Saturday, June 7, 2014

စည်းကမ်းမဲ့ ယာဉ်များကို တိုင်ကြားနိုင်မည့် ရန်ကုန်တိုင်းယာဉ်ထိန်းရဲတပ်ဖွဲ့ရုံး ဖေ့ဘုတ်စာမျက်နှာဖွင့်ထား


ရန်ကုန်၊ မဇ္ဈိမ။             ။ စည်းကမ်းမဲ့ ယာဉ်များနှင့်ပတ်သက်ပြီး အကြံပြုချက်များ၊ တိုင်းကြားမှုများကို ပြုလုပ်နိုင်မည့် ဖေ့စ်ဘုတ်စာမျက်နှာတစ်ခုကို ရန်ကုန်တိုင်းယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးက စတင်ဖွင့်လှစ်ထားပြီဟု ရဲမှူးဦးလင်းထွဋ်က ပြောသည်။

အန်အယ်လ်ဒီ ပထမအကြိမ် ဗဟိုကော်မတီ အစည်းအဝေး ကျင်းပ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ပထမအကြိမ် ဗဟိုကော်မတီ အစည်းအဝေးကို ရန်ကုန်မြို့ ဒို့ရိုးရာ စားသောက်ဆိုင်မှာ ဇွန်လ ၇ ရက် နံနက် ၉ နာရီမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

လူမှုကွန်ရက်ကို အသုံးပြုပြီး ပြည့်တန်ဆာ ဈေးကွက်ရှာဖွေမှု အွန်လိုင်းပေါ်မှာကျယ်ပြန့်လာ

 လူမှုကွန်ရက် စာမျက်နှာများကို အသုံးချပြီး အွန်လိုင်းပေါ်တွင် ပြည့်တန် ဆာဈေးကွက် ရှာဖွေမှုကို ကျယ်ကျယ် ပြန့်ပြန့်လုပ်ဆောင်လာသည်ကို တွေ့ရသည်။ Facebook စာမျက်နှာများပေါ် တွင် လိင်ဝန်ဆောင်မှု၊ လိင် ဖျော်ဖြေရေး ဆိုသောခေါင်းစဉ်များ အောက်မှနေပြီး လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ဈေးကွက်ရှာဖွေမှုများလုပ်ဆောင်နေကြောင်း ရန်ကုန်အခြေစိုက် ဘလော့်ဂါတစ်ဦး ဖြစ်သော ကိုမောင်မျိုးက News Watch ဂျာနယ်သို့ ပြောသည်။

ပုလောမြို့နယ် ရေချိုကျေးရွာ အမကတွင် ဆွံ့အ နားမကြားသူတစ်ဦး ၀င်ရောက်နှောင်ယှက်မှုဖြစ်ပွား

ပုလော ဇွန် ၇

ပုလောမြို့နယ် ရှပ်ပုံကျေးရွာအုပ်စု ရေချိုကျေးရွာ အမကတွင် ဇွန်လ(၆)ရက် နံနက်(၁၀)နာရီခန့်က ဆွံ့အ နားမကြားသူ တစ်ဦးမှ ဓါးမတစ်ချောင်းကိုင်ဆောင် ၍ ကျောင်းတံခါးမှန်များခုတ်ခွဲဝင်ရောက်ပြီး ဆရာ/မနှင့် ကျောင်းသား/သူများ အား နှောင့်ယှက်ခြင်းများကြောင့် ဆရာ/မနှင့် ကျောင်းသား/သူများ ကျောင်း အတွင်းမှ ထွက်ပြေးခဲ့ရကြောင်း သိရှိရသည်။

“မြန်မာလူကုန်ကူးဂိုဏ်ကြီးတစ်ဂိုဏ်းအားနှိမ်နင်း”

၂၀၁၄ ဇွန်လ ၇ ရက် ၊မင်းဘခက်
    မြန်မာလူကုန်ကူးမှုဂိုဏ်း ကြီးတစ်ဂိုဏ်းအား ထိုင်းနိုင် ငံ ဘန်ကောက်၊ မဟာချို င်   နှင့်မဲခေါင်ငါးဖမ်း လှေဆိပ် တို့တွင်ထိုင်းအစိုးရလူကုန်  ကူးမှုအထူးရဲတပ်ဖွဲ့ AHTD, MAT အဖွဲ့နှင့် FED အဖွဲ့တို့ က ယမန် နေ့က နှိမ်နင်း လိုက်ကြောင်းသိရှိရသည်။
             ဇွန်လ၄ ရက်နေ့က ပဲခူးတိုင်း ဒိုက်ဦးမြို့နယ် ပနိုကျေးရွာမှ  အသက် ၁၈ နှစ်အရွယ် ကိုပိုင်ဆိုသူသည် ပွဲစားများ အခန်းပိတ်လှောင်ထားစဉ် ခေါင်မိုး    အောက်မှ ထွက်ပြေးလွတ်မြောက်လာခဲ့သည်။   ငါးဖမ်း လှေပေါ်သို့ ရောင်းစားခံလိုက်ရသည့် တရွာတည်းသား သက်ကိုလွင်   နှင့် ဝေအောင် တို့ လွတ်မြောက်ရေးအတွက် ဘန်ကောက်မြို့အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT သို့ဆက်သွယ် အကူညီေ တာင်းခံလာခဲ့သည်။

ပြည်ပဧည့်များဘာသာရေးကို မထီမဲ့မြင်ပြုပါက ၎င်းတို့နိုင်ငံသံရုံးသို့ စာပို့ကန့်ကွက်မည်

