Saturday, September 6, 2014

ပဲခူးမြို့၊ မြို့ရှောင်လမ်းဘေးအနီးရှိ လူနေဆိုင်ခန်းပိုင်ရှင်များအား ဖယ်ရှားထွက်ခွာရန်အကြောင်းကြား

    ပဲခူးမြို့၊ မြေတိုင်းအမှတ်(၁၉)၊ ဥဿာမြို့သစ်၊အမှတ်(၅)ရပ်ကွက်၊မြို့ရှောင်လမ်းဘေးအနီးရှိ လူနေဆိုင်ခန်း(၅၀)ခန့်အားစက်တင်ဘာလ(၁၅)ရက်နေ့နောက်ဆုံး
ထားပြီး ဖယ်ရှားထွက်ခွာပေးရန်ပဲခူးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သြဂုတ်လ (၂၉)ရက်နေ့တွင်ဆိုင်ပိုင်ရှင်များထံသို့ အသိပေးအကြောင်းခဲ့ကြားကြောင်း သတင်းရရှိသည်။

မေမြတ်နိုးအတွက် ဒေါ်လှနုထွန်းရေးတဲ့စာ

မေမြတ်နိုးနဲ့ သူ့မိခင်တို့ သတင်းစာရှင်းလင်းပွဲ အပြီး နုတ်ဆိတ်နေခဲ့တဲ့ Miss Asia Pacific World ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါ်လှနုထွန်းကတော့ သူ့ဖေ့စ်ဘုတ်ကတဆင့် သမီးလေး ဖတ်ဖို့ ဆိုတဲ့ စာရေးသားပြလာပါတယ်။

ပဋိပက္ခပြေလည်စေလိုသူ နန်းခင်ဇေယျာ

လတ်တလော အများပြောနေကြတဲ့ မေမြတ်နိုးသရဖူအကြောင်းနဲ့ ပတ်သက်ပြီး အလှမယ်နန်းခင်ဇေယျာဆီက အသံ ထွက်လာပါတယ်။

အီဘိုလာ ရောဂါပျောက်သူ တွေ ရဲ့သွေးသွင်းပြီး လူနာကုမယ်

ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ဒုညွှန်ကြားရေးမှူးချုပ်
အီဘိုလာ ရောဂါဖြစ်ပြီး ပြန်နေကောင်းလာ သူတွေရဲ့ သွေးကိုသုံးပြီး နောက်ထပ် ရောဂါ ဖြစ်သူတွေကို ကုသွားမယ်လို့ WHO ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးက ကြေညာပါတယ်။ လာမယ့် နိုဝင်ဘာမှာ ရှေ့တန်းကနေ လူနာတွေကို ကုနေတဲ့ သူတွေအတွက် အီဘိုလာ ထိုးဆေး စသုံးနိုင်မယ်လို့ ယူဆကြောင်းလည်း ဆက်ပြောပါတယ်။

KIA နဲ့ အစိုးရတပ် ထိပ်တိုက်ရင်ဆိုင်မှု ရှောင်ရှားရေး ဆွေးနွေး

ကချင်ပြည်နယ် မြစ်ကြီးနားရောက်လာတဲ့ ကချင် လွတ်မြောက်ရေးတပ် (KIA) တပ်သားများကို ကချင်ပြည်သူများ ကြိုဆိုနှုတ်ဆက်။ (နိုဝင်ဘာ၊ ၂၀၁၃)
အစိုးရနဲ့ ကချင် လွတ်လပ်ရေးအဖွဲ့ KIO တို့ရဲ့ ပဋိပက္ခဖြေရှင်းရေးအဖွဲ့ ကိုယ်စားလှယ်တွေ ဒီကနေ့ မြစ်ကြီးနားမြို့မှာ တွေ့ဆုံဆွေးနွေးရာမှာ တပ်ပိုင်းဆိုင်ရာ ကိစ္စ၊ မူးယစ်ဆေးဝါးကိစ္စ၊ မကြာမီက ပြန်လည်ဖွင့်လှစ်လိုက်တဲ့ ဖားကန့်ကျောက်စိမ်းတွင်း ကိစ္စနဲ့ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်တွေကို အဓိက ဆွေးနွေးခဲ့ကြပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေ မြန်မာပိုင်းအစီအစဉ်ရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ကချင်ပဋိပက္ခ ဖြေရှင်းရေး ကော်မတီ တွေ့ဆုံ

မြစ်ကြီးနား ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တစ်ရပ် ပြုလုပ်ခဲ့စဉ်
မြစ်ကြီးနား မှာ စက်တင်ဘာ ၅ ရက်နေ့ က၊ ကချင် လွတ်မြောက်ရေး အဖွဲ့ ကေအိုင်အို နဲ့ အစိုးရကြား နှစ်ဘက် ကိုယ်စားလှယ်တွေ နဲ့ ဖွဲ့စည်းထား တဲ့ ပဋိပက္ခ ညှိနှိုင်း ဖြေရှင်းရေး ကော်မီတီရဲ့ ပုံမှန် ဆွေးနွေးပွဲ လုပ်ခဲ့ပါ တယ်။

