Tuesday, July 8, 2014

ကြားဖြတ်အစိုးရ တင်မြှောက်ကြောင်း ဆန္ဒပြကြေညာသူ ဖမ်းဆီးခံရ

 ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား ဒီမိုကရေစီ အင်အားစု တွေကို ကြားဖြတ် အစိုးရအဖြစ် ပြည်သူ က တင်မြှောက်တဲ့ အကြောင်း ရန်ကုန်မြို့တော် ခန်းမရှေ့မှာ မနေ့မနက်က ဆန္ဒပြတဲ့ MDCF- ဒီမိုကရေစီ စဉ်ဆက်မပြတ်လှုပ်ရှားမှု အင်အားစုက ရန်ကုန်တိုင်း တာဝန်ခံ ကိုနောင်နောင်ကို အင်္ဂါနေ့မနက် ၁ နာရီခွဲ လောက်မှာ အထူးစုံစမ်းရေး ရဲတပ်ဖွဲ့ ဖမ်းဆီး သွားပါတယ်။

မင်းပြားမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မီးရှို့ခံရ

 မင်းပြားမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မီးလောင်နေစဉ် (ဓါတ်ပုံ- နိရဉ္စရာ)
 ရခိုင်ပြည်နယ် မင်းပြား မြို့ပေါ် ရပ်ကွက် တစ်ခုမှ အုပ်ချုပ်ရေးမှူးရုံး ယမန်နေ့ ညဉ့်က မီးရှို့ခံခဲ့ရသည်ဟု သတင်း ရရှိသည်။

မန္တလေးမြို့ ပဋိပက္ခနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ ပြောကြားသည့် မိန့်ခွန်း


မန္တလေးမြို့ ပဋိပက္ခနှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတက အရေးပေါ်မိန့်ခွန်း တစ်ရပ်ကို ဇူလိုင်လ ၇ ရက်နေ့ ည ၈ နာရီက နိုင်ငံပိုင် ရုပ်သံနှင့် ရေဒီယိုများမှ တဆင့်ပြောကြား ခဲ့သည်။ အဆိုပါမိန့်ခွန်းတွင် ပဋိပက္ခဖြစ်စေရန် ဖန်တီးသူများကို ပြတ်ပြတ်သားသား ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားတော့မည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က သတိပေး လိုက်သည်။ သမ္မတပြောကြားသည့် မိန့်ခွန်း အပြည့်အစုံမှာ အောက်ပါ အတိုင်းဖြစ်သည်။

ပေါင်းသင်း ဆက်ဆံရေးဟာ အရေးကြီးပါတယ်


သင့်ရဲ့ ဘဝမှာ ပေါင်းသင်း ဆက်ဆံရေးဟာ အရေးပါတဲ့ ကဏ္ဍ တစ်ခု ဖြစ်ပါတယ်။
တစ်ခါတစ်လေ အပေါင်းအသင်းတွေက သင့်ကို ပြစ်တင် ကဲ့ရဲ့တာမျိုးလေးတွေ ရှိနေပေမယ့် ကောင်းမွန်တဲ့ အပေါင်း အသင်းတွေကြောင့် သင်ပျော်ရွှင်စေမှာ မလွဲပါ။ တစ်ခါတစ်လေ ဆိုးသွမ်းတဲ့ အပေါင်းအသင်းတွေ ဆီကနေ အတွေ့အကြုံကောင်းတွေ ရရှိစေပြီး ညံ့ဖျင်းတဲ့ အပေါင်းအသင်းတွေ ဆီကနေလည်း သင့်ဘဝ အတွက် သင်ခန်းစာ ကောင်းလေးတွေ ရစေမှာပါ။

ကြားဖြတ်အစိုးရတင်မြှောက်ကြောင်း သတင်းဖော်ပြခဲ့သည့် မွန်းတည့်နေဂျာနယ်ကို အစိုးရအရေးယူမည်