 ပြည်ပဧည့်များ မြန်မာနိုင်ငံ၏ ဘာသာရေးကို မထီမဲ့မြင် ပြုမှုမျိုးရှိပါက သက်ဆိုင်ရာနိုင်ငံသံရုံးများသို့ စာပို့ကန့်ကွက်မည်ဟု သာသနာရေး ဝန်ကြီးဌာနမှ သိရသည်။ ယခုလ အတွင်း အမေရိကန်အခြေစိုက် W magazine ဖေ့စ်ဘုတ် စာမျက်နှာတွင် ဖော်ပြခဲ့သော ဖက်ရှင်ဓာတ်ပုံများ သည် မြန်မာနိုင်ငံ ၏ ဘာသာရေး အထွတ်အမြတ်များကို မထီ မဲ့မြင်ပြုသကဲ့သို့ ဖြစ်နေသောကြောင့် အဆိုပါကိစ္စနှင့် ပတ်သက်၍ အရေးယူနိုင်ခြင်း ရှိမရှိကိုမေးမြန်းရာ ၎င်းက အထက်ပါအတိုင်း ပြော ကြားခဲ့ခြင်းဖြစ်သည်။

အသက်မပြည့်သေးသည့် မိန်းကလေးငယ်အား အမျိုးသား ငါးဦးက အဓမ္မပြုကျင့်ခဲ့ပြီး အဓိက တရားခံတိမ်းရှောင်နေ

 မိုးညိုမြို့နယ်၊ သာယာဝတီတိုက်နယ် ထိန်တော၊ အင်္ဂါရပ်ကွက်အတွင်းနေ အသက် ၁၂ နှစ်မပြည့်သေးသည့် မိန်းကလေးငယ်တစ်ဦးအား တစ်ရပ်ကွက်တည်းနေ လှိုင်ကြည်စိုး၊ ကိုပြူးကျယ်၊ မင်းဇော်ထွန်း၊ ဖိုး ခက်၊ ကရင်တို့ ငါးဦးက ၂၀၁၃ ခုနှစ်အတွင်း အလိုမတူဘဲ အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့မှုကြောင့် အဒေါ် ဖြစ်သည့် မ၀င်းဝင်းအေးက ထိန်တောရဲစခန်းတွင် ပုဒ်မ ၃၇၆ ဖြင့် တိုင်ချက်ဖွင့် ခဲ့သော်လည်း တရားခံ လေးဦးးကိုသာ ဖမ်းဆီးရမိပြီး အဓိကတရားခံဖြစ်သည့် လှိုင်ကြည်စိုးက ထွက်ပြေးတိမ်းရှောင် လျက်ရှိ ကြောင်းလည်း သိရသည်။

၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင် ရေးဆွဲရန် ကယန်းပြည်သစ် တောင်းဆို

ကယန်းပြည်သစ် တပ်မတော် (KNLA) , ကယန်းပြည်သစ်ပါတီ (KNLP) ,၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ, ရွှေရတု, ဖက်ဒရယ် ပြည်ထောင်စု, စစ်အာဏာရှင် စနစ်
ကယန်း အမျိုးသား လက်နက်ကိုင် တော်လှန်ရေး နှစ် (၅၀) ပြည့် ရွှေရတု အခမ်းအနားတွင် တွေ့ရသော ကယန်း တပ်ဖွဲ့ဝင် ၂ ဦး(ဓာတ်ပုံ- စိုင်းဇော် / ဧရာဝတီ)
ကယန်းပြည်သစ် တပ်မတော် (KNLA) က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရှိနေသရွေ့ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ စနစ်နှင့် ဖက် ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်မည် မဟုတ်သဖြင့် ပြင်ဆင် (သို့) အသစ် ရေးဆွဲရန် တိုက်တွန်းကြောင်း သိရသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံရေးနယ်ပယ်သို့ ကူးမည် မဟုတ်ဟုဆို

နေပြည်တော်၊ ဇွန် ၆

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ရာထူးမှ နိုင်ငံရေးနယ်ပယ်သို့ ကူးပြောင်းမည် မဟုတ်ဘဲ လက်ရှိ ရာထူးနှင့် အလုပ်ကိုသာ ဆက်လက် လုပ်ကိုင်မည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် တပ်မတော်သား ကိုယ်စားလှယ်များ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဝေလင်းက ပြောကြားသည်။

ပြင်ဦးလွင်၌ စစ်တပ်သိမ်း လယ်မြေပေါ် ထွန်တုံးတိုက်ပွဲ ဆင်နွှဲ

 ပြင်ဦးလွင်, ထွန်တုံးတိုက်ပွဲ, ထောက်ပို့တပ်, လယ်ယာမြေ , ဂရိတ်ဝေါ ကုမ္ပဏီ
ပြင်ဦးလွင်ခရိုင် စဥ့်ကူးမြို့ ညောင်ဝန်း ကျေးရွာ၌ ယနေ့ ထွန်တုံး တိုက်ပွဲ ဆင်နွှဲနေသော လယ်သမားများ (ဓာတ်ပုံ – ဟန်ဝင်းအောင် ဖေ့စ်ဘုတ်)
မန္တလေးတိုင်း ပြင်ဦးလွင်ခရိုင် စဥ့်ကူးမြို့ ညောင်ဝန်း ကျေးရွာရှိ စစ်တပ်က သိမ်းယူထားသော လယ်ယာမြေများကို ဒေသခံ လယ် သမားများက ပြန်လည် လက်ရောက်ရယူသည့် ထွန်တုံးတိုက်ပွဲကို ဇွန် ၆ ရက်နေ့ မနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

အလဲဗင်း တရားစွဲခံရမယ်လို့ ပြန်ကြားရေးဆို

 မြန်မာနိုင်ငံက သတင်းဂျာနယ် ပုံနှိပ်လုပ်ငန်း
 အစိုးရ ပြန်ကြားရေး ဝန်ကြီးဌာန ကနေ၊ နိုင်ငံခြား ပုံနှိပ်စက် တွေ ဝယ်ယူခဲ့ရာ မှာ၊ ဈေးအဆမတန် ပိုတင်ပြီး၊ စာရင်းပြခဲ့တယ် ဆိုတဲ့ ဂျွန်လ ၂ ရက်နေ့ထုတ် အလဲဗင်း သတင်းစာရဲ့ ရေးသားမှု အပေါ်၊ တာဝန်မဲ့ သတင်းပေးပို့မှု အဖြစ်၊ အစိုးရက ပြစ်တင်လိုက် သလို၊ တရားစွဲဆို ခံရနိုင်တယ် ဆိုပြီးတော့ လည်း သတိပေး လိုက်ပါ တယ်။

