Saturday, March 8, 2014

စစ်မှုထမ်းဟောင်းတစ်ဦး၏ ဒုက္ခ နိုင်ငံတော်သမ္မတကြီးသိစေရန် (ရုပ်/သံ)



ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ တံတားဦးကျေးရွာ၊ အိမ်အမှတ်(၂၅)တွင် နေထိုင်သော အဘ ဦးမောင်စိန်(သ)၈၃နှစ်၏ အငြိမ်းစားလစာထုတ် စာအုပ်အား ရေတာ ရှည်မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့မှ အတွင်းရေးမှူးဖြစ်သူ ဦးအောင်ကြည် ထံသို့ အပ်နှံထားခဲ့ရာမှ ပြန်လည်တောင်ခံ၍မရသဖြင့် အရေးယူဆောင်ရွက်ပေးပါရန် မြန်မာနိုင် ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုဌာနချုပ်သို့ ၂၀၁၃ခုနှစ်၊ အောက်တိုဘာလ(၂၃)ရက်နေ့တွင် ကိုယ်တိုင်သွားရောက်တိုင်ကြားခဲ့ကြောင်း သိရှိရသည်။

Friday, March 7, 2014

“အခန်းပိတ်လှောင်ခိုင်းစေခံနေရသည့်အလုပ်သမား၃ဦးအားကယ်ထုတ်”


ကိုတီး    
         ဘန်ကောက်မြို့လယ်ဖန်ထစ် ITကုန်တိုက် မျက်နှာချင်းဆိုင် လမ်း တွင်ရှိသောထိုင်းအစားအစာ အရော င်း   ဆိုင်တွင်၃လခွဲကြာအခန်းပိတ်ေ လှာင် ခိုင်းစေခံနေရ သည့် မြန်မာ အလုပ်သမား၃ဦးတို့ အား   ပူးပေါင်း အဖွဲ့တို့က ယနေ့ညနေပိုင်းက ကယ် ထုတ်နိုင်ခဲ့သည်။
             ဘန်ကောက်မြို့ဖက်ဘူရီ ၁၅လမ်း အိမ် အမှတ် ၂/၃ တွင်ဖွင့် လှစ်ေ ရာင်းချသော Feel @ PRATUNAM စားသောက်ဆိုင်တွင် အစပိုင်းတွင် လုပ်ခ အနည်းငယ်ရရှိခဲ့သော်လည်း နောက်ပိုင်းတွင် လုံးဝမရတော့ပဲ ၃လခွဲတိုင်တိုင် အခန်းပိတ်လှောင် အလုပ် ခဲ့ရသူများဖြစ်ကြသည်။ 

“ထိုင်းလ၀က(တောမော)အတုအားဖမ်းဆီး”

ကိုတီး
၂၀၁၄ ခု မတ်လ ၅ ရက်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တောင်ဘက် ကီလိုမီတာ ၈၀ ကျော်အကွာ တွင်ရှိသော ဖတရာ ပင်လယ်အပန်းဖြေမြို့ ကော့လန်းကျွန်းတွင် ထိုင်းလ၀က(တောမော) အယောင်ဆောင်၍ ရွှေ့ပြောင်းအလုပ်သမားများအား ဖမ်းဆီ၍ ငွေညှစ်နေသည့် ထိုင်းတစ်ဦးအား  ယမန်နေ့ ညနေက ဖမ်းဆီးလိုက်ကြောင်း ထိုင်ရတ်သတင်းတွင်ဖေါ်ပြထားသည်။

“၈နှစ်ကြာ အိမ်ဖေါ်အဖြစ် ရောင်းစားခံခဲ့ရသူတစ်ဦးလွတ်ပြီ”


မောင်ပေါ်ထွန်း
၂၀၁၄ မတ်လ ၅ ရက်

ထိုင်းနိုင်ငံဘန်ကောက်မြို့ တွင်  ၈နှစ်အိမ်ဖေါ်အဖြစ် ရောင်းစားခံခဲ့ရသည့် ကရင်အမျိုးသမီးတစ်ဦး ယနေ့ တွင် မြ၀တီသို့ရောက်ရှိသွားပြီးဖြစ်သည်။ 