ရန်ကုန်-     Bi မွန်းတည့်နေဂျာနယ်တွင်ဖော်ပြခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားဒီမိုကရေစီ အင်အားစုများကို ကြားဖြတ်အစိုးရအဖြစ် ပြည်သူများက တင်မြှောက်ကြောင်း သတင်းသည်အစိုးရကို အကြည်ညိုပျက်စေပြီး နိုင်ငံတည်ငြိမ်အေးချမ်းရေးကိုထိခိုက်စေနိုင်သဖြင့် အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း အစိုးရက သတင်းထုတ်ပြန်သည်။

ဖေ့စ်ဘွတ်ခ်တွင် နာမည်ကြီးနေသည့် မတူကွဲပြားပါတီဥက္ကဋ္ဌကို စုံစမ်းစစ်ဆေးနေ

ဦးနေမျိုးဝေကိုတွေ့ရစဉ်
By  ရန်မျိုးနိုင်၊ ထွန်းခိုင်

မတူကွဲပြားခြင်းနှင့် ငြိမ်း ချမ်းရေးပါတီဥက္ကဋ္ဌဦးနေမျိုးဝေ ကို ပြည်သူအချို့၏တိုင်ကြားမှု များရှိလာသဖြင့် စုံစမ်းစစ်ဆေးမှု များပြုလုပ်ရန် စီစဉ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည် ထောင်စုရွေးကောက်ပွဲကော်မ ရှင်ဥက္ကဋ္ဌ ဦးကိုကိုက ပြောကြား သည်။
 တိုင်ကြားခံရသည့် အ ကြောင်းကိုမူ ထုတ်ဖော်ပြောကြား ခြင်းမရှိဘဲ စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ် ဖွဲ့စည်းရန် စီစဉ်နေကြောင်း ဦးကိုကိုက ပြော သည်။

PR စနစ်ကို NLD နဲ့ ပါတီတွေ ကန့်ကွက်

 လွှတ်တော် ရွေးကောက်ပွဲ စနစ် အငြင်းပွား
 အမျိုးသား လွှတ်တော်မှာ အတည်ပြု ခဲ့တဲ့ ဆန္ဒမဲ အရေ အတွက် အရ အချိုးကျ အာဏာ ခွဲဝေတဲ့ PR စနစ်ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နဲ့ တိုင်းရင်းသား ပါတီ ၆ ခုက လက်မခံဘဲ လွှတ်တော် အတွင်း အပြင် ကန့်ကွက် သွားမယ်လို့ ဇူလိုင်လ ၅ ရက် က ဆုံးဖြတ် လိုက်ပါတယ်။

ကျောင်းမနေနိုင်တဲ့ ကလေးငယ်တချို့ဟာ ရာဇ၀တ်မှုတွေကျူးလွန်နေ (ရုပ်/သံ)

 ပြည်မြို့က ကျောင်းမနေနိုင်တဲ့ ကလေးငယ် တချို့ဟာ ရာဇ၀တ်မှုတွေကို ကျူးလွန်နေကြပါတယ်။ ဒီသတင်းကို ဒေါ်ခင်ရူပါ တင်ဆက်။ ရိုက်ကူး မင်းညို DVB TV - 07.07.2014

အမျိုးသမီးတစ်ဦး မိမိကိုယ်ကို ကြိုးဆွဲချ၍ အဆုံးစီရင်

 မုံရွာ၊ ဇူလိုင် ၈

မုံရွာမြို့၏ မြောက်ဘက်ရှိ အလုံတပ်မြို့၊ ထပရ(၉၂၉) တပ်အတွင်း နေအိမ်လိုင်းခန်း အမှတ်(၄၀)တွင် ဇူလိုင် (၆)ရက်နေ့ ညနေ ၅ နာရီ ၄၅ မိနစ်အချိန်က အသက်(၁၉)နှစ်အရွယ် အမျိုးသမီး တစ်ဦးသည် မိမိကိုယ်ကို ကြိုးဆွဲချ၍ အဆုံးစီရင် သွား ခဲ့ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှ သိရ သည်။