ပြင်ပဆေးရုံမှ သူနာပြုကို ပါးရိုက်သည့်ဆရာဝန် ကန်တော့ပွဲဖြင့် တောင်းပန်ရ

ကိုယ်ထိလက်ရောက်ကျူးလွန်ခံရသည့် သူနာပြုကို ကျူးလွန်ခဲ့သော လက်ထောက်ဆရာဝန်က ကန်တော့ပွဲဖြင့် တောင်းပန်နေစဉ် (ဓာတ်ပုံ - Aung Ha Ppy)
ဆွေမျိုးသားချင်းကျန်း မာရေးကိစ္စအတွက် ပုဂ္ဂလိက ဆေးရုံတစ်ခုသို့ ရောက်ရှိလာ သည့် ဌာနဆိုင်ရာဝန်ထမ်း လက် ထောက်ဆရာဝန်အမျိုးသမီးက ယင်းဆေးရုံရှိ သူနာပြုဆရာမတစ် ဦးကို ပါးရိုက်ခဲ့သဖြင့် ကန်တော့ ပွဲဖြင့် တောင်းပန်ခဲ့ရကြောင်း သ တင်းရရှိသည်။

ကွတ်ခိုင်တွင် စစ်တပ်ဗိုလ်မှူးတဦး ကျဆုံးမှု TNLA လက်ချက်ဟု ၀န်ခံ

ပလောင်(တအာင်း) အမျိုးသားလွတ်မြောက်ရေး, တပ်မတော်, ငြိမ်းချမ်းရေး, အပစ်အခတ်ရပ်စဲရေး, ဗိုလ်မှူး, ကွတ်ခိုင်, ရှမ်းပြည်နယ်မြောက်ပိုင်း
ရှေ့တန်း စစ်မျက်နှာမှ TNLA တပ်သားတဦး (ဓာတ်ပုံ – ကျော်ခ / ဧရာဝတီ)

ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ်၊ တာမိုးညဲမြို့နယ်ခွဲအတွင်း ပစ်ခတ်မှုကြောင့် ကွတ်ခိုင်မြို့အခြေစိုက် အမှတ် ၂၄၁ ခြေလျင် တပ်ရင်းမှ ယာယီတပ်ရင်းမှုး ဗိုလ်မှူးကျော်ထင်အောင် ကျဆုံးမှုသည် ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၏ လက်ချက် ဖြစ်ကြောင်း TNLA ပြန်ကြားရေးဒုတာဝန်ခံ တာပန်လက ပြောသည်။

ဘရာဇီး ကမ္ဘာ့ဖလားဘောလုံးပွဲ သွားကြစို့

ဘောလုံး ပရိတ်သတ်တို့ စောင့်စားနေတဲ့ ဘရာဇီးနိုင်ငံမှာ အိမ်ရှင်အဖြစ်ကျင်းပမယ့် ကမ္ဘာ့ဖလား ၂ဝ၁၄ ခုနှစ်ပြိုင်ပွဲကို အခု ဇွန်လ ၁၂ ရက်နေ့မှာ စတင် ပါတော့မယ်။ ဘရာဇီး ကမ္ဘာ့ဖလားအတွက် To Brazil ဆိုတဲ့ သီချင်း နဲ့ အကကို အခုလို ယူကျုပေါ်မှာ ဖော်ပြထားပါတယ်။ 

Friday, June 6, 2014

ဇနီးသည်ရဲ့ ဖေ့စ်ဘုတ်ကိစ္စ ဦးရဲထွဋ် တောင်းပန်ပြီ

သမ္မတ ပြောခွင့်ရ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က သူ့ဇနီးရဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီး ပုဂ္ဂိုလ်ရေး တိုက်ခိုက်ထားတဲ့ ပို့စ်တခုကို ပြန်ရှယ်မိတဲ့အတွက် ဖေ့စ်ဘုတ်စာမျက်နှာက တဆင့် အခု လို တောင်းပန် လိုက်ပါပြီ။ အဲဒီကိစ္စဟာ အွန်လိုင်းလောကမှာ လူပြောများနေတာလည်းဖြစ်ပါတယ်။ 

ဦးရဲထွဋ်ရဲ့ မေမြို့ထမင်းဝိုင်းနောက်ကွယ်မှာ ဘာတွေရှိသလဲ

သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်၊ ဗဟိုအစိုးရ ပြန်ကြားရေးဒုဝန်ကြီးလည်းဖြစ်တဲ့ ဦးရဲထွဋ်က သိပ်မကြာသေးခင် ပြင်ဦးလွင်မြို့တနေရာမှာ  ငါးပိရည်နဲ့စားခဲ့တဲ့ နေ့လယ်စာအကြောင်း Facebook မှာ ရေးလိုက်တော့ အင်မတန် လူပြောများတဲ့အကြောင်းအရာတခု ဖြစ်သွားပါတယ်။

တပ်သိမ်းမြေ ပြန်ရရေး ဦးဆောင်သူ ဟိုပုံး NLD ရပ်ကျေး ဒုဥက္ကဋ္ဌ ပစ်သတ်ခံရ

လူသတ်မှု, တပ်သိမ်းမြေ, ရှမ်းပြည်နယ် , ဟိုပုံး, NLD , အမျိုးသားဒီမိုကရေစီိအဖွဲ့ချုပ်,
တောင်ကြီးခရိုင် NLDက နိုင်ငံသားများ လုံခြုံမှုမရှိတဲ့ အခြေအနေကို လွှတ်တော်ကို တင်ပြသွားဖို့ ရှိပါတယ်
ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးခရိုင် ဟိုပုံးမြို့နယ်၊ မိုင်းပျဉ်းကျေးရွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ ရပ်ကျေး ဒုတိယဥက္ကဋ္ဌလည်းဖြစ်၊ စစ်တပ်သိမ်းယူထာတဲ့ မြေတွေ ပြန်လည်ရရှိရေး ဦးဆောင်သူတဦးဖြစ်တဲ့ ဦးစိုင်းစံထွန်း ကို သေနတ်နဲ့ ပစ်သတ်ခံရမှု ဖြစ်ပွားကြောင်း ရှမ်းပြည်နယ် NLD တာဝန်ရှိသူတွေနဲ့ ဟိုပုံးမြို့နယ်ရဲတပ်ဖွဲ့ထံကနေ စုံစမ်းသိရှိရပါတယ်။

