Tuesday, November 26, 2013

စည်းမျဉ်း၊ စည်းကမ်းနှင့် နားလည်မှုကြားက ပဋိပက္ခ


ကိုရဲ


မြန်မာတစ်နိုင်ငံလုံးတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို တစ်သမတ်တည်း သတ်မှတ်ပြဌာန်းထားသည်။ မည်သည့်မြို့၊ မည်သည့်လမ်း၊ မည်သည့်နေရာတွင် မည်ကဲ့သို့မောင်းနှင်ရမည်ဟူ၍ သီးခြားသတ်မှတ်ထားခြင်းမရှိပေ။ ကွဲပြားချက်ဆို၍ လမ်းအခြေအနေပေါ်မူတည်ကာ မည်သည့်နေရာတွင် အရှိန်လျှော့မောင်းနှင်ရမည်၊ မည်သည့်နေရာတွင် ပုံမှန်မောင်းနှင်နိုင်မည် ဆိုသည်ကိုသာ အချက်ပြလမ်းညွှန်ဆိုင်းဘုတ်များဖြင့် သတိပေးထားသည်ကို တွေ့ရမည်ဖြစ်သည်။

ပဲခူးတိုင်းဒေသကြီးအစိုးအရအဖွဲ့အနေဖြင့် အဂတိလိုက်စားသည့် အုပ်ချုပ်ရေးမှူးများကို အရေးယူရာတွင် ထိရောက်မှုအားနည်း


ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်၊ ကပင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးရဲမင်းအောင်မှ ကျေးရွာ ပြည်သူလူထုအပေါ် ငွေကြေးများမတရားကောက်ခံခြင်း၊ တရားမ၀င် ကျွဲနွား
မှောင်ခိုလုပ်ငန်းများမှ လိုင်ကြေးများကောက်ခံနေမှုနှင့်ပတ်သက်၍ ထိရောက်စွာအရေးယူပေးရန် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးဌာနအသီးသီးသို့ ၂၀၁၃ ခုနှစ်၊ စတင်ဘာလ(၃၀)
ရက်နေ့တွင် ဒေသခံရွာသူ/ရွာသားများမှ တင်ပြတိုင်ကြားခဲ့သော်လည်း အရေးယူပေးခြင်းမရှိသည့်အတွက် စိတ်ပျက်မိကြောင်း တိုင်ကြားသူတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။

Monday, November 25, 2013

ချင်းမိုင်ငြိမ်းချမ်းရေးခရီးစဉ်တိုးတက်အောင်မြင်ဟုဆို

Photo: ချင်းမိုင်ငြိမ်းချမ်းရေးခရီးစဉ်တိုးတက်အောင်မြင်ဟုဆို
Friday, 22 November 2013 23:04 သျှမ်းသံတော်ဆင့်
E-mail Print

နိုဝင်ဘာ ၂၂ ရက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ကျင်းပသော မြန်မာငြိမ်းချမ်းရေးစင်တာနှင့်နိုင်ငံရေးပါတီများတိုင်း
ရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ ဆွေးနွေးပွဲတိုးတက်အောင်မြင်မှု ပိုမိုရရှိလာကြောင်း SNLD မှ စိုင်းညွန့်လွင်ကပြောပါသည်။

alt

ချင်းမိုင်ငြိမ်းချမ်းရေးဆွေးနွေးပွဲ

“ငြိမ်းချမ်းရေးအတွက် လက်နက်ကိုင်တိုင်းရင်းသားတပ်ဖွဲ့နဲ့ နိုင်ငံရေးပါတီတွေ ဒီတခေါက် တွေ့ဆုံခွင့်ရတာ အကျိုးရှိပါတယ်။ တခြားပါတီဆိုရင် လက်နက်ကိုင်တိုင်းရင်းသားတပ်ဖွဲ့တွေနဲ့ မတွေ့ဖူးသေးဘူး။ မဆွေးနွေးဖူသေး ဘူး။ ဒီဆွေးနွေးပွဲမှာ လာတွေ့ရတော့ တိုင်းရင်းသားတွေ ဘာကြောင့်လက်နက်ကိုင်တိုက်ပွဲ
ဝင်နေရသလဲဆိုတာသူတို့သိသွားတယ်။ ဆိုတော့တဖြည်းဖြည်းနဲ့ အောင်မြင်မှုရလာတယ်လို့ဆိုရပါမယ် ”
ဟု သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူး စိုင်းညွန့်လွင်က ပြောပါသည်။