ခြေထောက်နှစ်ဘက်အား ကြိုးချီ၍ ကျောက်ခဲ ဆွဲကာ ရေထဲ၌ ပစ်ချ ထားသော လူသေ အလောင်းတွေ့

အရာတော်၊ ဇူလိုင် ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်၊ ၀ါးတန်းကျေးရွာအုပ်စု၊ တောင်ရိုးကျေးရွာ၊ ပကား ကြီးတောတိုက်တွင် ခြေထောက်နှစ်ဘက်အား ကြိုးချီ၍ ကျောက်ခဲဆွဲကာ ရေထဲ၌ပစ်ချထားသော အမျိုး သားတစ်ယောက်၏ အလောင်းတစ်လောင်းအား တွေ့ရှိရသဖြင့် အရာတော်မြို့မရဲစခန်းက ဇူလိုင် ၄ ရက် နေ့ည ၉ နာရီ ၅၅ မိနစ်အချိန်တွင် အမှုဖွင့်အရေးယူခဲ့ရသည်ဟု မုံရွာခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ချင်းစိန်မှ ပြောပြသည်။

Monday, July 7, 2014

ညမထွက်ရအမိန့်ကြောင့် တက္ကစီမောင်သူများ အခက်ကြုံ

mandalay taxi
ကာဖျူးအမိန့်ကြောင့် မန္တလေးက အဝေးပြေးယာဉ်လိုင်းနဲ့ ရထားခရီးစဉ်တွေ ယာယီ အချိန်ပြောင်းလဲရပေမယ့် မှီခိုလုပ်ကိုင်စားသောက်နေသူတွေအတွက် စားဝတ်နေရေး အခက်အခဲတွေနဲ့ တွေ့ကြုံနေရပါတယ်။

ကမ္ဘာ့ဖလားကို အရမ်းလိုချင်နေပြီဟု ဂျာမနီ တိုက်စစ်မှူး ပိုလ်ဒေါစကီး ပြော

6889-lukas-podoslki-arsenal

ဂျာမနီရှေ့တန်းကစားသမား လူးကပ်စ်ပိုလ်ဒေါစကီးဟာ အင်္ဂါနေ့မှာ ကစားရမယ့် ဆီမီးဖိုင်နယ် ပွဲစဉ်မှာ သူတို့ရဲ့ပြိုင်ဘက် ဘရာဇီးအသင်းပေါ်မှာပဲ ဖိအားတွေရှိနေလိမ့်မယ်လို့ ယုံကြည်နေ ပါတယ်။

သတင်းထောက်နှင့် သတင်းဌာနများကို ခြိမ်းခြောက်မှုများရှိနေ

By  ထွန်းခိုင်

မန္တလေးပဋိပက္ခတွင် သတင်းထောက်များကို ပစ်မှတ် ထားခြိမ်းခြောက်မှုများ ရှိနေပြီး ယင်း ခြိမ်းခြောက်မှုများအား အရေးယူဆောင်ရွက်ပေးရန် စာ နယ်ဇင်းအဖွဲ့အစည်းများမှ တစ် ဆင့် အစိုးရထံတောင်းဆိုသွား မည်ဖြစ်ကြောင်း ရန်ကုန် အခြေစိုက် သတင်းဌာနများက ပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်းက စတင် ဖြစ်ပွားခဲ့သည့် မန္တလေးပဋိပက္ခ များအတွင်း အခင်းဖြစ်ပွားရာ နေရာများသို့ သွားရောက် သတင်းရယူနေသော သတင်းထောက် များအား ဓာတ်ပုံရိုက်ကူးကာ ယင်းသတင်းထောက်များအား တိုက်ခိုက်မှုများ ပြုလုပ်ရန် လှုံ့ဆော်ခြင်းနှင့် သတင်းဌာနများအားနည်းမျိုးစုံဖြင့် ခြိမ်းခြောက်ခြင်းများစွာ ဖြစ်ပွားလျက်ရှိသည်။

