ဇူုးဇူးမွန် စက်တင်္ဘာ ၁၉/၂၀၁၃
ပြည်ထောင်စုမြန်မာနိုင်ငံတွင် အခြေခံလူ့အခွင့်အရေးများကို အာမခံနိုင်မည့်
တရားဥပဒေစိုးမိုးသည့် စစ်မှန်သောဒီမိုကရေစီ စနစ်သို့
ပြောင်းလဲရောက်ရှိနိုင်ရေးအတွက်
ငြိမ်းချမ်းသောနည်းဖြင့် ကြိုးပမ်းဆောင်ရွက်သွားရန်၊
တိုင်းရင်းသားများအားလုံး၊ အဆင့်အတန်းနှင့် အခွင့်အလမ်းပါ တန်းတူညီမျှမူကို
အခြေခံသည့် ဒီမိုကရေစီပြည်ထောင်စုသစ် တည်ဆောက်ရေးကို တညီတညွတ်တည်း ကြိုးပမ်းဆောင်ရွက်ရန်၊ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း ကြုံတွေ့နေရသော အထွေထွေပြဿနာများကို မြန်မာတိုင်းရင်းသားအချင်းချင်း ကိုယ်တိုင် ဖြေရှင်းလျှက် အမျိုးသားပြန်လည်သင့်မြတ်ရေး အမှန်တကယ်ရရှိအောင် ဆောင်ရွက်သွားရန် မြန်မာ့စီးပွားရေးနှင့် လူမူဘ၀မြင့်တင်နိုင်ရေးအတွက် မြန်မာနိုင်ငံ၏အခြေအနေနှင့်လိုက်လျောညီထွေရှိမည့် ခေတ်မီစီးပွားရေး မူဝါဒများကို ချမှတ်ကျင့်သုံးသွားရန် ကမ္ဘာ့ငြိမ်းချမ်းရေးထိန်းသိမ်းရေးနှင့် နိုင်ငံအချင်းချင်းနားလည်မူရရှိရေးအတွက်
လွတ်လပ်၍ နိုးကြားတက်ကြွသော နိုင်ငံခြား ရေးမူဝါဒကို
ကိုင်စွဲကျင့်သုံးသွားရန် ဆိုတဲ့ ရည်ရွယ်ချက်ငါးရပ်နဲ့
အမျိုးသားဒီမိုကရေစီအင်အားစုပါတီကို ၂၀၁၀ခုနှစ်၊ ဇူလိုင်လ ၉ရက်နေ့မှ စတင်ကာ တရားဝင်ပါတီအဖြစ် ရပ်တည်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်။ နိုင်ငံရေးဦးဆောင်အဖွဲ့ဝင်(၁၉)ဦးနဲ့ ပါတီစတင်တည်ထောင်ပြီး တည်ဆောက်ရေးကာလ ဖွဲ့စည်းပုံစည်းမျဉ်းမူကြမ်းကို
ရေးဆွဲ ကာ ထိုစည်းမျဉ်းများနဲ့အညီ ဆောင်ရွက်လုပ်ကိုင်ခဲ့ပြီး ၂၀၁၀
ရွေးကောက်ပွဲပြီးတဲ့နောက် ၁၀-၁-၂၀၁၁ ရက်မှာ ပထမအကြိမ် ဗဟိုဦးစီး
ကော်မတီအစည်းအဝေးကို စည်းရုံးကျင်းပနိုင်ခဲ့ပြီး
ဗဟိုအလုပ်အမှုဆောင်ကော်မတီကို ဒီမိုကရေစီနည်းလမ်းများနဲ့အညီ ပြန်လည်ဖွဲ့စည်း
နိုင်ခဲ့ပါတယ်။ ပါတီအနေနဲ့ လက်ရှိနိုင်ငံရေး၊ စည်းရုံးရေးအခြေအနေနဲ့
လိုက်လျောညီထွေဖြစ်စေရန်အတွက် ပါတီဖွဲ့စည်းပုံစည်းမျဉ်းကို ပြင်
ဆင်ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။