Friday, September 26, 2014

ဦးစံလင်း ပြည်သူသန်း ၅၀ ကို လိမ်ခဲ့ကြောင်း အလှူရှင်တစ်ဦး ဖွင့်ချ


ခေါင်းလောင်းတွေ့ရှိပြီဟု ဆိုကာ လူထုကို လိမ်လည်ခဲ့သော ဦးစံလင်းအဖွဲ့၏ ဓမ္မစေတီ ခေါင်းလောင်း ဆယ်ယူရေး အတွက် ငွေကြေး ကျပ်သိန်း တစ်ထောင့်ငါးရာ လှူဒါန်းခဲ့သည့် အလှူရှင်ခုနစ်ဦး စာရင်းတွင် ကမ္ဘောဇဘဏ် အပါအ၀င် ကုမ္ပဏီကြီးများ ပါဝင်နေကြောင်း သတင်းရရှိသည်။

ခေါင်း​ဖြတ်​သူ​ကို သိ​ပြီ​လို့ FBI ပြော

FBI ညွှန်ကြားရေးမှုး ဂျိမ်းစ်ကိုမီ
အမေရိကန် စာနယ်ဇင်း သမား ၂ ဦး နဲ့ ဗြိတိသျှ ပရဟိတ သမား တို့ကို ခေါင်းဖြတ် သတ်မှု ကျူးလွန်ခဲ့ တဲ့ အစ္စလာမ်မစ် နိုင်ငံ အစွန်းရောက် အဖွဲ့ဝင် ဟာ ဘယ်သူ ဘယ်ဝါ ဆိုတာ ကို ဖော်ထုတ် နိုင်ပြီ လို့ အမေရိကန် ထောက်လှမ်းရေး အဖွဲ့ FBI ရဲ့ ညွှန်ကြားရေးမှုး ဂျိမ်းစ်ကိုမီ က ပြောလိုက်ပါ တယ်။

ဆင်းကတ်​များကို ညွှန်​ကြားသည့်​အတိုင်း မ​ရောင်းပါက ကုမ္ပဏီ ပိတ်​သိမ်းမည်

တယ်​လီဖုန်း ဆင်း​ကတ်​​တွေကို သတ်​မှတ်​ညွှန်​ကြားတဲ့အတိုင်း မ​ရောင်းဘဲ ကိုယ်​ကျိုးရှာမှု​တွေ လုပ်​​နေတဲ့ ကုမ္ပဏီနဲ့ ဆိုင်​​တွေကို ပိတ်​သိမ်းတဲ့ အထိ အ​ရေးယူ သွားမယ်​လို့ ဆက်​သွယ်​​ရေးနဲ့ သတင်းအချက်​အလက်​ နည်းပညာ ၀န်​ကြီးဌာန ပြည်ထောင်စု ဒုဝန်​ကြီးက ​ပြောပါတယ်​။

တယ်လီနောဆင်းကတ်များ မန္တလေးတွင် စတင်ရောင်းမည်ဟုကြေညာ

ရန်ကုန် စက်တင်ဘာ ၂၅

ဆက်သွယ်ရေး အော်ပရေတာ တယ်လီနောမြန်မာက မည်သည့် ဂျီအက်စ်အမ် ဟန်းဆက်နှင့်မဆို တွဲဖက်သုံးစွဲနိုင်သည့် သရီးဂျီ၊ တူးဂျီ ဆက်သွယ်ရေးမိုဘိုင်းဖုန်းဆင်းကတ် များကို စက်တင်ဘာ ၂၇ ရက်မှ စတင်ကာ မန္တလေးမြို့တွင် ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း စက်တင် ဘာ ၂၅ ရက် ည ၈ နာရီက သတင်း ထုတ်ပြန်ခဲ့သည်။

အဓမ္မပြုကျင့်မှုဖြင့် ချောင်းသာရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ခံထားရသူ ထွက်ပြေးလွတ်မြောက်

ပုသိမ်၊ စက်တင်ဘာ ၂၄

ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့ခရိုင်၊ ချောင်းသာ ကမ်းခြေ နယ်မြေရဲစခန်း၌ ခယ်မဖြစ်သူအား အဓမ္မပြု ကျင့် သဖြင့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၃၇၆)ဖြင့် အမှုဖွင့် ဖမ်း ဆီးစစ်ဆေး ခံနေရသော ဦးနိုင်ဝင်းသည် စက်တင်ဘာ လ(၁၂) ရက်နေ့ ညတွင် ချောင်း သာနယ် မြေ ရဲစခန်း အချုပ်မှ ထွက်ပြေး လွတ်မြောက် သွားကြောင်း တရားလိုများက မြန်မာသံတော်ဆင့် သို့ ပြော သည်။