ဒူဘိုင်းမြို့တော်တွင် ကမ္ဘာ့အကြီးဆုံး ဈေးဝယ်စင်တာ တည်ဆောက်မည်

ဒူဘိုင်းစော်ဘွားရုံးကထုတ်ပြန်ခဲ့သည့်ပုံတွင် ၎င်းတို့တည်ဆောက်မည့် Mall of the World မြို့ပုံစံငယ်ကို တွေ့ရစဉ် (REUTERS)
ယူအေအီးနိုင်ငံ ဒူဘိုင်း ပြည်နယ် စော်ဘွား ရှိတ်မိုဟာ မက် ဘင်ရာရှစ် အယ်လ်မက် တောင်မ်သည် ၎င်း၏ ပြည်နယ် တွင် ကမ္ဘာ့အကြီးဆုံး ဈေးဝယ်စင် တာကြီးတစ်ခုပါဝင်သည့် ကမ္ဘာ့ အကြီးဆုံး အပူချိန်ထိန်းချုပ်ထား သော မြို့တော်ကို တည်ဆောက် သွားမည်ဖြစ်ကြောင်း ကြေညာ လိုက်သည်။

မန္တလေးပဋိပက္ခ ၀ိုင်းဝန်းတားဆီးပေးရန် စာပေအနုပညာရှင်များ ပန်ကြားလွှာထုတ်

မန္တလေးမြို့လယ်တစ်နေရာကို ဇူလိုင် ၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ −မောင်တာ)

By အေးမွန်ရာပြည့်


မန္တလေးမြို့တွင်ဖြစ်ပွား နေသည့် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများကို မြို့သူမြို့သား များ၊ ဒေသခံအာဏာပိုင်အဖွဲ့အ စည်းများနှင့် ရဟန်းသံဃာတော် များ ၀ိုင်းဝန်းထိန်းသိမ်းပေးကြ ရန်မြို့ခံ စာပေအနုပညာရှင်များက မေတ္တာရပ်ခံ ပန်ကြားလွှာတစ် စောင်ထုတ်ပြန်ခဲ့ကြောင်းသတင်း ရရှိသည်။

ကျပ် ၁,၅၀၀ တန်ဆင်းမ်ကတ် အင်တာနက်မက်ဆေ့ခ်ျဖြင့် စတင်လျှောက်ထားနိုင်


MEC Tel အမှတ်တံဆိပ် ကျပ် ၁,၅၀၀ တန် CDMA 800မိုဘိုင်းဖုန်းများကို ဆက်သွယ်ရေးရုံးသို့ သွားစရာမလိုဘဲ မိမိ၏ဖုန်းမှတစ်ဆင့် အင်တာနက်အသုံးပြုနိုင်ရန် လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

အရက်နာကျခြင်းနှင့်ပတ်သက်၍ သိထားရမည့် အချက်အလက်များ

အရက်ကို ခန္ဓာကိုယ်က လက်ခံနိုင်သော ပမာဏထက်လွန်ကဲစွာသောက်သုံးပြီး နောက်နေ့နံနက်တွင် ခေါင်းကိုက်ခြင်းနှင့် မူးဝေအော့အန်ခြင်းတို့ခံစားရသည့် အရက်နာကျခြင်းနှင့်ပတ်သက်၍ သိထားရမည့်အချက်အလက်များကို ဖော်ပြပေးလိုက်ပါသည်။

“မြန်မာသံရုံးနှင့်MAT ပူးပေါင်းဆောင်ရွက်မှုကြောင့် အလုပ်သမား၉ဦး လုပ်အားခရ”

မြတ်ညို (အလွတ်သတင်းထောက်)
၂၀၁၄ ဇွန်လ ၅

        ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီတွင်ရှိသော သစ်သားစက်ရုံမှ အလုပ်သမားများ လုပ်အားခ အပြည့်အစုံမရသဖြင့် ဆန္ဒပြတောင်းဆို သည့်အလုပ်သမားများအား အလုပ်ရုံမှ မောင်းထုတ်ရာ မြန်မာသံရုံးနှင့် MATအဖွဲ့တို့ ပူးပေါင်းကူညီပေးခဲ့သဖြင့် ပြေလည်သွားပြီးဖြစ်ကြောင်း သိရှိရသည်။