ဦးသိန်းစိန် ဆွစ်ဇာလန်မှာ ဖက်ဒရယ်စနစ်လေ့လာ

ဆွစ်ဇာလန် သမ္မတက ကြိုဆို
ဥရောပနိုင်ငံတွေကို ခရီးလှည့်လည်နေတဲ့ သမ္မတ ဦးသိန်းစိန်နဲ့ အဖွဲ့ စက်တင်ဘာလ ၄ ရက်နေ့မှာ ဂျာမနီနိုင်ငံက တဆင့် ဆွစ်ဇာလန်ကို ရောက်လာခဲ့ပါတယ်။

ကမ္ဘာ့အံ့ဖွယ်ခုနှစ်ပါးဝင် ဂီဇာပိရမစ်ကို ဘယ်လို တည်ဆောက်ခဲ့သလဲ

By ရိုးရာလေး 
အမေရိကန်နိုင်ငံအင်ဒီယားနား တက္ကသိုလ်ကရူပဗေဒ ပညာရှင်တွေ ကတော့ဂီဇာပိရမစ် တည်ဆောက်ရာ
မှာကျောက်တုံးတွေကိုအနား(၁၂)နား ပါတဲ့ဒိုဒက်ကက်ဂွန် (Dodecagon) ပုံစံပြောင်းပြီး သယ်ခဲ့ကြဖွယ်ရှိတယ် လို့ သုံးသပ်ပါတယ်။ အီဂျစ်ဘုရင် ကူဖူရဲ့ ဂူသင်္ချိုင်း ဂီဇာ ပိရမစ်ကို ဘီစီ ၂၅၆၀မှာတည်ဆောက်ပြီးဘီစီ ၂၅၄၀ မှာပြီးစီးတယ်လို့အီဂျစ်သမိုင်း
လေ့လာသူတွေကယူဆခဲ့ကြပါတယ်။ ဂီဇာပိရမစ်ဟာကမ္ဘာ့အံ့ဖွယ်ခုနှစ်ပါး ထဲမှာရှေးအကျဆုံးဖြစ်သလို စက် ကိရိယာအကူအညီမပါဘဲလူသားတွေ တည်ဆောက်တဲ့ အဆောက်အဦတွေ အနက် အမြင့်ဆုံးအဖြစ် မှတ်တမ်းတင်ခံခဲ့ရပါတယ်။

Tuesday, September 2, 2014

တာဝန်မှူးစားပွဲနားတွင် အသင့်ပါလားသောဒါးဖြင့်ထိုးခဲရာ မိန်းခလေးတစ်ဦးသေဆုံး

 ကြားလိုက်ရတဲ့သတင်း ရင်ထဲမှာနှင့်ကနဲပါဘဲ။ ညောင်လေးပင်မြို့မှာ 31.8 2014 ရက် ညနေ 4:30 ခန့်အချိန်တွင် ညောင်လေးပင်မြို့ မြို့မရဲစခန်း တာဝန်မူး စားပွဲတွင် အရွယယ်မရောက်သေးသော တောင်ငူမြို့မှ အသက် ၁၇ နှစ်အရွယ် မိန်းခလေးအား ခိုးယူပေါင်းသင်းမူ့ဖြင့် ညောင်လေးပင်မြို့နယ် မုက္ခမူကျေးရှာနေ အမျိုးသားတဦးအား စစ်ဆေးရန်ခေါ်လာစဉ်ညောင်လေးပင် မြို့မရဲစခန်းတာဝန်မူးစာပွဲတွင် မိ့ဘများနှင့် အမူ့ဖွင့်တိုင်ကြားနေသော မိန်းခလေးအား တိုင်ကြားခံရသူ ယောက်ကျားလေးမှ ညောင်လေးပင်မြို့မရဲစခန်းအတွင်းရှိ့ တာဝန်မူးစားပွဲနားတွင် အသင့်ပါလားသောဒါးဖြင့်ထိုးခဲရာ မှာ ညောင်လေးပင်ဆေးရုံတွင်သေးဆုံးခဲ့ကြောင်းကြားသိ့ခဲ့ရပါသည်။

ငဖဲဆည်ကြောင့် နစ်နာကြေးရလိုမှု လွှတ်တော်တင်မည်

မကွေးတိုင်း မင်းဘူးခရိုင် ငဖဲမြို့နယ်မှာ ငဖဲရေလှောင်တမံ ဆောက်လုပ်စဉ်က လယ်ယာဥယျာဉ်ခြံမြေတွေ ရေမြုပ်နစ်နာဆုံးရှုံးသူတွေ နစ်နာကြေးရအောင် လာမယ့် ပြည်သူ့လွှတ်တော်မှာ တင်ပြတောင်းဆိုသွားကြဖို့ ပြင်ဆင်နေပါတယ်။

