Sunday, January 27, 2013

စစ်သည်မိသားစုဝင်တစ်ဦး၏ ရင်ဖွင့်သံ

ကျွန်မသည် ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း)အတွင်းရှိ ခ.လ.ရ တပ်ရင်းတစ်ရင်းမှ စစ်သည်မိသားစုဝင်တစ်ဦး  ဖြစ်ပါသည်။ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှ စတင်၍ တိုင်းဒေသကြီးအသီးသီးရှိ တပ်ရင်းများမှ စစ်သည်တော်များကို နယ်စပ်ဒေသရှိတပ်ရင်းများသို့ ပြောင်းရွေ့တာဝန်ဆောင်းစေခဲ့သည့်အတွက် စစ်သည်မိသားစုဝင်များမှာ များစွာမှ အတိဒုက္ခရောက်နေရသည်ကို  အောက်ပါအတိုင်းတင်ပြအပ်ပါသည်။

တပ်မတော်မှ စစ်သည်တော်များကို ယခုပေးထားသော ရာထူးများသည် အချောင်ရခဲ့ခြင်းမဟုတ် ငရွယ်စဉ် လုပ်နိုင်ကိုင်နိုင်သော အချိန်က “စစ်တိုက်ရန်မရှိ လေ့ကျင့်ရန်၊ လေ့ကျင့်ရန်မရှိက၊ ပြည်သူအကျိုးပြုလုပ်ငန်းဆောင်ရွက်ရန်” ဆိုသော ဆောင်ပုဒ်ကို လက်ကိုင်ထားပြီး တပ်မတော်သာအမိ၊ တပ်မတော်သာအဖဆိုပြီး ယခုအသက်(၄၀)ကျော်(၅၀)  နားရောက်၊ မိးစာကုန်ဆီခမ်းတဲ့အရွယ်ရောက်မှ ဖွဲစည်းပုံကျော်လိုဆိုပြီး မိသားစုများ၏ ဘ၀အားနယ်ရုပ်တစ်ရုပ် ကဲ့သို့ သဘောထားပြီး တပ်တွေပြောင်းရွေ့ခိုင်းခြင်ဟာ မိသားစုများ၏ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးအ  ညွန့်များအား ချိုးနှိမ်ပြီး ပျက်စီးရာ၊ ပျက်စီးကြောင်းကြံရွယ်သည့် သဘောသက်ရောက်နေပါသည်။ တပ်မတော် သားတစ်ဦးတည်းကိုသာ လစာနှင့်ရိက္ခာပေး ကျန်မိသားစုများကို ထောက်ပံ့ပေးခဲ့ခြင်းမရှိပါ။