ဘန်ကောက်မြို့လတ်ဖလောက် ၈၈လမ်းအိမ်အမှတ် ၅၄၅/၈၄၉တွင် လုပ်အားခအနည်းငယ်ဖြင့် အိမ် ဖေါ် အဖြစ် လုပ်ကိုင်ခဲ့ရသည့် စူးစူးအား ချက်ခြင်းဖမ်းဆီးပြန်ပို့သဖြင့် MAT အဖွဲ့က အံ့သြနေသည်။မစူးစူး   က “ သမီးနေတဲ့အခန်းကို နေ့လည် ၁ နာရီလောက်မှာ ပုလိပ်၅ယောက်ရောက်လာတယ်၊ နင့်ကို တိုင်ထား တယ်။ နင့်မှာ ပတ်စပို့ရှိလားလို့မေးတယ်။ သမီးကို လုတု(ပေါင်မုန့်ကား)တစ်စီးနဲ့ တစ်ယောက်ထဲ  မဲဆောက် ကိုပို့တယ်။ ဘန်ကောက်မှာတော့ လက်ဗွေနှိပ်ခဲ့ရတယ်။ မဲဆောက်တောမောရုံးရှေ့မှာချထား ခဲ့တယ် ဘာလက်ဗွေ ဘာလက်မှတ်မှ ဘယ်ရုံးကိုမှ ၀င်မထိုးခဲ့ရပါ။  သမီးခဲအို လှေနဲ့ မြ၀တီ ဘက်ကိုလိုက် ပို့ တယ်။ သမီး ၈နှစ်နဲ့ ၂လလုပ်နေခဲ့တာ ပေါင်း ကြည့်ရင်  ဘတ်ငွေ တစ်သိန်းနဲ့ငါးထောင်ပေးတယ်၊ ခုအမေနဲ့တွေ့ရပြီ” ဟုထိုင်းဘာသာဖြင့်ပြောဆိုသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီကို အပြတ်အသတ် အနိုင်ယူမည်ဟု သူရ ဦးရွှေမန်း ပြောကြား။

၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီကို အပြတ်အသတ် အနိုင်ယူမည်ဟု သူရ ဦးရွှေမန်း ပြောကြား။

နေပြည်တော်၊ မတ် ၆

ကြားဖြတ် ရွေးကောက်ပွဲနှင့် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် လူထု ထောက်ခံမှု အများဆုံး ရရှိထားသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD ပါတီ) ကို ၂၀၁၅ ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရမည် ဖြစ်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ထုတ်ဖော် ပြောကြားသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD ပါတီ) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကိုလည်း ကြံ့ခိုင်ရေးက ယင်းသို့ အနိုင်ရအောင် ပြုလုပ်မည်ဟု ပြောဆိုထားကြောင်း သူရ ဦးရွှေမန်းက ထပ်လောင်း ပြောဆိုသည်။

ပြည်ထောင်စုလွှတ်တော် နာယကနှင့် ကြံခိုင်ရေးပါတီ ဥက္ကဋ္ဌ ရာထူးကို ထမ်းဆောင်နေသူ သူရ ဦးရွှေမန်းက မတ်လ ၆ ရက်နေ့တွင် လွှတ်တော်ရုံး၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
“အပြတ် အနိုင်ရအောင် လုပ်မယ်” ဟု ၎င်းကဆိုသည်။

ယင်းသို့ NLD ပါတီကို အပြတ်အသတ် အနိုင်ရအောင် ပြုလုပ်မည်ဟု ပြောဆိုသော်လည်း တရားမျှတ၍ သန့်ရှင်းသော ယှဉ်ပြိုင်မှုဖြင့် ယှဉ်ပြိုင်ခြင်းမျိုး ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သူရ ဦးရွှေမန်းက ဆိုသည်။

သူရ ဦးရွေမန်း၏ ပြောကြားချက်ကို NLD ပါတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ငံလင်းက “ဒီမိုကရေစီဆိုတာ ပြိုင်တာပဲ။ ပြည်သူအပေါ်မှာ မူတည်တယ်။ ပြည်သူလူရဲ့ယုံကြည် အားကိုးတဲ့ ပါတီက အနိုင်ရမယ်။ ပြီးတော့ အဲဒီသက်တမ်းမှာ အစိုးရ ဖြစ်လာမယ်။ ကျွန်တော်တို့ ပါတီကတော့ အပြတ်နိုင်အောင် ကြိုးစားမှာပဲ” ဟု တုန့်ပြန် ပြောဆိုသည်။

