဒသရယ်” နာမည်ကျော် ဇာတ်ကားဖြင့် အကယ်ဒမီသက်မွန်မြင့် ဖြစ်လာခဲ့သည်။
မိုးမခအွန်လိုင်း http://moemaka.com/ ကနေ ကူးယူ ဖော်ပြပါတယ်။
 

အေးချမ်းမွန်မှ ဧရာဝတီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :ဧရာဝတီ


Wednesday, December 05, 2012

နာမည်ကျော်မင်းသမီး သက်မွန်မြင့်က နမ်းရမည့် ဇာတ်ဝင်ခန်းကို ရိုက်ကူးရန် ငြင်းဆန်သောကြောင့် ဇာတ်လမ်းကောင်းသည့် ရုပ်ရှင်တကားကို လက်လွှတ်လိုက်လိုက်ရမည့် အခြေအနေဖြစ်နေသည် ဟု အလင်းတန်းဂျာနယ်သို့ ပြောပြသည်။

ရေး ရဲစခန်း လူ့အခွင့်အရေးချိုးဖောက်

ရေး ရဲစခန်း လူ့အခွင့်အရေးချိုးဖောက်

Thursday, December 06, 2012  အိမ့်သံစဉ်  

ရေး မြို့နယ်ရှိ ရဲများသည် အပြစ် မရှိသောလူများကို လိုက်လံဖမ်းဆီးပြီး နည်းမျိုးစုံဖြင့်ရိုက်နှက် စစ်ဆေး ကာ တရားခံ အဖြစ်အတင်းအကျပ် ၀န်ခံခိုင်းခဲ့မှုများ အများအပြားရှိခဲ့ကြောင်းသိရသည်။ 

မနွယ်နီနှင့် အလုပ်သမား စိန်ပန်းဆိုသူတို့အား ချဲရောင်းသည်ဟုစွပ်စွဲပြီး ယမန်နေ့ ဒီဇင်ဘာလ ၅ ရက်နေ့ က မတရားဖမ်းဆီးခဲ့မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်းသိရသည်။

ရေးမြို့နယ်တွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ သူခိုး ဓားပြမှုများ၊ မူးယစ်ဆေးဝါးမှုများ၊ လာဘ်ပေး လာဘ်ယူမှုများ၊ တရားမ၀င် လုပ်ငန်းကြီးများ များစွာပေါ်ပေါ်ထင်ထင်လုပ်ကိုင်နေမှုများရှိသော်လည်း အရေးယူဆောင်ရွက်ခြင်းမရှိဘဲ အခြေအမြစ်မရှိသော နောက်ခံ background မရှိသောသူများကိုသာ တရားခံအဖြစ် မတရားရိုက်နှက် စွပ်စွဲပြီး ဖမ်းဆီးမှုများရှိနေကြောင်း သိရသည်။ 

အေးချမ်းမွန်မှ ဧရာဝတီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :ဧရာဝတီ


Thursday, December 06, 2012 အိမ့်သံစဉ်

ရေး မြို့နယ်ရှိ ရဲများသည် အပြစ် မရှိသောလူများကို လိုက်လံဖမ်းဆီးပြီး နည်းမျိုးစုံ
ဖြင့်ရိုက်နှက် စစ်ဆေး ကာ တရားခံ အဖြစ်အတင်းအကျပ် ၀န်ခံခိုင်းခဲ့မှုများ အများအပြားရှိခဲ့ကြောင်းသိရသည်။

ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်နှင့် ပဲခူးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဌာနဆိုင်ရာငွေကြေးများ အလွဲသုံး စားပြုနေကြောင်း အသိပေးဖော်ပြချက်



