Saturday, April 26, 2014

မြန်မာနိုင်ငံတွင် ကိစ္စတစ်ခုကြုံလာတိုင်း ဒေါ်စု နိုင်ငံခြားကို ထွက်ခွာရှောင်နေ

 
ဧပြီ(၂၆)၊ ၂၀၁၄
မွန်ဂိုလီးယား သမ္မတ Tsakhiagiin Elbegdorj ၏ဖိတ်ကြားချက်အရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ ည ၁၁နာရီ ၄၅မိနစ်တွင် မွန်ဂိုးလီးယားနိုင်ငံသို့ ထွက်ခွာသွားပြီဖြစ်သည်။

DVB - ဗိုလ်ချုပ်မှူးကြီးဟောင်း ပင်စင်ငွေ သမ္မတလစာထက် ၂ ဆ ရှိဟုဆို(ရုပ်/သံ)

 အငြိမ်းစား ဗိုလ်ချူပ်မူးကြီး သန်းရွှေရဲ့ ပင်စင်ငွေဟာ လက်ရှိသမ္မတ လစာထက် ၂ ဆ ရှိတယ်လို့  သိရပါတယ်။ DVB TV - 25.04.2014

“လူကုန်ကူးခံရသူတို့ကိုထိုင်းအစိုးရကကိုယ်လုံးတီးချွတ်၍လွှတ်သည်”


မောင်ပေါ်ထွန်း၊ ဧပြီ(၂၆)၊ ၂၀၁၄
တရားမ၀င် နယ်စပ်ဖြတ်ကျော်မှုဖြင့်  ထောင်ဒဏ် ၄၉ ရက်ချမှတ် ခံခဲ့ရသည့် လူကုန်ကူးခံခဲ့ရသူ မြန်မာအလုပ်သမား၆ဦးတို့၏ ငွေကြေး၊ဖုန်းနှင့် အ၀တ်အထည်များအားလုံးတို့အား အကျဉ်းထောင်နှင့် ရဲစခန်းတို့မှ ယူဆောင် ထားလိုက်သဖြင့် ကိုယ်လုံးတီးသဘောမျိုးဖြင့်လွတ်မြောက်လာခဲ့ကြောင်း အလုပ်သမားများကပြောသည်

အချုပ်သားကိုရိုက်သည့် ဒုရဲအုပ် ၂ ဦးနှင့် တပ်ဖွဲ့ဝင် ၂ ဦးကို လူသတ်မှုဖြင့် ထောင်၁၀နှစ် ချမှတ်

Photo: အချုပ်သားကိုရိုက်သည့် ဒုရဲအုပ် ၂ ဦးနှင့် တပ်ဖွဲ့ဝင် ၂ ဦးကို လူသတ်မှုဖြင့် ထောင်၁၀နှစ် ချမှတ်
=======================================
ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ရဲတပ်ဖွဲ့စခန်းမှရဲအရာရှိ နှစ်ဦးနှင့် ရဲတပ်သား ၂ ဦးတို့ကို တောင်ငူခရိုင် တရားရုံး (၁)က ဧပြီ ၂၅ရက်
တွင် လူသတ်မှုထင်ရှားခဲ့သဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်လိုက်သည်ဟု
အသတ်ခံရသည့် လူငယ်၏ အစ်မဖြစ်သူ မမြင့်ခက်ခက်မွန်က မဇ္ဈိမသို့ ပြောသည်။

၎င်းတို့ ၄ ဦးမှာ လူသတ်မှုကျူးလွန်ကြောင်း ထင်ရှားသဖြင့် ခရိုင်တရားသူကြီး မောင်မောင်အေးက အထက်ပါအတိုင်း အမိန့်ချမှတ်ခဲ့သည်ဟု ဆိုသည်။

