Saturday, March 16, 2013

“ငါးဖမ်းလှေအလုပ်သမား ၁၅ ဦး အား ပူးပေါင်းအဖွဲ့များကယ်တင်”

              
၂၀၁၃ မတ်လ  ၁၆
ကိုတီး

           ထိုင်းနိုင်ငံတောင်ပိုင်း ကတန်လှေဆိပ်တွင် ၆လမှ၁နှစ်ကြာသည်အထိငါးဖမ်းလှေပေါ် တွင်  ရောင်း စားခံခဲ့ရသည့် မြန်မာအလုပ်သမား ၁၅ ဦးတို့အား လူကုန်ကူးမှုတိုက်ဖျက်ရေး ပူးပေါင်း အဖွဲ့တို့က ကူညီကယ်တင်နိုင်ခဲ့သည်။
           မတ်လ ၁၀ ရက်နေ့တွင် အဆိုပါ လှေလုပ် သားများအား နယ်မြေ လူကုန်ကူးမှုတိုက်ဖျက်ရေး အဖွဲ့နှင့် ဒေသခံရဲတို့ကထိန်းသိမ်းထားခဲ့သော်လည်းထိုင်းအစိုးရလူကုန်ကူးမှုအထူးတိုက်ဖျက်ရေး ထောက်
လှမ်းရေးတပ်ဖွဲ့ DSI နှင့် ကူညီသူများမှာ မတ်လ ၁၅ ရက်နေ့ကမှ ကတန်ရဲစခန်းသို့ သွားရောက်ခဲ့ကြရ သည်။

“ပတ်စပို့တင်ပြီးပြန်လာသည့် အလုပ်သမား ဇနီးမောင်နှံပုလိပ်ဖမ်း၍ ဘတ်ငွေ ၃၀၀၀ ပေးရ”


၂၀၁၃ မတ်လ ၁၅
     
အလုပ်သမားပတ်စပို့လုပ်ကိုင်ရန် ကုမ္ပဏီ တစ်ခုသို့ လာရောက်ခဲ့သည့်အလုပ်သမားဇနီးမောင်နှံ၂ ဦးတို့ အား မဟာချိုင်အနီး နကပထုန်မြို့မှ ထိုင်းပုလိပ် ဖမ်းဆီး၍ ဘတ်ငွေ ၃၀၀၀ ပေးချေခဲ့ရကြောင်း  အလုပ်သမားက ပြောသည်။
         ဘန်ကောက်မြို့ ဘန်ဘော်ငါးသေတ္တာရုံ အနီး တွင်ဖွင့်လှစ်ထားသော ပတ်စပို့ ကုမ္ပဏီ တစ်ခုသို့
ယာယီပတ်စပို့ လျှောက်ထားရန် လာခဲ့ကြသည့် အလုပ်သမား ဇနီးမောင်နှံနှစ်ဦး တို့မှာ မိမိတို့ လုပ်ကိုင်နေကြသည့် ဆေးဆိုးပန်းရိုက် အလုပ်ရုံ သို့ ရောက်ခါနီးတွင်ပုလိပ်အဖမ်းခံခဲ့ရခြင်းဖြစ်သည်။
        ဘန်ကောက်မြန်မာသံရုံးမှ အလုပ်သမား ညွှန်ကြားရေးမှူး ဦးနိုင်ထွန်း က“ အလုပ်သမားကို ဖမ်းထားတဲ့ပုလိပ်အရာရှိကို ကျနော်ဖုန်းဆက်တယ်။ ပတ်စပို့ လုပ်ကိုင်နေစဉ် ရက်ပေါင်း ၁၂၀ အတွင်း အလုပ်သမားတွေကို ထိုင်းပုလိပ်တွေ မဖမ်းရဘူး။  ပြန်လွှတ်ပေးဖို့ ကျနော်ပြောပါတယ်။

ဦးခင်မောင်ဆွေအင်တာဗျူး (လျှပ်တပြတ်ဂျာနယ်၊မေ (၃) ၊ ၂၀၁၀ )


