Thursday, August 14, 2014

ရေကြီးနေသည့် လှည်းကူးမြို့နယ် ကျေးရွာအချို့ အကူညီလိုအပ်

ဓာတ်ပုံ - နာရေးကူညီမှုအသင်း (ရန်ကုန်)
  ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်က ကျေးရွာ အချို့မှာ လွန်ခဲ့တဲ့ ရက် ၂၀ လောက်ကတည်းက ရေကြီးနေတာ အခုချိန်ထိ ရေပြန်မကျသေးတဲ့အတွက် အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။

လူအစစ်နှင့် တူညီလွန်းသည့် ဖျော်ဖြေရေး အရုပ်များကို ဂျပန်ကုမ္ပဏီတစ်ခု ထုတ်လုပ်

ဂျပန်နိုင်ငံမှ ကုမ္ပဏီ တစ်ခုသည် အမျိုးသားများအတွက် ဖျော်ဖြေမှု ပေးစွမ်းမည့် အမျိုးသမီး အရုပ်များကို လူသားအစစ်နှင့်မခြား အလွန်တူညီအောင် ဖန်တီးထုတ်လုပ်လျက် ရှိသည်။

ဓမ္မစေတီခေါင်းလောင်းကြီး ကိုယ်စား ဝိဇ္ဇာ များနှင့် အမေးစကား

ကိစ္စများမြောင် ဤလူ့ဘောင်မှာ အကျပ်အတည်းမျိုးစုံ မသေချာ မသေရာမှုမျိုးစုံနဲ့အတူ နေထိုင်ကြရလို့ ထွက်ပေါက်တစ်ခုအနေနဲ့ ဒါမှမဟုတ်လည်း အပျော်သဘောနဲ့ ယုံကြည်သူတွေကရော၊ မယုံကြည်သူကရော ဘဝမှာ တစ်ကြိမ်တစ်ခါတော့ ဗေဒင်ဆရာဖြစ်ဖြစ်၊ အကြားအမြင်ဖြစ်ဖြစ်၊ ကြွေဗေဒင်ဖြစ်ဖြစ်၊ စာကလေးဗေဒင်ဖြစ်ဖြစ် တစ်ခုခု မေးမြန်းဖူးကြပါလိမ့်မယ်။ မြန်မာနိုင်ငံမှာ ယခင်ကတော့ ပျဉ်းမနားဦးသန်းမောင်၊

လှိုင်သာယာလက်ဖက်ရည်ဆိုင်လူသတ်မှု လူငယ်သုံးဦးကို ရုံးထုတ်

လူသတ်မှု ကျူးလွန်သူများကို သြဂုတ် ၁၃ ရက်က ရုံးထုတ်လာစဉ် (ဓာတ်ပုံ - သန်းဌေး)

By သန်းဌေး

လှိုင်သာယာလက်ဖက် ရည်ဆိုင်ထဲ၌ လူသတ်မှုကျူးလွန် ခဲ့သော လူငယ်သုံးဦးကို မြောက် ပိုင်းခရိုင်တရားရုံး ဩဂုတ် ၁၃ ရက် ရုံးထုတ်စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
ဇွန်လ ၉ ရက်ညတွင် လှိုင် သာယာမြို့နယ်၊ အမှတ်(၁၉)ရပ် ကွက်၊ ဗိုလ်အောင်ကျော်လမ်း ပေါ်ရှိ  လက်ဖက်ရည်ဆိုင်တစ် ဆိုင်၌ စားသုံးသူချင်းခိုက်ရန် ဖြစ်ပွားရာမှ  လူသတ်မှုကျူးလွန်ခဲ့ သော လူငယ်ငါးဦးထဲမှ သုံးဦးကို အင်းစိန်မြို့နယ်၊  မြောက်ပိုင်းခရိုင်တရားရုံးတွင် ဩဂုတ် ၁၃ ရက်ညနေက ရုံးထုတ်စစ်ဆေးခဲ့ကြောင်း တွေ့ရှိရသည်။

Wednesday, August 13, 2014

အေဂျီဒီဘဏ် ရှယ်ယာ ၆၀ ရာခိုင်နှုန်း ဦးနေဝင်း မြေးများထံရောင်းမည့်ကိစ္စကို ပြန်စဉ်းစားနေဟု ဦးတေဇ ဆို