“ သားတစ်ယောက်ဆုံးရှုံးပြီး အစားထိုးလို့မရလို့ မကျေနပ်ပေမယ့်လည်း နိုင်ငံတော်တရားဥပဒေက ထိုက်သင့်တဲ့ ပြစ်ဒဏ်ပေးတဲ့အတွက် ကျေနပ်ပါတယ်” ဟု အသတ်ခံခဲ့ရသူ၏ မိခင် ဒေါ်သန်းကျင်က
ဆိုသည်။

အဆိုပါ အမှုမှာ ဖြူးမြို့နယ်တွင် ၂၀၁၂ ခုနှစ် သြဂုတ်လ ၁ ရက် ညက ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ လောကနတ် စားသောက်ဆိုင်မှ အရက်သောက်ပြီး ဆိုက်ကားဖြင့် ပြန်လာသည့် မောင်လင်းလင်ထက်
(၂၄)နှစ်ကို ရဲတပ်ဖွဲ့ဝင်များက စစ်မေးရာတွင် မချေမငံပြောဆိုသည်ဟု ဆိုကာ လက်ထိပ်ခက်၍ ရဲစခန်းတွင်းသို့ ဖမ်းဆီးပြီး ဝိုင်းဝန်းရိုက်နှက်ခဲ့သဖြင့် သေဆုံးခဲ့ခြင်း ဖြစ်သည်။

ယင်းဖြစ်စဉ်ကြောင့် ပြစ်မှုကျူးလွန်ခဲ့သည့် ဒုရဲအုပ် သူရိန်ဆန်းကို အလုပ်နှင့် ထောင်ဒဏ် ၁ နှစ်၊ ဒုရဲအုပ် ဝင်းတင့်ကို ရာထူး တစ်ဆင့် လျော့ချပြီး၊ တပ်ကြပ်ကြီး အုန်းလွင်နှင့် တပ်သား မင်းကိုလတ်တို့ကို
ရဲတပ်ဖွဲ့မှ ထုတ်ပယ်ခြင်းဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေဖြင့် ကနဦး အရေးယူမှု ပြုလုပ် ခဲ့သည်။

ထို့နောက် အရပ်ဘက်ဥပဒေဖြင့်ပါ တရားစွဲဆိုပြီး တစ်နှစ်ခွဲအကျော်အကြာ ရုံးချိန်းပေါင်း ၄၆ ချိန်းအပြီးတွင် အထက်ပါအတိုင်း အလုပ်နှင့် ထောင်ဒဏ် ၁၀နှစ်စီ အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

တရားသူကြီးက ဒုရဲအုပ် သူရိန်ဆန်းကို ပုဒ်မ ၃၀၂(၂) ဖြင့် အလုပ်နှင့် ထောင်ဒဏ် (၁၀)နှစ်၊ ဒုရဲအုပ် ဝင်းတင့်ကို ပုဒ်မ ၃၀၂ (၂)/၁၁၄ ဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်နှင့် တပ်ကြပ်ကြီး အုန်းလွင်နှင့်
တပ်သား မင်းကိုလတ် တို့အား ပုဒ်မ ၃၀၂(၂)/၁၁၄ တို့ဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၀ ချမှတ်လိုက်ခြင်း ဖြစ်သည်။

၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းကလည်း ဧရာဝတီတိုင်းဒေသကြီးတွင် ခိုးမှုဖြင့် သံသယရှိ ဖမ်းဆီးခံရသည့် အမျိုးသမီးတစ်ဦး လက်ထိပ်နောက်ပြန်ခက်လျက်ဖြင့် ရဲတပ်ဖွဲ့ဝင်များ၏ ရှေ့မှာပင် မြစ်တွင်းသို့
ခုန်ချသေဆုံးခဲ့သည်။

ထို့ပြင် လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်းကလည်း လူသတ်မှုဖြင့် သံသယရှိ ဖမ်းဆီးစစ်ဆေးခံရသည့် အမျိုးသားတစ်ဦး ရိုက်နှက်စစ်ဆေးခံရမှုများကြောင့် သေဆုံးခဲ့ရသည်။

