
ပုဒ်မ
၁၄၄ ထုတ်ပြန်ထားသည့် နတ္တလင်းမြို့တွင် ဆူပူအကြမ်းဖက်မှုကြောင့်
ပျက်စီးနေသည့် အဆောက်အအုံများ မြင်ကွင်း
(ဓာတ်ပုံ – ကောင်းမြတ်မင်း /
ဧရာဝတီ)
ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေအရ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသော နေရာများတွင်
မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြဌာန်းထားသော နိုင်ငံသားများ၏
အခွင့်အရေးတချို့ ဆုံးရှုံးသွားကြောင်း ဥပဒေပညာရှင်များထံမှ သိရသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ငြိမ်းချမ်းစွာ
စီတန်းလှည့်လည်ပိုင်ခွင့်၊ လွတ်လပ်စွာ စုဝေးဟောပြောခွင့်၊ ဆန္ဒ
ထုတ်ဖော်ခွင့်၊ ဘာသာရေး၊ လူမျိုးရေး စသည့် ပွဲတော်များ ကျင်းပခွင့်တို့ကို
ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် နေရာများတွင် မြို့နယ်အုပ်ချုပ်ရေးမှူး၏
လုပ်ပိုင်ခွင့်အရ ခေတ္တရုပ်သိမ်းနိုင်ကြောင်း ရှေ့နေ ဦးဖိုးဖြူက ပြောသည်။