ကုန်သည်စက်မှုအသင်းနှစ်ပတ်လည် အစည်းအဝေးသို့ တက်ရောက်လာသော ဦးတေဇကို တွေ့ရစဉ်။(လက်ဝဲဘက်မှ တတိယမြောက်) အေဂျီဒီဘဏ် ရှယ်ယာ ၆၀ ရာခိုင်နှုန်းအထိရောင်းချရန် စီစဉ်ထားခြင်းဖြစ်သည်။ ဓာတ်ပုံ-ဟောင်ဆာ(ရာမည)
ကုန်သည်စက်မှုအသင်းနှစ်ပတ်လည် အစည်းအဝေးသို့ တက်ရောက်လာသော ဦးတေဇကို တွေ့ရစဉ်။(လက်ဝဲဘက်မှ တတိယမြောက်) အေဂျီဒီဘဏ် ရှယ်ယာ ၆၀ ရာခိုင်နှုန်းအထိရောင်းချရန် စီစဉ်ထားခြင်းဖြစ်သည်။ ဓာတ်ပုံ-ဟောင်ဆာ(ရာမည)

by သိဟကိုကို
အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ် (AGD Bank) ၏ ရှယ်ယာ ၆၀ ရာခိုင်နှုန်းကို ဦးနေ၀င်းမြေးများထံ ရောင်းချရန်အရေးကို ပြန်စဉ်းစားနေသည်ဟု AGD ဘဏ်ပိုင်ရှင် ဦးတေဇ က ပြောသည်။

လာမည့်ပညာသင်နှစ်မှစ၍ နွေရာသီကျောင်းပိတ်ရက် နှစ်လသာ ရှိတော့မည်

၂၀၁၅-၁၆ ပညာသင်နှစ်မှစ၍ ဆယ့်နှစ်တန်းပညာရေးစနစ် ကျင့်သုံးမည်ဖြစ်သောကြောင့် စာသင်ချိန် တိုးမြှင့်နိုင်ရန် နွေရာသီကျောင်းပိတ်ချိန်ကို တစ်လလျှော့ချမည်ဟု ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေးကော်မတီအဖွဲ့ဝင် အမျိုးသားအဆင့်ပညာရေးကျွမ်းကျင် ပညာရှင် ဦးတင်လှိုင်က ဆိုသည်။

နားရွက်မပါတဲ့ကလေးအတွက် နံရိုးကနေ နားရွက်ဖန်တီး တပ်ဆင်

 မွေးကတည်းက နားရွက်ပါမလာခဲ့တဲ့ ဗြိတိန်ကလေးငယ်တစ်ဦးကို သူ့ရဲ့ နံရိုးကနေ နားရွက်တစ်စုံဖန်တီးတပ်ဆင်ပေးခဲ့တယ်လို့ သိရပါတယ်။

အီဘိုလာ ကူးစက်ခံခဲ့ရသည့် စပိန် ခရစ်ယာန် ဘုန်းတော်ကြီး ကွယ်လွန်

 အီဘိုလာ ကူးစက်ခြင်း ခံခဲ့ရသည့် စပိန် ခရစ်ယာန် ဘုန်းတော်ကြီးသည် ယခုအခါ ကွယ်လွန် သွားပြီဖြစ်ကြောင်း သတင်းရရှိသည်။

ရော်နယ်ဒိုရဲ့ဂိုးတွေနဲ့ ဥရောပစူပါဖလား ဆွတ်ခူးတဲ့ ရီးရဲလ်

ရီးရဲလ် ၂-၀ ဆီဗီလာ
ရော်နယ်ဒို ၃၀၊ ၄၉

ပေါင် (၇၁)သန်းနဲ့ ခေါ်ယူခဲ့တဲ့ ကစားသမားသစ် ဂျိမ်းရဲ့ ဖန်တီးမှု ကို ဘေးလ် အသုံးမချနိုင်ခဲ့လို့ ပွဲချိန် (၁၉)မိနစ်မှာ ရီးရဲလ် ဂိုးရခွင့်ဆုံးရှုံးခဲ့ရသလို
နောက်(၂)မိနစ်အကြာမှာ ဗီတိုလိုရဲ့ ကန်ချက်ကို ကာဆီးလက်စ် ကာကွယ်နိုင်ခဲ့လို့ ဆီဗီလာ ဂိုးမရခဲ့တာပါ။