အဆိုပါ ဖြစ်စဉ်များနှင့်ပတ်သက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များကိုယ်တိုင် ဥပဒေလိုက်နာမှု မရှိခဲ့ဟု ဝေဖန်းမှုများလည်း ရှိခဲ့သည်။

Mizziam News

ဧပြီ(၂၆)၊ ၂၀၁၄ 
ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ရဲတပ်ဖွဲ့စခန်းမှရဲအရာရှိ နှစ်ဦးနှင့် ရဲတပ်သား ၂ ဦးတို့ကို တောင်ငူခရိုင် တရားရုံး (၁)က ဧပြီ ၂၅ရက်

တွင် လူသတ်မှုထင်ရှားခဲ့သဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်လိုက်သည်ဟု

အသတ်ခံရသည့် လူငယ်၏ အစ်မဖြစ်သူ မမြင့်ခက်ခက်မွန်က မဇ္ဈိမသို့ ပြောသည်။

ကျောက်မဲမြို့က ပစ်ခတ်မှု ၂ ဦးသေဆုံး

ဧပြီ(၂၆)၊ ၂၀၁၄ 
ကျောက်မဲမှ မိုင်းတင်းကျေးရွာ လမ်းမပေါ် (ကျောက်မဲမှ) နှစ်မိုင်သာ ကွာသည့်၊ ပလောင်ငြိမ်းးချမ်းရေး ကုန်း အလွန်၌ မိုင်းတင်းပြည်သူ့စစ်အဖွဲ့ နဲ့ တောတွင်းလက်နက်ကိုင် အဖွဲ့ တို့ ယမန်နေ့နံနက် ၁ဝ နာရီ ခွဲ 
လောက် က ပစ်ခတ်မှု ဖြစ်ပွားခဲ့လို့ လူ ၂ ဦး သေဆုံးသွားပါတယ်။

မန္တလေးမှာ တယ်လီဖုန်းသုံးသူတွေ ဆန္ဒပြကြမယ်

(ဓာတ်ပုံ - တေဇလှိုင် / ဧရာဝတီ)
ဧပြီ(၂၆)၊ ၂၀၁၄ 
မန္တလေးဘက်မှာ တယ်လီဖုန်းသုံုံးသူတို့ရဲ့ လှုပ်ရှားမှုတခုကို လာမယ့် လဆန်းပိုင်းမှာ တွေ့ရပါတော့မယ်။အဲဒါကတော့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကို ဆန္ဒပြခြင်းပါပဲ။ ၁၅ဝဝ တန် ဖုန်းကတ် မှောင်ခိုဈေးကွက်ကြီးဖြစ်နေခြင်း၊ ဖုန်းလိုင်း အသုံးမကျခြင်း၊ အဲဒီ အသုံးမကျတဲ့ ဖုန်းလိုင်းကနေ အင်တာနက်သုံးရင် အဆင်မပြေခြင်းတို့ကလည်း မန္တလေးမှာ ဖြစ်နေတာပါ။

အွန်လိုင်းမှာ ဝေဖန်ခံနေရတဲ့ ရွှေတိဂုံပုံတူ ကိတ်မုန့်ခွဲခြင်း

ဧပြီ(၂၆)၊ ၂၀၁၄ 
အခုရက်ပိုင်း အွန်လိုင်းမှာ ဝေဖန်မှုအများဆုံး ဖြစ်နေတာကတော့ ဥရောပကနေ မြန်မာနိုင်ငံ ရန်ကုန်မြို့ကို တိုက်ရိုက်ပြေး ဆွဲမယ့် လေကြောင်းလိုင်း နားလည်မှု လက်မှတ်ရေးထိုးပွဲ အခမ်းအနားမှာ မြန်မာ့ သင်္ကတ အထွဋ်အမြတ်ထားရာ ရွှေတိဂုံ ပုံစံတူ ကိတ်မုန့်လှီး တဲ့ ကိစ္စပါဘဲ။

