Saturday, August 11, 2012

ပုသိမ်မြို့ ဂေါက်ကွင်းအနီး ကျောင်းကြိုပို့ ကား မတော်တဆမှုဖြစ်ပွား

၁၁.၈.၂၀၁၂ ညနေ (၄) နာရီဝန်းကျင်မှာ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ရကအ (၃) နယ်မြေရှိ ပုသိမ်-မုံရွာ-ရေဦးလမ်းကြီးပေါ်၊ ပုသိမ်ဂေါက်ကွင်းနံဘေး၊ ဧရာဝတီတိုင်းဒေသကြီး မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ရုံးရှေ့မှာ ညနေကျောင်းဆင်းချိန် ကြိုပို့ကားတစ်စီး လမ်းလယ်ဓာတ်တိုင်ကိုဝင်တိုက်မိတဲ့ မတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ အဆိုပါမတော်တဆမှုမှာ ပုသိမ်မြို့ အထက (၁) နဲ့ အထက (၃) တို့မှ ကျောင်းသူကျောင်းသား ၁၆ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အသေအပျောက်တော့မရှိခဲ့ပါဘူး။ မိန်းကလေး ကျောင်းသူ ၁၀ ဦး နှင့် ယောင်္ကျားလေး ၃ ဦးတို့ ပုသိမ်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ရောက်ရှိခဲ့ပါတယ်။ အခင်းဖြစ်ပွားခဲ့တဲ့ ကားမှာ ၈ င / ၁၈၂၃ လိုက်ထရပ်ကား ဖြစ်ပြီး ယာဉ်မောင်းသူ ကိုသက် (ဘ) ဦးဖိုးသက် ဆိုသူဖြစ်ပါတယ်။ လမ်းမကြီးပေါ်မှာ ချမ်းမြေ့အေး ကြိုပို့ယာဉ်ကို ကျော်အတက်မှာ လမ်းလယ်ရှိ လမ်းတား ကွန်ကရစ်တုံးများကို ပွတ်ဆွဲပြီး ဓာတ်တိုင်ကို တည့်တည့် ၀င်တိုက်မိတာဖြစ်ပါတယ်။ အခင်းဖြစ်ပွားရာနေရာကနေ ပုသိမ်ဆေးရုံကြီးဆီသို့ မေတ္တ`ာရိပ် လူမှုရေးအသင်းမှ အရေးပေါ်ကားများနဲ့ ပို့ဆောင်ပေးခဲ့တာဖြစ်ပါတယ်။ အခုအခါမှာ ယာဉ်မောင်းသူကို ဖမ်းဆီးအရေးယူထားတယ်လို့လည်း သိရပါတယ်။

ဧရာဒယ်လ်တာ သတင်းအုပ်စု (ပုသိမ်)
 ပုသိမ်မြို့ ဂေါက်ကွင်းအနီး ကျောင်းကြိုပို့ ကား မတော်တဆမှုဖြစ်ပွား
၁၁.၈.၂၀၁၂ ညနေ (၄) နာရီဝန်းကျင်မှာ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ရကအ (၃) နယ်မြေရှိ ပုသိမ်-မုံရွာ-ရေဦးလမ်းကြီးပေါ်
၊ ပုသိမ်ဂေါက်ကွင်းနံဘေး၊ ဧရာဝတီတိုင်းဒေသကြီး မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့
ရုံးရှေ့မှာ ညနေကျောင်းဆင်းချိန် ကြိုပို့ကားတစ်စီး လမ်းလယ်ဓာတ်တိုင်ကိုဝင်တိုက်မိတဲ့ မတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ အဆိုပါမတော်တဆမှုမှာ ပုသိမ်မြို့ အထက (၁) နဲ့ အထက (၃) တို့မှ ကျောင်းသူကျောင်းသား ၁၆ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အသေအပျောက်တော့မရှိခဲ့ပါဘူး။ မိန်းကလေး ကျောင်းသူ ၁၀ ဦး နှင့် ယောင်္ကျားလေး ၃ ဦးတို့ ပုသိမ်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ရောက်ရှိခဲ့ပါတယ်။ အခင်းဖြစ်ပွားခဲ့တဲ့ ကားမှာ ၈ င / ၁၈၂၃ လိုက်ထရပ်ကား ဖြစ်ပြီး ယာဉ်မောင်းသူ ကိုသက် (ဘ) ဦးဖိုးသက် ဆိုသူဖြစ်ပါတယ်။ လမ်းမကြီးပေါ်မှာ ချမ်းမြေ့အေး ကြိုပို့ယာဉ်ကို ကျော်အတက်မှာ လမ်းလယ်ရှိ လမ်းတား ကွန်ကရစ်တုံးများကို ပွတ်ဆွဲပြီး ဓာတ်တိုင်ကို တည့်တည့် ၀င်တိုက်မိတာဖြစ်ပါတယ်။ အခင်းဖြစ်ပွားရာနေရာကနေ ပုသိမ်ဆေးရုံကြီးဆီသို့ မေတ္တ`ာရိပ် လူမှုရေးအသင်းမှ အရေးပေါ်ကားများနဲ့ ပို့ဆောင်ပေးခဲ့တာဖြစ်ပါတယ်။

အဖွဲ့ဝင်တွေ ကြိုမသိလိုက်ရတဲ့ စာနယ်ဇင်းကောင်စီ

အဖွဲ့ဝင်တွေ ကြိုမသိလိုက်ရတဲ့ စာနယ်ဇင်းကောင်စီ

မြန်မာအစိုးရက အသစ်ဖွဲ့စည်းလိုက်ကြောင်း ဒီကနေ့ နိုင်ငံပိုင် သတင်းစာတွေမှာ ထုတ်ပြန်ကြေညာလိုက်တဲ့ မြန်မာနိုင်ငံ အမြုတေ စာနယ်ဇင်း ကောင်စီဟာ သတင်း စာနယ်ဇင်းလောက အားလုံးကို ကိုယ်စားပြု ဖွဲ့ခြင်းမဟုတ်တဲ့အတွက် ဒီအဖွဲ့ စတင် ဖြစ်ပေါ်လာပုံနဲ့ လုပ်ငန်းစဉ်တွေအပေါ် စာနယ်ဇင်းသမားတွေက မေးခွန်းထုတ်လိုက်ကြပါတယ်။ တကယ်တော့ ဒီကောင်စီထဲမှာ ပါဝင်သူတွေကိုယ်တိုင်က သူတို့ပါနေတယ်ဆိုတာ သတင်းစာထွက်လာမှပဲ သိခွင့်ရတယ်လို့ ပြောပါတယ်။ အပြည့်အစုံကိုတော့ဘန်ကောက်ရုံးကနေဆက်သွယ်စုံစမ်းထားတဲ့ကိုဇော်ဝင်းလှိုင်ကတင်ပြပေးပါမယ်။

မြန်မာနိုင်ငံ အမြုတေစာနယ်ဇင်း ကောင်စီကို သြဂုတ်လ ၉ ရက်နေ့က ဖွဲ့စည်းလိုက်တဲ့အကြောင်း ဒီကနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေထဲမှာအင်္ဂလိပ်လိုရော၊မြန်မာလိုပါဖော်ပြထားတာပါ။

နိုင်ငံတကာ လေကြောင်းလိုင်းများ မန်းလေဆိပ်သို့ တိုက်ရိုက် ဆင်းသက်လိုလျှင် ခွင့်ပြုပေးမည်

နိုင်ငံတကာ လေကြောင်းလိုင်းများ မန်းလေဆိပ်သို့ တိုက်ရိုက် ဆင်းသက်လိုလျှင် ခွင့်ပြုပေးမည်

From : Popular News Journal

အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းများ၊ မန္တလေး လေဆိပ်သို့ တိုက်ရိုက် ဆင်းသက်လိုပါက ခွင့်ပြုပေးသွားမည် ဖြစ် ကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

"ရုပ်ရှင်ပိတ်ကားပေါ်မှာ နိုင်ငံတော် အလံကို လွှင့်ထူပြသနေတဲ့ အခါ ထိုင်နေတယ် ဆိုရင် ရှက်ဖို့ အလွန်ကောင်းမှာ ဖြစ်ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ပြောကြား"

"ရုပ်ရှင်ပိတ်ကားပေါ်မှာ နိုင်ငံတော် အလံကို လွှင့်ထူပြသနေတဲ့ အခါ ထိုင်နေတယ် ဆိုရင်
ရှက်ဖို့ အလွန်ကောင်းမှာ ဖြစ်ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ပြောကြား"





မြန်မာရုပ်ရှင်ကြည့် ပရိသတ်များ ရုပ်ရှင်ရုံများကို လာရောက်ပြီး ရုပ်ရှင် ဇာတ်ကားများ ကြည့်ရှုကြတဲ့ အခါ ရုပ်ရှင်ဇာတ်ကား မပြသေးခင် ရုပ်ရှင် ပိတ်ကားပေါ်မှာ နိုင်ငံတော် အလံ လွှင့်ထူပြသတဲ့အခါ ထိုင်နေတယ် ဆိုရင် ရှက်ဖို့ အလွန်ကောင်းမှာဖြစ်ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းကပြောပါတယ်။
”ကိုယ့်ရဲ့နိုင်ငံတော် အလံကို လွှင့်ထူနေတဲ့ အချိန်မှာ ထိုင်နေတယ်ဆိုရင် ရှက်ဖို့ အလွန် ကောင်းပါတယ်။ ကိုယ့်နိုင်ငံတော်အလံကို တစ်မိနစ်လောက် လွှင့်ထူတာကို ထပြီးတော့ အလေးမပြုချင်တဲ့ နိုင်ငံသားတွေနေတဲ့ နိုင်ငံတစ်နိုင်ငံဟာ တိုးတက် ထွန်းကားတဲ့နိုင်ငံ တစ်နိုင်ငံဖြစ်လာဖို့ ဆိုတာ အလှမ်းဝေးနေပါလိမ့်မယ်” လို့ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းကပြောပါတယ်။ နိုင်ငံတော်အလံကို ရိုသေစွာ အလေးပြုဖို့အတွက် စာတန်းများ၊ နောက်ခံ စကားပြောများနဲ့ အသိပေးပြောကြား တာတွေ ရှိနေတဲ့ အပေါ်ကိုလည်း ”အဲဒါတွေက လူတွေကို ပညာပေးသဘောမျိုးပါပဲ။ ကိုယ့်နိုင်ငံတော် အလံကို လေးစားရ ကောင်းမှန်းသိအောင်၊ အလေးပြု ဖို့ ကောင်းရမှန်း သိအောင် လုပ်ဆောင် ပညာပေးနေ ကြရတာပါပဲ။ ဒီလိုမှ မရဘူး ဆိုရင်တော့ အရေးယူဖို့ အဆင့်တွေ ဘာတွေဖြစ်လာမှာပါ”လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦး ဇင်ဝိုင်းက ပြောပြပါတယ်။ ဇူလိုင် ၁၂ ရက်နေ့က ကျင်းပ ပြုလုပ်ခဲ့တဲ့ အမျိုးသား လွှတ်တော် အစည်းအဝေး မှာလည်း ရုပ်ရှင်ရုံများ ရုပ်ရှင်ပြသခြင်း မပြုမီ နိုင်ငံတော် အလံကို ပြသရာမှာ ရုပ်ရှင်ကြည့် ပရိသတ်များ အနေနဲ့ နိုင်ငံတော် အလံကို အလေးပြုခြင်း အစဉ်အလာ အားနည်းနေခြင်းနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ပြီး ဖြစ်သလို နိုင် ငံတော် အလံကို အလေးပြု၊ ဂါရဝပြုရန် အတွက် မလိုက်နာပါက ပြစ်မှု ဆိုင်ရာ ဥပေဒပုဒ်မများနဲ့ အညီ အရေးယူ ခံရ နိုင်ကြောင်း သိရှိရပါတယ်။

ထက်လူလူ

လူမျိုးတုံး သတ်ဖြတ်မှုစွပ်စွဲချက် မဟုတ်မမှန်ကြောင်း အမေရိကန်ပြည်ထောင်စု ပြောကြား

လူမျိုးတုံး သတ်ဖြတ်မှုစွပ်စွဲချက် မဟုတ်မမှန်ကြောင်း အမေရိကန်ပြည်ထောင်စု ပြောကြား

ရခိုင်ပြည်နယ်က လူမျိုးရေး တင်းမာမှုတွေကို အထူးစိုးရိမ်နေဆဲ ဖြစ်ပေမဲ့ OIC အစ္စလာမ်မစ်နိုင်ငံများအဖွဲ့က စွပ်စွဲသလို လူမျိုးတုံး သတ်ဖြတ်နေတယ်ဆိုတာ မဟုတ်မမှန်တဲ့အကြောင်း အမေရိကန်ပြည်ထောင်စုက ပြောကြားလိုက်ပါတယ်။

မြန်မာလုံခြုံရေး တပ်ဖွဲ့တွေက ဘင်္ဂါလီ ရိုဟင်ဂျာ ဦးရေနည်းသွားအောင် အစုလိုက်အပြုံလိုက် သတ်ဖြတ်နေတယ်ဆိုတာ မဟုတ်တဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူ Patrick Ventrell က ပြောသွားတာပါ။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် Tomas Quintana ပြီးခဲ့တဲ့ သီတင်းပတ်က ရခိုင်ပြည်နယ်ကို သွားရောက်ချိန်မှာ အမေရိကန် တာဝန်ရှိ ပုဂ္ဂိုလ်တွေလည်း လိုက်ပါသွားခဲ့ပါတယ်။

“မြန်မာအလုပ်သမား ကူညီရေး ဆရာတော် ဦးဇောတိက MAT အဖွှဲ့သို့ ဘတ်ငွေ နှစ်သောင်းစွန်ကြဲ”

“မြန်မာအလုပ်သမား ကူညီရေး ဆရာတော် ဦးဇောတိက MAT အဖွှဲ့သို့ ဘတ်ငွေ နှစ်သောင်းစွန်ကြဲ”

    
သြဂုတ် ၁၁
ကိုခိုင်
    ဘန်ကောက် အခြေစိုက် ထိုင်းနိုင်ငံရောက်   မြန်မာနိုင်ငံသားများအဖွဲ့ MAT သို့ ဘန်ကောက်မြို့ ၀ပ်တလုံးကျောင်းတွင်သီတင်းသုံး သည့် မြန်မာ အလုပ်သမား ကူညီရေး ဆရာတော် ဦးဇောတိက ကြွရောက်လာခဲ့ပြီးဘတ်ငွေ ၂၀၀၀၀ အား စွန့်ကြဲ လှူဒါန်းခဲ့သည်။
      “ အင်တာနက်သတင်းတစ်ပုဒ်မှာ ဦးဇင်း ဖတ်ရတယ်။ ငါးထပ်တိုက်ပေါ်က ပစ်ချခံရပြီး သေဆုံးသွားတဲ့အလုပ်သမား ကိစ္စကို မြန်မာသံမှူး  ဦးနိုင်ထွန်း နဲ့ ပူးပေါင်း ကူညီနေတယ်လို့ သိရတယ်လေ။ ဒါကြောင့် ဦးဇင်း လာရောက်စွန့်ကြဲလိုက်တာပါ။  နောင်လည်း အလျဉ်းသင့်သလို  ဒီအဖွဲ့ ကို ကူညီအုံးမှာပါ ” ဟု ဦးဇောတိက  မှ မိန့်သည်။

