ထိုင်းနိုင်ငံတောင်ပိုင်း၊
မလေးရှားနယ်စပ် နရသီဝပ်ခရိုင်၊ ရှန်ခိုင်းဂလုတ်မြို့ (Buketta) ဘူကစ်တာအရပ် တွင် ရှိသော AEK SUPACHOK ဆောက်လုပ်ရေးကုမ္ပဏီ တွင် ပန်းရံလုပ်နေကြသော
မြန်မာအလုပ် သမား ၁၁၀ ဦးတို့ပြဿနာပြေလည်မှု မရရှိသေး ကြောင်း သိရသည်။
ယခင်ကာလများက၁၅ရက်တစ်ကြိမ်လုပ်ခ ရှင်းပေးေ သာ် လည်း
ယခုလုပ်အားရှင်းမပေးသည်မှာ တစ်လခွဲ တိုင်တိုင် ရှိလာပြီဖြစ်သည်။ ထို့ကြောင့် အလုပ်သမားများအားလုံး
တညီတ ညွတ် တည်း စက်တင် ဘာလ ၇ ရက်နေ့ ကတည်းကအလုပ် မဆင်းပဲ
နေခဲ့ကြခြင်းဖြစ်သည်။ အလုပ်သမားများအားလုံးတို့မှာ ယာယီပတ်စပို့နှင့် ၀တ်ပါမစ်များလုပ်ထားကြပြီး
ဇူလိုင်လကတည်း က ကျေထားပြီးဖြစ်ကြသည်။ အလုပ်ရှင်က အလုပ်မဆင်းပါက ပုလိပ်ကိုဖမ်းခိုင်းမည်ဟုပြောဆိုပြီး ရေမီးဖြတ်ထားခဲ့သဖြင့်
အလုပ်သမား များမှာ အခက်ကြုံခဲ့ကြရခြင်းဖြစ် သည်။