၂၀၁၂
ခုနှစ် မေလ ၂ ရက်နေ့က ပြည်သူ့လွှတ်တော်တွင် ကျမ်းကျိန်နေသည့်
ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ
လွှတ်တော် အမတ်များ (ဓာတ်ပုံ – ဧရာဝတီ)
ထက်နိုင်ဇော်|
July 13, 2013
နေပြည်တော်ကျင်းပသော လွှတ်တော် အစည်းအဝေးများတွင် ပြည်သူလူထု
အကျိုးစီပွား ထိခိုက်စေသည့် မေးခွန်း၊ အဆို နှင့် ဥပဒေပြုရေး ကိစ္စရပ်များ
ဆွေးနွေးသောအခါ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) နှင့် အတိုက်အခံ
နိုင်ငံရေး အင်အားစုက ကန့်ကွက်ဆွေးနွေးမှု နည်းပါးလာသဖြင့် NLD အပါအ၀င်
အတိုက်အခံ လွှတ်တော်အမတ်များ အပေါ် ပြည်သူများက မေးခွန်းထုတ်လာကြသည်။
နှစ်ပေါင်းများစွာ ပြည်သူလူထု၏ အားကိုး ယုံကြည်မှုရရှိခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအ၀င်
အတိုက်အခံ လွှတ်တော် အမတ်များသည် ဥပဒေပြုရေးကိစ္စရပ်များတွင် အားမသန်ဘဲ စွမ်းဆောင်နိုင်ရည် (Capacity) အားနည်းသည်ဟု နိုင်ငံရေး စောင့်ကြည့် လေ့လာသူများက ဧရာဝတီသို့ ပြောဆိုသည်။
အတိုက်အခံ လွှတ်တော် အမတ်များသည် ဥပဒေပြုရေးကိစ္စရပ်များတွင် အားမသန်ဘဲ စွမ်းဆောင်နိုင်ရည် (Capacity) အားနည်းသည်ဟု နိုင်ငံရေး စောင့်ကြည့် လေ့လာသူများက ဧရာဝတီသို့ ပြောဆိုသည်။