Thursday, December 11, 2014

မြန်မာနိုင်ငံမှာ စစ်တပ်လွှမ်းမိုးမှု ကြီးမားဆဲ


၂၀၁၁ ခုနှစ်မှာ သမ္မတဦးသိန်းစိန် အစိုးရ တက်လာကတည်းက မြန်မာနိုင်ငံ မှာ ပြုပြင် ပြောင်းလဲ ရေးတွေ လုပ်လာတာကို မြင်တွေ့ ခဲ့ရပါတယ်။ အစိုးရက ဆင်ဆာဖြတ်တောက်မှုကို လျှော့ချပေးတဲ့အပြင် နိုင်ငံရေး အကျဉ်းသားတွေကို လည်း ပြန်လွှတ်ပေးခဲ့သလို ပြည်ပ ရင်းနှီး မြှုပ်နှံမှုတွေလည်း မြန်မာနိုင်ငံကို ၀င်ရောက်လာခဲ့တာဖြစ်ပါတယ်။

ငှက်နဲ့ တိုက်တဲ့ MAI လေယာဉ် ပုံမှန်ပျံသန်းပြီ

ဖွံ့ဖြိုးမှု အနိမ့်ကျဆုံး နိုင်ငံများ စာရင်းက မြန်မာ ဘယ်တော့ လွတ်မလဲ

နေစရာမရှိအောင် ဆင်းရဲသူတွေ အမြောက်အမြား ရှိနေဆဲ

Food Not Bombs Myanmar အဖွဲ့က ဆင်းရဲသားလူငယ်များအတွက် ရန်ပုံငွေရှာ


Wednesday, December 10, 2014

မြန်မာနှစ်ဦး နောက်အမှုချိန်း နှစ်လစောနေကြောင်း ထိုင်းသတင်းစာဖော်ပြ


ထိုင်းနိုင်ငံ ခိုထောင်းကျွန်း လူသတ်မှုနဲ့ တရားစွဲဆိုခံနေရသူ မြန်မာရွှေ့ပြောင်း အလုပ်သမား လူငယ်နှစ်ဦးရဲ့ အမှုကို စစ်ဆေးနေတဲ့ ကော့စမွီခရိုင် တရားရုံးက နောက်တစ်ကြိမ် ရုံးချိန်းအဖြစ် ဒီဇင်ဘာ ၂၆ ရက်နေ့ကို ချိန်းဆိုလိုက်တာဟာ ရှေ့ကိုနှစ်လစောပြီး သတ်မှတ်လိုက်တာဖြစ်ကြောင်း ထိုင်းနိုင်ငံထုတ် နေးရှင်းသတင်းစာက ဖော်ပြပါတယ်။

ရည်းစားစာပေးသည်ကို လက်မခံသော ကျောင်းသူအား ရှစ်တန်းကျောင်းသားက ဓားဖြင့်ထိုး


ရည်းစားစာပေးသည်ကို လက်မခံ သောကြောင့် ရှစ်တန်း ကျောင်းသားက ကျောင်းသူကို ဓားဖြင့် ထိုးသည့် အမှု တစ်ခု ဒီဇင်ဘာ (၈) ရက်နေ့က လှိုင်သာယာ မြို့နယ်၊ (၁၇) ရပ်ကွက်၊ အမှတ်(၃) အခြေခံ ပညာ အထက်တန်းကျောင်းတွင် ဖြစ်ပွား ခဲ့ကြောင်း လှိုင်သာယာမြို့မ ရဲစခန်းမှ သိရသည်။

ကမ္ဘာ့လူကြိုက်အများဆုံး ရေကြောင်းခရီးစဉ် ၅ ခု စာရင်းတွင် ဧရာဝတီမြစ် ပါဝင်


ကမ္ဘာမှာ လူကြိုက်အများဆုံး ရေကြောင်း ခရီးစဉ် ၅ ခု စာရင်းထဲမှာ မြန်မာပြည်က ဧရာဝတီမြစ်ကြောင်း အပမ်းဖြေ ခရီးစဉ်လည်း ပါဝင်နေတယ်လို့ လူသိများတဲ့  Cruise Holidays ခရီးသွား လုပ်ငန်းရဲ့ စစ်တမ်းက ဆိုပါတယ်။

Tuesday, December 9, 2014

ပြိုင်ပွဲသွားပြိုင်ရင်း ပစ္စည်းထုပ်ပျောက်နေတဲ့ မြန်မာအလှမယ်

ဗင်နီဇွဲလားနိုင်ငံမှာ ပြုလုပ်နေတဲ့ Miss Tourism 2014 ကို သွားပြိုင်နေသော မြန်မာ အလှမယ် ဂျူးစံသာ တယောက် သူစီးသွားတဲ့ လေကြောင်းလိုင်းရဲ့ မှားယွင်းချက်ကြောင့် အ၀တ်အစားနဲ့ အသုံးအဆောင်ပစ္စည်းတွေ ထည့်ထားတဲ့ ခရီးဆောင်အိတ်နှစ်လုံး ပျောက်နေတယ်လို့ သိရပါတယ်။

Miss Tourism Myanmar 2014 အလှမယ် ဂျူးစံသာ(ဓာတ်ပုံများ- Miss Golden land Myanmar Organization)