နိုင်ငံတော် သမ္မတကြီးနှင့်တကွ ပြည်ထောင်စုဝန်ကြီးများ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များမှ လက်ရှိ မြန်မာနိုင်ငံသည် ဒီမိုကရေစီလမ်းကြောင်းကိုလျှောက်လှမ်းနေကြပြီဖြစ်သဖြင့် သန့်ရှင်းသောအစိုးရအဖြစ်ရပ်  တည်မည်ဟု ကြွေးကြော်ကာ လုပ်ငန်းများကို အကောင်အထည်ဖော်၍ ဆောင်ရွက်လျှက်ရှိရာ ၀န်ထမ်းများ၏ လာဘ်ပေးလာဘ်ယူမှုကို အဓီကထားစစ်ဆေးဖော်ထုတ်အရေးယူလျှက်ရှိသည်ကို မိဒိယာများမှတဆင့် ကြားသိ ရပါသည်။

Tuesday, December 4, 2012

ယုဇနဥယျာဉ်မြို့တော်..NLD ရပ်ကျေးညီလာခံမှာ ဗျာ….

 
နိုဝင်ဘာ ၂၈ ရက်(တန်ဆောင်မုန်း  လပြည့်နေ့)က ၉၄ ရပ်ကွက်၊ ယုဇန ဥယျာဉ်မြို့တော် ဒဂုံဆိပ်ကမ်းမြို့နယ် NLD ရပ်ကျေးညီလာခံကျင်းပခဲ့ရာ အောင်မြင်မှုမရှိဘဲ ပွဲပျက်ခဲ့သည်။ ယုဇန NLD  ကွဲနေသည့် သတင်းတွေကကြား နေရသည်။ ညီလာခံမတိုင်မီ တစ်ရက် လူငယ် ကျား၊မ (၂)ဦး ဂျာနယ်တိုက်ကို ဖိတ်စာလာပို့သည်။ ထူးခြားသည်က ရပ်ကျေး/မြို့နယ်ကော်မရှင်က ဖိတ်ခြင်း မဟုတ်ဘဲ ကွဲနေသော အစုအဖွဲ့တစ်ဖက် က ပုဂ်္ဂိုလ်တစ်ဦးအမည်ဖြင့် ဖိတ်ကြား ခြင်းဖြစ်သည်။ ညီလာခံစောင့်ကြည့်ရေး အဖွဲ့ဟုကင်ပွန်းတပ်ထားသည်။

လက်ပံတောင်းတောင်ဒေသခံ သံဃာတော်များက သဘောထားထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်

 
သပိတ်စခန်းများကို အင် အားသုံးဖြိုခွဲခဲ့ပြီး သံဃာတော် များနှင့် လူပုဂ်္ဂိုလ်များ ထိခိုက် ဒဏ်ရာရရှိခဲ့ခြင်းအပေါ်  လက်ပံ တောင်းတောင်ဒေသခံ သံဃာ တော်များက သဘောထားကြေ ညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ ကြောင်း သတင်းရရှိသည်။

လူနာက အရေးကြီးတယ် ၊ မီဒီယာက အရေးမကြီးဘူးဟု မန္တလေးဆေးရုံအုပ်ကြီးပြောပြီ

 
လက်ပံတောင်း အရေးတွင် ထိခိုက်ဒဏ်ရာရရှိခဲ့သောသူများ အနက်မှ ဒဏ်ရာအနည်းငယ်သာ ရရှိခဲ့သော သူများမှာ ဆေးရုံ တက်ရောက်ခြင်း မရှိဘဲ နေခဲ့ရာ မှ ဒဏ်ရာအခြေအနေမှာ ကြီး လာသဖြင့် ဆေးရုံသို့ တက် ရောက်ပြသရခြင်းများ ရှိလာ သဖြင့် မန္တလေးဆေးရုံအုပ်ကြီးထံ သို့ ဒီဇင်ဘာ ၃ ရက်က မီဒီယာ များ ၀င်ရောက်မေးမြန်းရန် ကြိုး စားခဲ့သည်။

ပျံကျဈေးသည် (၆၅)ဦး ၀န်ကြီးချုပ် ဦးဥာဏ်ဝင်းထံ အသနားခံစာတင်



အမြန်လမ်း(၁၁၅)မိုင်ယဉ်ရပ်နား
စခန်းရှိ ပျံကျဈေးသည်များကို
နိုဝင်ဘာလ(၂၈)ရက်နေ့တွင် ဈေး ရောင်းချခွင့် ပိတ်ပင်လိုက်ပါသဖြင့်
မိသားစုစားဝတ်နေရေးအတွက် အခက်အခဲများနှင့် ရင်ဆိုင် ကြုံ တွေ့ နေရကြောင်း
သိရှိရသည်။