မြန်မာ-ဘင်္ဂလာနယ်စပ် နတ်မြစ်တွင် စိတ်ကြွဆေးပြား တစ်သိန်းခုသောင်း ဖမ်းမိ

တန်ဖိုးငွေ တာကာ ၅ ကုဋေ နှင့် ၁ သန်းဖိုးရှိ ယာဘားဆေးပြား ၁၇၀၀၀၀၀ ကို ဘင်္ဂလား-မြန်မာနယ်စပ် နတ်မြစ်အတွင်း ဇူလိုင်လ ၆ ရက် ယမန်နေ့ နေ့လည်ပိုင်းက ဘင်္ဂလာနယ်ခြားစောင့်တပ် တပ်ဖွဲ့တခုမှ ဖမ်းမိသည်။

အကြမ်းဖက် ဓါတ်ပုံကိစ္စ သစ်ထူးလွင် ငြင်းဆို

 မန္တလေးမှာပြီးခဲ့တဲ့ ဇူလိုင်လ ၂ရက်နေ့က ဖြစ်ပွားခဲ့တဲ့ လူစုလူဝေးနဲ့ အကြမ်းဖက်တိုက်ခိုက်မူတွေဟာ အင်တာနက်မှာ သစ်ထူးလွင်ဘလော့စာမျက်နှာက ဖေါ်ပြခဲ့တဲ့ ဓါတ်ပုံကြောင့် ဖြစ်ပွားရတယ်ဆိုတဲ့ စွပ်စွဲချက်တွေ နဲ့ပတ်သက်ပြီး ဒီဓါတ်ပုံတွေကို မိမိဘလော့မှာ တင်ထားခြင်းမရှိကြောင်း ဘလော့ တာဝန်ခံ ကိုသစ်ထူးလွင်က ငြင်းဆို ပါတယ်။

ရှမ်းပြည်နယ်တွင် နှစ်ဝက်အတွင်း ယာဉ်တိုက်မှု ၂၆၆ မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁၄၂ ဦးထိရှိ

လားရှိုး၊ ဇူလိုင် ၆

ရှမ်းပြည်နယ် မြောက်ပိုင်း မန္တလေး- မူဆယ် ပြည်ထောင်စု လမ်းပိုင်းတွင် ယခုနှစ် ပထမနှစ်ဝက်အတွင်း ယာဉ်မတော်တဆမှု ၂၆၆ မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁၄၂ ဦး၊ ဒဏ်ရာရရှိသူ ၃၇၂ ဦးရှိခဲ့ရာ သေဆုံးမှု ပိုမို များပြား လာခဲ့ကြောင်း လားရှိုး ယာဉ်ထိန်းရုံး မှတ်တမ်းများအရ သိရသည်။

၂၂ ဘီးကုန်တင်ယာဉ်က ရှေ့မှ မောင်းနှင်နေသော ဆိုင်ကယ်ကို တိုက်မိ၍ ဆိုင်ကယ်မောင်းသူ ပွဲချင်းပြီးသေဆုံး

ဖြူး ဇူလိုင် ၆

ပဲခူးတိုင်း ဒေသကြီး ဖြူးမြို့နယ် ညောင်ပင်သာ ရဲစခန်း အပိုင်နယ်မြေ ရန်ကုန်-မန္တလေး ပုံမှန်လမ်း တွင် မြောက်မှ တောင်သို့ မောင်းနှင်လာသော ဆိုင်ကယ်ကို မြောက်မှတောင် သို့ ယာဉ်မောင်း ကိုကျော်ဦး မောင်းနှင်သော ၂၂ ဘီးနောက်တွဲယာဉ်က တိုက်မိသဖြင့် ဆိုင်ကယ် မောင်းသူ ပွဲချင်းပြီးသေဆုံးမှု ဖြစ်ပွား ခဲ့သည်။