မြန်မာ့ငြိမ်းချမ်းရေးစင်တာ Myanmar Peace Center ၏ ဖိတ်ခေါ်မှုကြောင့် ပြည်တွင်းမှ နိုင်ငံရေးပါတီ
၁၁ ခုနှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ များ တွေ့ဆုံမှုကို ချင်းမိုင်မြို့ ရှိတ်အစ်စထားနားဟိုတယ်
တွင် ယနေ့နံနက် ၉ နာရီမှ မွန်းတည့်အထိ ပြုလုပ်ခဲ့ပါသည်။

ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်ဖွဲ့စည်းရေးနှင့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အတွက် ဦးတည်ဆွေးနွေးခဲ့ ကြောင်း ဆွေးနွေးပွဲတက်ရောက်ခဲ့သည့်ခေါင်းဆောင်များက ပြောပါသည်။

“ ပြည်တွင်းထဲက နိုင်ငံရေးပါတီတွေစဉ်းစားချက်နဲ့ ကျနော်တို့ဒီကစဉ်းစားချက်တွေကို အမြင်ချင်းဖလှယ်
ကြတယ်။ အဓိကကတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတဲ့ခေါင်းစဉ်နဲ့ဆွေးနွေးကြပါတယ်။အဲတာတွေကတော့ ငြိမ်းချမ်းရေးဘယ်လိုရှိသလဲ၊ ငြိမ်းချမ်းရေးကို အာမခံတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ အဖြေရှာဖို့အတွက် နိုင်ငံရေးဆွေးနွေးပွဲ ရှိဖို့လိုအပ်တယ်။စတာတွေဆွေးနွေးပါတယ်။ နားလည်မှုပိုမိုရရှိလာတယ်လို့ဆိုရပါမယ် ” ဟုသျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ သျှမ်းပြည်တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးကြီးစိုင်းလှ က ပြောပါသည်။

ငြိမ်းချမ်းရေးတည်ဆောက်နေချိန် တနိုင်ငံလုံးအပစ်ရပ်ရေးအတွက် ကြိုးပမ်းနေချိန်တွင် တဖက်ကလည်း ကချင် ပြည်နယ်တွင်တိုက်ပွဲများ ဖြစ်ပွါးနေသည့်အပေါ် စိုင်းညွန့်လွင်က ဤကဲ့သို့ သုံးသပ်ပါသည်။

“တိုက်ပွဲကတော့ ချက်ချင်းရပ်တန့်လို့ ရဦးမှာမဟုတ်ပါဘူး။ ရင်ဆိုင်တိုက်ပွဲတွေတော့ ဖြစ်နေဦးမှာဘဲ ။ ဒီတိုက်ပွဲတွေ ကြောင့်လဲ ဒေသခံလူထု တော်တော်လေး အခက်အခဲရင်ဆိုင်နေရတယ်။ ဒါပေမယ့် ၂ ဦး၂
ဘက်စလုံးကတော့ တိုက်ပွဲ တွေဆင်နွဲနေပေမယ့် ငြိမ်းချမ်းရေးကိုတော့ မထိခိုက်စေရပါဘူးလို့သဘော
တူညီချက်တွေ ဝန်ခံကတိတွေပေး ထားရပါ တယ်” ဟု ဆိုပါသည်။

အစိုးရနှင့် နိုင်ငံရေးပါတီများ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများ ယခုတွေ့ဆုံပွဲသည် ပထမဆုံး
အကြိမ် ပြည်ပ တွေ့ဆုံပွဲဖြစ်ပြီး ပြည်တွင်းမှ နိုင်ငံရေးပါတီ ၁၁ ခုပါဝင်ပါသည်။ သို့သော် ပြည်ထောင်စု
ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးအသင်းက တက်ရောက်ခြင်းမရှိခဲ့ပေ။
နိုဝင်ဘာ ၂၂ ရက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ကျင်းပသော မြန်မာငြိမ်းချမ်းရေးစင်တာနှင့်နိုင်ငံရေးပါတီများတိုင်း
ရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ ဆွေးနွေးပွဲတိုးတက်အောင်မြင်မှု ပိုမိုရရှိလာကြောင်း SNLD မှ စိုင်းညွန့်လွင်ကပြောပါသည်။

“မြန်မာအလုပ်သမားတစ်ဦး အသတ်ခံရ”