ပုသိမ်မြို့နယ် အတွင်းရှိ ကျေးရွာအချို့ သောက်သုံးရေ ခန်းခြောက်မှုများ တွေ့ကြုံနေရ


  ဧပြီ(၂၆)၊ ၂၀၁၄           
ဧရာဝတီတိုင်း ဒေသကြီး၏    မြို့တော် ပုသိမ်မြို့နယ်  အတွင်းရှိ   မဒေါ့ကုန်း၊  အနန်းကုန်း အပါဝင်  ကျေးရွာဒေသ အချို့  နှင့်  ပုသိမ် မော်တင် ကားလမ်း တစ်လျှောက်ရှိ    ကျေးရွာများတွင် နေပူပြင်း မှုကြောင့် သောက်သုံး ရေကန်များ၊ စမ်းချောင်းများ  ခန်းခြောက်ကာ သောက်သုံးရေ  ပြတ်လပ်မှု ဖြစ်ပေါ်နေ ရကြောင်း ဒေသခံ များက  ပြောသည်။  

အင်းလျားကန်ပေါင်နံဘေး ရပ်ထားသည့် လင်ခရူဆာယာဉ်အား အမျိုးသားငါးဦးက ဓားပြတိုက်ကာ လက်ဝတ်ရတနာနှင့် ယာဉ်အား လုယူမောင်းနှင်

(ဓားပြမှုဖြစ်ပွားရာ အင်းလျားကန်ပေါင်ရှေ့ ပြည်လမ်းမတစ်လျှောက်အား တွေ့ရစဉ် (ဓာတ်ပုံ - မင်းသိန်းနိုင်))
ဧပြီ(၂၆)၊ ၂၀၁၄
ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ အင်လျားကန်ပေါင်နံဘေး ရပ်ထားသည့် လင်ခရူဆာ ယာဉ်ပေါ်ရှိ လူငယ်နှစ်ဦးအား အမျိုးသားငါးဦးက ခြိမ်းခြောက်ကာ လက်ဝတ်ရတနာများနှင့် ယာဉ်အား လုယူမောင်းနှင်သွားမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

လက်နက်ခဲယမ်း အပြည့်အစုံဖြင့် တရုတ်နိုင်ငံသား ရှစ်ဦး ဖမ်းမိ

ဧပြီ(၂၆)၊ ၂၀၁၄ 
စစ်ကိုင်းတိုင်း ဒေသကြီး မြန်မာ- အိန္ဒိယနယ်စပ် တမူးမြို့တွင် တရုတ်နိုင်ငံသား ရှစ်ဦး စီးလာသည့် ကားပေါ်မှ လက်နက်ငယ်များ၊  ကျည်တောင့်များနှင့် လက်ပစ်ဗုံးများ  ဖမ်းဆီးရမိခဲ့ ကြောင်း တမူးခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ သတင်းရရှိ သည်။

သားအိမ်တွင်းဖြစ်တဲ့ စပျစ်သီးသန္ဓေဆိုင်ရာ ကင်ဆာ

 
By ကိုဝင်းမင်း
မြန်မာနိုင်ငံမှာ စပျစ်သီးသန္ဓေရောဂါဆိုင်ရာ ကင်ဆာ ဖြစ်နှုန်းများနေပြီး၊ အသက်ဆုံးရှုံးတာတွေလည်း ရှိနေတယ်လို့ ကျန်းမာရေးပညာရှင်တွေက ထောက်ပြပြောဆိုနေကြပါတယ်။