Monday, December 3, 2012

အရှင်ဂမ္ဘီရ(ခ) ညီညီလွင် ထပ်မံ ဖမ်းဆီးခံရ

အရှင်ဂမ္ဘီရ(ခ) ညီညီလွင် ထပ်မံ ဖမ်းဆီးခံရ

03.12.2012
ရွှေဝါရောင်တော်လှန်ရေးမှာ အဓိက ဦးဆောင်ပါဝင်ခဲ့တဲ့ အရှင်ဂမ္ဘီရခေါ် ကိုညီညီလွင်ကို ဒီဇင်ဘာ ၁ ရက်နေ့မှာ အာဏာပိုင်တွေက ဖမ်းဆီး ခေါ်ဆောင်သွားပြီး အခု အင်းစိန် အကျဉ်းထောင်မှာ ထိန်းသိမ်းထားတယ်လို့ AAPP နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းက ပြောပါတယ်။ လက်ရှိအခြေအနေမှာ ဆေးကုသမှုခံယူနေရတဲ့ အရှင်ဂမ္ဘီရရဲ့ ကျန်းမာရေးအခြေအနေကို စိုးရိမ်တဲ့အတွက် သူနဲ့ အမြန်ဆုံးတွေ့နိုင်ဖို့ စုံစမ်းနေတယ်လို့လည်း မိသားစုဝင်တွေက ပြောပါတယ်။ 

အရှင်ဂမ္ဘီရခေါ် ကိုညီညီလွင်ကို အာဏာပိုင်တွေက ဒီဇင်ဘာလ ၁ ရက်နေ့ညက ဖမ်းဆီး ခေါ်ဆောင်သွားပြီး လက်ရှိအချိန်ထိ ချုပ်နှောင်ထားဆဲဖြစ်တယ်လို့ ထိုင်းနိုင်ငံ အခြေစိုက် AAPP နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့က အတွင်းရေးမှူး ကိုတိတ်နိုင်က ပြောပါတယ်။

"ဟုတ်ကဲ့။ ကျနော်တို့ အတည်ပြုလို့ရပါတယ်။ ပထမဖမ်းသွားတယ်။ နောက် သင်္ဃန်းကျွန်းရဲစခန်းမှာ ထားတယ်။ ည ၁၁နာရီလောက် သူ့အမေကို ပြန်လွှတ်လိုက်တယ်။ သူ့အမေပါ လိုက်သွားတာကိုး။ သူ့အမေကို ဖမ်းတာမဟုတ်ဘူး။ လိုက်သွားတာ။ သူ့ကိုတော့ မနေ့ညက အင်းစိန်ထောင်ကို ပို့လိုက်တယ်။ ပုဒ်မ သုံးခု တပ်တယ်။ ပုဒ်မ သုံးခုတပ်ပြီးတော့ ရဲစခန်းသုံးခုကနေ တရားစွဲပြီးတော့ ရမန်ယူထားတာဖြစ်တယ်။"

သူ့ကို စွဲချက်တင်ထားတဲ့အမှုတွေကတော့ ပုဒ်မ ၄၄၈ - တရားမ၀င် ၀င်ရောက် နေထိုင်မှု၊ ပုဒ်မ ၄၂၇ - ကျပ်ငွေ ၅၀ နှင့်အထက် ပိုင်ဆိုင်မှုများအား ပျက်ဆီးစေမှု၊ ပုဒ်မ ၄၅၄ - တားမြစ်ထားသော  အဆောက်အဦးအား ဖျက်ဆီး ၀င်ရောက်မှုတို့ ဖြစ်တယ်လို့ ဆိုပါတယ်။

အခုစွဲဆိုထားတဲ့ ပုဒ်မတွေဟာ အရင်ကတည်းက ရှိနေတဲ့ ပုဒ်မတွေဖြစ်တာကြောင့် ဒါဟာ နောက်ကြောင်းပြန်လှည့်တဲ့ လုပ်ရပ်ဖြစ်တယ်လို့လည်း ကိုတိတ်နိုင်က ပြောပါတယ်။

