Saturday, September 29, 2012

ပရိတ်သတ်တွေရဲ့ လှောင်ပြောင်မှုကို တယ်ရီအကောင်းဆုံး ထိန်းချူပ်နိုင်ပါလိမ့်မယ် – ဒီမက်တီယို



တယ်ရီသည် အန်တန်ဖာဒီနန်အား လူမျိုးရေးခွဲခြားသည်ဟု အက်ဖ်အေက စွပ်စွဲကာ ၄ပွဲပယ်နှင့် ပေါင် ၂၂၀၀၀၀ ပြစ်ဒဏ်ချမှတ်ခဲ့ပါသည်။ ဒီမက်တီယိုက လာမည့်ပွဲစဉ်များတွင် သူ့အား လှောင်ပြောင်မည့် ပရိတ်သတ်များရှိနေမယ်ဆိုတာ ခန့်မှန်းမိပေမယ့် တယ်ရီအနေဖြင့် သူ့ရဲ့ အတွေ့အကြုံအရ အကောင်းဆုံး ထိန်းချူပ်နိုင်မယ်လို့ဆိုပါသည်။

ဒေါက်တာလွဏ်းဆွေ - ဖေ့စ်ဘွတ်ခ်စာ တိုနံ့နံ့ (၁)

ပြုံးပြုံးလေးနဲ့ ပေါင်တွင်းကြော လိမ်ဆွဲမယ့် ဦးသိန်းစိန်အစိုးရ
သြဂုတ် ၂၆၊ ၂၀၁၂

ဦးသိန်းစိန်အစိုးရဟာ နိုင်ငံတကာသိ အတိုက်အခံနိုင်ငံရေးသမားတွေကို အရေးပါ အရာပေးတဲ့နည်းနဲ့ ဆက်ဆံပြပြီး မျက်နှာမွဲ အတိုက်အခံနိုင်ငံရေးသမားတွေနဲ့ ရပိုင်ခွင့်အတွက် ဆန္ဒပြတဲ့ အလုပ်သမား၊ လယ်သမား သာမန်ပြည်သူတွေကိုတော့ ပေါ်ပေါ်တင်တင် တရားစွဲတဲ့နည်းရယ်၊ လူမသိသူမသိ နှိပ်ကွပ်တဲ့နည်းတွေရယ်နဲ့ ခွဲခြားဆက်ဆံနေတာ သတိထားမိတယ်။

Friday, September 28, 2012

ကမ္ဘာ့ကလပ်အသင်းများ ပြိုင်ပွဲ ပွဲစဉ်ဇယားထွက်ပေါ်


ကမ္ဘာ့ကလပ်အသင်းများ ပြိုင်ပွဲ ပွဲစဉ်ဇယားကို တနင်္လာနေ့က ထုတ်ပြန်လိုက်ရာ ချယ်လ်ဆီးအသင်းသည်
ဆီမီးဖိုင်နယ်ပွဲအဖြစ် မက္ကဆီကိုကလပ် CF Monterrey (သို့) အာရှချန်ပီယံလိဂ်ပြိုင်ပွဲမှ အနိုင်ရရှိသည့်
အသင်းနှင့် ဒီဇင်ဘာလ(၁၃)ရက်နေ့တွင် ဂျပန်နိုင်ငံ၊ ယိုကိုဟားမားမြို့၌ ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရှိ
ရသည်။

ဝုလ်ဗ်ကို ဂိုးပြတ်သွင်းယူပြီး League Cup စတုထ္တအဆင့်သို့ ချယ်လ်ဆီးတက်ရောက်


League Cup ခေါ် Capital One Cup တတိယအဆင့်ပြိုင်ပွဲအဖြစ် ချယ်လ်ဆီးအသင်းသည် အိမ်ကွင်း
စတန်းဖို့ဘရစ်ခ်ျ၌ ချန်ပီယံရှစ်အသင်းဖြစ်သည့် ၀ုလ်ဗ်အသင်းအား လက်ခံကစားခဲ့ရာ (၆)ဂိုး ဂိုးမရှိဖြင့်
ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး စတုထ္တအဆင့်သို့တက်ရောက်သွားသည်။ ယခုပွဲတွင် ဒီမက်တီယိုသည် ၄-၂-၃-၁