Thursday, September 25, 2014

ထိုင်းဘတ်ငွေ မီလျံကျော်ပါတဲ့ ပိုက်ဆံအိတ်ကို မြန်မာစားပွဲထိုးက ပိုင်ရှင်ဆီပြန်ပေး

အသက်(၁၉)နှစ်အရွယ် မြန်မာရွှေ့ပြောင်း အလုပ်သမား လူငယ် စိုင်းယင် (အင်္ကျီအနီ ၀တ်ဆင်ထားသူ)ဟာ ထိုင်းနိုင်ငံ ချင်းမိုင်တောင်ပိုင်း ပဒပ်မြို့နယ်ထဲက Phet Doi Ngam Sawatdee Jao ထိုင်း စားသောက် ဆိုင် မှာ စားပွဲထိုး လုပ်နေပါတယ်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းခြင်း


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
(အမိန့်အမှတ်၊ ၂၃/ ၂၀၁၄)
၁၃၇၆ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁ ရက်
(၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၂၄  ရက်)
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းခြင်း

၁။     ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ နိုင်ငံသားများ၏ မူလအခွင့်အရေးများ မြှင့်တင်ရန်နှင့် ကာကွယ်ရန်တို့အတွက် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥပဒေ ပုဒ်မ ၄ နှင့် ပုဒ်မ ၉ တို့ပါ ပြဋ္ဌာန်းများအရ အောက်ပါပုဂ္ဂိုလ်များ ပါဝင်သော မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ကို ဖွဲ့စည်း တာဝန်ပေးလိုက်သည်-

Wednesday, September 24, 2014

နိုင်ငံတော် သမ္မတကြီး နာမည် အသုံးပြု၍ ငွေလိမ်လည်ခဲ့

ရွေးချယ်စရာ မရှိတော့၍ ဂျာနယ် နှစ်စောင်ကို တရားစွဲဟု ဝန်ကြီး ဦးရဲထွဋ် ပြော


Eleven ဂျာနယ်နှင့် မြန်မာသံတော်ဆင့် ဂျာနယ်တို့ကို တရားစွဲရန် ပြင်ဆင်ရခြင်းမှာ ရွေးချယ်စရာ လမ်းမရှိတော့သောကြောင့်သာ ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ပြောသည်။

သိန္နီမြို့နယ် ရဲတပ်ဖွဲ့မှူး နားထင်ကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်

by ကံသာ


သိန္နီမြို့နယ်ရဲတပ်ဖွဲ့ရုံးအတွင်းတွင် မြို့နယ်ရဲတပ်ဖွဲ့မှူးက မိမိကိုယ်ကိုယ် သေနတ်ဖြင့်ပစ်၍ အဆုံးစီရင်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
စက်တင်ဘာ ၂၄ ရက် နံနက်၃ နာရီက မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးဝင်းမြင့်သည် ၎င်းကိုင်ဆောင်ထားသော သေနတ်ဖြင့် နားထင်ကို တေ့ပစ်ကာ အဆုံးစီရင်သွားခြင်း ဖြစ်သည်။ သေနတ်ဒဏ်ရာဖြင့် ညည်းညူနေသည့် ရဲတပ်ဖွဲ့မှူးအား အပြင်မှ ပြန်ရောက်လာသော သားဖြစ်သူက တွေ့ရှိရာမှ အော်ဟစ်အကူအညီတောင်းသဖြင့် စခန်းရုံးတာဝန်ရှိသူများ ရောက်ရှိလာပြီး ဆေးရုံသို့ပို့ဆောင်ပေးခဲ့သော်လည်း နာရီပိုင်းအတွင်း သေဆုံးသွားခြင်းဖြစ်သည်။

Monday, September 22, 2014

တရားမ၀င်ဆေးဝါး ၅ မျိုး မသုံးစွဲရန် ကြေညာ

 မသုံးစွဲရန် ကြေညာထားသည့် ဆေးဝါး ၅ မျိုး
အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဌာနက ဈေးကွက်အတွင်းရှိ ဆေးဝါးတွေကို စိစစ်ခဲ့ရာ ဆေးဝါး ၅ မျိုးဟာ မြန်မာနိုင်ငံမှာ မှတ်ပုံတင်ထားခြင်း မရှိတဲ့ တရားမဝင် ဆေးဝါးတွေ ဖြစ်ကြောင်း စိစစ်တွေ့ရှိလို့ မသုံးစွဲကြဖို့ ကျန်းမာရေး ၀န်ကြီးဌာနက ကြေညာ လိုက်ပါတယ်။

ဓာတ်ဆီအရောင်းဆိုင်ဝန်ထမ်းအချို့ ဓာတ်ဆီအငွေ့ကြောင့် အာရုံကြောဆိုင်ရာ ရောဂါများ ခံစားလာရ