ကိုညီညီလွင် ပျောက်ဆုံးတဲ့အချိန်ကစလို့ သူ့ကို ဘယ်မှာ ထိန်းသိမ်းထားတယ်ဆိုတာ သိနိုင်အောင် မိသားစုဝင်တွေက သက်ဆိုင်ရာ နယ်မြေအသီးသီးက အာဏာပိုင် အဖွဲ့အစည်းတွေထံ လိုက်လံ စုံစမ်းခဲ့ပေမယ့် တစုံတရာ ထုတ်ဖော် ပြောဆိုခဲ့ခြင်းမရှိဘူးလို့ ကိုညီညီလွင်ရဲ့ အကိုဖြစ်သူ ကိုအောင်ကျော်ကျော်က ဗွီအိုအေကို ပြောပြပါတယ်။

ကိုညီညီလွင်ဟာ အရင်တခေါက် ဖမ်းဆီး ထိန်းသိမ်းခံရတဲ့အချိန်တုန်းက ခံခဲ့ရတဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေကြောင့် စိတ်ပိုင်းဆိုင်ရာ အပါအ၀င် ကျန်းမာရေး ထိခိုက်နေသူ တဦးဖြစ်ပါတယ်။ သူ့ရောဂါဝေဒနာတွေအတွက် ဆေးကုသမှုတွေ ဆက်လက် ခံယူနိုင်ဖို့အတွက် မိသားစုအနေနဲ့ သူဘယ်မှာရှိတယ် ဆိုတာကို အခုလို အပူတပြင်း လိုက်ရှာနေတာဖြစ်တယ်လို့ ကိုအောင်ကျော်ကျော်က အခုလို ပြောပြပါတယ်။