ကွင်းလယ်တိုက်စစ်အားပြိုင်မည့် လန်ဒန်ဒါဘီပွဲ


စက်တင်ဘာလ(၂၉)ရက်နေ့တွင်  ပရီးမီးယားလိဂ်ပွဲစဉ်(၆)အဖြစ် ချယ်လ်ဆီးသည် အာဆင်နယ်အိမ်ကွင်း
အမ်းမရိတ်သို့ သွားရောက်ယှဉ်ပြိုင်ပြီး ယခုနှစ်ဘောလုံးရာသီတွင် အသင်းကြီးထိပ်တိုက်တွေ့ဆုံမှုအဖြစ်
စတင်တော့မည်ဖြစ်သည်။ ချယ်လ်ဆီးအသင်းတွင် လတ်တလောဒဏ်ရာရကစားသမားမရှိသည့်အပြင်
အနားယူနေသည့် မာကိုမာရင်မှလည်း ပြီးခဲ့သည့် League Cup ပွဲတွင် ၀င်ရောက်ကစားနိုင်ပြီဖြစ်သည်။
သို့သော် တယ်ရီ၏ကြားနာမှုမှာ ယခုရက်ပိုင်းအတွင်း ပြီးဆုံးဖွယ်ရှိ၍ ပွဲပယ်ခံရခြင်းရှိ-မရှိမသိနိုင်သေးပါ။
အာစင်ဝင်းဂါးအသင်းအတွက် ကာလကြာရှည်ဒဏ်ရာရနေသည့် ၀ဲလ်ရှိုင်းယားမှလွဲ၍ သိပ်ပြသနာရှိပုံ
မရပေ။

League Cup စတုထ္တအဆင့်တွင် ချယ်လ်ဆီးနှင့်မန်ယူ စတန်းဖို့ဘရစ်ခ်ျ၌ ထိပ်တိုက်တွေ့မည်


League Cup ခေါ် Capital One Cup စတုထ္တအဆင့်တွင် ပွဲစဉ်များ မဲခွဲဆုံးဖြတ်ခဲ့ရာ ချယ်လ်ဆီးအသင်းနှင့်
မန်ချက်စတာယူနိုက်တက်အသင်းတို့သည် စတန်းဖို့ဘရစ်ခ်ျ၌ အောက်တိုဘာလ(၃၀)ရက်(သို့)(၃၁)ရက်နေ့
တွင် ထိပ်တိုက်တွေ့ဆုံကြမည်ဖြစ်သည်။

ဥပဒေကို လက်တစ်လုံးခြားအသုံးပြုကာ တယ်ရီအား ပွဲပယ်နှင့် ဒဏ်ကြေး ပြစ်ဒဏ်ချမှတ်လိုက်သည့် ခေတ်သစ်အာဏာရှင် FA

ချယ်လ်ဆီးအသင်းခေါင်းဆောင် တယ်ရီက QPR နောက်ခံကစားသမား အန်တန်ဖာဒီနန်အား ပွဲချိန်အတွင်း
မသင့်လျော်သည့် စကားအသုံးအနှုန်း(သို့)အသားအရောင် ပါရှိသည့် စကားလုံးသုံးစွဲခဲ့ခြင်းကြောင့်ဟူသော
စွပ်စွဲချက်ဖြင့် ၄င်းတို့ လက်ထဲရှိဥပဒေကို လက်တစ်လုံးခြား အသုံးချခဲ့ကာ ပွဲပယ်ပြစ်ဒဏ်(၄)ပွဲနှင့်
ပေါင် ၂၂၀၀၀၀ ဒဏ်ကြေးချမှတ်လိုက်ပါသည်။  ယခု ကိစ္စ နှင့်ပတ်သက်ပြီး ဥပဒေရှုဒေါင့်မှသာမက ဘောလုံး

Thursday, September 27, 2012

“လူကုန်ကူးခံခဲ့ရသူအချို့ နေရပ်ပြန်ပြီ”


                                   
စက်တင်ဘာ ၂၆
အောင်ခန့်
          ထိုင်းနိုင်ငံ ခြုံဘူရီ ငါးဖမ်းလှေဆိပ်တွင်ရောင်းစား ခံနေခဲ့ရ သည့် မြန် မာ အလုပ်သမား ၁၂ ဦးနှင့် မဟာချိုင် နေ၀စ်အရပ် မှ ဆန်းဒစ်ပုဇွန်အလုပ်ရုံတွင် လူကုန်ကူးခံခဲ့ရ သည့်  မြန်မာအလုပ်သမား ၅ဦးတို့ နေရပ်ရင်း သို့ ပြန်လည်ပို့ဆောင်လိုက်ပြီဖြစ်သည်။