Thursday, June 5, 2014

NLD အပေါ် ခြိမ်းခြောက်မှုရပ်ဖို့ ရွေးကောက်ပွဲကော်မရှင်ကို HRW တောင်းဆို


မြန်မာနိုင်ငံ ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ခြိမ်းခြောက် အကြပ်ကိုင်တာမျိုးတွေ ချက်ခြင်း ရပ်တန့်ဖို့ဆိုပြီး အမေရိကန်အခြေစိုက် HRW လူ့အခွင့်အရေး စောင့်ကြည့်မှုအဖွဲ့က တောင်းဆိုလိုက်ပါတယ်။

နေ့စား ကျောင်းဆရာ၊ ဆရာမများကို တစ်ရက်လျှင် လုပ်အားခ ၃,၀၀၀ ပေးမည်

ကြာသပတေးနေ့၊ ဇွန်လ ၅ ရက်၊ ၂၀၁၄ ခုနှစ်

အခြေခံပညာရေးအတွက် သင်ကြားပေးမည့် တရားဝင်ခန့်အပ်ထားခြင်း မရှိသေးသည့် နေ့စား ဆရာ၊ ဆရာမများကို တစ်ရက်လျှင်ကျပ် ၃,၀၀၀ဖြင့် ခန့်ပေးမည်ဖြစ်ကြောင်း မန္တလေးတိုင်းပညာရေး ညွှန်ကြားရေးမှူးရုံးမှ အဆင့်မြင့်အရာရှိ တစ်ဦးက မဇ္ဈိမကို ပြောသည်။

ကမ္ဘာနှင့် ဖွဲ့စည်းပုံ ဆင်တူသည့် ဧရာမဂြိုဟ်ကြီးတစ်လုံး ရှာဖွေတွေ့ရှိ

ကမ္ဘာနှင့် ဖွဲ့စည်းပုံ ဆင်တူသည့် ဧရာမဂြိုဟ်ကြီးတစ်လုံး ရှာဖွေတွေ့ရှိ Kepler-10cဟု လတ်တလော အမည်ပေးထားသည့် ယင်းဂြိုဟ်ကြီးသည် ကမ္ဘာမြေမှ အလင်းနှစ် (၅၆၀)မျှ အကွာတွင် တည်ရှိသည်။
ကမ္ဘာမြေကဲ့သို့ပင် သက်ရှိများ ရှင်သန်နေထိုင်ရန် သင့်တော်သည့် ဧရာမ ဂြိုဟ်ကြီးတစ်လုံးကို သိပ္ပံပညာရှင်များက ခြေရာခံ တွေ့ရှိခဲ့ကြောင်း သိရှိရသည်။ Kepler-10cဟု လတ်တလော အမည်ပေးထားသည့် ယင်းဂြိုဟ်ကြီးသည် ကမ္ဘာမြေမှ အလင်းနှစ် (၅၆၀)မျှ အကွာတွင် တည်ရှိသည်။ သိပ္ပံပညာရှင်များက ဘော်စတွန်တွင် ကျင်းပသည့် အမေရိကန် နက္ခတ်ဗေဒ ပညာရှင်များအဖွဲ့ အစည်းအဝေးတွင် ယခုတွေ့ရှိချက် အသစ်ကို ကြေညာခဲ့သည်။ Kepler-10cက စကြာဝဠာထဲတွင် သက်ရှိများ ရှင်သန်ပေါက်ဖွားရန် သင့်တော်သည့် ဂြိုဟ်ပေါင်း အတော်များများ ရှိနေနိုင်သည်ဆိုသော ခန့်မှန်းချက်များကို ပိုမိုအားကောင်း ခိုင်မာလာစေခဲ့သည်။

ကမ္ဘာပေါ်တွင် မိမိနှင့် ရုပ်တူသော လူ ၆ ယောက်ရှိ


အမေရိကန်က ရုပ်ဗေဒ လေ့လာသူများ ရရှိထားတဲ့ အဖြေ တစ်ခု ဖြစ်ပါတယ်။ ယင်း အဖြေ အရ ကမ္ဘာပေါ်မှာ မိမိနဲ့ ရုပ်တူသော လူ နောက်ထပ် ၆ ဦး ရှိကြောင်း ဆိုပါတယ်။

ဦးသာဓါတ်ဆင် အောင်ပွဲဝင် (အလုပ်အကိုင်အစဉ်ပြေချင်သူများအတွက်)


အလုပ် အကိုင်တွေ လွဲလွဲသူများ ။ အထက်လူကြီးနှင့် အဆင်မပြေဖြစ် နေသူများ  အတွက် အစီအရင် ယုံကြည်မှု အပြည့်နှင့် ပြုလုပ်ရန် လိုပါသည်။

တစ်နိုင်ငံလုံး ဇွန်လ ၈ ရက်နောက်ပိုင်း အချိန်ပိုင်းသာ လျှပ်စစ်မီး ပေးနိုင်မည်


မန္တလေးတိုင်း ဒေသကြီး ရဲရွာ ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံတွင် သတ်မှတ်သည့် ရေပမာဏ မရရှိသဖြင့် တစ်နိုင်ငံလုံး အတွက် ငါးရက်သာ လျှပ်စစ်ဓာတ်အား အပြည့်အဝ ပေးနိုင်သည့် အခြေအနေ ဖြစ်ပေါ်နေသောကြောင့် ဇွန်လ ၈ ရက်နေ့ နောက်ပိုင်း၌ တစ်နိုင်ငံလုံးသို့ အချိန်ပိုင်းသာ လျှပ်စစ်မီး ပေးနိုင်တော့မည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီး ဦးကျော်မြင့်က ပြောကြားသည်။