စီးပွားရေးလုပ်ငန်းများနှင့် ပိုင်ဆိုင်မှုများ စာရင်းတင်ပြမှုဂယက်

စီးပွားရေးလုပ်ငန်းများနှင့် ပိုင်ဆိုင်မှုများ စာရင်းတင်ပြမှုဂယက်


သမ္မတ ဦးသိန်းစိန်က အာဏာပိုင်အဖွဲ့အစည်းများဖြစ်ကြတဲ့ ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေချုပ်များ၊ တရားသူကြီးချုပ်များ၊ တရားသူကြီးများရဲ့ ပိုင်ဆိုင်မှု ပစ္စည်းစာရင်းတွေကောက်ယူဖို့ ညွှန်ကြားချက်ပေးခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး အစိုးရအဖွဲ့ဝင် ၀န်ကြီးအချို့က မကျေမနပ်ဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။ ဒါ့အပြင် ယခင်ဝန်ကြီးများဖြစ်ကြတဲ့ ဦးအောင်သောင်းနဲ့ ဦးတင်ထွဋ်တို့လို စီးပွားရေးသောင်းကျန်းတဲ့ ၀န်ကြီးဟောင်းအချို့ရဲ့ ပိုင်ဆိုင်မှုစာရင်းတွေကိုလည်း လက်ညှိုးထိုးပြကြပါတယ်။ ပိုင်ဆိုင်မှုပစ္စည်းဆိုရာမှာ ရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း၊ မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းဟူ၍ ရှိပြန်ရာ စာရင်းကောက်ယူရန် အချိန်တိုတောင်းလွန်းလှသဖြင့် အဲဒီစာရင်းတွေ မှန်ကန်မှုရှိနိုင်ပါ့မလားဆိုတဲ့ သံသယတွေရှိလာကြ ပါတယ်။ ယခင် (လယ်ဆည်) ၀န်ကြီးဟောင်း ဦးမြင့်အောင်တို့အိမ်တွေမှာ ရွှေချောင်းများ သိမ်းထားသလို နိုင်ငံခြားဘဏ်တွေမှာ အပ်နှံထားတဲ့ ဒေါ်လာငွေစာရင်းတွေလည်း ရှိတယ်လို့ သတင်းတွေရှိခဲ့ပါတယ်။ ဒါတွေဟာ နိုင်ငံတော်ရဲ့ သယံဇာတပစ္စည်းများကို ဈေးပေါပေါနဲ့ ရောင်းချလို့ရတဲ့ငွေတွေအပေါ် အဂတိလိုက်စားမှုနဲ့ ရယူထားတာတွေပါ။ ယခင်ဝန်ကြီးတွေခေတ်မှာတော့ မုန့်ပုံးထဲမှာ ရွှေချောင်းတွေထည့်ပြီး လက်ဆောင်ပေး ကန်တော့တဲ့ခေတ် ရှိခဲ့ဖူးပါတယ်။ နောက်တော့ ရွှေအစား စိန်ကိုလက်ဆောင်ပေးတဲ့ ခေတ်လည်း ဖြစ်လာဖူးပါတယ်။ လူကြီးတွေဆီ ၀င်ထွက်သွားတဲ့အခါမှာ အထုပ်ကြီးကြီးနဲ့လာရင် မကြိုက်ကြဘူးလို့ ကုန်သည်ကြီးတွေ အသိုင်းအ၀ိုင်းကဆိုပါတယ်။ လူကြီးကတော်များကတော့ ဗိုလ်ချုပ်ဈေးရှိ ပါတိတ်ဆိုင်တွေနဲ့ မြေနီကုန်းမှာရှိတဲ့ မခင်အေးစတိုးဆိုင်တွေနဲ့ ချိတ်ထားပြီး လာကန်တော့တဲ့ ခြင်းတောင်းများ၊ အရက်များ၊ အဝတ်အထည်များကို ပြန်သွင်းခြင်းဖြင့် ငွေသားပြန်ဖော်ကြတယ်လို့ သိရပါတယ်။ တချို့ကန်ထရိုက်တွေကတော့ တိုက်ခန်းသော့ကို လက်ဆောင်အဖြစ်ပေးကြပါတယ်။ အဂတိလိုက်စားမှုကျူးလွန်ရာမှာ တစ်ချိန်က ကတော်မိန်းမများကို ကြားခံထားကြသလို တစ်ခါတစ်ရံမှာတော့ ကိုယ်ရေးအရာရှိများကို ကြားခံထားကြပါတယ်။ တစ်ခါတစ်ရံမှာ သား၊ သမီးတွေကို ကြားခံလူအဖြစ် တာဝန်ပေးလုပ်ခိုင်းတယ်လို့လည်း သိရပါတယ်။ အဲ့ဒီ ပိုင်ဆိုင်မှုပစ္စည်းစာရင်းတွေကို ထုတ်ပြန်လိုက်မယ်ဆိုရင် ကြောက်ခမန်းလိလိ ချမ်းသာကြွယ်ဝမှုတွေကို တွေ့ရှိရမှာဖြစ်ပြီး ၀န်ကြီးတွေရဲ့လစာနဲ့ အနှစ် (၁၀၀) စုဆောင်းတဲ့တိုင် အဲ့ဒီ ငွေကြေးတွေ ပြည့်မီမှာ မဟုတ်ကြောင်း သိရှိရပါတယ်။ ဝန်ကြီး ဦးအောင်သောင်း မိသားစုဆိုရင် အပတ်စဉ် ဖဲဝိုင်း ရှိကြပြီး သားသမီးများက အပြိုင်အဆိုင် သူုတို့ရဲ့ ပိုင်ဆိုင်မှုများကို ဖဲဝိုင်းမှာ ကြွားလုံးထုတ်ပြီး ငွေဖြုန်းတီးကြပါတယ်။

တရားခံဘယ်သူလဲဟေ့

တရားခံဘယ်သူလဲဟေ့

THIBAW'S QUEEN လို့ခေါ်တဲ့စာအုပ်ကလေးကိုဖတ်လို
က်ရတော့
တကယ်ကိုမြန်မာပြည်အတွက် စိတ်မကောင်းဖြစ်မိပါတယ်။ အင်္ဂလိပ်စစ်တပ်ကြီးက
မန္တလေးမြို့ကိုသင်္ဘောတွေနဲ့ဆိုက်
ကပ်လာတော့
သီပေါဘုရင်ရဲ့မိဖုရားဖြစ်တဲ့ စုဖုရားလတ်ဟာ မြေပြင်မှာဝမ်းလျှားမှောက်လို့
ငိုကြွေးမြည်တမ်းပြီးတော့ စိတ်မ
ကောင်းစွာနဲ့ပြောဆိုလိုက်ပုံကတော့တကယ်ကိုကျေနပ်အားရလောက်အောင်ပါ။သူ့စကားလေးက------
မောင်တော်မင်းတရား(သီပေါမင်း)နဲ့တိုင်းသူပြည်သားတွေအခုလိုဒုက္ခရောက်ခဲ့ရတာ
အဓိက တရားခံကတော့
တစ်ခြားသူမဟုတ်ပါဘူး -ငါ--ငါ လို့ဝန်ခံလိုက်တာလေ
တကယ်ကိုကျေနပ်စရာကောင်းပါတယ် ကိုယ့်အပြစ်ကို
ကိုယ်ဝန်ခံတတ်တဲ့သဘောကိုဆောင်တာပေါ့။
                   
အခုတော့မြန်မာပြည်မှာ
ရဟန်းသံဃာတွေနဲ့တိုင်းသူပြည်သားတွေဒုက္ခရောက်နေကြတယ်လေ
ဘုရားသားတော်ဖြစ်တဲ့ ရဟန်းသံဃာတွေဆိုင်လျှင်
ရှေးမင်းအဆက်ဆက်ကိုကြည့်လိုက်ပါက ဘယ်ဘုရင်
ဘယ်မင်းလက်ထက်မှာမှမကြုံခဲ့ဖူးတဲ့ သတ်ဖြတ်မှုတွေကိုအခုတော့
စစ်အာဏာရှင်ဖြစ်တဲ့ နအဖ လက်ထက်မှာ
သေမင်းရဲ့လက်တွင်းကိုကျရောက်ခဲ့ရတယ်။တစ်ချို့သံဃာတွေဆိုလျှင်
ပြည်ပကိုတောင်တိမ်းရှောင်ထွက်ပြေးခဲ့ရသေးတယ်လေ
ဒါတွင်ပဲလားဆိုတော့မဟုတ်သေးပါဘူးစစ်အာဏာရှင် နအဖ
ကတော့ပြည်တွင်းကသံဃာတွေကိုလည်းနည်းအမျိုးမျိုးနဲ့နှိပ်စက်ပါသေးတယ်
ဒကာ/မတွေကိုတောင်မှဘယ်လိုတရားမျိုးကိုတော့မဟောပါနဲ့
ဘယ်လိုတရားကိုတော့ဟောပါ ဒီလိုနည်းမျိုး
စုံနဲ့ အမိန့်ပေးနေတာ သူကတော့ကောင်းတယ်ထင်နေတယ်ပေါ့
ဒါပေမယ့်သံဃာတော်တွေမှာတော့ နည်းနည်းကလေးမှစိတ်ချမ်းသာမှုမရခဲ့ပါဘူး
။အဲဒီလိုရဟန်းသံဃာတွေဒုက္ခရောက်အောင် ဗုဒ္ဓစာပေတွေကို
ကောင်းကောင်းမသင်နိုင်အောင်ဖြစ်နေရတာ ငါ့ကြောင့်ပါလို့
နအဖကဘယ်တုန်းကမှဝန်မခံခဲ့ဘူး ဒါတွေကိုစဉ်းစားကြည့်တော့
အဓိကတရားခံကတော့ဘယ်သူလဲ (တရားခံဘယ်သူလဲ ဟေ့)လို့တောင်မေးစရာမလိုတော့ပါဘူး
(
နအဖ)ပါလို့ကလေးကတောင်သိနေပါတယ်

မဝတီမြို့  ရေကြီးမှု မြင်ကွင်း


မိုးဆက်တိုက်ရွာသွန်းမှုကြောင့် မြဝတီမြို့ ရေကြီး ရန်ကုန်၊ သြဂုတ် ၁၀ မိုးများ ဆက်တိုက် ရွာသွန်းမှုများကြောင့် မြဝတီမြို့ တွင် ရေများ လျှံနေကြောင်း The Voice Weekly သတင်းရင်းမြစ်များက ပြောကြားသည်။ “ရေကြီးတဲ့နေရာက အမှတ် ၁ နားမှာ ( မြဝတီ - မဲဆောက် သောင်ရင်းမြစ် ကူးတံတား ) ပိုဆိုးတယ်။ မနေ့ည ( သြဂုတ်လ ၉ ရက်နေ့ )က စပြီးတော့
ကြီးတာ” ဟု ဈေးကုန်း ရပ်ကွက် အတွင်းနေထိုင်သူ တစ်ဦးက ဆိုသည်။ အဆိုပါ ရေကြီးမှြုေ ကာင့် အချို့ သော ဝန်ထမ်းများမှာ မဲဆောက်မြို့ ပေါ်ရှိ လုပ်ငန်းခွင်သို့ သွားရောက်နိုင်ခြင်း မရှိကြောင်း မြဝတီ မြို့ ခံများက ဆိုသည်။ “မိုးက ဇူလိုင် လ မကုန်ခင်လောက်ကတည်းက ဆက်တိုက် ရွာလို့ ရေကြီးသွားတာ။ အရင်က ဒါမျိုး တစ်ခါမှမဖြစ်ဖူးဘူး။ အခုဆိုရင် အမြင့ှ်ဆုံး ရင်ဘတ်နားလောက်ထိရှိတယ်။ နဲနဲ ကျသွားရင်လည်း ခါးလောက်ရှိတယ်” ဟု အရပ် ၅ပေ ၂လက်မ ရှိသည့် မြို့ ဝတီ မြို့ ခံ အမျိုးသား တစ်ဦးက ဆိုသည်။ မြဝတီ မြို့ အတွင်း ရေကြီးမှုကြောင့် ကယ်ဆယ်ရေးစခန်းများလည်း ဖွင့်လှစ်ထားခြင်း ရှိကြောင်း မြဝတီ မြို့ ခံများက ဆိုသည်။ မြဝတီ မြို့  ရေလွှမ်းမိုးခြင်းခံရ သတင်း [ Update ] ရန်ကုန်၊ သြဂုတ် ၁၁ မြဝတီမြို့  ရေလွှမ်းမိုးမှုတွင် ရေးဘေးဒုက္ခသည် အိမ်ထောင်စု ၆၀၂ ခု၊ ကျား ၁၄၇၂ ယောက်၊ မ ၁၄၅၉ ယောက် စုစုပေါင်း ၂၉၃၁ ယောက် ရှိပြီး ရေဘေးဒုက္ခသည် ကယ်ဆယ်ရေး စခန်း ၁၀ခုရှိကြောင်း မြဝတီ မြို့  သတင်းရင်းမြစ်များက ပြောသည်။ အခုလက်ရှိအနေအထားမှာ မြစ်ရေသည် ညဈေးအလွန် ကြံခင်းဘုန်းကြီး ကျောင်းလမ်းဆုံ အာရှလမ်းကတ္တရာ အား ရောက်ရှိနေပြီဖြစ်ပြီး ရပ်ကွက် ၁၊ ၂၊ ၃၊ ၅ တို့အား ရေလွှမ်းမိုးခြင်းခံနေရပြီ ဖြစ်ကြောင်း The Voice weekly သတင်းရစ်မြစ်များက ပြောကြားသည်။

အမေ (ဆောင်းပါး)

အမေ (ဆောင်းပါး)

အမေဆိုတဲ့အသံကိုကြားလိုက်ရုံဖြင့်လူတိုင်းရင်မှာ
အမေနဲ့ပါတ်သက်ပြီးတော့ခံစားချက်ကလေးတော့ရှိကြမှာပါ
ဒီကမ္ဘာလောကကြီးထဲမှာ ကျေးဇူးတရားတွေ
မေတ္တာတရားတွေကြီးမားတဲ့ပုဂ္ဂိုလ်ကိုပြပါဆိုလျှင် အမေမှတစ်ပါး
အခြားမရှိပါဘူး။အမေ့ရဲ့မေတ္တာတရားတွေဟာတန်ဘိုးဖြတ်လို့မရအောင်ကြီးမားခဲ့တာပါ
သားသမီးတွေအပေါ်ကိုမေတ္တာတရားတွေအပြည့်အ၀ထားပြီးချစ်ပြခဲ့တာကအမေပါ
ပဋိသန္ဓေတည်ကတည်း
ကနေပြီးတော့မေတ္တာဓာတ်တွေအပြည့်အ၀နဲ့လူ့လောကထဲကို
သားတွေသမီးတွေအပြစ်ကင်းစွာနဲ့ရောက်လာ
အောင်ကြီးမားတဲ့မေတ္တာနဲ့စောင့်ရှောက်ပေးခဲ့တာကအမေပါ----အမေ့ရဲ့မေတ္တာပန်းကလေးကတော့ဘယ်ပန်းနဲ့
မှမတူအောင်လှခဲ့တာပါ လောကမှာဖူးပွင့်ဝေဆာလှပနေကြတဲ့ပန်းကလေးတွေတောင်မှ
အမေ့ရဲ့ မေတ္တာ ပန်းကလေးကိုလိုက်လို့မမီပါဘူး
ကမ္ဘာမှာတန်ဘိုးအကြီးမားဆုံးပန်းကလေးကတော့ အမေ့ရဲ့မေတ္တာပန်းကလေး
ပါပဲ။ ပန်းကလေးတွေကိုမြတ်နိုးတတ်သလို
အလှအပဆုံးဖြစ်တဲ့အမေ့ရဲ့မေတ္တာပန်းကလေးကိုလည်းမေ့မထား
သင့်ပါဘူး။ပန်ထားသင့်ကြပါတယ် အမေ့ရဲ့မေတ္တာပန်းကလေးက လှလည်းလှ
မွှေးလည်းမွှေးလို့မို့တစ်ခြား
တစ်ခြားသောပန်းကလေးတွေထက်သာလွန်မြငိ့မြတ်တဲ့ တကယ့်တော်ဝင်ပန်းကလေးမို့
အမေ့ကိုဂုဏ်ပြု
သောအားဖြင့်ကျေးဇူးတရားတွေကိုသိသောအားဖြင့်
မေတ္တာတရားတွေကိုနားလည်သောအားဖြင့်အမေ့ရဲ့
မေတ္တာပန်းကလေးကိုပန်ထားသင့်ပါတယ်။။။။။
တစ်ချို့သောသားသမီးတွေက
အမေနဲ့အနီးကပ်နေရလေတော့ အမေ့ရဲ့ကြီးမား
လှတဲ့တန်မေတ္တာတန်ဘိုးကိုမသိကြဘူးလေ။။ကျွန်ုပ်ကတော့အမေနဲ့ဝေးနေခဲ့ရတော့တကယ့်မေတ္တာရှင်ဖြစ်တဲ့အမေ့ကို
အချိန်ရှိသမျှ သတိရ တမ်းတနေခဲ့ရသူပါ- အမေနဲ့ဝေးနေရတဲ့ကျွန်ုပ်က
အမေ့ကိုသတိရလို့ ငို
ခဲ့ရတဲ့မျက်ရည် ပူဆွေးရတဲ့သောကတွေဖြင့်မနည်းတော့ပါဘူးလေ။အမေကလောကမှာ ငါ့သားကအလှဆုံး
အချောဆုံးလို့ပြောခဲ့တဲ့စကားသံလေးကိုကြားယောင်မိတိုင်း
လွမ်းမျက်ရည်ဘယ်ညာဝိုင်းလို့ အတိုင်းမသိ
ဝမ်းနည်းမိပါတယ်အမေ---ရယ်။