မြန်မာပြည်က ဒုက္ခသည်များ နယူးဇီလန် က ဆက်ပြီးလက်ခံမည်

  မြန်မာနိုင်ငံမှာ သမ္မတ ဦးသိန်းစိန်အစိုးရ လက်အောက်မှာ နိုင်ငံရေး အပြောင်းအလဲတွေ ပေါ်ထွက်နေပြီဆိုပေမယ့် ထိုင်းမြန်မာ နယ်စပ်က ဒုက္ခသည်တွေ အပါအဝင် မြန်မာပြည်က ဒုက္ခသည်တွေကို နယူးဇီလန် နိုင်ငံအနေနဲ့  ဆက်ပြီး လက်ခံသွားမှာ ဖြစ်ကြောင်း နယူးဇီလန် နိုင်ငံ ဝန်ကြီးချုပ် Mr John Key က ပြောကြားလိုက်ပါတယ်။

တပ်သိမ်းမြေ ပြန်ရရေး ကန့်ဘလူ တောင်သူ ၁ သောင်းခန့် ဆန္ဒပြမည်

ကန့်ဘလူ လယ်သမားများ ထွန်တုံးတိုက်ပွဲ ဆင်နွှဲစဉ်က
  တပ်သိမ်းမြေ အားလုံး မူလပိုင်ရှင်တွေ ပြန်လည်ရရှိရေး အတွက် စစ်ကိုင်းတိုင်း ဒေသကြီး ကန့်ဘလူ မြို့နယ် တောင်သူ ၁ သောင်းလောက် ဒီနေ့ ဆန္ဒပြကြမှာ ဖြစ်ပါတယ်။

ဟာသသရုပ်ဆောင် Robin Williams ဆွဲကြိုးချသေဆုံး

အမေရိကန် ဟာသမင်းသား Robin Williams ဟာ California ပြည်နယ်က သူရဲ့နေအိမ်မှာ သူ့ကိုယ်သူ ဆွဲကြိုးချ သေဆုံးခဲ့တာ ဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

နှစ်ပေါင်း ၃၀ ကျော်ကြာ အစိုးရကျောင်းဆရာ မရခဲ့တဲ့အတွက် မိုးညိုဒေသခံများ သက်ဆိုင်ရာကို တောင်းဆို


ပဲခူတိုင်း၊ မိုးညိုမြို့နယ်၊ အောင်မိုးဟိန်း ရွာမှာ ကျောင်းမြေ ရှိပြီး ဖြစ်ပေမယ့် အစိုးရက ကျောင်းနဲ့ ကျောင်းဆရာ မပေးတဲ့ အတွက် ကျောင်းသား မိဘတွေက မနေ့ကပဲ နိုင်ငံတော် သမ္မတ အပါအ၀င် အခြေခံ ပညာရေး ဦးစီး ဌာနနဲ့ သက်ဆိုင်ရာ တွေကို စာပေးပို့ တောင်းဆို လိုက်ကြပါတယ်။

မိကျောင်းကန်သပိတ်စခန်း ခေါင်းဆောင်ကို အာမခံငွေကျပ် သိန်း ၆၀၀ တောင်း

တရားမ၀င်စီတန်း လှည့်လည်ခြင်း ဆိုင်ရာ ပုဒ်မ ၁၈နဲ့ တရားစွဲခံထားရတဲ့ မိကျောင်းကန်သပိတ် စခန်း ခေါင်းဆောင် ဦးစိန်သန်းကို ဒီနေ့ ဗဟန်းမြို့နယ်တရားရုံးမှာ ပထမဆုံးအကြိမ် ရုံးတင်စစ်ဆေးရာ အာမခံကြေး သိန်း ၆၀၀ ပေးသွင်းဖို့ တရားရုံးက တောင်းခဲ့တယ်လို့ သိရပါတယ်။

ဝန်ဆောင်မှု နံပါတ် ၁ ဖြစ်ရေး ကြိုးစားသွားမည်ဟု ဆက်သွယ်ရေးပြော

 နိုင်ငံခြားကုမ္ပဏီတွေ ၀င်ရောက် ရင်းနှီးမြှုပ်နှံမှု လုပ်လာတဲ့ ဆက်သွယ်ရေး လုပ်ငန်းမှာ မြန်မာ့ ဆက်သွယ်ရေးရဲ့ ၀န်ဆောင်မှု အရည်အသွေးဟာ ပြည်သူလူထု ကျေနပ်အားရစရာ အရည်အသွေး မဟုတ်ဘူးဆိုတာ လက်ခံပါတယ်လို့ ဆက်သွယ်ရေး သင်တန်းကျောင်းအုပ် ဦးကျော်စိုးက ပြောပါတယ်။

ညောင်ဦးမြို့ နယ်မှာ ရှေးဟောင်းဆင်းတုတော်များ တွေ့  (ရုပ်/သံ)