ဇိမ်ခံ အမြင့်စား စမတ်ဖုန်း Vertu Signature


Made in England 
Vertu ဗြိတိန် ဖုန်းထုတ်လုပ်ရေး ကုမ္ပဏီက ဖန်တီးထားတဲ့ ဖုန်းရဲ့ ဖုန်းဈေးကြီး ပုံကတော့ အရင်က သင့်စီးနေတဲ့ ကားထက်တောင် စီးကြီးနေ ပါမယ်။ အခုတော့ Touch မျက်နှာပြင်နဲ့ ဖုန်းကို ထုတ်လိုက် ပါပြီး။ ထိုဖုန်းရဲ့ တန်ဖိုးက ရိုးရိုး မော်ဒယ်လ် ကိုတောင် ဒေါ်လာ 11,300 လောက်သွား တာဖြစ်ပါတယ်။ Handmade လက်လုပ်ဖုန်းဖြစ်ပြီး လူတစ်ယောက် ထဲက ကိုယ်တွယ် တပ်ဆင်ထား တာဖြစ်ပါတယ်။

အိန္ဒိယ သမုဒ္ဒရာအတွင်း ရွက်လွှင့်နေစဉ် ပျောက်ဆုံး မလေးရှား လေယာဉ်ကို မြင်တွေ့ကြောင်း ဗြိတိန် အမျိုးသမီးပြော


ကက်သရင်းတီး အမည်ရှိ ဗြိတိန် အမျိုးသမီး တစ်ဦးက ၎င်းရွက်လွှင့်နေစဉ် ပျောက်ဆုံး နေသော မလေးရှားလေယာဉ် MH 370 ဟု ယူဆရသည့် လေယာဉ် တစ်စီးကို တွေ့မြင်ခဲ့သည် ဟုပြောသည်။ ၎င်းသည် အဆိုပါ လေယာဉ်ကို မတ်လဆန်းတွင် တွေ့မြင်ခဲ့ခြင်း ဖြစ်သော်လည်း ၎င်း၏မျက်စိကို မယုံကြည်နိုင် သောကြောင့် ယခုအချိန်မှ ထုတ်ပြောရခြင်း ဖြစ်သည်ဟု အကြောင်းပြချက် ပေးသည်။

Android ဖုန်းပေါ်မှာ ဘတ္တရီ သက်တမ်း အချိန်ကြာကြာသုံးခံစေဖို့


Android ဖုန်းတွေဟာ ဘတ္တရီ သက်တမ်းတိုတောင်းတယ်လို့ ဆိုကြပါတယ်။ ဒါပေမဲ့ Setting အနည်းငယ်လောက်ကို ပြုလုပ်လိုက်တာနဲ့ ဘတ္တရီ သက်တမ်းကို ပိုပြီး တိုးမြင့်နိင်မှာပါ ။ ဘတ္တရီ အားကို ပိုမိုကောင်းကောင်းနဲ့ အသုံးခံစေဖို့ အောက်က အချက်တွေ အနည်းငယ်ကို ဖော်ပြလိုက်ပါတယ်။

သမ္မတ ဦးသိန်းစိန်ကို နောက်ထပ်သက်တမ်း ထမ်းဆောင်စေလိုသည့် KNU

 ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ အပါအ၀င် ဗဟိုကော် မတီဝင်များနှင့် နိုင်ငံတော် သမ္မတတို့တွေ့ဆုံစဉ် နိုင်ငံတော် သမ္မတကြီးအား ဒုတိယ သက်တမ်းကို ဆက်လက် ထမ်းဆောင်ရန် အကြံပြု ခဲ့ကြောင်း KNU ဗဟိုကော် မတီဝင် ဖဒိုမန်းငြိမ်းမောင် ကပြောသည်။

မေမြတ်နိုး ကိုရီးယားတွင် သရုပ်ဆောင် လိုင်စင်ရရှိ

 Miss Asia Pacific World 2014 သရဖူရရှိခဲ့သူ မေမြတ်နိုး အား The Korea Film Actor's Association(KAA) က ကိုရီးယား နိုင်ငံတွင် သရုပ်ဆောင် လုပ်ခွင့်လိုင်စင်ပေး အပ်ခဲ့ကြောင်း သတင်းရရှိသည်။

Wednesday, June 4, 2014

တပ်မတော် ခေါင်းဆောင်ပိုင်း ရာထူး အပြောင်းအလဲ မကြာမီ ပြုလုပ်ဖွယ်ရှိ

တပ်မတော်, ကာကွယ်ရေးဦးစီးချုပ်, ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်, စစ်တပ်, ဗိုလ်ချုပ်မြထွန်းဦး, ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တပ်မတော် အရာရှိကြီးများကို တပ်မတော် ဘောလုံးပြိုင်ပွဲ တခုတွင် တွေ့ရစဉ် (ဓာတ်ပုံ – မြ၀တီ)
ကာကွယ်ရေး ဦးစီးချုပ်ရာထူး အပါအ၀င် တပ်မတော် ထိပ်ပိုင်းခေါင်းဆောင် ရာထူးတချို့ မကြာမီ အပြောင်းအလဲ ပြုလုပ်ဖွယ်ရှိကြောင်း နေပြည်တော်ကာကွယ်ရေးဦးစီးချုပ်ရုံးနှင့်နီးစပ်သော စစ်ဘက်ဆိုင်ရာ သတင်းရပ်ကွက်မှ သိရှိရသည်။

