Saturday, November 10, 2012

ကိုရီးယားသီချင်းကြိုက်သူများအတွက် PSY GANGNAM STYLE 강남스타일 M V YouTube

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လွှတ်တော်ကိုယ်စားလှယ်များအား တရားဝင်ပယ်ဖျက်စစ်ဆေးပေးရန် မူလမဲဆန္နရှင် ၁ %ကျော်မှတိုင်ကြားခြင်း


ရခိုင်ပြည်နယ်တွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်(ခေါ်) ဦးအဒူရာဇတ်၊ ဦးအဘူဘာဟဲရ် ၊ဲံဦးအောင်လှ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အူအာလိန်ဟူဆိန်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသော ဦးဘော်ရှီးအာမတ်၊ ဦးအောင်မြင့်(ခေါ်) ဇာဟီးဒူလာ၊ ဒေါက်တာဘော်ရှီးအာမတ်၊တို့သည် ဥပဒေနှင့်မညီညွတ်ပဲဝင်ရောက် အရွေးချယ်ခံသော လွှတ်တော်ကိုယ်စားလှယ်များဖြစ်ခြင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံေ

303 အိုဘားမား

 
အမေရိကန်ပြည်ထောင်စုရဲ့   (၅၇)ကြိမ်မြောက် သမ္မတရွေး ကောက်ပွဲကို ၂၀၁၂ခုနှစ် နိုဝင် ဘာလရဲ့ပထမဆုံး တနင်္လာနေ့နဲ့   ကပ်လျက်ရှိတဲ့ အင်္ဂါနေ့(၆.၁၁. ၂၀၁၂)ရက်မှာ အမေရိကန်ပြည် ထောင်စု တစ်ဝန်းအောင်မြင်စွာ  ကျင်းပခဲ့ကြပြီးဖြစ်ရာ၊လက်ရှိသမ္မ တ အိုဘားများဟာ  ဒုတိယသက် တမ်းအဖြစ်ရွေးချယ်ခံခဲ့ရပြီဖြစ်ပါ တယ်။ ဒါကြောင့် သူဟာ ဒုတိယ  သက်တမ်းအဖြစ် ၂၀၁၂မှ၂၀၁၅ ထိ ဆက်လက်တာဝန်ထမ်းဆောင်  ရမယ်ဖြစ်ပါတယ်။

ကဲ...ဘယ်လောက်ရင်နာစရာကောင်းတဲ့ အဖြစ်လဲ


ပြည်ထောင်စု မြန်မာနိုင်ငံတွင် နေထိုင်ကြသော တိုင်းရင်းသား ညီအစ်ကို မောင်နှမ များခင်ဗျာ .....

ရခိုင်ပြည်ထဲတွင်ရှိတော့ မြစ်ကြီးလေးစင်းအနက် .. မယူမြစ် ရဲ အနောက်ဖက်ကမ်း တွင် မယူတောင်တန်းကြီး ရှိပါတယ် ....
ခု အဲဒီတောင်တန်းကြီးရဲ တောင်ခြေ (အရှေ့/အနောက်) တွင် တည်ရှိသော ရွာများမှ ရွာသားများသည် .. ယခုအခါ လုံခြုံမှုမရှိတော့သောကြောင့် .. မိမိ၏ နေရပ် ရွာများကို စွန့်ခွာပြီး မယူမြစ်ရဲ့ အရှေဖက်ခြမ်းနှင့် ရသေတောင်မြို့များသို့
ရွာလုံးကျွတ် ရွေ့ပြောင်းသွာြး
ကပြီဟု ကြားသိရပါသည် ...
ထို့ကြောင့် ယခုအခါ ၄င်းရွာများမှာ လူသူမရှိပဲ တိတ်ဆိတ်စွာကျန်နေခဲ့ပါပြီ ....
၎င်းရွာများမှာ ....