ထို့အပြင် ၂၀၁၅ ရွေးကောက်ပွဲ အတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် မြို့နယ်ကော်မရှင် အဖွဲ့ဝင် ရာထူး နေရာများကို တပ်မတော်မှ အရာရှိများ အစားထိုး ခန့်အပ် နေခြင်းကြောင့် ၂၀၁၅ ရွေးကောက်ပွဲသည် တရားမျှတပြီး လွှတ်လပ်မှု ရှိနိုင် မရှိနိုင် သတင်း မီဒီယာများ မေးမြန်းခဲ့သော်လည်း သူရ ဦးရွှေမန်းက ရွေးကောက်ပွဲ ကော်မရှင်တွင် မည့်သည့် ပုဂ္ဂိုလ်မျိုး ခန့်အပ်နေခြင်းကို ၎င်းအနေနှင့် သိရှိခြင်း မရှိကြောင်းသာ ပြန်လည် ဖြေကြားခဲ့သည်။

၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ တွင်မူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD ပါတီ) က မဲဆန္ဒနယ် ၄၄ ခု ဝင်ရောက် ယှဉ်ပြိုင်ရာတွင် မဲဆန္ဒနယ် ၄၃ ခု အနိုင်ရရှိခဲ့ပြီး ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက NLD ပါတီ ဝင်ရောက် ယှဉ်ပြိုင်ခြင်း မရှိသည့် မဲဆန္ဒနယ် တစ်နေရာသာ အနိုင်ရရှိခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD ပါတီသည် ၁၉၉၀ ခုနှစ် ပြည့်နှစ် ရွေးကောက်ပွဲတွင် လွှတ်တော်အမတ် အရေအတွက် ၃၉၂ နေရာဖြင့် လူထုထောက်ခံမှု အများဆုံး ရရှိခဲ့ပြီး တပ်မတော် ခေါင်းဆောင်ဟောင်း အချို့နှင့် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပါတီဝင်ဟောင်း များဖြင့် ဖွဲ့စည်းထားသည့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီကမူ အမတ်အရေ အတွက် ၁၀ ဦးသာ အနိုင်ရရှိခဲ့သည်။

 Credit To : The Voice Weekly 


နေပြည်တော်၊ မတ် ၆

ကြားဖြတ် ရွေးကောက်ပွဲနှင့် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် လူထု ထောက်ခံမှု အများဆုံး ရရှိထားသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD ပါတီ) ကို ၂၀၁၅ ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရမည် ဖြစ်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ထုတ်ဖော် ပြောကြားသည်။

Thursday, March 6, 2014

ပန်းရဲ့လမ်းတေးဂီတအဖွဲ့မှ ပဲခူးမြို့တွင် တေးဂီတဖြင့် ရန်ပုံငွေဖျော်ဖြေပွဲ ရုပ်/သံ

ကမ္ဘာ့ အသက်အငယ်ဆုံး နျူကလိယ ဓာတု ပညာရှင်ဖြစ်လာသူ



ပုံမှာ မြင်တွေ့ နေရတဲ့ ကလေးဟာ အက် ၁၃ နှစ်သာ ရှိသေးတဲ့ ဗြိတိန်နိုင်ငံ က Jamie Edwards လို့ အမည်ရတဲ့ ကျောင်းသား တစ်ဦး ဖြစ်ပါတယ်။

ထောင်ဒဏ်များ ထက်ဝက်လျှော့၍ စီတန်းလှည့်လည်ခွင့် ဥပဒေ ပြည်သူ့လွှတ်တော် အတည်ပြု


နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများကို အဓိက ဖမ်းဆီး ထောင်ချလျက် ရှိသော ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ပုဒ်မ ၁၈ နှင့် ထောင်ဒဏ် ချမှတ်နိုင်သော ပြစ်မှုပုဒ်မများမှ သတ်မှတ် ထောင်ဒဏ်နှစ်များကို ထက်ဝက် လျှော့ချ၍ ယနေ့ ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အတည်ပြုလိုက်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