မြန်မာသင်္ဘောသားများပါသည့် ပင်လယ်ကူးသင်္ဘော ဓားပြတိုက်ခံရ

ship
မြန်မာသင်္ဘောသား (၉) ဦးလိုက်ပါလာတဲ့  လောင်စာဆီတင် ပင်လယ်ကူးသင်္ဘော ၁ စီး တောင်တရုတ်ပင်လယ် နိုင်ငံတကာရေပိုင်နက်ထဲမှာ အမည်မသိ လက်နက်ကိုင် ပင်လယ်ဓားပြတွေရဲ့ စီးနင်းတိုက်ခိုက်ခံခဲ့ရတယ်လို့  အသက်ဘေးက လွတ်မြောက်လာတဲ့ ကာယကံရှင် မြန်မာသင်္ဘောသားတွေက ပြောပါတယ်။

“ငါးဖမ်းလှေပေါ်တွင်ရောင်းစားခံနေရသူ၂ဦးအားကယ်တင်”

၂၀၁၄ မေလ ၃၁၊        ကိုတီး
        ငါးဖမ်းလှေပေါ်တွင်တစ်လကျော် ကြာရောင်းစားခံခဲ့ရသည့်မြန်မာအလုပ် သမား၂ဦးအားထိုင်းနိုင်ငံရောက် မြန်မာ   နိုင်ငံ သားများအဖွဲ့ MATနှင့် ပူးပေါင်းေ ဆာင်ရွက်သည့် အဖွဲ့များ က ယမန်နေ့ ညနေက ကယ်တင်နိုင်လိုက်သည်။

ယာဉ်တိုက်မိဟန်ဆောင်၍ ငွေကြေး တောင်းခံသူ(၅)ဦး တို့ကို ဖမ်းဆီးရမိ

ရန်ကုန်၊ ဇွန် ၎

၂၉.၅.၂၀၁၄ ရက်နေ့တွင် လူမှုကွန်ယက် စာမျက်နှာတစ်ခုမှ ကမာရွတ်မြို့နယ်၊ သံလွင်လမ်း၌လူတစ်စုမှ မော်တော်ယာဉ်နှင့် တိုက်မိသကဲ့သို့ ဟန်ဆောင်ကာ အုပ်စုဖွဲ့လုယက်ရန်ပြု လုပ်ခဲ့ကြောင်း သတင်းပေးဖော်ပြ လာသည်ကိုတွေ့ရှိရပါသည်။

ဇာတိမြေသို့ ပြန်စရာမလိုဘဲ နိုင်ငံသား စိစစ်ရေးကတ်နှင့် အိမ်ထောင်စုစာရင်းကို မိမိနေထိုင်ရာမြို့နယ်တွင် ပြုလုပ်နိုင်တော့မည်

ရန်ကုန်၊ ဇွန် ၃- ရပ်ဝေးသို့ရောက် ရှိနေသူများအနေဖြင့် ယင်းတို့၏ နိုင်ငံ သား စိစစ်ရေး ကတ်နှင့် အိမ်ထောင် စုလူ ဦးရေစာရင်း တို့ကို မိမိဇာတိသို့ သွားစရာ မလိုဘဲ လက်ရှိနေထိုင်ရာ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်အမျိုး သား မှတ်ပုံတင်ဦးစီး ဌာနမှူးရုံး၌ လူ ကိုယ်တိုင်သွားရောက် လျှောက်ထား ၍ရကြောင်း

လွှတ်တော်မှာ PR စနစ်ကို ဆွေးနွေးဖို့ ခုအချိန်မှာ အဆိုပြုလာတာဟာ ထူးခြားမူရှိဟု ဒေါက်တာ အေးမောင်ဆို

  အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ အဖွဲ့တို့က ဖွဲ့စည်းပုံပြင်ဖို့တွက် အထူးသဖြင့် ပုဒ်မ ၄၃၆ ကိုပြင်ဖို့ အတွက် ကြိုးစားနေချိန်မှာ PR လို့ လူသိများတဲ့ ပါတီတစ်ခုချင်းစီ အလိုက် ရွှေးကောက်ပွဲမှာ ရရှိတဲ့ မဲအရေအတွက်ပေါ် မူတည်ပြီး အချိုးကျ ကိုယ်စားလှယ်နေရာ ခွဲဝေတဲ့ စနစ် ကျင့်သုံရေးနဲ့ ပတ်သက်ပြီး အမျိုးသားလွှတ်တော်မှာ သီးသန့်ဆွေးနွေးဖို့ အဆိုပြုလာတာဟာ ထူးခြားမူ ရှိတယ်လို့ ရခိုင်အမျိုးသား ပါတီ ဒုတိယ ခေါင်းဆောင်၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင်က နိရဉ္စရာကို ပြောပါတယ်။

၇ နှစ်သမီး ကာရာတေး ခါးပတ်အနက်ပိုင်ရှင်

အသက် ၇ နှစ်အရွယ် မိန်းကလေးငယ်လေးက ကာရာတေး ခါးပတ်အနက်ဆိုတော့ ဧရာဝတီ ပရိသတ် အနေနဲ့ အံ့သြသွားမလား မသိပါဘူး။ ကမ္ဘာကျော် တိုင်းမ်မဂ္ဂဇင်းကြီးကတော့ အဲဒီ ၇ နှစ်သမီး ကာရာတေး ခါးပတ်အနက် ပိုင်ရှင် Mahiro နဲ့ပတ်သက်ပြီးသတင်းတိုနဲ့ ဗွီဒီယိုကို တင်ထားပါတယ်။ 

တရုတ် အတွေးအခေါ်ပညာရှင် Laozi ပြောတဲ့ လူသုံးမျိုး

ဆွစ်ဇာလန်မှာ အရိုးပြာများကို စိန်အဖြစ်ပြောင်းလဲပေး


ဥရောပတိုက် ဆွစ်ဇာလန်နိုင်ငံ အနောက်ပိုင်းက Algordanza လို့အမည်ရတဲ့ ကုမ္မဏီတစ်ခု ဖြစ်ပါတယ်။ ယင်း ကုမ္မဏီကပေးတဲ့ ဝန်ဆောင်မှုကတော့ ကွယ်လွန်ပြီး လူတို့ရဲ့  ပြာကို စိန်အဖြစ် ပြောင်းလဲခြင်း ဖြစ်ပါတယ်။ ရည်ရွယ် ချက်ကတော့ မိမိချစ်ခင် တန်ဖိုးထားသူကို တစ်သက်တာ