                                                                    နိုဝင်ဘာ ၂၃  မြတ်ညို(အလွတ်သတင်းထောက်)
         မဟာချိုင် ခွန်ခုအရပ်တွင် နေထိုင်သည့် မော်တော်ဆိုင်ကယ် အပို  ပစ္စည်း ထုတ်လုပ်သည့် အလုပ်ရုံမှ အလုပ်သမားတစ်ဦး ညဘက် အချိန်ပို ဆင်း၍ အိမ်အပြန် လမ်းတွင် အမည်မသိသူများ ရိုက်နှက်သဖြင့် ယမန်နေ့ က သေဆုံးသွားခဲ့ကြောင်းသိရှိရသည်။
         အသက် ၂၃ နှစ်အရွယ် မွန်အမျိုးသား မင်းချမ်းမွန် ဆိုသူသည် ၂၀၁၃ ခု နိုဝင်ဘာ ၂၀ ရက်နေ့ညဥ့် ၁၁ နာရီခန့်က  အလုပ်အတူတူ လုပ် သည့် ညီဖြစ်သူ  အောင်မြင့်ဦး အား မိဘများ နေအိမ်သို့ ပြန်လည် ပို့ဆောင် ခဲ့ပြီး ပြန်သွားခဲ့စဉ် ရိုက်သတ်ခံခဲ့ရခြင်းဖြစ်သည်။
           ဖခင်ဖြစ်သူ ဦးငွေဌေး က“၁၁ နာရီ  မိနစ် ၅၀  လောက်မှာ ဆေးရုံ ကဖုန်းလာပါတယ်။ သားစီးသွား တဲ့ ဆိုင်ကယ်က ကျနော်တို့နေတဲ့စွယ် ပါဟမ်းလမ်းထိပ်မှာ လဲနေတဲ့အတိုင်းပါပဲ။ ဦးခေါင်း၊လည်ပင်းနဲ့  မျက်နှာ   ရောင်ကိုင်းပြီး သတိလုံးဝမရခဲ့ဘူး။ စီဝိချိုင်၅ ဆေးရုံ မှာပဲ မနေ့က ဆုံးသွားပါတယ်” ဟုပြောသည်။

"၅နှစ်အရွယ် ရခိုင်မိန်းကလေးငယ်တစ်ဦး အသတ်ခံရ"

နိုင်ဝင်ဘာ ၁၉ မြတ်ညို(အလွတ်သတင်းထောက်)
         ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာ၏  မြစ် တဘက်ကမ်းရှိ ကြာညိုပြင်ကျေးရွာ မှ ဦးခင်အောင်+ဒေါ်မိုးမိုးစံ တို့၏
သမီး အသက်၅နှစ်အရွယ် မငယ်ငယ် အား ယမန့်နေ့ညဥ့်က ဘင်္ဂါလီ များ သတ်ဖြတ်ပစ်ခဲ့ကြောင်းသိရှိရသည်။
            ဒေသခံတစ်ဦးက မငယ်ငယ် ၏ ဦးခေါင်းတွင် သံစူးများဖြင့်ထိုး ထားသည့် ဒဏ်ရာ ၂ခုရှိကြောင်း  ရိန်ဂျာရွာမှ ဘင်္ဂါလီများ က ကြာညို   ပြင်ရွာ တွင်ရှိသော ဗီဒီယို ရုံတွင်းသို့ ၀င်ရောက်၍ ဓါးဖြင့် ၀င်ခုတ်သဖြင့် လူအများထွက်ပြေးခဲ့ကြရသည် ဟုဆိုသည်။ သူမ၏ အလောင်းအား ယနေ့နံနက် ပိုင်း တွင် ရွာပြင် လယ်တောစပ် တွင် တွေ့ရှိ ရပြီး ယခု အခါ ဆေးရုံတွင် ဆေးစစ်ချက်ယူနေသည်ဟုသိရသည်။
             ဖူးခက်မြို့တွင် အလုပ်လုပ်နေသည့် မငယ်ငယ် ၏ အဒေါ်ဖြစ်
သူက မူ အဓမ္မပြုကျင့်ခဲ့ပြီး ခေါင်းဖြတ်သတ်ခဲ့ကြောင်း အဝေးကြားသ
တင်းကို  ပြောပြသည်။
             အချက်အလက် အတိအကျ သိရှိလိုသူများအနေဖြင့်
အပေါက်ဝ ရဲစခန်းမှူး ဦးလှမောင် 094 921 9273  နှင့်  ငွေလွှဲဒိုင်
ကိုမောင်လှ 094 967 0727  တို့ကို ဆက်သွယ်မေးမြန်းကြပါရန်။




"အကျဉ်းသားမိသားစုတွေ တွေ့ခွင့်မရ၊ ပေးခွင့်မရတော့ ဆိုကြဆဲကြ"