ဦးဝင်းမြင့် ပုသိမ်မဲဆန္ဒနယ်၏ အဆိုကို ဦးစိန်ဝင်း (မအူပင်မဲဆန္ဒနယ်)မှ ဆွေးနွေးခြင်း

ဦးဝင်းမြင့် ပုသိမ်မဲဆန္ဒနယ်၏ အဆိုကို ဦးစိန်ဝင်း (မအူပင်မဲဆန္ဒနယ်)မှ ဆွေးနွေးခြင်း

ဦးစိန်ဝင်း (မအူပင် မဲဆန္ဒနယ်)။ ။အထူးလေးစားရပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီး နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ အထူးဖိတ်ကြားထားရသော ဧည့်သည်တော်များခင်ဗျား။ မင်္ဂလာပါလို့ နှုတ်ခွန်းဆက် သရင်း လေးစားမိပါကြောင်း ဒီနေရာကနေ ဂါရဝပြုအပ်ပါတယ်။ ကျွန်တော်ကတော့ ဧရာဝတီတိုင်းဒေသကြီး မအူပင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်း ဖြစ်ပါတယ်။ ကျွန်တော်အနေနဲ့ ပုသိမ်မဲဆန္ဒနယ် ဦးဝင်းမြင့်၏ Good Governance ကောင်းမွန်သော အုပ်ချုပ်ရေး၊ Clean Governance သန့်ရှင်းသောအစိုးရ ဖြစ်ပေါ်စေရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များအဖြစ် တာဝန်ပေးအပ်ခံရသူများ သည် ၄င်းတို့၏ ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများနှင့် အကျိုးစီးပွားများကို ထုတ်ဖော်ကြေညာပြီး မှတ်တမ်းတင်ထားရန်အဆိုကို ထောက်ခံဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ဆောင်းသီးနှံစိုက်ပျိုးဖို့ အခက်ကြုံတွေ့ရတောမည့် ဒုံးအော့ကျေးရွာသားများ

မင်းဘူးမြို့နယ် ဒုံးအော့ကျေးရွာက လယ်သမားတွေနဲ့ တွေ့ပါတယ်။ 
ဒုံးအော့ကျေးရွာအနီးမှာ ဂတ်စ် ပိုက်လိုင်း နဲ့ ရေနံပိုက်လိုင်း ဖြတ်သန်းတဲ့အခါမှာ ဒေသခံတွေရဲ့ ကိုင်းမြေတွေပေါ်က ဖြတ်သန်းသွားပြီး ဒီပိုက်လိုင်းကြီးတွေကို ဖို့တဲ့မြေတွေဟာ တာဖြစ်ပြီးကျန်နေခဲ့တာကြောင့် ကိုင်းစိုက်တောင်သူတွေဟာ အချိန်မီအခါမီ ရေနှုတ်လို့မရမှာကို စိုးရိမ်နေကြပါတယ်။ ပြောတုန်းကတော့ ပို့နေတဲ့မြေတွေကို ပြန်ဖြန့်ပေးသွားမယ်လို့ ပြောပေမယ့် အခုထိ ဘာမှ လုပ်မပေးသေးတဲ့အပေါ်မှာ တောင်သူတွေဟာ ရေနှုတ်မြောင်းတစ်ခု ဖောက်လုပ်ဖို့ စီစဉ်နေကြပါတယ်။ ဒီအတွက်လည်း မူလ ကိုင်းရှင်တွေဆီက တန်ရာတန်ကြေးပေးပြီးမှ ရေနှုတ်မြောင်း ဖောက်လို့ အဆင်ပြေမှာ ဖြစ်တဲ့အတွက် အခက်အခဲရှိနေ ပါတယ်။ ရေနှုတ်မြောင်းဖောက်ဖို့ မြို့နယ်ကို တင်ပြတဲ့အခါမှာ ဒေသခံတွေ စုပေါင်း ဖောက်လုပ် ဖို့ ညွှန်ကြားခဲ့ပေမယ့် ဒေသခံတွေမှာ လုပ်အားစိုက်ထုတ်နိုင်သော်လည်း ငွေအားအခက်အခဲရှိပါ တယ်။ တရုတ်ရေနံပိုက်လိုင်း မြေဘောင်ကြီးကလည်း ရှိနေမယ် ရေနှုတ်မြောင်းလည်း မလုပ်နိုင်ဘူး ဆိုရင် ဆောင်းသီးနှံစိုက်ပျိုးဖို့ အခက်ကြုံတွေ့ရမှာပါလို့ ဒုံးအော့ကျေးရွာသားတွေက ပြောပါတယ်။
နောင်တော်လေး

Friday, August 10, 2012

၈၈ မျိုးဆက် ကျောင်းသားများ မုံရွာမြို့ခံများနှင့် တွေ့ဆုံ

၈၈ မျိုးဆက် ကျောင်းသားများ မုံရွာမြို့ခံများနှင့် တွေ့ဆုံ 

 မုံရွာ သြဂုတ် ၁၀

ငြိမ်းချမ်းရေး နှင့် ပွင့်လင်း လူ့အဖွဲ့အစည်း ဖော်ဆောင်ရေး လုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်ရန် ၈၈ မျိုးဆက် ကျောင်းသားများသည် သြဂုတ်လ ၉ ရက်နေ့ ည ၁၁ နာရီခန့်တွင် မုံရွာ မြို့သို့ ရောက်ရှိလာခဲ့ပြီး ဗိုလ်ချုပ် လမ်းမကြီးပေါ် ရှိ ရာပြည့်ခန်းမ၌ မြို့ခံများနှင့် တွေ့ဆုံခဲ့ကြောင်း မုံရွာ မြို့ခံ The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

၈၈ကျောင်းသားများ အဖွဲ့သည် ယင်းနေ့ညကမြို့ခံများဖြင့် တွေ့ဆုံရန် အစီအစဉ် မရှိဘဲ ခန်းမ သွားကြည့်ရာမှ မင်းကိုနိုင်မှ မြို့ခံများနှင့် ၁၅မိနစ်ခန့် စကား ပြောကြားခဲ့ပြီး တည်းခိုမည့် အိမ်သို့ပြန်လည် ထွက်ခွာသွားကြောင်း ယင်းအဖွဲ့များအား အကူအညီ ပေးနေသည့် မုံရွာမြို့ခံများက ပြောကြားသည်။

ယနေ့နံနက်ပိုင်း ၇ နာရီတွင်အလုံတပ်မြို့ရှိ အောင်ချမ်းသာ ကျောင်းတိုက်တွင် ၀ါဆိုသင်္ကန်း ဆပ်ကပ်ခြင်း ၉နာရီတွင် မြို့ခံလူထုနှင့်တွေ့ဆုံခြင်းများ ပြုလုပ်ပြီးနောက် ချင်းတွင်းမြစ်အနောက် ဘက်ကမ်းရှိ လက်ပန်းတောင်း တောင် ကြေးနီ စီမံကိန်း ကြောင့် ဆုံးရှုံး နစ်နာခဲ့သည့် တောင်သူများနှင့်တွေ့ဆုံရန် စီစဉ်ထားကြောင်း မုံရွာမြို့ခံ ၈၈မျိုးဆက် ကျောင်းသားတစ်ဦးက ပြောကြားသည်။

 The Voice Weekly

နိင်ငံရေး ပါတီများနှင့် ကုလ သမဂ္ဂတွေ့ဆုံပုံ ပြောင်းလဲ

နိင်ငံရေး ပါတီများနှင့် ကုလ သမဂ္ဂတွေ့ဆုံပုံ ပြောင်းလဲ 

ရန်ကုန် သြဂုတ် ၁၀

ဦးသိန်းစိန် အစိုးရ လက်ထက်တွင် တပ်မတော် အစိုးရ လက်ထက် နှစ် ၂၀ နှင့်မတူ ပြောင်းလဲမှုမှာ နိင်ငံရေး ပါတီများနှင့် ကုလ သမဂ္ဂ တွေ့ဆုံ ရာတွင် လွတ်လွတ်လပ်လပ် ရှိပြီး ပြောင်းလဲ လာကြောင်း ဇိုးမီး အမျိုးသား ဒီမိုကရေစီ ကွန်ယက်မှ ဦးပူဂင်လျန်(ခ) ပူကမ်းလျန်က ဇူလိုင်လ ၁၀ ရက်တွင် ပြောကြားသည်။

ကုလသမဂ္ဂ ဒုတိယ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ V.J Nambia ၏ နိင်ငံရေး အကြံပေး Mrs. Mariannr Hagen နှင့် မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်း မြန်မာ အီးဂရက် သင်တန်းကျောင်းတွင် တွေ့ဆုံရာတွင် အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

မြန်မာနိင်ငံ အကြောင်းကို ထဲထဲဝင်ဝင် လေ့လာ သိရှိလိုကြောင်း တက်ရောက်လာသည့် နိင်ငံရေး ပါတီများ ထံမှ မြန်မာနိင်ငံတွင် ပါဝင် သင့်သည့် ကုလသမဂ္ဂ၏ အခန်းကဏ္ဍ နှင့် ပတ်သက်လို့လည်း သိရှိလိုသည်ဟု ကုလသမဂ္ဂ ကိုယ်စားလှယ်က ဆိုသည်။

ရွှေလုပ်သား: "ရွှေ့ပြောင်း အလုပ်သမားတစ်ဦးသေဆုံးမှု သဂြိုဟ်ပြီးစီ...

ရွှေလုပ်သား: "ရွှေ့ပြောင်း အလုပ်သမားတစ်ဦးသေဆုံးမှု သဂြိုဟ်ပြီးစီ...

ပဲခူးမြို့ ဥဿာမြို့သစ်ရှိ ဘုန်းကြီးကျောင်းများကို အတင်းပြောင်းရွှေ့ခိုင်း




ဆရာလေး ဒေါ်ယုဝတီ
ပဲခူးမြို့ ဥဿာမြို့သစ်က ဘုန်းကြီးကျောင်းတွေကို စက်မှုဇုန် တည်ဆောက်ဖို့အတွက် ခရိုင်အာဏာပိုင်တွေက ၀ါတွင်းကာလအတွင်း နေရာကနေ အတင်းပြောင်းရွှေ့ခိုင်းတာကြောင့် သံဃာတော်တွေနဲ့ သီလရှင်တွေ အခက်ကြုံနေကြပါတယ်။
ပဲခူးမြို့ ဥဿာမြို့သစ် အကွက်ကြီး ၈/၉ မှာရှိတဲ့ ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်း ၂၅ ကျောင်းကို ဒီလ ၁၂ ရက်နေ့ နောက်ဆုံးထား ပြောင်းရွှေ့ခိုင်းတယ်လို့ ဘုန်းတော်ကြီးတပါးက မိန့်ပါတယ်။

“နေရာပေးဖို့စကား ပြောမသွားဘူး။ ၇ ရက်ပြည့်ရင် ဒီမှာ မနေပါနဲ့လို့ ပြောသွားတယ်။ နေထိုင်ဖို့ စီစဉ်ထားတာက သူတို့ အကွက်ပေးချင်ပေး မပေးရင် ဒီကကျောင်းတော်ကြီး တကျောင်းကျောင်းကနေ နေပိုင်ခွင့်ပေးဖို့တော့ ကောင်းပါတယ်။”

ဘုန်းတော်ကြီးကျောင်းတွေဟာ ကျူးကျော်မြေထဲမှာ တည်ဆောက်ထားတဲ့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဩဂုတ်လ ၅ ရက်နေ့က ခရိုင်အုပ်ချုပ်ရေးမှူး အပါအ၀င် ရဲလုပ်သားတွေနဲ့ ဒီလ ၁၂ ရက်နေ့မှာ အပြီးဖျက်ပေးဖို့ လာရောက် ပြောကြားခဲ့တယ်လို့ ပြောင်းရွှေ့ခံရတဲ့အထဲမှာ ပါဝင်တဲ့ ဆရာလေး ဒေါ်ယုဝတီက ပြောပါတယ်။

မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါး ပြဿနာ ထိမ်းချုပ်ရ ခက်ခဲနေကြောင်း မြန်မာအစိုးရက သတိပေးပြောဆို

မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါး ပြဿနာ ထိမ်းချုပ်ရ ခက်ခဲနေကြောင်း မြန်မာအစိုးရက သတိပေးပြောဆို
From -RFA

မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါး ပြဿနာ ထိမ်းချုပ်ရ ခက္ခဲေ နေ ႀကာ င်း မြန်မာအစိုးရက မနေ့က သတိပေးပြော ဆိုတယ်လို့ အေအက်ဖ်ပီ သတင်းက ရေးသားပါတယ်။စိတ်ကြွဆေးပြား Amphetamine အလုံးရေ ၁ သန်း ၄ သိန်း နဲ့ ဘိန်းဖြူ ပိဿာ ၇၀ ကျော် ဖမ်းဆီးရမိချိန်မှာ အဲဒီလို စိုးရိမ်မှုတွေ ဖြစ်လာရတာလို့ ဆိုပါတယ်။အဲဒီဖမ်းဆီးမိတဲ့ မူးယစ်ေ ဆးဝါးတွေ အများ စုဟာ မြန်မာနိုင်ငံ အရှေ့ပိုင်း ရှမ်းပြည် မှာ ဖြစ်ေ ပမယ့် ဖြန့်ဖြူးေ ရာင်းချမှုတွေဟာ ရန်ကုန်မြို့အထိ ပြန့်နှံ့နေတာဖြစ်ကြောင်း ၊ စိတ်ကြွဆေးပြားတွေကို
အလွယ်တကူ ၀ယ်ယူလို့ ရနေတာဖြစ်တဲ့အတွက် ထိမ်းချုပ်ရ ခက်ခဲနေတာဖြစ်ကြောင်း သိရပါတယ်။အမည်မဖေါ်လိုတဲ့ အစိုးရ မူးယစ်ဆေးဝါး နှိမ်နင်းရေးဌာန ၀န်ထမ်းတစ်ဦးက မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါး ပြဿနာဟာ အန္တရာယ်အလွန်ကြီးမားနေပြီ ဖြစ်ကြောင်း နဲ့ အခုနောက်ပိုင်း ပိုဆိုးလာတာ တွေ့ရကြောင်း ပြောဆိုတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ တစ်လတည်းတင် မူးယစ်ဆေးဝါး အမှုပေါင်း ၃၄၂ မှု ရှိခဲ့ပြီး ပါဝင်ပတ်သက်သူပေါင်း ၄၇၃ ဦးကို ဖမ်းဆီးလိုက်တယ်လို့ ဆိုပါတယ်။မြန်မာနိုင်ငံက နယ်ခြားဒေသတွေမှာ မူးယစ်ဆေးဝါး ထုတ်လုပ်မှု များပြားလာနေပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဟာလည်း မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချမှုနဲ့ ဘဏ္ဍာငွေ ရှာဖွေနေတာတွေ ရှိနေတယ်လို့ဆိုပါတယ်။