မြန်မာနိုင်ငံတွင် လူသန်း ၃၀ ကျော် ငှက်ဖျားပိုး ကူးစက်နိုင်ခြေ ရှိဟုဆို

ရန်ကုန်၊ ဧပြီ ၂၅

အာရှဒေသ ငှက်ဖျားရောဂါပိုး ကူးစက်နှုန်း အမြင့်ဆုံး စာရင်းဝင် မြန်မာနိုင်ငံတွင် လူဦးရေ ၃၁ သန်းနီးပါးသည် ငှက်ဖျားရောဂါပိုး ကူးစက်နိုင်ခြေ ရှိနေကြောင်း Malaria Consortium Myanmar ဌာနေကိုယ်စားလှယ် Ms. Yasmin Padamsee Forbes က The Voice သို့ ပြောကြားသည်။

TNLA နှင့် တပ်မတော် တိုက်ပွဲ များကြောင့် လက်ဖက် စိုက်တောင်သူများ ထွက်ပြေး တိမ်းရှောင် နေရ

ဧပြီ(၂၆)၊ ၂၀၁၄       
တအောင်း လွတ်မြောက်ရေး   တပ်မတော် (TNLA) နှင့်    တပ်မတော်တို့ အကြား လက်ရှိ ဖြစ်ပွားနေသော တိုက်ပွဲများကြောင့်  လက်ဖက်စိုက် တောင်သူ များ လက်ဖက်ခင်း များကိုပစ်ကာ ရှောင်တိမ်း ပုန်းရှောင် နေရကြောင်း တအောင်း လွတ်မြောက်ရေး တပ်မတော် (TNLA)    ပြန်ကြားရေးရုံး မှ သတင်း ရရှိသည်။

Thursday, April 24, 2014

ဦးဝင်းတင်အမှတ်တရများ ထိန်းသိမ်းစောင့်ရှောက်ရန် ဒေါ်အောင်ဆန်းစုကြည် အကြံပြု

ဦးဝင်းတင်နေအိမ်ကို ဒေါ်အောင်ဆန်းစုကြည် ကြည့်ရှုစဉ်
ဦးဝင်းတင်နေအိမ်ကို ဒေါ်အောင်ဆန်းစုကြည် ကြည့်ရှုစဉ်

ဧပြီ(၂၄)၊ ၂၀၁၄ ၊ By
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က ရန်ကင်းမြို့နယ် ကျောင်း ကုန်း တပင်ရွှေ ထီး လမ်း အိမ်အမှတ် ၁၀ မှာ ရှိတဲ့  ဦးဝင်းတင် နောက်ဆုံးနေ ထိုင်ခဲ့တဲ့ နေအိမ်ကလေးကို လာရောက်ရင်း ကျန်ရစ်ခဲ့တဲ့ အသုံးအဆောင် ပစ္စည်းတွေကို အမှတ်တရ ထိန်းသိမ်းထားကြဖို့ အကြံပြုသွားတာ ဖြစ်ပါတယ်။

နစ်မြုပ်သင်္ဘောပေါ်က ပျောက်ဆုံးခရီးသည်ရှာဖွေမှု ရေငုပ်သမားများကြောင့် အခက်ကြုံ

sinkingship
ဧပြီ(၂၄)၊ ၂၀၁၄
 
တောင်ကိုရီးယား ကမ်းရိုးတန်းစောင့်တပ်ဟာ နစ်မြုပ်သင်္ဘောပေါ်က ပျောက်ဆုံး ခရီးသည်တွေကို ရှာဖွေရာမှာ လုပ်အားပေးရေငုပ်သမားတွေကြောင့် ပြဿနာတွေ ဖြစ်နေတယ်လို့ ကမ်းရိုးတန်းစောင့်တပ်က ဒီနေ့ ပြောဆိုလိုက်ပါတယ်။“ရေပြင်ကို သွားရှာဖို့ ဘယ်ရေငုပ်သမားက ဘယ်အပိုင်းဆိုတာ လမ်းညွှန်ချက် ရှိတယ်။ ဒါပေမယ့် တချို့အပျော်တမ်း ရေငုပ် သမားတွေက ရှာဖွေရေးလုပ်ငန်းခွင်ထဲ လာပြီး အမှတ်တရ ဓာတ်ပုံ ရိုက်နေတယ်။ ကမ်းရိုးတန်းစောင့် တပ်ရဲ့ ရေငုပ်သမားတွေ နဲ့ ရေတပ် ရေငုပ်သမား တွေကြားမှာ လာနေနေတယ်” လို့ တောင်ကိုရီးယား ကမ်းရိုးတန်းစောင့်တပ်က အရာရှိ ကိုမြောင်ဆခ်က ပြောပါတယ်။