"မနေ့တုန်းက လာရောက်ခေါ်ဆောင်သွားတဲ့ သင်္ဃန်းကျွန်းမြို့နယ် ရဲစခန်းမှူး ရဲအုပ်သန့်ဇော်ဦးဆီကို ကျနော် သွားတွေ့ပါတယ်။ သွားတွေ့တဲ့အခါ ဦးဂမ္ဘီရ ဘယ်မှာလည်း။ ဖမ်းဆီးထိန်းသိမ်း ထားတဲ့နေရာလေးတော့ ကျနော်ကိုပြောပါဆိုတော့ ကျနော်တို့ ဖမ်းတဲ့နေ့ ညတွင်းချင်းပဲ သန်လျင်မြို့နယ် စခန်းမှူး ရဲအုပ်မြင့်ကျော်လက်ထဲ အပ်လိုက်ပါတယ်လို့ပြောပါတယ်။ အဲ့တာနဲ့ ကျနော်တို့ သန်လျင်မြို့နယ်ကို ချက်ခြင်းလိုက်ပါတယ်။ ရဲအုပ်မြင့်ကျော်နဲ့တွေ့တော့ ကျနော်တို့ဆီမှာ မထားတော့ပါဘူးတဲ့။ ညတွင်းချင်းပဲ အင်းစိန်ထောင်ကို ပို့လိုက်ပါပြီ ပြောပါတယ်။ ဒီနေ့မနက် ၁၂နာရီမှာ ကျနော်တို့ အင်းစိန်ထောင်ကို သွားစုံစမ်းရပါတယ်။ အင်းစိန်ထောင်ဗူးဝမှာရှိတဲ့ စုံစမ်းရေးမှာ ထောင်မှူးဝင်းဇော်နဲ့တွေ့ပါတယ်။ ထောင်မှူးဝင်းဇော်ကို ဦးဂမ္ဘီရ အင်းစိန်ထောင်မှာ ရှိမရှိ ဆိုတာကို မေးမြန်းတဲ့အခါမှာ  ထောင်မှူး ဝင်းဇော်က ထောင်အတွင်းထဲကို ဖုန်းဆက်ပြီး စုံစမ်းပေးပါတယ်။ စုံစမ်းပေးတဲ့အခါမှာ ဦးဂမ္ဘီရမရှိဘူးဆိုတာကို သိရပါတယ်။ ထောင်မှူးဝင်းဇော်က အခိုင်အမာပြောဆိုတာက သူ့ကို ဘယ်နေ့က ပို့လိုက်တယ်လို့ပြောလိုက်သလဲဆိုတော့ ၂ရက်နေ့ ညက ပို့လိုက်တယ်လို့ ရဲအုပ်မြင့်ကျော်က ပြောလိုက်ပါတယ်ဆိုတော့ မဖြစ်နိုင်ဘူးခင်ဗျတဲ့။ ၂ရက်နေ့ညက ကျနော် ဒီထောင်ဂိတ်ဝမှာ တာဝန်မှူး တာဝန်ကို ထမ်းဆောင်နေတာတဲ့။ ဘယ်အကျဉ်းသားမှ လာအပ်တာမရှိဘူးတဲ့။ အဲ့လိုမျိုး အခိုင်အမာပြောပါတယ်။ အဲ့တော့ ဦးဂမ္ဘီရဟာ အင်းစိန်ထောင်မှာ မရှိဘူးဆိုတာ သေချာပါတယ်။ အဲ့တော့ ဦးဂမ္ဘီရကို အင်းစိန်ပို့လိုက်ပြီလို့ ပြောတဲ့ ရဲအုပ်မြင့်ကျော်ဟာ ကျနော်တို့ မိသားစုဝင်တွေကို အမှန်ကို အမှန်အတိုင်းမပြောဘဲနဲ့ ဘယ်မှာ ဖမ်းဆီးထိန်းသိမ်းထားတယ်ဆိုတာကို မသိရတဲ့အတွက် ရဲအုပ်မြင့်ကျော်ဟာ ဥပဒေကို ချိုးဖောက်တဲ့သူဖြစ်ပါတယ်။ တရားဥပဒေကို လေးစားလိုက်နာသူမဟုတ်ပါဘူး။ ကျနော်တို့ မိသားစုအနေနဲ့လည်း ဦးဂမ္ဘီရဟာ ကျမ်းမာရေး ဆေးကုသမှု ခံယူနေဆဲဖြစ်တဲ့အတွက် အင်မတန်မှ စိုးရိမ်ပါတယ်။ သူ့ကိုဆေးကုသခွင့်လည်း ရချင်ပါတယ်။ မိသားစုအနေနဲ့ တွေ့လည်း တွေ့ချင်ပါတယ်။"

အရှင်ဂမ္ဘီရဟာ ၂၀၀၇ ခုနှစ် စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးမှာ ဦးဆောင် ပါဝင်ခဲ့သူတဦးဖြစ်ပြီး ထောင်ဒဏ် ၆၈ နှစ် ပြစ်ဒဏ် ပေးခံထားရာကနေ အခုနှစ် ဇန်န၀ါရီလတုန်းက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည် လွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။

VOA


03.12.2012
ရွှေဝါရောင်တော်လှန်ရေးမှာ အဓိက ဦးဆောင်ပါဝင်ခဲ့တဲ့ အရှင်ဂမ္ဘီရခေါ် ကိုညီညီလွင်ကို ဒီဇင်ဘာ ၁ ရက်နေ့မှာ အာဏာပိုင်
တွေက ဖမ်းဆီး ခေါ်ဆောင်သွားပြီး အခု အင်းစိန် အကျဉ်းထောင်မှာ ထိန်းသိမ်းထားတယ်လို့ AAPP နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းက ပြောပါတယ်။ လက်ရှိအခြေအနေမှာ ဆေးကုသမှုခံယူနေရတဲ့ အရှင်ဂမ္ဘီရရဲ့ ကျန်းမာရေးအခြေအနေကို စိုးရိမ်တဲ့အတွက် သူနဲ့ အမြန်ဆုံးတွေ့နိုင်ဖို့ စုံစမ်းနေတယ်လို့လည်း မိသားစုဝင်တွေက ပြောပါတယ်။