အသက်ကိုးနှစ်ရွယ်. ဒါပေမယ့် ကမ္ဘာ့အလှဆုံး စူပါမော်ဒယ်


ကမ္ဘာ့အလှဆုံး စူပါမော်ဒယ် အဖြစ် ရုရှားနိုင်ငံမှ အသက် ကိုးနှစ်အရွယ်
ကလေးမလေး တစ်ဦးက အသိအမှတ်ပြု ခံခဲ့ရ ပါတယ်။ သူမ အမည်ကတော့ Kristina Pimenova လို့ အမည်ရပြီး အသက် ၃ နှစ်သား အရွယ်မှာ ကတည်းက မော်ဒယ် အဖြစ် အသက်မွေးဝမ်းကျောင်း ပြုနေသူ ဖြစ် ပါတယ်။

မလုပ်ကိုင်တဲ့ စက်မှုဇုန်မြေတွေ ပြန်သိမ်းမယ်

အရှေ့ဒဂုံမှာ လုပ်ငန်း မလုပ်တဲ့ စက်မှု မြေများ
ရန်ကုန် တိုင်း အတွင်း က လုပ်ငန်း မလုပ်တဲ့ စက်မှုဇုန် မြေတွေကို အစိုး ရ က ရှေ့တပတ် နောက်ဆုံး ထားပြီး ပြန်သိမ်းဖို့ ရှိတယ် လို့ သိရပါတယ် ။

မြန်မာ အတွက် EU ထောက်ပံ့မှု အသစ် ကြေညာ

မြန်မာ အခြေအနေတွေ EU အနီးကပ် လေ့လာ
EU ဥရောပ သမဂ္ဂ က မြန်မာနိုင်ငံ အတွက် ယူရိုငွေ သန်း ၇ဝဝ နီးပါး အမေရိကန် ဒေါ်လာနဲ့ ဆိုရင် သန်း ၉ဝဝ နီးပါး ထောက်ပံ့မယ် လို့ ထုတ်ဖော် ကြေညာ လိုက်ပါတယ်။

လူသားချင်းစာနာမှု အကူအညီ လိုအပ်တဲ့နိုင်ငံစာရင်း မြန်မာပါဝင်


အကြမ်းဖက်မှုတွေ၊ ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ နိုင်ငံပေါင်း ၂၂ နိုင်ငံက လူဦးရေ ၅၇ သန်းကို လူသားချင်းစာနာမှု အကူအညီ တွေပေးနိုင်ဖို့ ၂၀၁၅ ခုနှစ် အတွက် ဒေါ်လာသန်းပေါင်း ၁၆.၄ ဘီလျံလိုအပ်နေကြောင်း ကုလသမဂ္ဂက မေတ္တရပ်ခံ လိုက်ပါတယ်။ ဒီ လူသားချင်း စာနာမှု အကူအညီတွေ လိုအပ်နေတဲ့ ၂၂ နိုင်ငံထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်ပါတယ်။ လူသားချင်း စာနာမှုဆိုင်ရာ မေတ္တာရပ်ခံ ချက်ထုတ်ပြန်တဲ့ ဂျနီဗာကနေ VOA သတင်းထောက် Lisa Schlein ပေးပို့ထားတဲ့ သတင်းကို ကိုအောင်အောင်က တင်ပြပေးထားပါတယ်။

ဖွဲ့စည်းပုံပြင်ရေးလက်မှတ်ထိုးသူ ဗိုလ်မှူးထောင်ချခံရမှု HRW ဝေဖန်


ဖွဲ့စည်းပုံပြင်ဆင်ရေး လက်မှတ်ထိုးလို့ မြန်မာ စစ်အရာရှိ တဦးကို ထောင်ဒဏ် အပြစ်ပေးတဲ့ ဖြစ်ရပ်ဟာ မြန်မာနိုင်ငံမှာ တကယ်ပဲ ပြုပြင် ပြောင်းလဲ ရေးတွေ လုပ်နေ တာလား ဆိုတဲ့ သံသယပိုပြီး ကြီးမားစေတယ်လို့ HRW အဖွဲ့ကြီးက ပြောပါတယ်။ အပြည့်အစုံကို မအင်ကြင်းနိုင်က တင်ပြပေး ထားပါတယ်။

Monday, December 8, 2014

ကာကွယ်နိုင်တဲ့ရောဂါတွေ နဲ့ မြန်မာကလေး ငါးသောင်း နှစ် စဉ်သေဆုံးနေဆဲ

ဓါတ်ပုံ - World Bank Myanmar
မြန်မာနိုင်ငံမှာ ကြိုတင်တားဆီး ကာကွယ်လို့ရတဲ့ ရောဂါတွေနဲ့ တစ်နှစ်ကို ကလေးငယ် ငါးသောင်းဝန်းကျင် သေဆုံးနေ ရဆဲ ဖြစ်နေတယ်လို့ ကမ္ဘာ့ဘဏ် ကပြောပါတယ်။

မောင်တောအထွေထွေအုပ်ချုပ်ရေးရုံးမှ အသက် ၂၉ နှစ်အရွယ် စာရေးမတစ်ဦး ပျောက်ဆုံး


မောင်တော မယကရုံးမှ အသက် ၂၉ နှစ်အရွယ် စာရေးမ တစ်ဦး ပျောက်ဆုံး နေကြောင်း သူမ၏ ခင်ပွန်း ဖြစ်သူနှင့် မြို့ခံများ၏ ပြောပြ ချက်အရ သိရသည်။

ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် နိုင်ငံရေးတက်ကြွသူများ ဆန္ဒပြ


ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အတွက် နိုင်ငံတော်သမ္မတနဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲမှာ ပါဝင်ပေးဖို့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၁ဝဝ ခန့်က ရန်ကုန်တိုင်း ဒေသကြီး တာမွေမြို့နယ်မှာ ဒီနေ့ ဆန္ဒပြတောင်းဆို ခဲ့ပါတယ်။