ကျောက်ဖြူတွင်မီးတောင်ပေါက်၍ လယ်ဧက ၃ဝဝ ကျော်ပျက်စီး

( နိရဉ္စရာ- ၂ စက်တင်ဘာ ၂၀၁၄) / မာန်ယုကျော် (ရွှေဝမြေ)
volcano-kyaukpku-Arakan
လွန်ခဲ့သော နှစ်အနည်းငယ်က ရမ်းဗြဲကျွန်းတွင် မီးတောင်တစ်ခု ပေါက်ကွဲနေစဉ်။ ( ဓါတ်ပုံ- နိရဉ္စရာ)

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် မီးတောင်ပေါက်ကွဲ၍ လယ်မြေဧက ၃ဝဝ ကျော်ပျက်စီးဆုံးရှုံး သွားကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။

Monday, September 1, 2014

ကုမ္ပဏီထောင်ပြီး နောက်ကွယ်တွင် မူးယစ်ဆေးရောင်းနေသည့် လုပ်ငန်းရှင်ကို ဖမ်းမိ

By  အောင်သစ်လွင်

ကုမ္ပဏီထောင်ထားပြီး မူးယစ်ဆေးအရောင်းအ၀ယ်ပြု လုပ်နေသောကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့က အလိုရှိနေသည့် စီးပွား ရေးလုပ်ငန်းရှင်ကို မြောက်ဦးမြို့ နယ်တွင် ဖမ်းဆီးမိခဲ့ကြောင်း သတင်းရရှိသည်။
နေပြည်တော်မှ ညွှန်ကြား ချက်ဖြင့် စစ်တွေခရိုင်နှင့် မြောက် ဦးခရိုင်ရဲအရာရှိများက စက်တင် ဘာ ၁ ရက်ညနေတွင် ပူးပေါင်း ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲအရာ ရှိကြီးတစ်ဦးကပြောသည်။

“အခန်းပိတ်လှောင် နှိပ်စက်ခံနေရသည့် အိမ်ဖေါ်အလုပ်သမငယ်တစ်ဦးအားကယ်ထုတ်”

၂၀၁၄ ခု သြဂုတ်လ ၂၅
ကိုတီး  
        
    ဘန်ကောက်မြို့အနီး နကပ ထုန်အရပ်တွင် ရှိသော မွေးမြူ
ရေးလုပ်ငန်းရှင် အိမ်တွင် အိမ်ဖေါ် အလုပ် လုပ်ကိုင်နေ သည့် မြန်မာအမျိုးသမီးအား အဓမ္မပြုကျင့်ပြီး၊ အခန်းတွင်ပိတ်၍ ရိုက်နှက်ခံနေရသဖြင့် ပူးပေါင်းအဖွဲ့များက ကယ်တင်နိုင်ခဲ့သည်။
             အသက်၁၉ နှစ်အရွယ် မနန်းစံညွန့် သည် အဆိုပါ ထိုင်းလုပ်ငန်းရှင်ထံတွင် ၃လကြာ လုပ်အားခမရပဲ အိမ်ဖေါ် အလုပ်ကိုလုပ်နေခဲ့သည်။သူမအား အိမ်ရှင်းထိုင်းအကြိမ်ကြိမ် အဓမ္မပြုကျင့်သလို အလုပ်သွင်းပေးသည့် မြန်မာပွဲစားတစ်ဦး က သူမအား ကြိမ်ဖန်များစွာ ဓါးထောက်၍ အဓမ္မပြု ကျင့်ခဲ့သည် ဟုဆိုသည်။

မေမြတ်နိုးအား မီဒီယာရှေ့တွင် တောင်းပန်ခိုင်းပြီး သရဖူပြန်အပ်ရန် တောင်းဆို

 မီဒီယာရှေ့တွင်တောင်းပန်ပြီး သရဖူပြန်အပ်ရန် မေမြတ်နိုးအား Miss Asia Pacific World Organization ၏ ကိုရီးယားနှင့် အရှေ့တောင်အာရှပိုင်း တာဝန်ယူထားသော ဥက္ကဋ္ဌ မစ္စတာချွိုင် ဂျင်းကပြောသည်။

ဂျပန်အပြာကားမင်းသမီး ၉ ဦးရဲ့ ပရဟိတအလှူ

အပြာကားမင်းသမီးတွေကို အပြာကားထဲမှာပဲ တွေ့ရမယ်လို့ ထင်ထားခဲ့ကြမှာပါ။ဂျပန်က အပြာမင်းသမီး ၉ ဦးက AIDS ကာကွယ်တားဆီးရေးလုပ်ငန်းတွေမှာ သုံးဖို့အတွက် တိုကျိုမြို့တော်မှာ သူတို့ရဲ့ ရင်သားတွေကို ကိုင်တွယ်ခွင့်ပြုတဲ့နည်းနဲ့ အလှူခံတာ ရန်ပုံငွေ အများအပြား ရရှိပါတယ် တဲ့။