ဌာနဆိုင်ရာ နဲ့ ပြည်သူ ပြဿနာတက်တိုင်း ပြည်သူအရှုံးလား

ဌာနဆိုင်ရာ နဲ့ ပြည်သူ ပြဿနာတက်တိုင်း ပြည်သူအရှုံးလား
by Naung Taw Lay on Thursday, August 9, 2012 at 2:04pm ·

8.8.2012 ရက်နေ့မှာ နောင်ချိုမြို့နယ် ကံကြီးကျေးရွာကို ရောက်ခဲ့ပါတယ်။ သွားရောက်ရတဲ့ အဓိက အကြောင်းအရင်းက နောင်ချိုမြို့နယ် ကံကြီးကျေးရွာက အဖွားဒေါ်စောကြည် နောင်ချိုမြို့ပေါ်က စည်ပင်သာယာဌာန ဖြစ်နေတဲ့ကိစ္စပါ။ ကံကြီးကျေးရွာဈေးဟောင်းကို ပြောင်းရွှေ့ နေရာချထားပေးခဲ့ပြီး အဖွားဒေါ်စောရီဟာ ဈေးအတွက် သူပိုင်မြေထဲက ပေ၂၀၀ ပတ်လည်လောက် လှူခဲ့ပါတယ်။ ရပ်ရွာလူကြီးတွေရဲ့ ချထားပေးမှုနဲ့ ပေ ၈၀× ပေ၆၀ မြေတစ်နေရာပြန်လည်ရရှခဲ့ပါတယ်။ အဲဒီ ရရှိထားတဲ့ အကွက်ပေါ်မှာ အုတ်နံရံကပ် ဈေးဆိုင်ခန်းလေးတွေ ဆောက်အပြီး တံခါးရွက်တပ်ခါနီးမှာ စည်ပင်သာယာနဲ့ ပြဿနာစတက်ပါတယ်။

ဖြစ်ပုံက
အဖွားဒေါ်စောကြည်ဆောက်ထားတဲ့ အဆောက်အဦး(ဆိုင်ခန်း တန်းလျှား)ဟာ စည်ပင်ပိုင်မြေထဲကို ၁၂ပေ ကျူးတယ်ဆိုပြီး ဆိုင်ခန်းကို အတင်း ဖြတ်ခိုင်းပါသတဲ့။ ဒေါ်စောကြည်ကလည်း သူဟာဘာအပြစ်မှ ကျူးလွန်ခြင်း မရှိတဲ့အတွက် လုပ်ချင်ရာလုပ်ရင်ဆိုင်မယ်ဆိုပြီးနေရာမှာ မြို့နယ်တရားရုံးမှာ စည်ပင်ဌာနက တိုင်တန်းပါတယ်။ ဒေါ်စောကြည်က ရှေ့နေတောင်မငှားပဲ လိုက်လံဖြေရှင်းပါတယ် ။ မြို့နယ်က စည်ပင်သာယာဌာနကို အနိုင်ပေးလိုက်တာကြောင့် ကျေးရွာမှာ တန်ဖိုးအားဖြင့်တရားစရိတ်တောင် မရှိတဲ့နေရာမှာ လူပါးသက်သက်ဝပြီး ပြဿနာလာရှာတဲ့အတွက် ဒေါ်စောကြည်တို့က ခရိုင်ကိုတက်ပါတယ်။ ခရိုင်က နှစ်ဦးနှစ်ဖက် သူမသာ ကိုယ်မနာ ဖြေရှင်းညှိနှိုင်းနိုင်ဖို့ မြေကိုဈေးသင့်ပြီး ဒေါ်စောကြည်မှ ပေးဆောင်နိုင်ရုံနဲ့ ကိစ္စပြတ်အောင် ဆောင်ရွက်ပေးခဲ့ပါတယ်။ တရားသူကြီးကိုယ်တိုင်လည်း လာကြည့်သွားတယ်လို့ဆိုပါတယ်။

Thursday, August 9, 2012

အထက်ပေါင်းလောင်းဆည်ကြောင့်ပြောင်းရွှေ့ ရမည့်ရွာများ သမ္မတထံစာတင်မည်


 အထက်ပေါင်းလောင်းဆည်ကြောင့်ပြောင်းရွှေ့ ရမည့်ရွာများ သမ္မတထံစာတင်မည်
သြဂုတ် ၉တည်ဆောက်ဆဲ အထက်ပေါင်းလောင်း ဆည်မြောင်း ရွေ့ ပြောင်းပေးရမည့် ရွာ ၂၃ ရွာမှ ရွာသူရွာသားများက ၄င်းတို့ ၏ နစ်နာချက်များကို နိုင်ငံတော် သမ္မတထံ စာတင်မည့် ကိစ္စ စာနယ်ဇင်းရှင်းလင်းပွဲ ကို သြဂုတ်လ ၉ ရက် နံနက် က မန်းမြို့ ရှိ ယူနီဆမ် တွင်ကျင်းပခဲ့သည်။

၎င်းအထက်ပေါင်းလောင်းဆည်ကြောင့် ရွာ ၂၃ ရွာ ကို ရေလွှမ်းသွားမည်ဖြစ် ရာ ကျေးရွာသား/သူ ၈၀၀၀ ကျော်၊ လယ်မြေဧက ၆၀၀၀ ကျော် စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းများစွာ ဆုံးရှုံး မည်ဖြစ်ပြီး၊ ပြောင်းရွှေ့ ကြေး ကျပ် ၅၀၀၀၀ သာ နစ်နာကြေးပေးမည်ဟု ဆိုသဖြင့် ယခုလို စာတင် ရခြင်း ဖြစ်ကြောင်း စာနယ်ဇင်းရှင်းလင်းပွဲတွင် ကျေးရွာသား တစ်ဦးက ဆိုသည်။

အထက်ပေါင်းလောင်း ဆည်ကြီးကို ၂၀၁၃ တွင် ပထမအဆင့် ၂၀၁၄ တွင် ဒုတိယအဆင့်၊ ၂၀၁၅ တွင် နောက်ဆုံးအဆင့် အပြီးရေသွင်း၍ လျှပ်စစ်စီမံ ကိန်း စတင်လှည်ပတ်မည်ဟု သိရသည်။

သြဂုတ်လ (၇)ရက်နေ့  ထုတ် ပန်းသတင်းဂျာနယ် အတွဲ(၈) အမှတ်-၃၀


သြဂုတ်လ (၇)ရက်နေ့  ထုတ် ပန်းသတင်းဂျာနယ် အတွဲ(၈) အမှတ်-၃၀
 
ဂျာနယ်ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


သြဂုတ်လ (၉) ရက်နေ့ ထုတ် ရန်ကုန်တိုင်း(မ်)ဂျာနယ်


သြဂုတ်လ (၉) ရက်နေ့ ထုတ်  ရန်ကုန်တိုင်း(မ်)ဂျာနယ်
ဂျာနယ် ဖတ်ရန် ဒီနေရာကို နှိပ်ပါ

သြဂုတ်လ (၉) ရက်နေ့ ထုတ် Hot News Weekly ဂျာနယ်


သြဂုတ်လ (၉) ရက်နေ့ ထုတ် Hot News Weekly ဂျာနယ်

ဂျာနယ်ဖတ်ရန် ဒီနေရာကို နှိပ်ပါ

“ငါးထပ်တိုက်မှ ပစ်ချ သေဆုံးသည့် မြန်မာအလုပ်သမ အား မြန်မာသံရုံးနှင့် BAT တို့သဂြိုဟ်ပြီးစီး”

“ငါးထပ်တိုက်မှ ပစ်ချ သေဆုံးသည့် မြန်မာအလုပ်သမ အား မြန်မာသံရုံးနှင့် BAT တို့သဂြိုဟ်ပြီးစီး”


သြဂုတ်လ ၉ ကိုတီး

အဓမ္မပြုကျင့်ခံရပြီးနောက် ငါးထပ်တိုက်ပေါ်မှ ပစ်ချခံခဲ့ရပြီး သေဆုံးသွားခဲ့ရသည့် မြန်မာ အလုပ် သမား အလောင်းအား ဘန်ကောက်မြို့မြန်မာသံရုံး အလုပ်သမား ကူညီစောင့်ရှောက်ရေးအသင်း၊ ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ BAT   နှင့် မြန်မာအလုပ်သမားများ ယမန်နေ့က ကောင်း မွန်စွာ သဂြိုဟ်နိုင်ခဲ့ပြီးဖြစ်သည်။
         သြဂုတ်လ၂ ရက်နေ့ မွန်းလွဲ ၂နာရီကျော်က ညဘက် အလုပ်လုပ်ထားသဖြင့် အိမ်မောကျနေသည့်
အသက် ၃၇ နှစ်အရွယ် မစန်းစမ်းဝင်း အား အမည် မသိ အသက် ၂၀ ခန့် အရွယ် ထိုင်းအလှူခံ တစ်ဦး က
အခန်းတွင်းသို့ ၀င်ရောက်ပြီး စုဗူးကိုဖေါက်ယူ၊ လူကိုအဓမ္မပြုကျင့်ပြီး ငါးထပ်အမြင့် တိုက်ပေါ်မှ ပစ်ချ ခဲ့ သဖြင့်မဟာချိုင်အမှတ် ၂ ဆေးရုံတွင် ဆေးဝါးကုသခံရင်း သေဆုံးသွားခဲ့သည်။
         မစန်းစန်းဝင်း အလောင်းအား မိသားစုဝင်များ ရှာမရပဲဖြစ်နေသဖြင့် မြန်မာသံရုံး အလုပ်သမား ကူညီ
ရေးအသင်းက လိုက်လံစုံစမ်းပေးခဲ့သဖြင့် ဘန်ကောက်မြို့ဘုရင်ဆေးရုံတွင် သွားရောက် ထုတ်ယူခဲ့ကြ ရသည်။

“ဘန်ကောက်မှာ ရှစ်လေးလုံး ၂၄နှစ်မြောက် မြန်မာသံရုံးရှေ့ မှာ ကျင်းပ”

“ဘန်ကောက်မှာရှစ်လေးလုံး ၂၄နှစ်မြောက် မြန်မာသံရုံးရှေ့ မှာ ကျင်းပ”

သြဂုတ် ၈
မြတ်ညို(အလွတ်သတင်းထောက်)

၂၄ နှစ်မြောက် ရှစ်လေးလုံး နေ့ အထိမ်း အမှတ် နေ့ ကို  ပြည်ပရောက် ကျောင်းသားများအဖွဲ့  ONSOBက ကျင်းပခဲ့သည်။
                 ONSOB အဖွဲ့ ၏ ပြန်ကြားရေး တာဝန်ခံ ကိုမင်းထက် က“ အာဏာရှင် ဦးနေ၀င်း ကတိုင်ြး ပည်ရဲ့ပြဿနာကို သေနတ်နဲ့ ရှင်းခဲ့တယ်။   ဒီအကျိုးဆက်ကကမ္ဘာ့အဆင်းရဲတိုင်းပြည်ဖြစ်သွားခဲ့ရတယ်” ဟုပြောသည်။

အင်းစိန်ကဈေးသည်တွေ ဆန္ဒဖော်ထုတ်

အင်းစိန်ကဈေးသည်တွေ ဆန္ဒဖော်ထုတ်

ရန်ကုန်မြို့ အင်းစိန်ပန်းခြံ အနီးမှာ ဈေးရောင်းချခွင့်ပေးဖို့  တောင်းဆို ဆန္ဒဖော်ထုတ်ခဲ့ကြ တဲ့ လမ်းဘေးဈေးသည်(၁၅)ဦး  ကို အာဏာပိုင်တွေက သြဂုတ်  လ(၆)ရက်က ဖမ်းဆီးလိုက်ကြောင်း  သိရပါသည်။
ဈေးရောင်းချခွင့်ပြန်လည်  တောင်းဆိုနေသော ဈေးသည်  အယောက်(၂၀)ကျော်ထဲမှ (၁၅) ယောက်အား ရဲတပ်ဖွဲ့ဝင်(၃၀)  လောက်က ကားပေါ်တင်ပြီး၊ဖမ်း ဆီးခေါ်ဆောင်သွားတာဖြစ်ကြောင်း  မျက်မြင်သက်သေတစ်ဦးကပြော  ပြသည်။

ဓမ္မဓိဌာန်ကျကျ ဆွေးနွေးကြပါဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား

ဓမ္မဓိဌာန်ကျကျ ဆွေးနွေးကြပါဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား

NLD လွှတ်တော် ကိုယ်စား  လှယ်များအနေနှင့်ပြည်သူ့အကျိုး ပြု လုပ်ငန်းများ ဖိဖိစီးစီး လုပ် ဆောင်ကြဖို့၊လွှတ်တော်တွင်း ဆွေး  နွေးချက်တွေမှာ အချက်အလက်  ပြည့်ပြည့်စုံစုံနဲ့ဓမ္မဋ္ဌာန်ကျကျ ဆွေးနွေး တင်ပြကြဖို့ NLD ပါတီ  ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က  NLD  ကိုယ်စားလှယ်တွေကို သြဂုတ်လ(၇)ရက်နေ့က ပြော ကြားလိုက်သည်။
လွှတ်တော်အစည်းအဝေး  တက်ရောက်မည့် ကိုယ်စား  လှယ်များနှင့် ဒေါ်အောင်ဆန်းစု  ကြည်တို့တွေ့ဆုံစဉ်မှာ ပြောကြား  ခဲ့သည့်အကြောင်း လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင်က  ပြောပါသည်။

NGOအဖွဲ့ အစည်းတွေ ဆက်လက်အကူအညီပေး ရန်UNHCRတိုက်တွန်း

NGOအဖွဲ့ အစည်းတွေ ဆက်လက်အကူအညီပေး ရန်UNHCRတိုက်တွန်း

အစိုးရမဟုတ်သောNGO အဖွဲ့ အစည်းများအနေနဲ့မြန်မာနိုင်ငံ  ရခိုင်ပြည်နယ်မှ ထွက်ပြေးလာကြ သူ ရိုဟင်ဂျာဒုက္ခသည်တွေအ ပေါ် ဆက်လက် အကူအညီပေး ခွင့်ပြုဖို့ ဘင်္ဂလားဒေ့ရှ် အာဏာ ပိုင်များ၊ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)   မှ သြဂုတ်လ(၇)ရက်နေ့ တိုက် တွန်းလိုက်ပါသည်။(UNHCR) ပြောခွင့်ရသူမှ မြန်မာ ဘင်္ဂလားဒေ့ရှ်  နယ်စပ် ကောက်စ်ဘဇားမြို့အနီး ဖွင့်လှစ်ထားသည့် တရားမ၀င်  ရိုဟင်ဂျာ ဒုက္ခသည် စခန်း၏ ဆောင်ရွက်လုပ်ကိုင်နေခြင်းကို ရပ်ဆိုင်းဖို့NGO အဖွဲ့သုံးဖွဲ့ကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက  အမိန့်ထုတ်ခဲ့ကြောင်း၊ယင်းအမိန့်  ကို အကောင်အထည်ဖော်လျှင်  စခန်းတွင်းရှိ ဒုက္ခသည် လေး သောင်းလောက်အတွက် ကြီးမား  သောအခက်အခဲများနှင့်ရင်ဆိုင် ရမှာဖြစ်သ၍ စခန်းအနီးရှိ ဒေသ ခံများအတွက်လည်းNGO အဖွဲ့ မှ ရရှိနေသော အခြေခံဝန်ဆောင်  မှုများထိခိုက်ဆုံးရှုံးရမှာဖြစ်ကြောင်း  ပြောဆိုပါသည်။

