Sunday, May 11, 2014

စိန်ခေါ်ချက် ၂ ချက်အကြောင်း ပြောချင်ပါတယ်...မိုးကုတ်ကိုတိုး


စိန်ခေါ်ချက် ၂ ချက်အကြောင်း ပြောချင်ပါတယ် ပထမတစ်ချက်က နေပြည်တော်မှာလုပ်တဲ့ဟောပြောပွဲမှာ လွှတ်တော်အမတ်တွေက ဘာကြောင့် အခြေခံဥပဒေကို မပြင်ချင်ဘူးလဲဆိုတာကို သတ္တိရှိရှိလူထုရှေ့မှာ ထွက်ပြောဖို့ စိန်ခေါ်ခဲ့တယ်။

အမတ်တစ်ယောက်ကပဲ ဗိုလ်စိန်မှန်ကွင်းမှာ ဘာကြောင့်၊ဘယ်အချက်တွေကို မပြင်ချင်ဘူး။ ဘယ်အချက်တွေကို ပြင်မယ်ဆိုတာ စိန်ခေါ်သံကို အံတုပြီး ပြောခဲ့တယ်။
သူပြောချက်ကတော့ မီဒီယာမှာတော့ မှေးမှိန်ပြီး အခြားအချက်ကိုပဲ ဇောင်းပေးတင်ခဲ့ကြတယ်။
လာပြန်ပြီ။နောက်စိန်ခေါ်ချက်တစ်ခု..............
အဲတော့ ကျမဒီအချိန်မှာ နည်းနည်းတော့ စိန်ခေါ်လိုက်ချင်တယ်။တစ်ခြား ဘယ်ပါတီက မိမိတို့ပါတီ အနေနဲ့ ဘယ်ပုဒ်မတွေကို ဘယ်လို ဘာကြောင့် ပြင်မလဲဆိုတာ ထုတ်ပြန်ထားတာရှိလားလို့ မေးချင်ပါတယ်ဆိုလား။
သိရသလောက်ကတော့ အခြေခံဥပဒေကို ဘယ်အချက်တွေကို ဘယ်လိုပြင်ချင်ပါတယ် ဆိုတာ လုပ်နေကြတဲ့ပါတီက သုံးလေးခုNDF။ ကျားဖြူ၊ ။ NLD ။ကြံခိုင်ရေးဒီထဲမှာ ပြည်သူကို ဘယ်အချက်တွေကို ဘာကြောင့်ပြင်ချင်ပါတယ်ဆိုပြီး ထုတ်ပြန်ပေးခဲ့တာက NDF ပါတီတစ်ခုတည်းကသာ။
ကျန်ပါတီတွေက ထုတ်ပြန်ပေးတာ မရှိ။လွှတ်တော်ကော်မတီကိုသာ ပေးပို့ခဲ့ကြတာ။NDFကတော့ အခြေခံဥပဒေကိုစုစုပေါင်း ၆၅ ချက် ပြင်ဆင်ချက် ထည့်ထားတယ်။ဘယ်လိုပြင်ချင်ပါတယ်။
ဘယ်လိုအသစ်ထပ်ထည့်ချင်ပါတယ် ဆိုပြီး မီဒီယာတွေကိုဖြန့်ပြီး အွန်လိုင်းမှာတင်ခဲ့တယ်။
Street view ဂျာနယ်မှာ သုံးပတ်တိုင်တိုင် စာမျက်နှာပြည့် ဖော်ပြပေးခဲ့တယ်။ဒါကတော့ပွင့်လင်းမြင်သာမှုရဲ့ ပြယုဂ်လား။အပြောကတော့ အရမ်းကောင်း။
ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ပြင်သင့်တဲ့ အပိုဒ်တွေကို အသေးစိတ်ကို ကျမတို့ ထုတ်ပြန်ပြီးတော့ရေးသားထာတာရှိပါတယ်။ပြည်သူတွေအနေနဲ့ တကယ်ပဲ စိတ်ဝင်စားတယ်ဆိုရင် ရယူနိုင်ပါတယ်။ဒါအများအတွက် ထုတ်ထားတာပါ။အဲတော့ အဲဒီထဲမှာဆိုရင် ကျမတို့က ဘာရှင်းပြထားသလဲဆိုတော့ ဘာကြောင့် ဘယ်ပုဒ်မကိုပြင်မယ်၊ဘာကြောင့်ပြင်မယ်၊ဘယ်လို ပြင်မယ်၊ရှင်းရှင်းလင်းလင်း ပဲကျမတို့အဲဒါကိုထုတ်ပြန်ထားပါတယ်။ဒါမှပြည်သူက သေချာလေ့လာပြီးတော့ ကျမတို့ရဲ့ တင်ပြချက်တွေနဲ့ သဘောတူသလား၊သဘောမတူဘူးလားဆိုတာကိုဆုံးဖြတ်နိုင်မှာပါ။သူကတော့ပြောတော့ ပြောတာပဲ။
ကျွန်တော်တို့က တော့NLD ရဲ့ ပြင်ဆင်ချင်တဲ့ပုဒ်မတွေအကြောင်း သိချင်လိုက်တာ။
ဘယ်မှာများ တင်ထားပါလိမ့်။ကြည့်ရတာ ရုံးကိုသွားတောင်းရမယ့်ပုံ။ကြားတော့ ကြားနေရတယ်။ ပုဒ်မပေါင်း ၁၀၀ကျော်ဆိုလား။သိချင်ဖတ်ချင်လေ့လားချင်လိုက်တာ။ဘာတွေများပြင်ထားသလဲဘယ်လိုများ ပြင်ထား
တာလဲအရင်ကထက် ဘာများကွာခြားသွားသလဲ။
ဒါပေမယ့်
အိုင်တီခေတ်မှာ အွန်လိုင်းပေါ်ရောက်မလာ။မီဒီယာခေတ်မှာ ဂျာနယ်တွေအပေါ် ထွက်မလာရင်အများအတွက် လုပ်ထားတာ ဟုတ်ရဲ့လား။နောက်ပြီးတော့ တာဝန်ရှိတဲ့သူတွေလည်း သတင်းမှန်ကလေးတွေကိုခေါင်းဆောင်ကြီးကို ပြောပေးကြပါ။မိန့်ခွန်းပြောရင် တလွဲတချော်ဖြစ်သွားမှာ စိုးလို့ပါ။

မိုးကုတ်ကိုတိုး ( ၁၁-၅-၂၀၁၄)

Copy from မိုးကုတ်ကိုတိုး facebook

No comments:

Post a Comment