သမ္မတဦးသိန်းစိန် အမေရိကန်ခရီးစဉ် သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းနဲ့ VOA မေးမြန်းခန်း


ကိုဝင်းမင်း
မြန်မာသမ္မတ ဦးသိန်းစိန်အနေနဲ့ ၆၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးမှာ စက်တင် ဘာလ ၂၇ ရက် ကြာသာပတေးနေ့ကျရင် မိန့်ခွန်းပြောကြားဖို့ရှိပါတယ်။ သမ္မတဦးသိန်းစိန်ဟာ အမေ ရိကန်ပြည်ထောင်စု နယူးယောက်မြို့ကို ရောက်ရှိလာတဲ့ မနေ့ အင်္ဂါနေ့မှာပဲ မြန်မာ့ ဒီမိုကရေ စီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့သလို ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာတော့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကလင်တန်နဲ့ တခြား သြဇာကြီးတဲ့ အမေရိကန်ထိပ်တန်း အရာရှိ ဟောင်းတွေနဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။ အသေးစိတ်ကိုတော့ သမ္မတဦးသိန်းစိန်နဲ့အတူ လိုက်ပါလာတဲ့ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းကို မေးမြန်းပြီး ကိုဝင်းမင်း က တင်ပြထားပါတယ်။

ပညာရေးအကြောင်း ကုလမှာ ဒေါ်အောင်ဆန်းစု ကြည် ဆွေးနွေးမည်

 
ဖို့ဝိန်းရောက် မြန်မာလူထုနဲ့တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်။ (စက်တင်ဘာလ ၂၅၊ ၂၀၁၂။)

မအေးသန္တာကျော်
အမေရိကန်ပြည်ထောင်စုမှာ ရောက်ရှိနေခိုက် ခရီးစဉ်တလျှောက်လုံးမှာ မြန်မာနိုင်ငံရဲ့ပညာရေးစံနစ် တိုးတက်အောင် ဆောင်ရွက်ဖို့ပြောနေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ဒေသံစံတော်ချိန် မွန်းလွဲပိုင်းမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကနေ ကမကထပြုပြီး ကျင်းပ မယ့် Education First ပညာရေးသာ ပထမ ဆိုတဲ့ အစည်းအဝေးပွဲမှာ ပါဝင်ဆွေးနွေးမှာ ဖြစ်ပါတယ်။

အာရှဓနနဲ့ မေဖလားဝါး ဘဏ်တွေပေါ်ပိတ်ပင်မှု အမေရိကန်ပယ်ဖျက်

၂၀၀၅ ခုနှစ် အာရှဓနဘဏ်မြင်ကွင်း။
ဗွီအိုအေ (မြန်မာဌာန)
ငွေကြေးခ၀ါချမှုတွေနဲ့ ဆက်နွယ်ပြီး မြန်မာနိုင်ငံက ပုဂ္ဂလိက ဘဏ်နှစ်ခုအပေါ် ကန့်သတ် ပိတ်ပင်ထားတာတွေကို အခုနောက်ဆုံး အမေရိကန် ပြည်ထောင်စုက ပယ်ဖျက်ပေးလိုက်ပါတယ်။

မြန်မာ့ပို့ကုန်ပိတ်ပင်မှု အမေရိကန် ရုပ်သိမ်းမည်

ဦးရော်နီညိမ်း 
26.09.2012 
ကုလသမဂ္ဂအထွေထွေညီလာခံမှာ မိန့်ခွန်းပြောဖို့အတွက် နယူးယောက်မြို့မှာ ရောက်ရှိနေတဲ့ သမ္မတ ဦးသိန်းစိန်ဟာ မကြာခင်အချိန်ပိုင်းကပဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နဲ့ တွေ့ ဆုံခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့ အစောပိုင်းတုန်းကလည်း သမ္မတဦးသိန်းစိန်ဟာ ကမ္ဘာတဝှမ်း ပရဟိတ လုပ်ငန်းတွေလုပ်နေတဲ့ Clinton Global Initaitive အဖွဲ့ဥက္ကဋ္ဌ အမေရိကန် သမ္မတဟောင်း ဘီလ်၊ ကလင်တန်၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟင်နရီ ကစ်ဆင်ဂျာ၊ ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်တို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အခုလို တွေ့ဆုံခဲ့ရာ သမ္မတဦးသိန်းစိန် တည်းခိုတဲ့