Friday, November 9, 2012

ရောင်းအားကျသွားသည့် ပဲခူးမြို့က ဆိုင်ကယ်ဈေးကွက်

Photo: ရောင်းအားကျသွားသည့် ပဲခူးမြို့က ဆိုင်ကယ်ဈေးကွက်

ပြည်ပနိုင်ငံများမှ တရားမ၀င် ၀င်ရောက်လာသော ဆိုင်ကယ်များကို နိုင်ငံတော်က အခွန်ကောက်ခံ၍ တရားဝင်လိုင်စင်ပြုလုပ်ပေးသည့်ကာလသည် နိုဝင်ဘာလ(၄)ရက်နေ့တွင် ရပ်ဆိုင်းသွားသည့်အတွက် ယခင်  ရောင်းဝယ်ဖောက်ကားမှုများဖြင့် စည်ကားလျှက်ရှိသော ပဲခူးမြို့၊ သနပ်ပင်လမ်းမပေါ်ရှိ ဆိုင်ကယ်အရောင်းဆိုင် ခန်းများ၏ အခြေအနေမှာ ရောင်းအားသိသိသာသာကျဆင်းသွားကြောင်း သိရှိရသည်။

လိုင်စင်ပြုလုပ်ပေးသည့်ရက်ကုန်ဆုံးသွားသည့်နောက်ပိုင်းတွင် ဆိုင်ကယ်ဈေးများကျဆင်းသွားပြီး အရောင်းအ ၀ယ်မှာ မဖြစ်သလောက်အခြေအနေသို့ရောက်ရှိကာ ဈေးနှုန်းများမှာလည်း ယခင်ကထက်ကျဆင်းသွားသည့်အ တွက် ဆိုင်ကယ်ဝယ်ရောင်းပြုလုပ်နေသူများမှာ ဈေးကွက်ပျောက်ပြီး အရှုံးနှင့်သာရင်ဆိုင်ကြုံတွေ့နေရပါသည်။ ၀ယ်လက်များမှာ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့ဘက်မှ လာရောက် ၀ယ်ယူလေ့ရှိသော်လည်း ယခုအခါ လိုင်စင်မဲ့ဘီးများကို ဖမ်းဆီးတော့မည်ဟူသော စိုးရိမ်စိတ်ဖြင့် ၀ယ်ယူသူနည်းပါးကာ ဆိုင်မဖွင့်သူအချို့လည်းရှိနေကြကြောင်း သိရသည်။

“ ဒီအချိန်ဆို ဆိုင်ကယ်တွေ အရောင်းအ၀ယ်ကောင်းတဲ့အချိန်ပေါ့။ မိုးစပါးပေါ်တဲ့အချိန်၊ ပဲပေါ်တဲ့ချိန်တွေဆို တောင်သူလယ်သမားတွေငွေရွင်တော့ အရောင်းအ၀ယ်တော်တော်ဖြစ်တယ်။ လိုင်စင်မဲ့ဆိုင်ကယ်တွေ ဖမ်းတော့မည်ဟု အသံတွေထွက်ပေါ်နေတာကြောင့် အရောင်းအ၀ယ်ထိုင်းသွားတယ်။ ယခင်ကလောက် မရောင်းရတော့ဘူး။ ဆိုင်ကယ်ဝယ်ရောင်းတချို့လည်း ဆိုင်တွေပိတ်ထားရသည်”ဟု ၀ါရင့်ဆိုင်ကယ်ဝယ်ရောင်းတစ်ဦးမှ ပြောကြားပါသည်။

ထို့သို့ ဆိုင်ကယ်ဈေးကွက် အရောင်းကျသွားသော်လည်း တရုတ်ပြည်ဘက်မှ ကားအစီးလိုက်သေတ္တာရိုက်၍ တင်သွင်းလာသူ အချို့ကမူ အခြေအနေကိုစောင့်ကြည့်ရင်း ဆိုင်းခင်းရောင်းချလျှက်ရှိနေကြောင်း သိရှိရသည်။