ရန်ကုန် ၊ ၂၂-၉-၂၀၁၄

မြန်မာနိုင်ငံ အတွင်းရှိ ဓာတ်ဆီ အရောင်းဆိုင် များတွင် တာဝန်ထမ်းဆောင် နေသည့် ဝန်ထမ်းအချို့ ဓာတ်ဆီအငွေ့ကို ရှူရှိုက်မှု များလာ မှုကြောင့် ဦးနှောက်နှင့် အာရုံကြော ထိခိုက်ကာ အာရုံကြော ဆိုင်ရာ ရောဂါများ ခံစားလာရကြောင်း အဆိုပါ ရောဂါများ ခံစား နေရသည့် ဓာတ်ဆီ အရောင်းဆိုင် ဝန်ထမ်း အချို့၏ ပြောပြချက်အရ သိရသည်။

စောငမန်းကို ထိုးသတ်အနိုင်ယူ၍ နံပါတ်တစ် လက်ဝှေ့ချန်ပီယံ ရွှေခါးပတ် ပိုင်ရှင်ဖြစ်ခဲ့သည့် ထွန်းထွန်းမင်း

ရန်ကုန် စက်တင်ဘာ ၂၁

မြန်မာနိုင်ငံရိုးရာ လက်ဝှေ့ အဖွဲ့ချုပ်က ကြီးမှူးပြီး HS မှ စီစဉ်သည့် မြန်မာပြည် လက်ဝှေ့ချန်ပီယံ လုပွဲကို ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် ရန်ကုန်မြို့ သိမ်ဖြူလက်ဝှေ့ အားကစားရုံ၌ နံပါတ်တစ်ဘယ်သူလဲ ခေါင်းစဉ်ဖြင့် ရေကုန် ရေခန်း ယှဉ်ပြိုင်ထိုးသတ်ခဲ့သည်။

မဲဆောက်တွင် လူကုန်ကူးဂိုဏ်း ဖမ်းဆီးရမိ

ဖမ်းဆီးမိ မြန်မာနိုင်ငံသားများ (ဓာတ်ပုံ -manager online)
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မှာ လူကုန်ကူးဂိုဏ်းအဖွဲ့ဝင် ထိုင်းနိုင်ငံသား ၈ ဦးနဲ့ တရားမ၀င်နေထိုင်သူ မြန်မာနိုင်ငံသား ၇၅ ဦးတို့ကို ဖမ်းဆီးရမိတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

တပ်သိမ်းမြေပြန်လည်ရရှိရေး အသနားခံစာတင်ပြသည့် လယ်သမားများ တပ်တွင်းခေါ်ယူမေးမြန်းခြင်းခံရ

 ပဲခူးမြို့နယ်၊ ပျဉ်ပုံကြီးနှင့်ရွာသစ်ကိုင်တာကျေးရွာအုပ်စုအနောက်ဘက်ရှိ ကွင်းအမှတ် ၄၈၅/က ကိုင်းတာကြီးကွင်းနှင့် ၄၈၅/ခဘုရားကွင်းရှိ လယ်ယာမြေ(၁၁၃)ဧကအားအ.ပ.တ(၁)တပ်မြေအဖြစ် လွန်ခဲ့သော နှစ်ပေါင်း၂၀ကျော်ကတည်းကသိမ်းဆည်းထားသည့်အတွက်မူလလက်ငုတ်တောင်သူလယ်
သမား(၁၁)ဦးမှမိမိတို့လယ်ယာမြေအား ပြန်လည်စိုက်ပျိုးလုပ်ကိုင်ခွင့်ရရှိရန်ကာကွယ်ဆိုင်ရာဆပ်ကော်မတီ ဥက္ကဌ နှင့်ပဲခူးတိုင်းဒေသကြီး တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးထံသို့သြဂုတ်လ(၂၈)ရက်နေ့တွင်အသနား
ခံစာတင်ပြခဲ့ကြောင်း သတင်းရရှိသည်။

ဘယ်များမှာလဲ တရားဥပဒေစိုးမိုးရေးရယ်


သွေးအိုင်ထဲမှ ကျောင်းစိမ်းလေးများ

လူ့ဘဝ သက်တမ်း တိုတိုလေးတွင် နေထိုင်သွားလာ လှုပ်ရှားရ သည်မှာ လွယ်ကူလှသော အရာ မဟုတ်ပေ။ နေ့စဉ် သတိကပ် သတိချပ်လျက် လှုပ်ရှား သွားလာနိုင်မှသာလျှင် တော်ရာ ကျသော အခြေအနေ ဖြစ်သည်။ ယနေ့ တိုးတက်နေသော ခေတ်တွင် ပိုမို ဂရုတစိုက်ဖြင့် သတိထား သွားလာ သင့်သည်။ သွားသတိ စားသတိလို့ ရှေးလူကြီးများ ပြောလေ့ ရှိသည် မဟုတ်ပါလား။