Thursday, January 3, 2013

ပဲခူးမြို့အတွင်း တောင်းရမ်းစားသောက်သူများကို ဖမ်းဆီးအရေးယူမည်

ပဲခူးမြို့အတွင်းရှိ လူစည်ကားရာနေရာနှင့် နိုင်ငံခြားသားများ ၀င်ထွက်သွားလာလေ့ရှိသော နေရာများ၌ တောင်း ရမ်းစားသောက်သူများကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ(၁)ရက်နေ့မှ စတင်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွန်ကြားချက်ဖြင့် မြို့နယ်ဌာနဆိုင်ရာများမှ ပူးပေါင်းဆောင်ရွက်ပြီး ဖမ်းဆီးအရေးယူမည်ဖြစ်ကြောင်း သိရှိ ရသည်။

Wednesday, January 2, 2013

နင်းပြားကို ပျင်းသနားတယ်ဆိုပြီး နင်းစားနေတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး

 
ဘိုကလေးမြို့နယ် မင်းဂံ ကျေးရွာအုပ်စု၊ ကျောင်းစုကျေးရွာ၊ အကယ်ကြီးကျေးရွာ ၊ဦးစိန်စုကျေးရွာ၊(၃)ရွာမှ ၂၀၁၁-၁၂ခုနှစ်   မြန်မာလယ်ယာဖွံ့ဖြိုးရေးဘဏ်မှ   ဘဏ်ချေးငွေမထုတ်ယူဖူးသေး သော လယ်သမား(၇၀)ကျော်အား၊   မင်းဂံကျေးရွာအုပ်ချုပ်ရေးမှူးမှ ဘဏ်က ငွေထုတ်ယူလို လျှင် လယ်သမားတစ်ဦးလျှင် ငွေ (၁၆၀၀၀)ကျပ် ကောက်ယူ၍သဖြင့် လယ်သမား(၇၀)ကျော်က မကျေ နပ်ကြောင်း ၎င်းလယ်သမားထဲမှ   အာမခံ(၂၄)ဦးနှင့်လယ်သမားခေါင်း ဆောင်များ၏ပြောကြားချက်အရ သိရှိရပါသည်။