ညောင်လေးပင်မြို့နယ်က လယ်ယာမြေများကိုပျက်ဆီးစေသော ငါးအင်းများ

Wednesday, September 26, 2012

မြ၀တီမြို့က အုပ်ချုပ်ရေးတွေ တရားလွန်နေပြီ


          မြ၀တီမြို့မှာ ဦးစိန်ဝင်းပိုင်မြေတွေနဲ့ ပတ်သက်ပြီး အုပ်ချုပ်ရေးအဆင့်ဆင့်က လက်ဆင့်ကမ်းသိမ်းဆည်းရန် ကြံစည်နေတဲ့ကိစ္စဟာ ၂၀၀၈ ခုနှစ်မှာ

Tuesday, September 25, 2012

စိုက်ပျိုးမြေမရှိ ၊ တောင်သူအစစ်မဟုတ်ဘူးများက စိုက်ပျိုးစရိတ်ထုတ်ယူနေ

 
ပဲခူးတိုင်းဒေသကြီး၊သာယာ ၀တီခရိုင်၊လက်ပံတန်းမြို့နယ်ဆင်  ကူးရွာသစ်အုပ်စုအတွင်း စိုက်ပျိုး စရိတ်ထုတ်ပေးရာတွင် မသမာမှု များ ပြုလုပ်နေကြောင်း သိရသည်။

လှိုင်သာယာ ကျူးကျော်အိမ် ၁၂၀ ကျော်ပြောင်းရွှေ့ရမည်

 
လှိုင်သာယာမြို့နယ် ၁၄ ရပ်ကွက်ရှိ ကျူးကျော်ဟု သတ် မှတ်ထားသော အိမ်ခြေ ၁၂၀ ကျော်ကို အောက်တိုဘာလ အတွင်း အပြီးပြောင်းရွှေ့ရန် ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီမှ ယင်းနေအိမ်များ သို့ လာရောက်အသိပေးသွား သောကြောင့် ၎င်းတို့က နိုင်ငံ တော်သမ္မတထံ အသနားခံစာ တင်သွားမည်ဖြစ်ကြောင်း အဆိုပါ ဒေသခံများထံမှ သိရှိရသည်။

စီးတန်း လမ်းလျှောက်သူများအား ဥပဒေအရ အရေးယူမည်

 
၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့တွင် အပြည်ပြည်ဆိုင် ရာ ငြိမ်းချမ်းရေးနေ့တွင် ငြိမ်းချမ်း စွာ စီတန်းလမ်းလျှောက်သူများ အား ငြိမ်းချမ်းစွာ စီတန်းလှည့် လည်ခွင့် ဥပဒေပုံစံ(၈)နှင့်မညီ သည့်အတွက် သက်ဆိုင်ရာမြို့နယ် အလိုက် အရေးယူသွားမည်ဖြစ် ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးမှ ပြောကြား သည်။ ““ကျွန်တော်တို့က ဒါကို ဘယ်နေ့အရေးယူမလဲဆိုတာမရှိ ဘူး။ ကျွန်တော်တို့က စိစစ်မယ်။ အမှုဖွင့်မယ်၊ အဲဒါကျွန်တော်တို့ရဲ့ အချိန်ပဲပေါ့။ ကျွန်တော်တို့က လုပ်ငန်းစဉ်အလိုက် ၂၄ နာရီ တာဝန်ထမ်းဆောင်ရတယ်။ ဒီလို စစ်ဆေးဖို့ အရေးယူဖို့ကို အချိန် ယူရပါမယ်။

“ဖူးခက်ရွှေဆိုင်လုယက်သူ အဖမ်းခံပြီ”

