မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့တွင်ဖြစ်ပွားနေသော ပဋိပက္ခများကြောင့်
သေဆုံးသူ ၅ ဦးရှိပြီဟု အစိုးရက သတင်းထုတ်ပြန်ထားသော်လည်း
အမှန်တကယ်သေဆုံးသည့်အရေအတွက်မှာ ၁၀ ဦးအထက်တွင်ရှိနေကြောင်း သတင်းရရှိသည်။
မတ်လ ၂၀ ရက်နေ့က မိတ္ထီလာမြို့ပေါ်ရှိ ရွှေဆိုင်တခုတွင်ဖြစ်ပွားခဲ့သော
ရန်ပွဲမှ အစပြုကာ ဘာသာရေးနှင့်လူမျိုးရေး
အဓိကရုဏ်းပုံစံအသွင်ပြောင်းသွားပြီး အုပ်စုဖွဲ့တိုက်ခိုက်ခြင်း၊
ဘာသာရေးအဆောက်အအုံများ၊ ဈေးဆိုင်များ၊ အစိုးရုံးအချို့၊ လူနေအိမ်များကို
ကို မီးရှို့ခြင်း၊ ပစ္စည်းများလုယက်ခြင်းများ ဖြစ်ပေါ်ခဲ့ပြီး
အုပ်စုဖွဲ့တိုက်ခိုက်မှုများကြောင့် လူသေဆုံး ထိခိုက်ဒဏ်ရာရရှိမှုအရေအတွက်
များပြားကြောင်း၊ အစိုးရသတင်း ထုတ်ပြန်ချက်တွင်မူ သံဃာတော်တပါးနှင့် လူ ၎
ဦးသေဆုံး ကြောင်း သတင်းထုတ်ပြန်ထားသော်လည်း လက်ရှိအချိန်တွင်မူ
သေဆုံးမှုအရေ အတွက်သည် ဆက်လက် မြင့်တက်နေဆဲ ဖြစ်သည့်အတွက် အရေအတွက် တိတိကျကျ
မသိရှိရသေးကြောင်း သိရှိရသည်။