မန္တလေးတိုင်း ဒေသကြီး ညောင်ဦးမြို့နယ်က ကျေးရွာတရွာမှာ ရှေးဟောင်းရုပ်ပွားတော်တွေ တွေ့ရှိခဲ့ပါတယ်။ ဦးမြင့်နိုင် သတင်းပေးပို့ထားပါတယ်။ DVB TV - 12.08.2014

Tuesday, August 12, 2014

ကချင်ပြည်နယ် ဖားကန့်မှာ တိုက်ပွဲတွေပြန်ဖြစ်

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့နယ်ခွဲ ကပ်မှော်ဇွပ်ကျေးရွာအုပ်စု စပေါ်ကျေးရွာနားမှာ အစိုးရတပ်မ ၆၆ လက်အောက်ခံတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် အေအိုင်အေ တပ်ရင်း ၆ တပ်တွေအကြား ဒီလ ၈ ရက်နေ့က တစ်ကြိမ်၊ ၁၀ရက်နေ့က တစ်ကြိမ် တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။

ပဲခူးက ပိတ်ထားသည့် ၁၇၅ ကျောင်းတွင် ၂၅ ကျောင်းပြန်ဖွင့်

 ရေကြီးရေလျှံမှုတွေကြောင့် သြဂုတ် အစောပိုင်းတုန်းက ပိတ်ထားခဲ့တဲ့ ပဲခူးကကျောင်း ၁၇၅ ကျောင်းမှာ ၂၅ ကျောင်းကို ပြန်ဖွင့်လိုက်ပါတယ်။

ရေဘေးနဲ့ လယ်ဧက ၅သောင်း ပျက်စီးနိုင်

 ရေကြီးတဲ့ ဒဏ် ခံကြရစဉ်
  ရေကြီးနေတဲ့ ပဲခူးတိုင်း သနပ်ပင်မြို့ နယ်အတွင်း မှာ၊ လယ်ဧက ၅ သောင်းကျော် ရေနစ် မြုပ်နေဆဲ ဖြစ်ပြီး၊ ပျက်စီးတော့မယ့် အခြေအနေ ရှိနေတယ် လို့ သိရပါတယ်။ ဒါ့အပြင် ရေဘေးဒဏ် ခံနေရတဲ့ ဒေသခံတွေ အတွက် အကူအညီတွေ လည်း လိုအပ်နေဆဲ ဖြစ်တယ် လို့ ဆိုပါတယ်။

တည်ဆောက်လက်စ ၆ ထပ်အဆောက်ဦးပြိုကျသဖြင့် မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံများမှ ရွှေ့ပြောင်းအလုပ်သမား ၃၃ ဦး ပိတ်မိနေ

သတင်းဓါတ်ပုံ- Min Burma.

ထိုင်းနိုင်ငံ ပထုံနာနီ မြိုနယ် Soi 6 မှာ ယနေ့ ညနေ ၅နာရီတွင်တည်ဆောက်လက်စ၆ ထပ်အဆောက်ဦးပြိုကျသဖြင့် ဆောက်လုပ်ရေးအလုပ်သမားနဲ့  ၀န်ထမ်းအပါဝင်
လူ ၅၀ လောက် အဆောက်ဦး အောက်ပိတ်မိနေပါတယ်။

Sunday, August 10, 2014

မုန်းတိုင်းအထူးသတိပေးချက်

စနေနေ့ညအစောပိုင်း တိုင်းထွာချက်အရ စူပါတိုင်ဖုန်း အဖြစ် ဟာလောင်းမုန်တိုင်းသည် လျင်မြန်စွာ အင်အားပြင်းထန်လာသည်ကို တွေ့ရှိရသည်။

စိန်ခေါ်မှုတွေကို ရင်ဆိုင်ရင် အမေရိကန် မြန်မာနဲ့အတူရှိနေမယ်

သမ္မတဦးသိန်းစိန်ရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို တွန်းအားပေးဖို့ နေပြည်တော်ကို ရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက မြန်မာပြည် ရင်ဆိုင်ကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေကို အမေရိကန်ပြည်ထောင်စုက ကူညီသွားမယ်လို့ သြဂုတ် ၉ရက်နေ့ အာဆီယံအစည်းအဝေး ဒုတိယနေ့မှာ ပြောလိုက်ပါတယ်။ အမေရိကန်က ဘာ့ကြောင့် မြန်မာကို ကူညီမယ်လို့ ပြောတာလဲ။