ဦးခင်မောင်ဆွေနှင့်တွေ့ဆုံမေးမြန်းခြင်း

(အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင် တစ်ဦးဖြစ်တဲ့ ဦးခင်မောင်ဆွေဟာ ပါတီ မှတ်ပုံတင်ရေးကို လိုလားသူ အဖြစ် လူသိများသူ ဖြစ်ပါတယ်။ ပါတီရှေ့ရေးနဲ့ ပတ်သက်ပြီး၊ မှတ်ပုံမတင်ရေး ဆုံးဖြတ်တဲ့ အစည်းအဝေးနဲ့ ပတ်သက်ပြီး ၂၀၁၀ ခုနှစ် ဧပြီလ ၃၀ ရက်နေ့ထုတ် လျှပ်တစ်ပြက် သတင်း ဂျာနယ်မှာ တွေ့ဆုံမေးမြန်း ထားတာကို မျှဝေပေး လိုက်ပါတယ်။)
ဦးခင်မောင်ဆွေ၏ ကိုယ်ရေးအကျဉ်း
ဦးခင်မောင်ဆွေကို ၁၉၄၂ ခုနှစ်၊ ဇူလိုင်လ (၂၀)ရက်နေ့တွင် ဗုဒ္ဓဘာသာ မိဘနှစ်ပါး ဖြစ်သော ဦးမောင်အေး၊ ဒေါ်တင်ကြည်တို့မှ ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့တွင် မွေးဖွားခဲ့သည်။ ဦးခင်မောင်ဆွေသည် ၁၉၈၈ ခုနှစ်၊ ဒီမိုကရေစီရေး လှုပ်ရှားမှုတွင် ရေနံမြေပေါင်းစုံ အလုပ်သမား သမဂ္ဂများကို ဦးဆောင် ပါဝင်ခဲ့ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ခေါ်ယူ တာဝန်ပေးချက် အရ ၁၉၈၈ အောက်တိုဘာတွင် ဗဟိုဦးစီး အဖွဲ့ဝင်အဖြစ် အဖွဲ့ချုပ် တာဝန်များကို စတင် ထမ်းဆောင်ခဲ့သည်။ ပထမအကြိမ် ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးမှ မကွေးတိုင်း စည်းရုံးရေး တာဝန်ခံအဖြစ် တာဝန် ပေးအပ်ခြင်း ခံရပြီး မကွေးတိုင်း (၂၅)မြို့နယ်အတွင်း စည်းရုံးရေး လုပ်ငန်းများကို လှုပ်ရှား ဆောင်ရွက်ခဲ့သည်။

ရင်ကို ထိမှန်စေခဲ့သော မြားချက်များ


ဖေ့ဘွတ်၊ ဘလော့၊ တွစ်တာ စတဲ့ social media တွေရဲ့ လူအများအပေါ် အကျိုးသက်ရောက်မှုတွေနဲ့ ပတ်သက်ပြီး၊ ပညာရှင်အချို့က သုတေသန ပြုလုပ်ခဲ့ကြရာမှာ မှတ်ချက် (comment) တွေကြောင့် စိတ်ကျရောဂါ ဖြစ်တာတွေ၊ စိတ်ဆင်းရဲမှုဖြစ်တာတွေက အစပြုလို့ နောက်ဆုံး မိမိကိုယ်ကို အဆုံးစီရင်လိုက်တဲ့ အထိ ဖြစ်သွားတာတွေ ရှိခဲ့ကြောင်း လေ့လာတွေ့ရှိခဲ့ကြပါတယ်။ ဒီသုတေသန စာတမ်းကို ဖတ်ရတော့ ဒီလောက်တောင်ပဲ ဆိုးဝါးသလားလို့ သံသယ၀င်ခဲ့မိပါတယ်။ အွန်လိုင်း စာမျက်နှာ အသာထားလို့၊ ပြင်ပကမ္ဘာမှာတင် လောကဓံတရားမျိုးစုံရဲ့ ဒဏ်ကို အေးဆေးတည်ငြိမ်စွာ ကျော်ဖြတ်လာခဲ့ပြီးပြီမို့၊ social media က မှတ်ချက်လေးတွေက ကျွန်မရဲ့ စိတ်ကို တစုံတရာ ထိခိုက်စေမှာ မဟုတ်ဘူးလို့လဲ ကိုယ့်ကိုကိုယ် ယုံကြည်ထားခဲ့ပါတယ်။

Friday, March 15, 2013

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်သိစေချင်ပါသည်



ပဲခူးတိုင်းဒေသကြီး ၊ သနပ်ပင်မြို့နယ် ကမာဖရန်ကျေးရွာနှင့် ပဲခူးမြို့နယ် ကမာနတ်ကျေးရွာသို့ ဆက်သွယ်၍ ပဲခူးမြို့သို့တက်သော ကျေးရွာချင်းဆက်မြို့ပေါ်တက်သည့်လမ်းကို ၁၉၉၈-ခုနှစ်၊ မတ်လတွင် ပဲခူးမြို့နယ်နှင့်သနပ်ပင်မြို့နယ် အေးချမ်းသာယာရေးနှင့်
ဖွံ့ဖြိုးရေးကောင်စီ၏ခွင့်ပြုချက်ဖြင့် ကျေးရွာနှစ်ရွာမှ တာဝန်ရှိလူကြီးမင်းများ၊ နှစ်ဖက်လယ်သမားများညှိနှိုင်းပြီး ကိုယ့်အားကိုယ်ကိုးလမ်းကို ကမာဖရန်ကျေးရွာမှ လုပ်အားဖြင့် အကွေ့အကောက်နည်းအောင် ဖောက်လုပ်ထားသောလမ်းဖြစ်ပါသည်။