ကိုရှင်
ပြည်ပနိုင်ငံများမှ တရားမ၀င် ၀င်ရောက်လာသော ဆိုင်ကယ်များကို နိုင်ငံတော်က အခွန်ကောက်ခံ၍ တရားဝင်လိုင်စင်ပြုလုပ်ပေးသည့်ကာလသည် နိုဝင်ဘာလ(၄)ရက်နေ့တွင် ရပ်ဆိုင်းသွားသည့်အတွက် ယခင် ရောင်းဝယ်ဖောက်ကား
မှုများဖြင့် စည်ကားလျှက်ရှိသော ပဲခူးမြို့၊ သနပ်ပင်လမ်းမပေါ်ရှိ ဆိုင်ကယ်အရောင်းဆိုင် ခန်းများ၏ အခြေအနေမှာ ရောင်းအားသိသိသာသာကျဆင်းသွားကြောင်း သိရှိရသည်။

ပဲခူးမြို့ shinsun အထည်ချုပ်စက်ရုံအလုပ်သမားများ ဆန္ဒပြ

ရွေးကောက်ပွဲမှာ ရှုံးနိမ့်သွားတဲ့ မစ်ဒ် ရွမ်နီ၏ရွေးကောက်ပွဲအဖြေကို လက်ခံ အသိအမှတ်ပြု မိန့်ခွန်း

ကျွန်တော်အခုပဲ သမ္မတ အိုဘားမားကို ဖုံးခေါ်ပြီး သူရဲ့ အောင်မြင်မှုအတ
ွက် ဂုဏ်ပြုလိုက်ပါတယ်။ သူ့ကိုထောက်ခံကြသူတွေနဲ့သူ့ရဲ့ မဲဆွယ်အဖွဲ့တွေကိုလည်း ဂုဏ်ပြုထိုက်ပါတယ်။ သူတို့အားလုံးကို ကျွန်တော် နှုတ်ဆက်ပါတယ်။ အထူးသဖြင့်ကတော့ သမ္မတ၊ ဇနီးနဲ့ သမီးတွေကိုပါ။

ဒီအချိန်ဟာ အမေရိကန်နိုင်ငံအတွက် စိန်ခေါ်မှု ကြီးနဲ့ ရင်ဆိုင်နေရတဲ့ အချိန်ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံကို ဦးဆောင်ရာမှာ သမ္မတ အောင်မြင်မှုရပါစေလို့ ကျွန်တော် ဆုတောင်းပါတယ်။

ကျွန်တော်တို့ရဲ့ မဲဆွယ်ပွဲနဲ့ နိုင်ငံအတွက် လုပ်ဆောင်ပေးခဲ့တဲ့ ပေါရိုင်ယန်ကိုကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။ ကျွန်တော်ဇနီး အန်းကလွဲရင်ပေါဟာ ကျွန်တော့်ရဲ့ အကောင်းဆုံးရွေးချယ်မှု ဖြစ်ပါတယ်။ သူ့ရဲ့ အသိပညာ၊ သူ့ရဲ့ ကြိုးပန်းအားထုတ်မှုနဲ့ သူယုံကြည်ရာကို ဆုံးဖြတ်ချက် ချမှတ်လုပ်ဆောင်သူ တဦး အနေနဲ့ ကျွန်တော်တို့ နိုင်ငံအတွက် ဆက်ပြီး အကျိုးပြုသွားမယ်ဆိုတာ ကျွန်တော် ယုံကြည်ပါတယ်။

Thursday, November 8, 2012

ပဲခူးမြို့ shinsung အထည်ချုပ်စက်ရုံက အလုပ်သမားများ လုပ်အားခလစာတိုးမြင့်ပေးရေးဆန္ဒထုတ်ဖော်



ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ပဲခူးသက္ကသိုလ်အနီး ယန်စီကျန် အထည်ချုပ်စက်ရုံဝန်းအတွင်း  shinsung စက်ရုံမှ လုပ်သမား ၂၀၀၀ ဦးသည်  အခြေခံလုပ်အားခလစာတိုးမြင့်ပေးရေးကို နိုဝင်ဘာ ၅   ရက်နေ့မှ ၈ရက်နေ့အထိ  ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်ခဲ့ကြကြောင်း သိရှိရ သည်။