ဝါးတူ ချောင်း ၆သောင်းခွဲနီးပါးဖြင့် ဂျက်ကီချန်း ပုံကို ဖန်တီး


By Aung Kyaw  Kham
တရုတ် ထမင်းစား၊ ဟင်းစား ဝါးတူပေါင်း အချောင်း ၆၄ ၀၀၀ ကို အသုံးပြုလို့ ဂျက်ကီချန်း ပုံတူကို  တရုတ်ပြည်က Hong Yi လို့အမည်ရတဲ့ အမျိုး သမီးက ဖန်တီး လိုက်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၇ ရက်နေ့က အသက် ၆၀ ပြည့် သွားတဲ့ ဂျက်ကီချန်းကို ဂုဏ်ပြုခြင်း ဖြစ်ပါတယ်။

အရှိန်မြင့်လာသော ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းများ

 မျက်စိ တစ်ဆုံးပြည့်နေသည့် ကွင်းပြင်ထဲ လူထုကြီးက ဒေါ်အောင်ဆန်းစုကြည် ထံမှ စိတ်အား တက်ကြွစရာ စကားတစ်ခွန်း ထွက်လာတိုင်း လက်ခုပ်သြဘာ ပေးကြသည်။ တပ်မတော် အနေဖြင့် အာဏာနှင့် အခွင့်အရေးကို မမက်မောဘဲ တိုင်းပြည် ကိုချစ်လျှင် အခြေခံဥပဒေ ကိုပြင်၍

ရေအောက်မှ ထူးဆန်းသော အသံ MH 370 ပျက်ကျသံလေလား


ပျောက်ဆုံး နေသော မလေးရှား လေယာဉ် MH 370 ၏ နောက်ဆုံး အချိန်များနှင့် ဆက်စပ်နေဖွယ် ရှိသည်ဟု ဆိုသော ရေအောက်မှ အသံတစ်ခု၏ မှတ်တမ်းကို သြစတြေးလျ သုတေသီများက ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန် လိုက်သည်။ အားထုတ်ကြိုးပမ်း ရကျိုးနပ်ဖွယ် မရှိသော်လည်း ပါ့သ်မြို့အနီးကာတင်း တက္ကသိုလ်မှ သုတေသီများသည် ရေအောက် အသံနားဆင်သော ကိရိယာများမှ မှတ်တမ်း များကို လေ့လာနေ ကြသည်။

ယေဘုယျဆန်သော စကားလုံးများဖြင့် စွပ်စွဲမေးမြန်းခြင်း မလုပ်ရန် သူရဦးရွှေမန်း သတိပေး


လွှတ်တော်အတွင်း မေးခွန်းများ မေးမြန်းရာတွင် ယေဘုယျဆန်သော စကားလုံးများဖြင့် စွပ်စွဲမေးမြန်းခြင်း မပြုလုပ်ရန် လွှတ်တော်အမတ်များ အနေနှင့် သတိပြုရန် လိုအပ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဇွန်လ ၃ ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးအတွင်း သတိပေး ပြောကြားသည်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်း ဇွန်လ ၇ ရက်နေ့ ထုတ်ပြန်မည်

 ၂၀၁၃-၂၀၁၄ ပညာသင်နှစ် တက္ကသိုလ် ဝင်တန်း စာမေးပွဲ အောင်စာရင်းကို ၂၀၁၄ ခုနှစ် ဇွန်လ ၇ ရက်နေ့တွင် ထုတ်ပြန်မည် ဖြစ်ကြောင်း အမှတ် (၃) အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်က The Voice သို့ ပြောကြားသည်။ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်း ထွက်ရှိမည့်ရက်ကို အများပြည်သူ သိရှိစေရန်အတွက် အဆင့်မြင့်ပညာ ဦးစီးဌာနကလည်း တရားဝင် ထုတ်ပြန်မှုများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းကဖြည့်စွက် ပြောကြားသည်။

Monday, June 2, 2014

ကော်မရှင်ကို သရော်ချင်တယ်

 ရွှေပြည်ကြီးမှာ ဒီရက်တွေဟာဖြင့် တကယ့်ကို အုန်းအုန်းကျွက်ကျွက်ပါပဲခင်ဗျာ။ ၄၃၆ ဆိုတာကြီးပြင်ဖို့ နိုင်ငံရေးသမားတွေကလည်းဟော၊ ရပ်ကွက်ထဲမှာလည်း ဒီ အကြောင်းပဲပြောနဲ့ လူထုတွေ ဟာ နိုးကြားနေသဗျာ။ အနှီပုဒ်မ ၄၃၆ ကိုပြင်ဖို့အရေး ဆန္ဒပေး လက်မှတ်ထိုးတာကလည်း တကယ့်ကိုမှ အလွှာစုံပါပဲ။

နှစ်၅၀အတွင်း မြန်မာအလှမယ် အာရှသရဖူဆောင်း (ရုပ်/သံ)

  Miss Asia Pacific World 2014 အလှမယ် ပြိုင်ပွဲ နောက်ဆုံးအဆင့်မှာ မြန်မာနိုင်ငံ ကိုယ်စားပြုတဲ့ မေမြတ်နိုးက အလှမယ် သရဖူဆုကို ဆွတ်ခူးသွားပါတယ်။ ခွန်ဘသာ တင်ဆက်။ DVB TV - 01.06.2014

ဘရုစလီပြောတဲ့ မှတ်သားဖွယ်ရာ စကားများ


(၁) အသိအပညာ ဗဟုသုတဆိုတာ သင့်ဘဝအတွက် အကောင်းဆုံး လက်နက်တွေပါပဲ။ အဲဒီဗဟုသုတတွေကို လေးစားလိုက်နာဖို့တော့ လိုတယ်။