RFA နှင့် သစ်ထူးလွင် အင်တာဗျူး

RFA ရဲ့ ဇူလိုင် ၇ ရက် မနက်ပိုင်း အစီအစဉ်များကို နားဆင်နိုင်ပါပြီ။ ဒီအစီအစဉ်မှာ RFA နှင့် သစ်ထူးလွင် အင်တာဗျူး ကိုလည်း နားဆင်နိုင်ပါတယ်။ သစ်ထူးလွင် နာမည် အသုံးချထားတဲ့ အင်တာနက် ဓါတ်ပုံကိစ္စ ၊ သတင်းကူးယူမှု ကိစ္စတွေကို သစ်ထူးလွင် နဲ့ RFA အင်တာဗျူး အစီအစဉ်မှာ နားဆင်နိုင်ပါတယ်။

အိပ်နေသော မိန်းကလေးများကို ဓားဖြင့် ထိုးထွက်ပြေး

စစ်ကိုင် ဇူလိုင် ၆
စစ်ကိုင်းမြို့နယ် ခိုတောင်ကျေးရွာနေ ဦးအောင်ဝင်း(ဈေးရောင်း)သည်ဇူလိုင် ၃ရက် ညသန်းခေါင် ကျော် တစ်နာရီခန့်တွင် နေအိမ်အောက်ထပ်တွင်ဇနီးဖြစ်သူ မကြည်မြင့်နှင့် သားဖြစ်သူ မောင်ချမ်းသာ၊ နေအိမ် အပေါ်ထပ်တွင်သမီးဖြစ်သူ မနီနီအောင်၊ မသန်းသန်းစိုးတို့ အိပ်နေကြစဉ် အပေါ်ထပ်မှ ဝုန်းဝုန်းဟု အသံကြား ရသဖြင့် လန့်နိုးပြီး သားဖြစ်သူ မောင်ချမ်းသာက အိမ်ပေါ်သို့ တက်သွားပြီး အဖေလူ

NLD ဗဟို လူငယ်လုပ်ငန်း အဖွဲ့ ဖွဲ့စည်း

 တိုင်းနဲ့ ပြည်နယ်က လူငယ် ကိုယ်စားလှယ် ၁၅ ဦးကို ဗဟို လူငယ် လုပ်ငန်း အဖွဲ့မှာ တာဝန်ပေး
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ကနေ အနာဂတ် မျိုးဆက်သစ် ခေါင်းဆောင်တွေ ဖော်ထုတ် လေ့ကျင့် ပေးသွားဖို့ ဆိုပြီး ရည်ရွယ်ချက်နဲ့ လုပ်တဲ့ ပထမ အကြိမ် နိုင်ငံလုံး ဆိုင်ရာ လူငယ် ညီလာခံ ပြီးဆုံးသွား ပါပြီ။

မြန်မာ ဆင်ရိုင်းတွေ ခိုးထုတ်ခံနေရ

ထိုင်း နိုင်ငံက ဆင် စခန်း
 မြန်မာပြည်က အာရှ ဆင်ရိုင်းတွေကို ဆင် မှောင်ခို ကူးသူ တွေက ညှဉ်းပန်း နှိပ်စက် ဖမ်းဆီး ပြီး အိမ်နီးချင်း ထိုင်း နိုင်ငံ က ကမ္ဘာလှည့် ခရီးသွား တွေ အလာ များတဲ့ ဆင် စခန်း တွေကို ရောင်းစား နေတာတွေ ရှိတယ် လို့ တောရိုင်း တိရိစ္ဆာန် ကာကွယ် စောင့်ရှောက် သူများ က ပြောဆို သတိပေး လိုက်ပါတယ်။

အသိမ်းခံ လယ်မြေ ထွန်ယက်သူများ ကျူးကျော်မှုဖြင့် တရားစွဲခံရ

 ကယားပြည်နယ် ဖရူဆိုမြို့နယ် ဆိုလျားကူးကျေးရွာမှာ စစ်တပ်က သိမ်းထားတဲ့ လယ်ယာမြေတွေမှာ ၀င်ရောက်ထွန်ယက်ခဲ့တဲ့ တောင်သူတွေထဲက တောင်သူ ၁၉၀ ဦးကို အမှတ် ၅၃၁ ခြေမြန်တပ်ရင်းမှူးက ပိုင်နက်ကျူးလွန်မှုနဲ့ အမှုဖွင့်ထားတယ်လို့ တောင်သူတွေက ပြောပါတယ်။