ပဲခူးမြို့ ကြယ်တာရာ စားသောက်ဆိုင်အနီးတွင် ဆိုင်ကယ်ကျော်ရာမှတိုက်မိ၍ တစ်ဦးသေဆုံး

Thant Zin's photo. 
ဧပြီ(၂၄)၊ ၂၀၁၄
 
ပဲခူးမြို့မ ရဲစခန်း ပိုင် တွင် (၂၃.၄.၂၀၁၄)နေ့ ည(၉း၀၀)အချိန်ခန့် ရန်ကုန်-မန္တလေး ကားလမ်းမဘေး
ကြယ်တာရာဆိုင် အနီးတွင်ယာဉ် တိုက်မှု ဖြစ်ပွားခဲ့သည်။ဖြစ်စဉ်မှာ ရန်ကုန်ဘက်မှ ယာဉ်မောင်း ဦးလှမျိုး (ဘ)ဦးမျိုးတင့် ၊အသက် (၅၄)နှစ် မြို့တွင်းကြီးရပ်ကွက်၊ပဲခူးမြို့နေသူသည် ၃ယ/xxxxx

အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်နိုင်ရေး အခြေခံလူနေမှု ကုန်ကျစရိတ်များ စစ်တမ်းကောက်မည်

လုပ်ခလစာတိုးမြင့်ရရှိရေး ဆန္ဒပြနေသူများ (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
ဧပြီ(၂၄)၊ ၂၀၁၄
အလုပ်သမားများအ တွက် အနိမ့်ဆုံးလုပ်ခလစာ သတ် မှတ်နိုင်ရေး အတွက် တိုင်းနှင့်ပြည် နယ်အားလုံးတွင် အခြေခံလူနေ မှု ကုန်ကျ စရိတ်များကို စစ်တမ်း ကောက်ယူ သွားမည် ဖြစ်ကြောင်း အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ တာ ဝန်ရှိသူ တစ်ဦးကပြောသည်။

လယ်သိမ်းခံ တောင်သူတွေ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတင်ပြ

ဧပြီ(၂၄)၊ ၂၀၁၄
ရန်ကုန်တိုင်း ၊ ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်းက လယ်ယာမြေ သိမ်းဆည်းခံရတဲ့ တောင်သူ ၂၀ ခန့်ဟာ ဒီကနေ့ နေ့လည်ပိုင်းက သူတို့လက်ရှိရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့ပတ်သက်ပြီး အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန် ရွှေဂုံတိုင်က အဖွဲ့ချုပ်မှာ လာရောက် တွေ့ဆုံတင်ပြခဲ့ကြတယ်လို့ သိရပါတယ်။

ဘင်္ဂလားဒေ့ရှ် ရာနာကုန်တိုက်ပြိုကျမှု သေဆုံးသူများအတွက် လျော်ကြေးပေးရန် ဆန္ဒပြ

unnamed
ဧပြီ(၂၄)၊ ၂၀၁၄
ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ မြို့တော် ဒါကာမှာ ဆန္ဒပြသူတွေနဲ့ သေဆုံးဒဏ်ရာရသူတွေရဲ့ မိသားစုဝင်တွေက ဧပြီ ၂၃ ရက်နေ့က ရာနာပလာဇာပြိုကျမှု နှစ်ပတ်လည်နေ့အဖြစ် ဘေးသင့်သူတွေကို လျော်ကြေးပေးဖို့ တောင်းဆို ဆန္ဒပြနေပါတယ်။