                                    
စက်တင်ဘာ ၂၃
ကိုတီး (ထိုင်းဘာသာပြန်)
     နှလုံးရောဂါသည် ဇနီးဖြစ်သူ နန်းမူးစာ အားထိုင်းအာဏာပိုင်များ ဖူးခက်ကားဂိတ်တွင် ဖမ်းဆီးခံရကြောင်း သိရှိခဲ့ပြီးနောက် ရွှေဆိုင် လုယက်သူ ဟုယူဆရသူ ကိုစော က ရဲစခန်းသို့လာရောက်ပြီး အဖမ်းခံခဲ့သည်။
          ယမန်နေ့ မွန်းတည့်ချိန်က ဖူးကက်မြို့နယ် မှူးရုံးဖုန်း ၁၉၁ သို့ ဖုန်းဆက်၍ လာရောက် ခေါ်ယူပါရန် အကြောင်းကြားခဲ့ကြောင်း ထိုင်းရတ်သတင်းစာတွင် ရေးသားထားသည်။
ရွှေဆိုင်ကို လုယက်ခဲ့ပြီးနောက် ကထိုးမြို့အနီးရာဘာတော အနီး တ၀ိုက် ရေတံခွန်တွင် တိမ်းရှောင်နေခဲ့သည်။
      အတူတူ လုယက်ခဲ့သည့် ကိုမေ့ မှာ ရွှေတ၀က်နီးပါးယူသွားပြီး

“ဖူးခက်ရွှေဆိုင် လုယက်မှုနှင့် ပတ်သက်သူဟု ယူဆရသူအားဖမ်းမိ”

စက်တင်ဘာ ၂၁
ကိုတီး
      ဖူးခက်ရွှေဆိုင် လုယက်မှု နှင့်ပါတ်သက်သည့် တရားခံတစ်ဦးအား ယမန်နေ့ညနေက မဲဆောက် ကို သွားမည့် ဖူးခက် ကားဂိတ်တွင် ယမန်နေ့က ဖမ်းဆီးမိကြောင်းယနေ့ထုတ် ထိုင်းရပ် သတင်းစာ တွင် ရေးသား ထားသည်။
လုယက်သူများမှာ ကရင်လူမျိုး ကိုမေ့ နှင့် ကိုစော (ခ) ဝေါ အသက် ၃၅ နှစ် ဖြစ်သည်။ ကိုစော ၏ ဇနီးဖြစ်သူ အသက် ၃၁နှစ် အရွယ် မွန်လူမျိုး နန်းမူးစာ သည်  ရွှေဆိုင်မှ ခင်ပွန်းဖြစ် သူ  လုယက်လာ သော ရွှေထည်များကို ခေါင်းလျှော်ရည်ဗူးတွင် ထည့်ကာ နေရပ်ရင်းမြန်မာပြည်သို့ပြန်ရန် ပြင်ဆင်ခဲ့သည်။

“လူကုန်ကူးခံရသူ ၂၀ ဦးအားပြန်ပို့ပြီ”



စက်တင်ဘာ ၂၁
အောင်ခန့်
      လူကုန်ကူးမှု ပူးပေါင်းအဖွဲ့များ ကယ်တင်ခဲ့သည့် ငါးဖမ်းအလုပ်သမား၂၀ဦး တို့ယနေ့တွင် မြ၀တီလူ ကုန်ကူးမှုတားဆီးနှိမ်နင်းရေးအဖွဲ့သို့ရောက်ရှိပြီး နေ ရပ်ရင်းသို့ ပြန်ကြပြီးဖြစ်ကြောင်းသိရှိရသည်။
          ၎င်းတို့သည်စက်တင်ဘာ ၁၁.၁၂.၁၃ ရက်နေ့ တို့တွင် ထိုင်းအစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ AHTD ,ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT ထိုင်းနိုင်ငံတောင်ပိုင်းဖန်ငအခြေစိုက် FED နှင့် ဘန်ကောက် မြန်မာသံရုံး အလုပ်သမား ကူညီစောင့်ေ

Sunday, September 23, 2012

ညောင်လေးပင်မြို့နယ်ရှိ တောင်သူလယ်သမားများ ဆန္ဒပြရန် ထပ်မံကြိုးစား

ချောင်းနှင့်ရေနုပ်တူးမြောင်းများ ပိတ်ဆို့ကာပြုလုပ်ထားသော ငါးဖမ်းသည့် ဂရမ်အင်းများကို ဖယ်ရှားပေးရန် ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်အတွင်းရှိ ကျေးရွာ(၂၀)ကျော်မှ တောင်သူလယ်သများ စက်တင် ဘာလ(၂၆)ရက်နေ့တွင် ဆန္ဒထုတ်ဖော်မည်ဖြစ်ကြောင်း သိရသည်။