ပါတီတစ်ခုနဲ့တစ်ခု တိုက်ခိုက်ဖို့ မသင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က သူတို့ပါတီမှာ သူကလွဲပြီး ကျန်တဲ့သူတွေ အရည်အချင်းမရှိဘူးလို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောကြားခဲ့တာဟာ မပြောအပ်တဲ့စကားဖြစ်ပြီး ပါတီတစ်ခုနဲ့တစ်ခု အခုလိုတိုက်ခိုက်ဖို့ မသင့်ပါဘူးလို့ မနေ့က ဝေဖန်လိုက်ပါတယ်။ ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် RFA က ဆက်သွယ်မေးမြန်းရာမှာ အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ပန်းရဲ့လမ်းတေးဂီတအဖွဲ့မှ ပဲခူးမြို့တွင် တေးဂီတဖြင့် ရန်ပုံငွေဖျော်ဖြေပွဲပြုလုပ်

 
၂၀၁၄ခုနှစ်၊ မတ်လ(၆)ရက်နေ့တွင် ပန်းရဲ့လမ်းတေးဂီတအဖွဲ့မှ ပဲခူးတိုင်းဒေသကြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ညီလာခံကြိုဆိုဂုဏ်ပြုရေးအတွတ် ပဲခူးမြို့ရှိ
ကဖီးနှင့်အအေးဆိုင်များတွင် အနုပညာတေးဂီတဖြင့် ဖျော်ဖြေပြီး ရန်ပုံငွေအလှူခံပွဲ ပြုလုပ်ခဲ့တယ်လို့ သတင်းရရှိပါသည်။

Wednesday, March 5, 2014

မြ၀တီမြို့ခံသားတစ်ဦး၏ ရင်ဖွင့်သံ



မြ၀တီမြို့တွင် မှုခင်းသတင်းထောက် ဦးခင်ဇော်ဦး(ခ)ကြည်စိုး ဦးဆောင်သော ဒေါနမြေမှုခင်းသတင်းထောက်အမည်ခံအဖွဲ့သည် ဒေသခံပြည်သူလူထုအပေါ် လက်နက်
ကိုင်ဆောင်ပြီး အဖွဲ့အစည်းပေါင်းစုံနှင့်ပေါင်း၍ အာဏာပိုင်အဖွဲ့အစည်း တစ်ယောက်မှပါဝင်ခြင်းမရှိဘဲ ညအချိန်မတော်ဝင်ရောက်ဖမ်းဆီးခြင်း၊ ဖမ်းဆီးသွားသည့်သူများကို
သက်ဆိုင်ရာရဲစခန်းသို့ အပ်နှံခြင်းမရှိပဲ ၄င်းတို့စိတ်ထင်သလို ညှင်းပန်းနှိပ့်စက်ခြင်းများ ပြုလုပ်နေပါသည်။ ဦးခင်ဇော်ဦး(ခ)ကြည်စိုး၏ တပည့်များဖြစ်ကြသော ကိုနေကင်းနှင့်အနွယ်များသည်လည်း
တရားမ၀င်ငွေလဲလှယ်မှုများပြုလုပ်ခြင်း၊ မြင်းဆေးနှင့်မူယစ်ဆေးဝါးများ ရောင်းဝယ်ဖောက်ကားခြင်းများပြုလုပ်နေပါသည်။ အဲ့ဒီနေရာ/အဲဒီဒေသမှာ  မြန်မာနိုင်ငံရဲတပ်ဖွဲဟာ အရာမ၀င်သလိုဖြစ်နေပါတယ်။

Tuesday, March 4, 2014

ဦးခေါင်းဖြတ် အသတ်ခံရသည့် အမျိုးသမီးအမှုမှ ပြစ်မှုကျူးလွန်သူအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ဖော်ထုတ် ဖမ်းဆီး ရမိ


နေပြည်တော် ၊ ၁၅-၂-၂၀၁၄

လွန်ခဲ့သည့် တစ်နှစ်ခန့် က ပဲခူးတိုင်း ဒေသကြီး ဖြူးမြို့နယ် ရန်ကုန် - မန္တလေး ကားလမ်းဘေး ၌ ဦးခေါင်းဖြတ် အသတ်ခံ ရသည့် အမျိုးသမီး အမှုမှ ပြစ်မှု ကျူးလွန်သူအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ အဆင့်ဆင့် စစ်ဆေး ဖော်ထုတ်ခဲ့ မှုကြောင့် ဖမ်းဆီး ရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ သတင်း ထုတ်ပြန်ချက် အရ သိရသည်။

ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်ကို အင်န်အယ်လ်ဒီ တရားစွဲမည်



ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေကို အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်က တရားစွဲဆို သွားမည်ဟု ပါတီဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်က ဖေဖော်ဝါရီလ ၃ ရက်က မဇ္ဈိမကို ပြောသည်။

အမြန်လမ်းစီမံကိန်းပြီးစီးသော်လည်း ယနေ့အချိန်ထိ သူပိုင်ကိုယ်ပိုင်အငြင်းပွားနေသည့် အမြန်လမ်း(၁၁၅)မိုင်ယဉ်ရပ်နားစခန်းအနီးရှိ လယ်မြေ(၂.၇၅)ဧက

 ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ အမြန်လမ်း(၁၁၅)မိုင်ယဉ်ရပ်နားစခန်းအနီးရှိ လယ်မြေ(၂.၇၅)ဧကအား ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ကျွန်းပင်အနည်းငယ်စိုက်ပျိုး၍ သိမ်း
ယူထားခြင်းအပေါ် ပြည်သူလွှတ်တော်တွင် မေးခွန်းတရပ်မေးပေးရန် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးညွန့်လှိုင်အား ၂၀၁၄ခုနှစ်၊ ဇန်န၀ါရီလ(၉)ရက်နေ့တွင် မူလပိုင်ရှင်
လယ်သမား(၃)ဦးမှ စာရေးသားတင်ပြအကူအညီတောင်းခံခဲ့ကြောင်း သိရှိရသည်။

Monday, March 3, 2014

“လူမှောင်ခိုတင်ပို့သည့်ထိုင်းပုလိပ်အားမြန်မာ၁၀ဦးနှင့်အတူဖမ်းမိ”

ကိုတီး (ဘာသာပြန်သတင်း)

        မြန်မာအလုပ်သမား၁၀ဦးအား ကားငယ်တစ်စီးဖြင့်ဘန်ကောက် သို့ တင်ပို့ရန်လာသည့် ထိုင်း ယာဉ် ထိန်း ပုလိပ်တစ်ဦးအား မဲဆောက်မြို့ အထွက် ထဆိုင်လွရပ်ကွက် ဟွေ ဟင်ဖွန်  စစ်ဆေးရေးဂိတ်တွင် ဖမ်းမိ လိုက်ကြောင်း TNN24 News တွင်ယမန်နေ့ညဥ့်နက်ပိုင်းတွင် ထုတ်လွှင့်ပြ သွားသည်။

မျိုးစောင့် ဥပဒေတွေကိစ္စ သမ္မတကို လွှတ်တော် အကြောင်းပြန်


မျိုးစောင့် ဥပဒေတွေ ပြဌာန်းရေး သမ္မတ ဦးသိန်းစိန်က လွှတ်တော် နာယကကို စာပေးပို့
အမျိုးဘာသာ သာသနာ စောင့်ရှောက်နိုင်ရေးအတွက် ဥပဒေ လေးခု ပြဌာန်း ပေးဖို့ကိစ္စအတွက်နိုင်ငံတော် သမ္မတက ပြည်ထောင်စု လွှတ်တော်နာယက ကို ပေးပို့တဲ့ သဝဏ်လွှာနဲ့ ပတ်သက်ပြီး သမ္မတကို ဖေဖော်ဝါရီလ ၂၇ ရက် ကြာသပတေးနေ့က အကြောင်းပြန်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ရေး ဦးဝီရသူ လိုလား

၂၀၁၃ ဇွန်လက ရန်ကုန်မြို့မှာ တွေ့ရတဲ့ ဦးဝီရသူနဲ့ သံဃာများ   (ဓာတ်ပုံ - ဂျေပိုင် / The Irrawaddy)

ဦးဝီရသူက သူ အပါအဝင် မြန်မာပြည်သူပြည်သားတွေက ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်စေချင်ကြတယ်လို့ တနင်္လာနေ့က ဧရာဝတီကို မိန့်ကြားပါတယ်။

မိခင်ကောဗိုက်ထဲက ကလေးပါ သေဆုံးခဲ့ရတဲ့ ယာဉ်တိုက်မှု