အမျုားပြည်သူသိရှိရန် အစိုးရအဖွဲ့ ဝင်များ၏ ပိုင်ဆိုင်မှုထုတ်ပြန်ပေးရန် အဆိုကိုပယ်ချလိုက်ပြီ

 အမျုားပြည်သူသိရှိရန် အစိုးရအဖွဲ့ ဝင်များ၏ ပိုင်ဆိုင်မှုထုတ်ပြန်ပေးရန် အဆိုကိုပယ်ချလိုက်ပြီ


ပထမအကြိမ်ပြည်သူ့ လွှတ်တော်စတုတ္ထအကြိမ်ပုံမှန် အစည်းအဝေး ၂၂ ရက်မြောက်  နေ့အစည်းအဝေးမှ အစိုးရအဖွဲ့  ၀င်များ၏ ပိုင်ဆိုင်မှုများကို အများပြည်သူသိရှိရန် ထုတ်ပြန်  အသိပေးရန် အဆိုကိုပယ်ချလိုက်  ပါသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏ ပုသိမ်ပြည်သူ့လွှတ်တော်  ကိုယ်စားလှယ်ဦးဝင်းမြင့်တင်သွင်း   သည့် အဆိုကို ထောက်ခံမဲ ၆၈ မဲ၊ ကန့်ကွက်မဲ ၂၇၁ မဲ၊ ကြားနေ ၁၅ မဲနှင့် လွှတ်တော်မှာ ဆက်မ ဆွေးနွေးရန်ဆုံးဖြတ်လိုက်ကြသည်။ ဦးဝင်းမြင့်တင်သွင်းသည့် ကောင်း မွန်တဲ့အုပ်ချုပ်ရေး၊ သန့်ရှင်သည့် အစိုးရဖြစ်စေရန် ပြည်ထောင်စု   အစိုးရအဖွဲ့နှင့် တိုင်းနဲ့ပြည်နယ်  အစိုးရအဖွဲ့ဝင်တွေ၏ ရွှေ့ပြောင်း   နိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင် သောပစ္စည်းနှင့် အကျိုးစီးပွားတွေ ကို ပြည်သူတွေသိရန် ထုတ်ဖော်  ကြေညာရန် အဆိုကိုနှင့် လွှတ်တော်ကိုယ်စားလှယ် ၁၃ ဦး က ပါဝင်ဆွေးနွေးကြပါသည်။

ဟင်္သာတ ရေကြီး

ဧရာတီတိုင်း ဒေသကြီး ဟင်္သာတမြို့ တွင် ၈-၈-၂၀၁၂ ညတွင် မိုးသည်းထန်စွာ
ရွာသွန်းသောကြောင့် ဥယျာဉ် မြောက်ရပ်ကွက် မန်းဘခိုင်လမ်းရှိ
ပဒေသာဈေးကြီး၊ ဌေးဝင်းဈေး၊ အမှတ်(၁)အခြေခံပညာ အလယ်တန်းကျောင်း၊
တို့တွင် ရေကြီး ရေလျှံခြင်းများ ဖြစ်ပေါ်ခဲ့သဖြင့်
ကျောင်းသား ကျောင်းသူများ၊ ဈေးသူဈေးသားများ သွားရေးလာရေး
ရောင်းရေးဝယ်ရေး အလွန်ဒုက္ခ ရောက်လျက် ရှိ သတင်းရရှိပါသည်။

မြန်မာ အစိုးရ ပြန်ကြားရေး Website အတိုက်ခံရ



ရန်ကုန်၊ သြဂုတ် ၈

မြန်မာနိုင်ငံ အစိုးရ၏ တရားဝင် Website ဖြစ်သော ပြန်ကြားရေး ဝန်ကြီးဌာန၏ Website ကို သြဂုတ်လ ၇ ရက်နေ့တွင် အတိုက်ခိုက် ခံခဲ့ရကြောင်း အင်တာနက် အသုံးပြုသူ များက ဆိုသည်။

ကျွန်တော် နေ့လည်ပိုင်းလောက် ဝင်ကြည့်တာ မရတော့ဘူး။ အဲ့ဒီဆိုက်ကို ခေါ်လိုက်ရင် အမဲရောင် နောက်ခံ စာမျက်နှာနဲ့ အခုလက်ရှိ ဖြစ်နေတဲ့ ပြဿနာ အကြောင်းနဲ့ ပတ်သက်တာကို ရေးထားတယ်ဟု အင်တာနက် အသုံးပြုသူ အသက် ၂၂ နှစ်အရွယ် အမျိုးသား တစ်ဦးက ဆိုသည်။

အဆိုပါ အတိုက်ခံရမှုသည် ယခုလအတွင်း ဒုတိယ အကြိမ်မြောက် ဖြစ်ပြီး မြန်မာနိုင်ငံ ဘောလုံး အားကစား အသင်း၏ Facebook စာမျက်နှာဖြစ်သော Myanmar National Football Team ကိုလည်း Phantom Crews မှဟတ်ခဲ့ကြောင်း ၎င်း Phantom Crews၏ Facebook စာမျက်နှာမှ သိရသည်။

Wednesday, August 8, 2012

ကားကိစ္စ၊ဆိုင်ကယ်ကိစ္စ လွှတ်တော်တွင်မေးပြီ

ကားကိစ္စ၊ဆိုင်ကယ်ကိစ္စ လွှတ်တော်တွင်မေးပြီ


ဧရာဝတီတိုင်းဒေသကြီး၊ မဲဆန္ဒနယ် အမှတ်(၆) ဦးခင်မောင်ရီမှ စီမံကိန်း ဆိုတာ အကျိုးရှိရှိနဲ့ခိုင်မာနေရင် ယနေ့ အထိ ရှိနေမှာပဲ ရှိလည်းရှိကြပါတယ်။အဲ့ဒီမှာပြောချင်တာက စီမံကိန်း ဆိုတာ နဲ့ပတ်သက်ပြီး ပထမဦးဆုံး ကားပါမစ် တင်သွင်းခွင့်၊ ဒုတိယအချက်က မော်တော်ဆိုင်ကယ်   ကိစ္စပါပဲ။ စတုတ္ထ အကြိမ်လို့ ကျွန်တော်ထင်တာပဲ။ မှားရင် တော့  ခွင့်လွှတ်ပါ။ မော်တော်ဆိုင်ကယ် တွေကို အကြိမ်ကြိမ်တရားမ၀င် လိုင်စင် ပေးခဲ့တာရှိပါတယ်။ ကောင်းပါတယ်။နိုင်ငံတော်အတွက်လည်း အခွန်ကောက် လို့ ရပါတယ်။  တစ်နှစ်တစ်နှစ်လောက်မှာ ထထပြီး (၁)သိန်းခွဲ(၂)သိန်းလောက် ၀င်ပြီးတော့မှ အဆင်မပြေတဲ့သဘော တွေရှိနေပါတယ်။ (၄)လတစ်ကြိမ် စီမံကိန်းတွေ၊ (၃)လ စီမံကိန်းတွေ  စသည်ဖြင့်ဒီလိုလုပ်ပြီးပေးနေရတာက သိပ်တော့ပုံစံမကျဘူးလို့ ဆိုချင်ပါတယ်။အဲ့ဒီမှာ ဘာသွားတွေ့လဲဆိုတော့ မော် တော်ယာဉ်တုန်းကလည်း ပြည်ပက သွင်းခဲ့တယ်။ စက်မှုဇုန်ထုတ်တွေကျသွား ခဲ့တယ်။နိုင်ငံတော်ရဲ့ စက်မှုမူဝါဒကို အယုံကြည်ပြီးတော့ လာရောက်ရင်းနှီးတဲ့ ကုမ္ပဏီတွေ ဥပမာအားဖြင့် ဆူဇူကီး တို့လို ပြည်ပက လာရောက်ရင်းနှီး လုပ်ကိုင်ကြသလို  ပြည်တွင်းလုပ်ငန်းရှင် တွေကလည်း အခုလိုတရားမ၀င်မှောင်ခို ထုတ်လုပ်တာတွေလည်းရှိနေပြီ။ ဒါတွေ ဟာ ပေါပေါပဲဝင်လာပြီးတော့မှ နောက် ဆုံးကျတော့  အခွန်ဆောင်ပြီး လိုင်စင် ပေးလိုက်ရတာပဲ။ အဲဒါ တရားဝင်လုပ် တာ မရှိဘူး။ပြည်တွင်းကလုပ်ငန်းတွေ လည်းထိခိုက်ပါတယ်။ အကျင့်ပျက်တဲ့ ဟာတွေပဲ ပေါ်လာပါတယ်။ ကျွန်တော် အဓိကပြောချင်တာက  အမည်ပြောင်း တဲ့ကိစ္စပါပဲ။ ကျွန်တော်တို့လက်ထဲမှာ တရား ၀င်ဝယ်ထားတဲ့ ဘိုင်ဗာလို ဟာမျိုး  ဆူဇူကီးတို့လိုဟာမျိုးဝယ်ထားတဲ့ ဆိုင်ကယ်တွေကို နာမည်ပြောင်းပြီး သက်တမ်းတိုးမယ်ဆိုရင်  (၇) သောင်း လောက်ကျမယ်။တရားမ၀င်ဖြစ်တဲ့ တရုတ်ဆိုင်ကယ်လုပ်၊  ၀ယ်ပြီး ကြိုက်တဲ့ အချိန်နာမည် ပေါက်အခွန်ပါမှ လေးသောင်းနဲ့ ရှစ်ထောင်ပဲကျပါတယ်။ဒါဟာလဲ ခြားနားချက်တွေပဲဖြစ်တယ်။

စည်းကမ်းမဲ့ လမ်းဖြတ်ကူးသူ နှစ်သောင်းနီးပါး ဒဏ်ရိုက်ခံရ

ရန်ကုန် (မဇ္ဈိမ) ။      ။ စည်းကမ်းမဲ့ လမ်းဖြတ်ကူးသူများအား ရန်ကုန်တိုင်း ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှု
ကော်မတီက ဇန်နဝါရီလမှ စတင် အရေးယူခဲ့ရာ ဇူလိုင်လ ကုန်အထိ ၁၉,၄၉၂ ဦးကို ဒဏ်ကြေးတပ် အရေးယူခဲ့သည်။

ရန်ကုန်မြို့တွင်း ခြောက်မြို့နယ် ဖြစ်သည့် ပုဇွန်တောင်၊ ဗိုလ်တစ်ထောင်၊ ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ အလုံ တို့တွင် စည်းကမ်းမဲ့ လမ်းဖြတ်ကူးသူ အများဆုံး ဖမ်းဆီးရမိခဲ့ကာ ဒဏ်ကြေးငွေပေါင်းကျပ် ၄၂၉ သိန်းခန့် ရန်ကုန်တိုင်း အစိုးရက ရရှိခဲ့သည်။

“အခုလို စည်းကမ်းမဲ့ လမ်းဖြတ်ကူးတဲ့သူတွေကို ဖမ်းဆီးအရေးယူမှုက စီမံချက် ကာလအနေနဲ့ လုပ်တာ မဟုတ်ဘဲ ဆက်တိုက် အရေးယူ ဆောင်ရွက်သွားမှာပါ” ဟု ယာဉ်စည်းကမ်း ကြီးကြပ်မှု ကော်မတီ၏ ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့ရုံးမှ တာဝန်ရှိသူ တဦးက ပြောသည်။

ဥပဒေစိုးမိုး တည်ငြိမ်ရေး ကော်မီတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်

ဒီကနေ့ ကျင်းပတဲ့ လွှတ်တော်တွင်းမှာ တရားဥပဒေ စိုးမိုးရေးအတွက် ရည်ရွယ်ပြီး ကော်မီတီသစ် တရပ်ကို ဖွဲ့စည်းပြီး ဥက္ကဋ္ဌ အဖြစ်နဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုတာဝန်ပေးလိုက်ပါတယ်။ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ် အေးချမ်းရေး ကော်မီတီအဖြစ် ဖွဲ့စည်းလိုက်တဲ့ အထဲမှာ ဒေါ်အောင်ဆန်းစုကြည် နဲ့ သူဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လွှတ်တော် ကိုယ်စားလှယ်တွေ သာမက တိုင်းရင်းသား ကိုယ်စားလှယ်တွေလည်း ပါဝင်ခဲ့ကြတာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ရန်ကုန်မြို့က သတင်းထောက် ကိုရဲကျော်အောင် ကပြောပြပေးမှာ ဖြစ်ပါတယ်။

ပြည်သူ့ လွှတ်တော် တရားဥပဒေ စိုးမိုးရေး နဲ့ တည်ငြိမ် အေးချမ်းရေး ကော်မတီကို ပြည်သူ့ လွှတ်တော်ဥပဒေ ဆိုင်ရာ ပုဒ်မ ၂ ဇ အရ ဒီကနေ့မှာ ဖွဲ့စည်းလိုက်ပြီး ကော်မတီ ဥက္ကဋ္ဌ ကတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ဥက္ကဋ္ဌ ဖြစ်သူ ကော့မှူး မဲ ဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ပဲ ဖြစ်ပြီး အတွင်းရေးမှူးကတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပုသိမ်မဲဆန္ဒနယ် မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့် ဖြစ်ပါတယ်။

ခြိမ်းခြောက်မှုတွေကို သမ္မတရုံး ညွှန်မှူး တုံ့ပြန်

  မကြာခင် သတင်းပတ်တွေအတွင်း အစ္စလာမ် ကြီးစိုးတဲ့ နိုင်ငံတခိျု့မှာ မြန်မာအစိုးရကို ဆန္ဒပြ ခြိမ်းခြောက်တာတွေ လုပ်ခဲ့တဲ့အပေါ် မြန်မာအစိုးရဘက်ကလည်း သိရှိထားပြီး သံတမန်ရေးအရ၊ လုံခြုံရေးအရ လုပ်ဆောင်သင့်တဲ့ အရာတွေ ဆက်လက် လုပ်ဆောင်နေတယ်လို့ နိုင်ငံတော် သမ္မတရုံးဘက်က ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ အကြမ်းဖက်မှုနဲ့ ဆက်စပ်ပြီး ထောင်ချ ခံထားရတဲ့ အစ္စလာမ် ဘာသာရေး ခေါင်းဆောင် တဦးဖြစ်တဲ့ အဘူ ဘာကာ ဘာရှားက မွတ်ဆလင်တွေ ဆက်ပြီး ဖိနှိပ် သတ်ဖြတ် ခံရမယ်ဆိုရင် မြန်မာအစိုးရကို ဘာသာရေးအရ ဂျီဟတ်စစ်ပွဲ ဆင်နွဲမယ်လို့ သောကြာနေ့က ခြိမ်းခြောက်ခဲ့ပါတယ်။

