လွှတ်တော်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ တရားရုံး ထိပ်တိုက် ပြသနာ အပေါ် သုံးသပ်ချက်ဦးအောင်ထူး (ရှေ့နေ)
(၁) ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့ က ဖွဲ့စည်းပေး လိုက် သည့် ကော်မတီ နှင့် ကော်မရှင်များတွင် လွှတ်တော်ကိုယ်စားလှယ် များဖြင့် သာ ပါဝင်ဖွဲ့စည်းပါက ၂၀၀၈ ခုနှစ် အခြေခံဥပဒေအရပင် ပြည်ထောင်စု အဆင့် သတ်မှတ်ရမည်ဖြစ်သည်။ သို့ရာတွင် လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူများပါ ပါဝင်ဖွဲ့စည်းထားသော ကော်မတီ နှင့် ကော်မရှင်များဖြစ် လျှင်မူ ယင်းတို့ကို ပြည်ထောင်စု အဆင့် မသတ်မှတ်နိုင်ဟု ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ တရားရုံးက ဆုံးဖြတ်ခဲ့ပါက ယင်းဆုံးဖြတ်ချက်ကို လက်ခံရမည်သာ ဖြစ်သည်။