မြတ်နိုးရဲ့အရည်အသွေးကြောင့် ဒီဆုရခဲ့တယ်လို့ ယုံကြည်ပါတယ်


နိုင်ငံတကာ အလှမယ် သရဖူတစ်ခုကို ပရိသတ်များ၏ အကူအညီမပါ ကိုယ်ပိုင် အရည်အချင်း အစွမ်းအစနှင့် အာရှပစိဖိတ် အလှမယ်ဆုကို မြန်မာအလှမယ် မေမြတ်နိုးက ရရှိသွားသည်။ နိုင်ငံပေါင်း ၄၀ ကျော်မှ အလှမယ်များကို ကျော်ဖြတ်ကာ ဆုရရှိခဲ့သော မေမြတ်နိုးသည် နှစ်ပေါင်း ၅၀ကျော်အတွင်း နိုင်ငံတကာ အလှမယ်ပြိုင်ပွဲများတွင် ပထမဆု ရရှိသော ပထမဆုံး အလှမယ်ဖြစ် လာသည်။ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် ပြိုင်ပွဲဝင်စဉ် ကာလ တစ်လျှောက်ကလည်း ဒိုင်လူကြီးများ၏ ချီးကျူး ခံခဲ့ရပြီး ‘‘ဒိုင်အများစုက မေမြတ်နိုးသည် အပြုံးချိုချိုနှင့် ခန္ဓာကိုယ်အချိုးအစားမှာ နိုင်ငံတကာအဆင့်မီပြီး လှပဆွဲဆောင်မှုရှိကာ နိုင်ငံတကာနှင့် ကမ္ဘာ့စင်မြင့် များတွင် ၀င်ဆံ့နိုင်သည့် အလားအလာ ကောင်းသူဟု မှတ်ချက်ပြုခံခဲ့ရသည်။

ဇွန်လအတွက် (၇) ရက်သားသမီး ဟောစာတမ်း


တနင်္ဂနွေသားသမီး ။ ။ လုပ်ငန်းတူလုပ်သူ (သို့ ) စပ်တူလုပ်သူကြောင့် လုပ်ငန်းများ အဆင်မပြေ ဖြစ်တတ်သည် .။ မင်းမှုထမ်း အလုပ် ငွေကြေး ကျောက် ကားလုပ်ငန်းများ ဆုံးရှုံးမှုများကြုံတွေ့ ရတတ်ပါ သည် ။ အမွေကိစ္စ မြေကိစ္စ စကားများရမည် ။ ငယ်ရွယ်သူ များ အချစ်ရေးကံ ကောင်းသော်လည်း လက်ထပ်ခွင့်မရနိုင် သေးပါ ။ မိမိနှင့်အတူတူအလုပ်လုပ်သူ၏ မနာလို ဂုံးချော စကားကြောင့် အထက်လူကြီး အထင်လွဲမည် ။ ဖခင်ကျမ္မာ ရေးဂရုစိုက်ပေးရန် လိုပါသည် ။ ၀မ်းဗိုက်နှင့်ပတ်သက်ပြီး ရောဂါဝေဒနာ ခံစားရတတ်သည် ။

ဒေါ်အောင်ဆန်းစုကြည်၏ ဟောပြောပွဲများကို တန်ပြန်ကန့်ကွက် ဆန္ဒပြမှုများ ဆက်တိုက်ပြုလုပ်


နေပြည်တော် ကောင်စီ နယ်မြေ အတွင်း ဇွန်လ ၁ ရက်နေ့က သုံးနေရာ ဆက်တိုက်ပြု လုပ်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲများကို လူတစ်စုက တန်ပြန်ကန့်ကွက် ဆန္ဒပြမှုများ ဆက်တိုက် ပြုလုပ်ခဲ့ကြောင်း NLD ပါတီထံမှ သိရသည်။ ဇွန်လ ၁ ရက်နေ့က နေပြည်တော် ကောင်စီ နယ်မြေရှိ လယ်ဝေးမြို့နယ်၊ ပျဉ်းမနားမြို့နယ်နှင့် တပ်ကုန်းမြို့နယ်တို့တွင် ဒေါ်အောင်ဆန်းစုကြည်က အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး အတွက် ဟောပြောနေချိန် ယင်းသို့ ကန့်ကွက် ဆန္ဒထုတ်ဖော်သည့် လူစုများ ထွက်ပေါ် လာကြောင်း၊ ယင်းအဖွဲ့များမှာ ဆန္ဒဖော်ထုတ်ခွင့် တရားဝင် လျှောက်ထားခြင်း မရှိကြောင်း နေပြည်တော်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ကျ ရဲအုပ် တစ်ဦးက ပြောကြားသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်အရေး ငြိမ်းချမ်းစွာဖြေရှင်းပြီးဟုဆို

 















မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ၂ နိုင်ငံ လုံခြုံရေးတပ်ဖွဲ့ မှားယွင်း ပစ်ခတ်မှုဖြစ်စဉ်ကို ငြိမ်းချမ်းစွာ ဖြေရှင်းပြီးစီးသွားပြီဖြစ်တယ်လို့ နိုင်ငံပိုင် သတင်းစာ ၂ စောင်က ဒီကနေ့မှာ ဓာတ်ပုံတွေနဲ့ တကွ ရေးသားဖော်ပြကြပါတယ်။ 

ကိုယ့် ဈာပန အခမ်းအနား ကိုယ်တိုင် တက်ရောက်ခဲ့သူ

 
 ဓာတ်ပုံ- The Mirror
ပွာတိုရီကို နိုင်ငံက အသက် ၈ဝ အရွယ် ဂျော်ဂျီနာ ရှဗရွန်နီ လောရ်ဟာ သူ့ရဲ့ ဈာပန အခမ်းအနားကို ကိုယ်တိုင် တက် ရောက်နိုင် တဲ့သူ ဖြစ်ပါတယ်။