 ခြိမ်းခြောက်မှုတွေ ရှိနေတယ်ဆိုတာကို မြန်မာအစိုးရအနေနဲ့ သိရှိထားကြောင်း၊ ရခိုင်ကိစ္စမှာ မြန်မာအစိုးရအနေနဲ့ ဘင်္ဂါလီရယ်၊ ရခိုင်ရယ်လို့ ဘက်မလိုက်ပဲ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်တွေ အတိုင်း ဥပဒေတွေအတိုင်း ထိန်းသိမ်း ဆောင်ရွက်ခဲ့ကြောင်း၊ ဘယ်ဘာသာကိုမှ ဖိနှိပ်ချုပ်ချယ်တာ မရှိကြောင်း မြန်မာ သမ္မတ ဦးသိန်းစိန်ရဲ့ နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ဘီဘီစီကို ပြောပါတယ်။

မန္တလေးမှာ ဈေးသည်တွေဆန္ဒပြ သုံးဦးအဖမ်းခံရ

မန္တလေးမြို့ ကိုင်းတန်းဈေးကနေ ပြောင်းရွှေ့ဖို့ အမိန့်ထုတ်ခံထားရတဲ့ ဈေးသူ ဈေးသား ၁ဝဝဝ ကျော်လောက် ဈေးအတွင်း မနေ့ညက စုရုံး ဆန္ဒပြခဲ့ကြပြီး ဈေးကနေ မြို့တော်ခန်းမအထိ လမ်းလျှောက် ချီတက်ခဲ့တဲ့ ဈေးသူဈေးသား (၃၀၀) လောက်ထဲက (၃) ဦး ဖမ်းဆီးခံခဲ့ရပါတယ်။


မန္တလေးမြို့ ကိုင်းတန်းဈေးမှ ပြောင်းရွှေ့ဖို့ အမိန့်ထုတ်ခံထားရသည့် ဈေးသူ ဈေးသား ၁ဝဝဝ ကျော် ၂၀၁၂ ခုနှစ် သြဂုတ်လ ၇ ရက်က စုရုံး ဆန္ဒပြနေကြစဉ်။
မန္တလေးမြို့၊ ၂၈လမ်းနဲ့ လမ်း ၃၀ ကြား ၈၄ လမ်းနဲ့ ၈၆ လမ်းကြားမှာရှိတဲ့ ကိုင်းတန်းညဈေးက ဈေးသည်တွေဟာ မနေ့ည ၉ နာရီခွဲမှာ မန္တလေး စည်ပင်ဝန်ထမ်းတွေ ပိတ်ဆို့ ကာရံထားတဲ့ သံဆူးကြိုးတွေကို တွန်းလှန်ဖယ်ရှားပြီး တစ်မိုင်လောက် အကွာအဝေးရှိတဲ့ မြို့တော်ခန်းမရှေ့အထိ အော်ဟစ် ချီတက် ဆန္ဒပြခဲ့ကြတာလို့ ဈေးသည်တစ်ဦးက RFA ကို ပြောပါတယ်။
"၉ နာရီခွဲလို့ ဈေးသည်တွေ အကုန်လုံးခင်းတော့ ၁၀ နာရီ ပတ်ချာလည်ကျတော့ သူတို့က ကားတွေနဲ့ သံဆူးကြိုးတွေ လာချပြီးတော့ မရောင်းရဘူးလို့ ပြောတဲ့ အချိန်မှာ ဈေးသူ ဈေးသားတွေက ဒီလမ်း ၃၀ ကို ပိတ်ရမလား ဆိုပြီးတော့ ဈေးသူ ဈေးသားတွေက လမ်း ၈၀ ပေါ်တက်ပြီး ဆူကြပါတယ်။ ဆန္ဒပြကြတာပေါ့နော်။ ဆန္ဒပြတဲ့ အချိန်မှာ ကိုအေးသိန်းကလည်း ဒီလိုတော့ မလုပ်သင့်ဘူး ပြောရင်းနဲ့ မြို့တော်ဝန်ရုံးရှေ့ကို စည်ပင်ရုံးရှေ့ကို ၈၄ လမ်းတန်းတန်း၊ ၂၆ ဘီလမ်းတန်းတန်းနဲ့ ည ၁၀ နာရီ ရှိသွားပါတယ်။ ည ၁၀ နာရီထိုးကနေပြီး စီတန်းလမ်းလျှောက် အော်ဟစ် သွားပါတယ်။ အော်ဟစ်တဲ့ နေရာမှာလည်း ကိုယ်ဈေးထွက်ဖို့ အရေးကိုပဲ အော်ဟစ်ပါတယ်"

နိုင်ငံတော်သမ္မတက ခန့်အပ်ထားသော ပုဂ္ဂိုလ်များ၏ စီးပွားရေး လုပ်ငန်းနှင့် ပိုင်ဆိုင်မှု တင်ပြရန် ညွှန်ကြားချက် ဆိုင်းငံ့ထား


 နိုင်ငံတော်သမ္မတက ခန့်အပ်ထားသော ပုဂ္ဂိုလ်များ၏ ပိုင်ဆိုင်မှုများကို နိုင်ငံတော်သမ္မတထံ သြဂုတ် ၁ ရက် နောက်ဆုံးထား ပေးပို့တင်ပြရန် သမ္မတရုံးမှ ညွှန်ကြားစာပို့ခဲ့သော်လည်း ယခုအခါ အဆိုပါညွှန်ကြားချက်အား ဆိုင်းငံ့ထားကြောင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ ၀န်ကြီးများကပြောသည်။

“ပိုင်ဆိုင်မှုတွေ တင်ပြဖို့ နိုင်ငံတော်သမ္မတရုံးက စာလာတယ်ဆိုတာလည်း မှန်ပါတယ်။ အခုအဲဒီကိစ္စကို ဆိုင်းငံ့ထားဖို့လည်း စာဝင်ပါတယ်။ နောက်မှ ညွှန်ကြားမှုတွေ ထပ်လာနိုင်ပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ၀န်ကြီးတစ်ဦးကပြောသည်။ အဆိုပါ ညွှန်ကြားချက်များသည် မိမိထံသို့လည်း ရောက်ရှိကြောင်း ၎င်းကိစ္စနှင့်ပတ်သက်၍ တစ်စုံတစ်ရာ မှတ်ချက်ပေးရန် မရှိကြောင်း၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ အကြီးအကဲက 7Day News ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

“ဒီလိုပိုင်ဆိုင်မှုတွေ တင်ပြဖို့ဆိုတာ ကောင်းပါတယ်။ ပိုင်ဆိုင်မှုတွေ တင်ပြလို့ရှိသင့် ရှိထိုက်တာထက် များနေရင်တော့ မဟုတ်ဘူးပေါ့။ သန့်ရှင်းသောအစိုးရနဲ့ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် ဖြစ်လာဖို့အတွက် ဒါကအရေးကြီးပါတယ်”ဟု တိုင်းဒေသကြီး ၀န်ကြီးတစ်ဦးက ပြောသည်။

ဇူလိုင် ၂၅ ရက်က ကျင်းပသော ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ၁၄ ရက်မြောက်နေ့တွင် ပုသိမ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်နှင့် သန့်ရှင်းသောအစိုးရ ဖြစ်ပေါ်စေရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၏ ရွှေ့ပြောင်းနိုင်သော၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများနှင့် အကျိုးစီးပွားများကို ထုတ်ဖော်ကြေညာပြီး မှတ်တမ်းတင်ထားရန် အဆိုတင်သွင်းခဲ့သည်။

၎င်းအဆိုတင်သွင်းပြီး ဇူလိုင် ၂၆ ရက်တွင် နိုင်ငံတော်သမ္မတရုံးမှ စီးပွားရေးလုပ်ငန်းနှင့် ပိုင်ဆိုင်မှုများ စာရင်းပြုစုတင်ပြရန် အကြောင်းကြားစာတစ်စောင် ထုတ်ပြန်ခဲ့သည်။

ပြည်နယ်နှင့် တိုင်းအချို့တွင် ရေကြီး၊ သေဆုံးမှုများရှိ

ပြည်နယ်နှင့် တိုင်းအချို့တွင် ရေကြီး၊ သေဆုံးမှုများရှိ


အခုရက်ပိုင်းအတွင်း မိုးများပြီး မြစ်ချောင်း ရေလျှံတဲ့အတွက် ပဲခူးတိုင်း၊ ကရင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်က မြို့ရွာတချို့မှာ ရေလွှမ်းပြီး လူအသေအပျောက်တွေ ရှိခဲ့ပါတယ်။

ပဲခူးတိုင်း မဒေါက်မြို့ထဲမှာ မြစ်ရေကြီးမှုကြောင့် လှေတွေနဲ့ သွားလာနေရပြီး မနေ့က လက်ခတ်လှေနဲ့ စက်လှေတစီး တိုက်မိတဲ့အတွက် လှည်းဆိပ်ရပ်က  အသက် ၂၀ အရွယ် အမျိုးသမီးငယ်တဦး သေဆုံးခဲ့တယ်လို့ ရေဘေးဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် ကိုဝင်းမြင့်က ပြောပါတယ်။

မဒေါက်မြို့ထဲ ရေလွှမ်းခံရတဲ့ နေအိမ် ၁ ထောင်ကျော်ရှိပြီး ထောင်ချီတဲ့ ဒုက္ခသည်တွေဟာ တိုင်တစ်ရာ၊ အင်းချောင်၊ တံခွန်တိုင်နဲ့ သာသနာ့ဝံသကျောင်း တိုက်တွေမှာ ခိုလှုံနေရတယ်လို့ ဆိုပါတယ်။

မြို့နားတ၀ိုက် ရွာပေါင်း ၂၀ မှာလည်း  ရေတွေဝင်နေပြီး စပါးခင်းပေါင်း ဧက ၁ သောင်းခွဲလောက် ရေလွှမ်းနေတယ်လို့ ပြောပါတယ်။

မဒေါက်မြို့တွင် ရေကြီးနေပုံ(Photo: Bo Tuck@icj) 
ညောင်လေးပင်မြို့နယ်မှာလည်း ဒီလဆန်းကတည်းက စစ်တောင်းမြစ်ရေလျှံမှုကြောင့်  ရပ်ရွာနဲ့ လယ်ကွင်းတွေ  ရေလွှမ်းနေပြီး ဒီနေ့ထိ ရေမကျသေးတဲ့အတွက် ဒေသခံတွေ အတော်ဒုက္ခရောက်နေတယ်လို့ ကိုဝင်းမြင့်က ပြောပါတယ်။

“မကျသေးဘူး။ ကျန်နေသေးတဲ့ သဘောပဲ။ မနေ့က ကျေးရွာတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဆေးကုဆင်းတာ အကုန်လုံးက လူနာတွေကို တစက်မိတ်တွေ အောက်ကို ၀င်ပြီး ခက်ခက်ခဲခဲ ကုရတယ်။”

ရေဘေးဒုက္ခသည်တွေကို ညောင်လေးပင်လူမှုရေးအသင်း၊ ညောင်လေးပင် အန်အယ်လ်ဒီအဖွဲ့ဝင်နဲ့ မြို့ခံတွေက ထမင်းထုတ်နဲ့ ဆေးဝါးတွေ ဝေငှပေးနေတယ်လို့ ဆိုပါတယ်။

ရှမ်းပြည်မြောက်ပိုင်းမှာ ဩဂုတ်လ ၆ ရက်နေ့က စပြီးရွာသွန်းတဲ့မိုးကြောင့် နမ္မတူမြစ်ရေကြီးပြီး သိန္နီမြို့နယ်ထဲမှာ ရေလွှမ်းခဲ့တဲ့အတွက် ပန်စုန်ရွာသားတဦး ရေထဲမျှောပါ သေဆုံးခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

သိန္နီမြို့တောင်ဘက်တကြောက ခမ်းတင်း၊ နောင်ကား၊ ဟိုနား၊ ကောင်းလန်း၊ ကုန်းမုန် စတဲ့ကျေးရွာမှာ စပါးစိုက်ခင်းဧကပေါင်း ၂၀၀ ကျော် ရေလွှမ်းခဲ့တယ်လို့လည်း ဆိုပါတယ်။

ကရင်ပြည်နယ်မှာ မိုးများပြီး မြစ်ရေလျှံတဲ့အတွက် ဘားအံမြို့၊ လှိုင်းဘွဲ့၊ ကြာအင်းဆိပ်ကြီး၊ ကမမောင်းဘက်မှာလည်း ရေကြီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဘားအံမြို့မှာ ပြီးခဲ့တဲ့ လကုန်ပိုင်းကစလို့ ကမ်းနားတလျှောက်က ရပ်ကွက်နဲ့ ကျေးရွာတွေ ရေလွှမ်းခဲ့တဲ့အတွက် ထောင်နဲ့ချီတဲ့ ရေဘေးဒုက္ခသည်တွေဟာ ဘားအံ မိုးလုံလေလုံ အားကစားကွင်း၊ အောင်သံလွင် အားကစားကွင်း၊ ကြားတောရကျောင်းတိုက်နဲ့ ဗလီတွေမှာ ခေတ္တခိုလှုံနေရကြောင်း ဒေသခံတဦးက ပြောပါတယ်။

ရေဘေးဒုက္ခသည်တဦးက “ဒုက္ခရောက်တာပေါ့။ ကိုယ့်အိမ်ကိုယ့်ရာ မဟုတ်တော့၊ ကလေးတွေနဲ့ ဘုန်းကြီးကျောင်းမှာနေရတာ အိမ်သာတက်ရတာကအစ ရေတွေဘာတွေရှားနဲ့။ လက်လုပ်လက်စားသမားတွေ ဒုက္ခရောက်တာပေါ့။ မိုးကလည်း တခါမှ မပြတ်ဘူး။ လေတွေမိုးတွေကျတယ်” လို့ ပြောပါတယ်။

အစိုးရ မိုးဇလဌာနက ဒီနေ့မွန်းလွဲပိုင်း မြစ်ရေကြီးခြင်း သတိပေးချက်အရ င၀န်မြစ်ရေဟာ ငါးသိုင်းချောင်းမြို့မှာ စိုးရိမ်ရေမှတ်အထက် ၂ ပေကျော် မြင့်တက်နေပြီး နောက် ၃ ရက် ဆက်ကြီးဦးမယ်လို့ ဆိုပါတယ်။ စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့မှာ စိုးရိမ်ရေမှတ် ၆၀၀ စင်တီမီတာကို ရောက်နေပြီး ၁ ရက်အတွင်း ၃ လက်မကျော် ထပ်တက်ဦးမယ်လို့ ဆိုပါတယ်။

အရင်ရက်တွေက ထုတ်ပြန်ခန့်မှန်းချက်တွေအရ ဆိုရင်တော့ ဧရာဝတီမြစ်ရေဟာ ဟင်္သာတမြို့မှာ စိုးရိမ်ရေမှတ်အထက် ၁၀ လက်မခန့် ကျော်လွန်နေပြီး နောက် ၂ ရက်အထိ စိုးရိမ်ရေမှတ်အထက်မှာပဲ ရှိနေမယ်လို့ ဆိုပါတယ်။
စစ်တောင်းမြစ်ရေတက်လို့ မဒေါက်မြို့မှာ စိုးရိမ်ရေမှတ်ထက် ၅ ပေကျော်နေတယ်လို့ ဆိုပါတယ်။  သံလွင်မြစ်ရေကတော့ ဘားအံမြို့တွင် စိုးရိမ်ရေမှတ်ထက် ၃ ပေကျော်နေပြီး  ရွှေကျင်မြစ်ရေ တက်နေတာကြောင့် ရွှေကျင်မြို့မှာ စိုးရိမ်ရေမှတ်အထက် ၁ ပေခွဲကျော် မြင့်တက်နေတယ်လို့ ဆိုပါတယ်။

by နန်းမြနဒီ  (ဒီဗွီဘီ)

