Friday, May 16, 2014

ဘန်ကောက်အကြမ်းဖက်မှုအပြီး စစ်တပ်ရဲ့ သတိပေးချက်ထွက်ပေါ်

နိုင်ငံရေးနဲ့ဆက်နွယ်တဲ့အကြမ်းဖက်မှုတွေကို အင်အားသုံး ဖြေရှင်းသွားမယ်လို့ ထိုင်းကြည်းတပ်ဦးစီးချုပ် Prayuth Chan-ocha က  ပြောဆိုလိုက်ပါတယ်။
Anti-government protesters gather at the site of an attack at the Democracy Monument in Bangkok May 15, 2014. (Photo: Reuters)


 ဘန်ကောက်မြို့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေ မနေ့က တိုက်ခိုက်ခံရတဲ့အတွက် ၃ ဦး သေ၊ ၂၂ ဦး ဒဏ်ရာရသွားအပြီးမှာ အဲဒီလို ပြောလိုက်တာပါ။

လက်ပစ်ဗုံး၊ သေနတ်တို့နဲ့ တိုက်ခိုက်တဲ့သတင်းကို မနေ့က ဧရာဝတီ အင်္ဂလိပ်ပိုင်းစာမျက်နှာမှာ ဖော်ပြခဲ့ပြီးပါပြီ။
http://www.irrawaddy.org/asia/two-killed-thai-protest-anger-mounts-premier.html မှာ ဖတ်နိုင်ပါတယ်။

နိုင်ငံရေးဆန္ဒပြပွဲတွေမှာ အကြမ်းဖက်မှုတွေ ဖြစ်ခဲ့တာကတော့ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကတည်းကပါပဲ။
အခုမှ ကြည်းတပ်ဦးစီးချုပ်ဆီက အသံ ပြင်းပြင်းထန်ထန် ထွက်လာခြင်းပါ။

အကြမ်းဖက်မှုတွေကို ကန့်ကွက်ကြပါ၊ အပြစ်မဲ့ပြည်သူတွေကို အင်အားသုံးတိုက်ခိုက်တာတွေကို ဆန့်ကျင်ကြပါလို့ သူက ပြည်သူတွေကို တိုက်တွန်းလိုက်ပါတယ်။

 အကြမ်းဖက်မှုတွေ သွေးထွက်သံယိုမှုတွေ ဆက်ဖြစ်လာရင်တော့ စစ်တပ်က အင်အားသုံး ဖြေရှင်းတာမျိုးတွေ ဖြစ်လာနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

သူ ပြောတာတွေကတော့ အများကြီးပါပဲ။

ဒီဘလော့ http://blog.irrawaddy.org လာဖတ်သူ ပရိသတ်အတွက်  ဆက်လက် ကောက်နုတ် ဖော်ပြပေးသွားပါမယ်။ ကြည်းတပ်ဦးစီးချုပ်ရဲ့ ပြောဆိုချက်က အာဏာသိမ်းဖို့ ရည်ရွယ်ချက် ရှိလို့လား ဆိုတာကလည်း စဉ်းစား ဆွေးနွေးစရာပါ။

အခုတော့ ဦးစီးချုပ်က.... ပြည်သူတွေကို အကြမ်းဖက်တိုက်ခိုက်သူတွေကိုလည်း ဒါမျိုးတွေ ဆက်လုပ်ရင် ဥပဒေစိုးမိုးရေး၊ အကြမ်းဖက်မှု အဆုံးသတ်ရေးအတွက် စစ်တပ်က ဝင်ပါရမယ်လို့ ပြောလိုက်ပါပြီ။

လက်ရှိ နိုင်ငံရေးအကြပ်အတည်းကိုလည်း တွေ့ဆုံဆွေးနွေး အဖြေရှာဖို့၊ ဥပဒေကြောင်းအရ အဖြေရှာဖို့ကို အားပေးပါတယ်လို့ သူက ပြောပါတယ်။

ကိုးကား

  • ဘန်ကောက်ပို့စ်

No comments:

Post a Comment