Tuesday, August 6, 2013

“လူသတ် မုဒိန်းကျင့် လူကုန်ကူးသည့် မြန်မာဂိုဏ်းအားဖမ်းမိပြီ”



           
သြဂုတ် ၃ ရက်       ခရမ်းသားလေး
       ဘန်ကောက်မြို့တောင်ဘက် ကီလိုမီတာ ၈၀၀ ကျော်အကွာ မလေးနယ်စပ်အနီး တရန်မြို့နယ်၊ ကတန်မြို့ငါးဖမ်းလှေဆိပ်တွင် ရာပေါင်းများစွာသော မြန်မာများအား ငါးဖမ်းလှေများတွင်ရောင်း စားထားပြီး၊ လူသတ်မှု၊ မုဒိန်းမှုများကိုကျူးလွန်နေသည့် မြန်မာလူ ကုန်ကူးဂိုဏ်းကြီး တစ်ခုအား ပူးပေါင်းအဖွဲ့များကလက်ရဖမ်းဆီးနိုင် ခဲ့ကြောင်း သိရှိရသည်။
            အသက် ၄၃ နှစ်အရွယ် ကိုမျိုး ဆိုသည့် ဂိုဏ်းခေါင်းဆောင် အား ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်မြို့ပြင် ရာဘာခြံတစ်ခု၌ ရှောင် တိမ်းနေစဉ်၊ ထိုင်းအစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေး အထူးထောက် လှမ်းရေးအဖွဲ့ DSI,AHTD,မရိန်း ပုလိပ်တပ်ဖွဲ့၊ ဟိုင်းဝေး ပုလိပ် တပ်ဖွဲ့၊ နိုင်ငံခြားသားလုံခြုံရေးပုလိပ်တပ်ဖွဲ့၊ စူရတ်မြို့ရဲတပ်ဖွဲ့နှင့်   ဒေသခံထောက်လှမ်းရေးတပ်ဖွဲ့ တို့ အင်အားအလုံးအရင်းဖြင့်  ပစ်ခတ်ဖမ်းဆီးခဲ့ရခြင်းဖြစ်သည်။