ရန်ကုန်မြို့က ရှစ်လေးလုံး လူတထောင်ကျော်တက်ရောက်

ရန်ကုန်မြို့က ရှစ်လေးလုံး လူတထောင်ကျော်တက်ရောက်


(ဓါတ်ပုံ NLD information)

ရှစ်လေးလုံး ဒီမိုကရေစီလှုပ်ရှားမှု နှစ်ပတ်လည်အခမ်းအနားကို ရန်ကုန်မြို့
ရွှေဂုံတိုင် တော်ဝင်နှင်းဆီခန်းမမှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပခဲ့ပြီး၊ ဦးတင်ဦး၊
ဦးဝင်တင် စတဲ့ NLD ခေါင်းဆောင်တွေ၊ ၀ါရင့် နိုင်ငံရေးသမားတွေ၊ ခေတ်အဆက်
ဆက်ကျောင်းသားခေါင်းဆောင်တွေ၊ နိုင်ငံရေးအကျဉ်းသား ဟောင်းတွေ၊
ဂီတအနုပညာရှင်တွေ စုစုပေါင်း လူ (၁ဝဝဝ) ကျော် တက်ရောက်ခဲ့ပါတယ်။

ဒီနေ့အခမ်းအနားကို တက်ရောက်သူ ဒီလောက်များပြားတဲ့အချက်က ရှစ်လေးလုံးလှုပ်ရှားမှုအပေါ် ပြည်သူတွေရဲ့ အလေးအနက်ထားမှုကို ဖော်ပြတာဘဲလို့ NLD ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဝင်းတင်က ပြောပါတယ်။

အဲဒိအခမ်းအနားမှာ ရှစ်လေးလုံး ၂၄ နှစ်မြောက် သဘောထားကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ပြီး၊ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးလွှတ်ပေးဖို့၊ ရှစ်လေးလုံးနေ့ကို သမိုင်းဝင် အထိမ်းအမှတ်နေ့အဖြစ်သတ်မှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

အဲဒိအခမ်းအနားမှာ သံဃာတော် (၄၄) ပါးကို ဆွမ်းနဲ့ ၀ါဆိုသင်္ဃန်းကပ်လှူခဲ့ပြီး၊ ရှစ်ဆယ့်ရှစ် ဒီမိုကရေစီ အရေးအခင်းမှာ ကျဆုံးသွားခဲ့တဲ့ ရဟန်းရှင်လူပြည်သူတွေအတွက် တစ်မိနစ်ခန့် ငြိမ်သက် အလေးပြုခဲ့ကြ ပါတယ်။

အဲဒိနောက် နိုင်ငံရေးအင်အားစုတွေရဲ့သ၀ဏ်လွှာတွေ ဖတ်ကြားခဲ့ကြပါတယ်။

ဒီအခမ်းအနားကို မနက် (၉) နာရီကနေ နေလည် (၁၂) နာရီအထိကျင်းပခဲ့တာဖြစ်ပြီး၊ အာဏာပိုင်တွေဘက်က အနီးကပ်စောင့်ကြည့်၊ ဓါတ်ပုံရိုက်တာတွေရှိခဲ့ပေမယ့် တစုံတရာ တားဆီးနှောင့်ယှက်တာ မရှိခဲ့ပါဘူး။

RFA Burmese

ကျောက်တော် ဆူပူ အကြမ်းဖက်မှု လူ ၇ ဦး သေဆုံး

ကျာက်တော် ဆူပူ အကြမ်းဖက်မှု လူ ၇ ဦး သေဆုံး


ရန်ကုန်၊ သြဂုတ် ၈

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင် ဖြစ်ပွားသော ဆူပူ အကြမ်းဖက်မှုကြောင့် လူ ၇ဦးသေဆုံးပြီး ကျေးရွာလေးရွာခန့် မီးရှို့ဖျက်ဆီးခံရကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းပြန်ကြားရေးဌာနမှ ဥက္ကဌ ဦးဦးလှသိန်းက ပြောကြားသည်။
"ဒဏ်ရာရတဲ့ စာရင်းကိုတော့ မရသေးဘူး။ အခု စစ်တပ်က ၀င်ထိန်းနေတယ်" ဟု ၄င်းက ရှင်းပြသည်။

ကျောက်တော် မြို့နယ်တွင် သြဂုတ်လ ၅ရက်နေ့မှ စတင်ကာ ဆူပှုအကြမ်းဖက်မှုများ စတင် ဖြစ်ပွားခဲ့ပြီး ၆ ရက်နေ့၊ ၇ ရက်နေ့ တို့တွင်လည်း ဆက်တိုက် ဖြစ်ပွားခဲ့ကြောင်း၊ ရခိုင် တိုင်းရင်းသားများ နေထိုင်သော ကျေးရွာများနှင့် ရွှေပြည်သစ် အဝေးပြေးကားဂိတ်တို့ကို ဘင်္ဂါလီလူမျိုးများက သြဂုတ်လ ၅ရက်နေ့တွင် ၀င်ရောက် ဖျက်စီးရာမှ ဒေသနေ လူမျိုးစု နှစ်စု ဆူပူ အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများထံ ဆက်သွယ် မေးမြန်းထားချက်များ အရ သိရှိရသည်။

အဆိုပါ မြို့နယ်တွင် ဖြစ်ပွား နေသော ဆူပူ အကြမ်းဖက်မှု အခြေအနေများကို တပ်မတော်က အင်အားတိုးမြင့်ကာ ၀င် ရောက်ထိန်းသိမ်းနေ သဖြင့် သြဂုတ်လ ၈ရက်နေ့ (ယနေ့) အခြေအနေမှ တည်ငြိမ်နေကြောင်း၊ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့သည် အဆိုပါ ဆူပှုအကြမ်းဖက်မှု အခြေအနေများကို ထိန်းသိမ်းနိုင်ရန် သြဂုတ်လ ၇ရက်နေ့တွင် ကျောက်တော် မြို့နယ်သို့ သွားရောက်ကာ ၀င်ရောက် ထိန်းသိမ်းနေကြောင်း ယင်း အစိုးရအဖွဲ့ထံမှ သိရှိရသည်။

The Voice Weekly

သြဂုတ်လ (၈) ရက်နေ့ ထုတ် SHADE ဂျာနယ် အတွဲ(၆) အမှတ် (၂၈)

သြဂုတ်လ (၈) ရက်နေ့ ထုတ် SHADE ဂျာနယ် အတွဲ(၆) အမှတ် (၂၈)

အစိုးရအဖွဲ့ဝင်များ ပိုင်ဆိုင်မှု အများပြည်သူသိအောင် ကြေညာရန်အဆို ပယ်ချခံရ

အစိုးရအဖွဲ့ဝင်များ ပိုင်ဆိုင်မှု အများပြည်သူသိအောင် ကြေညာရန်အဆို ပယ်ချခံရ

Tuesday, August 7, 2012

Hot News မေး ဦးသိန်းဇံ(ကြေးတိုင် နှင့် မြေစာရင်း ဦးစီးဌာန ၊ ညွန်ကြားရေးမှူး-ငြိမ်း) ဖြေ- ယခင်အပတ်မှ အဆက်

Hot News မေး ဦးသိန်းဇံ(ကြေးတိုင် နှင့် မြေစာရင်း ဦးစီးဌာန ၊ ညွန်ကြားရေးမှူး-ငြိမ်း) ဖြေ- ယခင်အပတ်မှ အဆက်

by Ko Shin on Tuesday, August 7, 2012 at 10:39am ·
Hot News မေး ဦးသိန်းဇံ(ကြေးတိုင် နှင့် မြေစာရင်း ဦးစီးဌာန ၊ ညွန်ကြားရေးမှူး-ငြိမ်း) ဖြေ- ယခင်အပတ်မှ အဆက်

Filed under Home, သတင်း
0



မေး- အခု ၂၀၁၂ခုနှစ် လယ်ယာမြေ ဥပဒေနဲ့ပတ်သက်ပြီး အန်ကယ့်ရဲ့ သဘောထားဘယ်လိုရှိသလဲဆိုတာ ပြောပြစေချင်ပါတယ်အန်ကယ်။
ဖြေ- ၂၀၁၂ လယ်ယာမြေဥပဒေကို ၂၀၁၂ခုနှစ် မတ်လ(၃၀)ရက်နေ့မှာ လယ် ယာမြေဥပဒေကို ပြဋ္ဌာန်းခဲ့တာကို အား လုံးသိပြီးဖြစ်ပါတယ်။ အဲဒီဥပဒေပြုစုရာ မှာ အချိန်တိုလေးအတွင်း ရေးဆွဲခဲ့တယ်။  ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မ တီတွေမှာလယ်ယာလုပ်ငန်းနဲ့ တောင် သူလယ်သမားများနဲ့ ထိတွေ့မှုနည်း ပါးခြင်း စသည်တို့ကြောင့် ဒီဥပဒေမှာ အားနည်းချက်များရှိခဲ့တယ်လို့သုံးသပ်ချင် ပါတယ်။ မြေယာမူဝါဒနဲ့ လုပ်ကိုင်မှု စနစ်ကို ပြုပြင်ပြောင်းလဲရေးအတွက် ဥပဒေတွေ ပြဋ္ဌာန်းကျင့်သုံးခဲ့တဲ့နေရာမှာ ဘယ်လိုတိုင်းပြည်မှ အားရကျေနပ်နှစ် သက်ပြီး စင်းလုံးချောကောင်းမွန်တဲ့ ဥပဒေလို့ ပြောဖို့ဆိုတာခက်ခဲတယ်။
၂၀၁၂ မြေယာဥပဒေအခန်း (၂) ပုဒ်မ(၆)မှာ သက်ဆိုင်ရာခရိုင် လယ်ယာ မြေ စီမံခန့်ခွဲရေးအဖွဲ့ သဘောတူညီချက် နဲ့မြို့နယ်မြေစာရင်းဦးစီးဌာနမှာ သတ် မှတ်ချက်များနဲ့အညီ မှတ်ပုံတင်ကြေး ပေးဆောင်လို့ မှတ်ပုံတင်ပြီး လယ်ယာ မြေလုပ်ကိုင်ခွင့် လက်မှတ်ထုတ်ပေးရ မယ်လို့ ပြဋ္ဌာန်းထားတာတွေ့ရှိရတယ်။ ဒီပြဋ္ဌာန်းချက်နဲ့ပတ်သက်ပြီး မှတ်ပုံတင် နိုင်ရေးမှာ လယ်သမားများအနေနဲ့  မိမိ တို့ရဲ့ ကျေးရွာမှာ မြို့နယ်ကို အကြိမ်ကြိမ် သွားလာနေရပြီး ခရီးစရိတ်၊ စားစရိတ်၊ ကုန်ကျရတယ်။ မှတ်ပုံတင်ဖို့အရေး စာ ရွက်တမ်းတွေ၊ စာချုပ်တွေ ရေးဖို့အခက် အခဲ ကြုံနေရတဲ့အပြင် တတ်ကျွမ်းတဲ့ သူကိုအကူအညီများယူရမယ်ဆိုရင်လည်း ငွေကုန်ကြေးကျတွေများတယ်။ ဒါ့အပြင် မှတ်ပုံတင်ပြီး လုပ်ငန်းခွင်လက်မှတ် ရရှိ ရေးအတွက်လည်း လုပ်ငန်းအဆင့်များ ပြားလို့ လပေါင်းမြောက်မြားစွာ အချိန် ကြန့်ကြာတယ်လို့ ပြောချင်ပါတယ်။
ဒီကိစ်္စနဲ့ပတ်သက်ပြီးတော့ နည်း ဥပဒေမှာ လွယ်ကူတဲ့နည်းလမ်း ငွေကုန် ကြေးကျနည်းတဲ့နည်းလမ်းတွေမှာ အချိန် တိုအတွင်း ဆောင်ရွက်နိုင်တဲ့နည်းလမ်းး တွေကို ပြဋ္ဌာန်းသင့်တယ်။ အန်ကယ်ဆို လိုတာက တောင်သူလယ်သမားများ အတွက် ၀န်ထုပ်ဝန်ပိုး မဖြစ်စေဖို့ ဦးစား ပေးဆောင်ရွက်သင့်တယ်။ တရုတ်ပြည်သူ့ ကွန်ဂရက်ဥပဒေကြမ်းရေးဆွဲရေးကော်မ တီ (Bill Committee) အနေနဲ့ ဥပဒေမူ ကြမ်းများကို သတင်းစာနဲ့ အင်တာနက် တို့မှာ ကြိုတင်ဖော်ပြပြီး ပြည်သူတို့ရဲ့ အကြံဉာဏ်များကို ရယူဆောင်ရွက်တယ် ဆိုတာသိရတယ်။ မြန်မာနိုင်ငံမှာလည်း အဲဒီလို ဆောင်ရွက်သွားသင့်တယ်ဆို တာလည်းပြောချင်ပါတယ်။
မေး- နောက်ဆုံးအနေနဲ့ အန်ကယ့်အနေ နဲ့ ဘာတွေများ အကြံပြုချင်ပါသလဲ။
ဖြေ- အန်ကယ်တို့အနေနဲ့ အကြံပြု တင်ပြလိုတာက-
(၁) လူဦးရေဆိုတာ အမြဲတိုးတက်နေ ပေမယ့် လူဦးရေလို မြေယာဆိုတာ တိုးတက်များပြားလာတဲ့ပစ္စည်းမဟုတ်ဘူး။ သယံဇာတတွေဟာ ပျက်စီးဆုံးရှုံးမှု မဖြစ် စေရေးကို အလေးပေးပြီးတော့ ကာကွယ် သင့်တယ်။ (၂) ဖြစ်ပေါ်လာမယ့် လယ် ယာမြေဥပဒေ၊ နည်းဥပဒေများဟာ တောင်သူလယ်သမားများကို ဗဟိုပြု ပြီးတော့ လုပ်ဖို့လိုအပ်တယ်။ (၃) ပြည် ထောင်စုသမ္မတမြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေအခန်း(၁)၊ ပုဒ်မ(၂၃)(က) အရ မြေယာသယံဇာတ ကာကွယ်ထိန်း သိမ်းဖို့ဆိုတာကို ဥပဒေပြဋ္ဌာန်းသင့်ပြီး အဲဒီပြဋ္ဌာန်းချက်နဲ့အညီ ဆောင်ရွက် အကောင်အထည်ဖော်သင့်တယ်။ (၄) တောင်သူလယ်သမားတွေ စီးပွားရေးပြို လဲသွားမယ်ဆိုရင် နိုင်ငံတော်တစ်ခုလုံး ရဲ့ စီးပွားရေးလည်း ပြိုလဲပျက်စီးသွားနိုင် တဲ့အတွက်ကြောင့် တောင်သူလယ် သမားတို့ရဲ့ စီးပွားရေးတိုးတက်မှုကို ဦးစား ပေးသင့်တယ်။ (၅) မြေရှင်ကြီးစနစ်ဆို တာ ခေတ်အဆက်ဆက် တောင်သူလယ် သမားများကို ဖိနှိပ်ခဲ့သည့်အပြင် တောင် သူလယ်သမားများကိုလည်း အကျိုးမပြု သောစနစ် ဖြစ်တဲ့အတွက်ကြောင့် မြေ ရှင်ကြီးထပ်မံမဖြစ်ပေါ်နိုင်ရေးကို အထူး ကာကွယ်ဖို့ လိုအပ်တယ်။ (၆) စိုက်ပျိုး ရေးကို အရှိန်အဟုန်နဲ့ဆောင်ရွက်ရာမှာ တောင်သူလယ်သမားများ မြေယာလုပ် ငန်းမှာ၊ အစမ်းသပ်ခံ၊ စတေးခံ တောင်သူလယ်သမားတွေ မဖြစ်ဖို့လို အပ်တယ်။ (၇) လုပ်ငန်းရှင်များနဲ့ တောင်သူလယ်သမားများ အကျိုးတူ ဖက်စပ်လယ်ယာလုပ်ငန်းလုပ်ကိုင်ရာ မှာ တောင်သူလယ်သမားများအတွက် အကျိုးအမြတ်မရှိပါဘဲ တောင်သူလယ် သမားများအတွက် မြေယာလက်လွှတ်ခဲ့ ရပြီး တချို့ဆိုရင် လုပ်ငန်းရှင်ရဲ့ တရား စွဲမှုများကိုပင် ခံနေရပြီး အဲဒီလိုအဖြစ် မျိုး မဖြစ်ဖို့ရန်အတွက် တောင်သူလယ် သမားများကို အကာအကွယ်ပေးသွား ရန်လိုအပ်ပါတယ်။ (၈) လုပ်ငန်းရှင်များ နဲ့တောင်သူလယ်သမားများ အကျိုးတူ လုပ်ကိုင်မယ်ဆိုရင် တောင်သူလယ်သ မားများ ရေရှည်အကျိုးရှိနိုင်မယ့်လုပ်ငန်း မျိုးကိုသာ ခွင့်ပြုသင့်တယ်။ တောင်သူ လယ်သမားများ သဘောမတူရင်တော့ ခွင့်မပြုသင့်ဘူး။ တောင်သူလယ်သမား များကို အဓမ္မဖိအားပေးမှုမျိုးကို ရှောင် ရှားရန် လိုအပ်တယ်။ (၉) လုပ်ငန်းရှင် များ လယ်ယာလုပ်ကိုင်ခွင်မှာပါဝင် ဆောင်ရွက်လိုရင် မြေလွတ်မြေရိုင်းများ ကို လယ်ယာမြေဖော်ထုတ်ခြင်းလုပ်ငန်း ကို ဆောင်ရွက်သင့်တယ်။ (၁၀) လယ် ယာမြေများမှာ လုပ်ငန်းရှင်နဲ့နိုင်ငံခြား လုပ်ငန်းရှင်များရဲ့ လုပ်ကိုင်ခွင့်ကို နိုင်ငံ  တော်သမ္မတရဲ့ သဘောတူညီချက် ရယူ ပြီးမှ ဗဟိုမြေယာကော်မတီက ခွင့်ပြုချက် ပေးသင့်တယ်။ (၁၁) နိုင်ငံတော်အစိုးရ ရဲ့ လုပ်ငန်းတွေအတွက် လယ်ယာမြေ ကိုသိမ်းယူခွင့်ရှိပြီး မြေယာသိမ်းဆည်း ခြင်းအခွင့်အာဏာကို ဗဟိုမြေယာကော် မတီအား အပ်နှံလျက် ဗဟိုမြေယာ ကော်မတီကသာ မြေယာသိမ်းဆည်းခွင့် အမိန့်ကို ထုတ်ပေးဖို့၊ မြေယာသိမ်းဆည်း ခံရတဲ့ တောင်သူလယ်သမားများအ တွက် တန်ရာတန်ကြေးပေးပြီးအသက် မွေးမှုလုပ်ငန်းများ၊ မထိခိုက်စေဖို့အတွက် စီမံဆောင်ရွက်ပေးသင့်တယ်။ (၁၂) ဆယ်စုနှစ် များစွာကတည်းက လယ်ယာ မြေတွေကို အကန့်အသတ်မရှိ တခြား နည်းအသုံးပြု၍ လက်ရှိအခြေအနေတွင် စပါးစိုက်ပျိုးထုတ်လုပ်မှုမှာ အားနည်း နေတယ်လို့ သုံးသပ်မိပါတယ်။ ကမ္ဘာ့ ဘဏ်ချေးငွေနဲ့ မြေယာဖော်ထုတ်ခြင်း လုပ်ငန်းတွေကို ဧရာဝတီတိုင်းမှာ ဆောင် ရွက်ပေးခဲ့သလိုပဲ အခုအခါမှာလည်း အလားတူ ဖော်ထုတ်ဆောင်ရွက်သွား သင့်တယ်။ (၁၃) အကြီးစားမြေယာစနစ် ((LARGE SCALE FARMING)) ဆိုတာ ထုတ်လုပ်မှုကို အထောက်အကူ ပြုပေမယ့်မြန်မာနိုင်ငံရဲ့ ၇၀ ရာခိုင် နှုန်း တောင်သူလယ်သမားများရဲ့ဘ၀ မြေပိုင်ဆိုင်မှု အခြေအနေနဲ့ လယ်ယာ မြေများရဲ့သွင်ပြင်လက္ခဏာများကို အထူး အလေးပေး စဉ်းစားသင့်ကြောင်း ပြော လိုပါတယ်။ အန်ကယ်က အငြိမ်းစား ၀န်ထမ်းဆိုတော့ အသက်အရွယ်ကြီးမြင့် သူများဖြစ်လို့  မိခင်မြေကြီးဆီ ပြန်ကြဖို့ အချိန်နီးပါပြီ။ အခုလို အကြံပေးရခြင်းမှာ လည်း ခေတ်မီနိုင်ငံတော်သစ် ဖြစ်ပေါ် လာရေးအတွက် တင်ပြရခြင်းဖြစ်ပါ တယ်။
မေး- ယခု ၂၀၁၂ခုနှစ် မတ်လ(၃၀)ရက် နေ့တွင် ပြည်ထောင်စုလွှတ်တော်က အတည်ပြု ပြဋ္ဌာန်းလိုက်သည့် လယ်ယာ မြေ ဥပဒေနှင့် စပ်လျဉ်း၍ အန်ကယ်တို့ ရဲ့ ဖြတ်သန်းလာရတဲ့အတွေ့အကြုံအရ ဘယ်လိုမြင်ပါသလဲ အန်ကယ်။
ဖြေ- ကျွန်တော်တို့ နိုင်ငံအနေနဲ့ ပြန် ကြည့်မယ်ဆိုရင် ကိုလိုနီခေတ်၊ လွတ်လပ် ရေးရပြီး ဖဆပလခေတ်၊ တော်လှန်ရေး ကောင်စီခေတ်များတွင် ပြဋ္ဌာန်းခဲ့တဲ့မြေ ယာနှင့်ပတ်သက်တဲ့ ဥပဒေများမှာမည် သည့်ခုနှစ်က ပြဋ္ဌာန်းခဲ့သည်ကို ခွဲခွဲခြား ခြား သိနိုင်ရန် ဖော်ပြပါတယ်။ ဥပမာ အနေနဲ့ကြည့်လိုက် ၁၉၅၃ ခုနှစ် လယ် ယာမြေနိုင်ငံပိုင် ပြုလုပ်ရေး အက်ဥပဒေ၊ ၁၉၄၅ ခုနှစ်၊ လယ်ယာမြေနိုင်ငံပိုင်ပြုလုပ် ရေးနည်းဥပဒေ၊ ၁၉၆၃ခုနှစ်၊ သီးစားချ ထားရေးဥပဒေ၊ ၁၉၆၃ ခုနှစ်တောင်သူ လယ်သမားအခွင့်အရေး ကာကွယ်သည့် ဥပဒေ အစရှိသည်ပေါ့ဗျာ။ ဒါကြောင့် လယ်ယာမြေဥပဒေကို ပုဒ်မ(၁)တွင် ဤ ဥပဒေကို ၂၀၁၂ ခုနှစ် လယ်ယာမြေ ဥပဒေဟု ခေါ်တွင်စေရမည်ဟု ဖြစ်သင့် ပါကြောင်း ပြောကြားလိုက်ပါတယ်။
နောက်တစ်ချက်အနေနဲ့ယခုလယ် ယာမြေဥပဒေပုဒ်မ ၃ (င)(၁)မှာ ““သို့မ ဟုတ် မိမိကိုယ်တိုင် အစဉ်တစိုက် လုပ် ကိုင်ခဲ့သူ ဖော်ပြရာ၌ လယ်သမားအဖြစ် လုပ်ခဲ့ပြီး လက်ရှိမှာ မလုပ်တော့ဟု ဆို လိုတာလား ဒါကိုရှင်းလင်းချက်ပါရှိရမှာ ဖြစ်ပါတယ်။ ပုဒ်မ ၃(င)(၃)တွင် မြေကို အစဉ်တစိုက် အသက်မွေးဝမ်းကြောင်း အဖြစ်အသုံးပြု၍ဟုဆိုလျှင် ပိုကောင်း မယ်ဟု ထင်တယ်။ ပုဒ်မ ၃(င)(၄)တွင် လယ်ယာအလုပ်သမားကို ဆိုလိုတာလား ဆိုလိုတယ်ဆိုလျှင် တိတိကျကျ ဖော်ပြဖို့ လိုပါတယ်။ ““ဥပမာအားဖြင့် မြေကို အသုံးပြု၍ စိုက်ပျိုးရေး မွေးမြူရေးဆိုင် ရာ လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက် နေသူ အဓိက အသက်မွေးသူ လယ်လုပ် သား””ဟု ဖော်ပြလျှင် ပိုကောင်းမည်ထင် ပါတယ်။
ဆက်ပြီးပြောလိုတာက လယ်ယာ မြေကို လုပ်ပိုင်ခွင့်ပြုခြင်းနှင့် ပတ်သက်၍ အခန်း(၂)ပုဒ်မ (၄)(၅)(၆)တွင် လယ်ယာ မြေလုပ်ပိုင်ခွင့် လက်မှတ်ရေးထိုးပေးခြင်း နှင့် စပ်လျဉ်း၍ ဖော်ပြထားသည်ကိုတွေ့ ရပါတယ်။ လယ်သမားများက လျှောက် ထားမှ လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက် မှတ်ထုတ်ပေးရမည် ဖြစ်နေပါတယ်။ မလျှောက်ထားလျှင် မထုတ်ပေးရမယ့် သဘောဖြစ်နေတယ်။
ကိုလိုနီအစိုးရလက်ထက်တွင်လည်း ကောင်း လွတ်လပ်ရေးရပြီး ခေတ်မှာ လည်း ဂရံကြီးများချထားရန် ရော်ဘာ စိုက်ပျိုးရန်မြေလွတ်မြေရိုင်းများကိုဥပဒေ နှင့်အညီ လျှောက်ထားတာကို တွေ့ရ တယ်။ လျှောက်ထား၍ ဥပဒေနှင့်အညီ စီစစ်ပြီး လုပ်ပိုင်ခွင့်ချထားပေးသည်ကို တွေ့ခဲ့ရတယ်။ ၎င်းင်းတို့မှအပ လုပ်ပိုင်ခွင့် မြဲနေသော မြေများဓားမဦးချလုပ်ကိုင် သည့်လယ်ယာမြေများမှာ အဲဒါတွေက ပိုင်ဆိုင်လုပ်ကိုင်သူများကို ဥပဒေ၊ နည်း ဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ အလို အလျှောက်ပိုင်ဆိုင်ခွင့် ((Land Holder Right)) ပေးပြီး ကြေးတိုင်နှင့် မြေစာရင်း  ဌာန မှတ်ပုံစာရင်း ၁(က)တွင်ဦးပိုင်မှတ် ပုံစာရင်း၏ (Register of Holding) တွင် ရေးမှတ်ထားပါတယ်။ တစ်နည်းအားဖြင့် ပိုင်ဆိုင်သူ မှတ်ပုံတင်စာရင်းဖြစ်ပါတယ်။ ပိုင်ဆိုင်ခွင့်ကို လက်မှတ်ထုတ်ပေးထား ခြင်းမရှိခဲ့ပါ။ အလိုအလျှောက် ပိုင်ဆိုင် ခွင့်ရထားပြီး မှတ်ပုံ၁(က)စာရင်းတွင် ရေးမှတ်ထားခြင်းဖြစ်ပါတယ်။ ပိုင်ဆိုင်သူ က လက်မှတ်သဘောလိုချင်လျှင် ၁(က) စာရင်းသို့မဟုတ် ပိုင်ဆိုင်သည့် မြေပုံ သို့မဟုတ် နှစ်ခုစလုံးကို လိုချင်လျှင် လျှောက်ထားသူအား တရားဝင် ပိုင်ဆိုင် မှု ၁(က)စာရင်းသို့မဟုတ် ပိုင်ဆိုင်သည့် မြေပုံကို ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန မှ ထုတ်ပေးရပါတယ်။
မေး- ယခင် ဖဆပလ အစိုးရလက်ထက် ဆောင်ရွက်ခဲ့ပုံ အခြေအနေကို သိပါရ စေ။
ဖြေ- ယခင် ဖဆပလ ခေတ်တွင်လည်း ၁၉၅၃ခုနှစ်၊ လယ်ယာမြေနိုင်ငံပိုင် ပြုလုပ် ရာ၌လည်း ဥပမာအနေဖြင့် လယ်ယာ မြေ ဝေခြမ်းရေးလုပ်ရာ၌ တောင်သူ လယ်သမားများက လျှောက်ထားရခြင်း မလုပ်ရဘဲ ဥပဒေ၊ နည်းဥပဒေများနှင့် အညီ မြေယာကော်မတီများက စိစစ်ပြီး ချထားပေးခဲ့ကြောင်းတွေ့ရပါတယ်။ ပိုင် ဆိုင်ခွင့်လက်မှတ်များကို တောင်သူ လယ် သမားအား ထုတ်ပေးသည်ကို တွေ့ရှိရပါ တယ်။
ယခုခေတ်ရောက်မှ ဥပဒေအပိုဒ် ပုဒ်မ (၄)(၅)(၆)အရ လုပ်နေလျှင်တောင် သူလယ်သမားများအား ဒုက္ခပေးသလို ဖြစ်နေမည့်အပြင် ကြေးတိုင်နှင့် မြေစာ ရင်းဦးစီးဌာနတွင်လည်း ၀န်ထုပ်ဝန်ပိုးများ ပိနေမည်ဖြစ်ပါတယ်။ လုပ်ပိုင်ခွင့်လက် မှတ်ရရှိပြီးမှ လွှဲပြောင်းရောင်းချခြင်းများ အတွက်သာ စဉ်းစားလျှင်ဆိုရင်တော့  ဖြစ်သင့်ပါတယ်။
ဘာဖြစ်လို့လည်းဆိုတော့ တစ်နိုင်ငံ လုံးအတိုင်းအတာအရ လယ်သမားအား လုံးလျှောက်လာမှုကို လုပ်ရမည်ဆိုလျှင် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနတွင် ဌာန၏ မူလလုပ်ငန်းများ ထိခိုက်လာမည် ကို စိုးရိမ်မိပါတယ်။ ၁၉၅၃ ခုနှစ်၊ လယ် ယာမြေ နိုင်ငံပိုင်လုပ်စဉ်က လယ်ယာ မြေနိုင်ငံပိုင်ပြုလုပ်ရေးနှင့်လျှော်ကြေးပေး ရေးတို့ဌာနကို သီးခြားဖွဲ့စည်းပြီး သီးခြား  လုပ်ခိုင်းသည်ကို တွေ့ရပါတယ်။ ကြေး တိုင်နှင့်မြေစာရင်း ဦးစီးဌာနတွင် ဤကိစ္စ ကိုပါ ရောထွေးလုပ်နေရလျှင် ကြေးတိုင် နှင့် မြေစာရင်းဦးစီးဌာန၀န်ထမ်းများ ၀န် ထုပ်ဝန်ပိုးပိနေမည့်အပြင် လုပ်ငန်း မနိုင် မနင်းဖြစ်လာပြီး အကျင့်ပျက်မှုများ ပေါ် ပေါက်လာမည်ကို စိုးရိမ်မိပါတယ်။
မေး- ကျေးဇူးတင်ပါတယ်။ အန်ကယ်။

စိုးဝင်းနိုင်

· · · Share · Delete