မန်ဝိန်းကြီးတွင် တိုက်ပွဲ ပြန်ဖြစ်

ဧပြီ(၂၄)၊ ၂၀၁၄
အစိုးရတပ်နှင့် ကေအိုင် အေတို့ မန်ဝိန်းကြီးဒေသ၊ ကျောက်ဖျာနှင့် နမ်ကျဉ်းကျေးရွာအနီးတွင် ဧပြီ ၂၃ ရက်က တိုက်ပွဲပြန်လည် ဖြစ်ပွားခဲ့ကြောင်း     သတင်းရရှိ သည်။

ခရီးသည်ယာဉ်တစ်စီး မီးလောင်ပြန်၊ ယာဉ်မောင်းနှင့် နောက်လိုက်တို့ တာဝန်သိတတ်မှုကြောင့် ခရီးသည်များ အသက်ချမ်းသာရာရ


ဧပြီ(၂၄)၊ ၂၀၁၄
ရန်ကုန်မှချောက်မြို့သို့ ထွက်ခွာသွားသောပြည့်ဖြိုးအောင်ခရီးသည်တင်ယာဉ်သည် ဧပြီ ၂၁ ရက်က မိုင်တိုင် ၂၈ တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သော်လည်းလိုက်ပါလာသည့်ခရီးသည်များ ထိခိုက်ဒဏ်ရာရမှုမရှိကြောင်း သတင်းရရှိသည်။

အိမ်ထောင်ရှိယောင်္ကျားတစ်ယောက်နဲ့ တွဲနေတဲ့ နာမည်ကြီးမင်းသမီး

ဧပြီ(၂၄)၊ ၂၀၁၄
 
မင်းသမီး Lindsay Lohan ဟာအိမ်ထောင်ရှိပြီးသားလူတစ်ယောက်နဲ့တွဲနေတယ်လို့ဆိုပါတယ်။

မကြာသေးခင်က လမစေ့ကိုယ်ဝန်ပျက်ကျမှုကို ခံစားခဲ့ရတဲ့ Lindsay ဟာ ဧပြီလ ၁၁ ရက်နေ့ကကျင်းပတဲ့ Music and Arts ပွဲတော်မှာ Vodka အရက်နဲ့ Ecstasy မူးယစ်ဆေးတွေသုံးစွဲထားတဲ့အရှိန်နဲ့ သူမရဲ့တိတ်တိန်ပုန်းဇာတ်လမ်းအကြောင်း ဖွင့်ဟခဲ့တယ်လို့ အတည်မပြုနိုင်တဲ့သတင်းတွေအရ သိရပါတယ်။

DVB - ဒလမြို့နယ် ရေကန်တွေခန်းခြောက် သောက်သုံးရေရှားပါး

ကားမှောက်မှုကြောင့် မြန်မာအလုပ်သမား ၁ ဦးသေ၊ ၁၇ ဦး ဒဏ်ရာရ

Myanmar worker deadဧပြီ(၂၄)၊ ၂၀၁၄
 
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့နယ်ထဲမှာ မြန်မာအလုပ်သမားတွေ စီးနင်း လိုက်ပါလာတဲ့ ဘတ်စ်ကား ၁ စီး တိမ်းမှောက်ပြီး ၁ ဦး သေဆုံးကာ ၁၇ ဦး ဒဏ်ရာရသွားတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြသွားပါတယ်။
မဲဆောက်မြို့နယ် မဲ့ထော့ရဲစခန်းက ဒုရဲမှူး ဘန်းလုမ်းရုံးကစ်ရဲ့ ပြောကြား ချက်အရ  အဲဒီ ကားဟာ  ဧပြီလ ၂၄ ရက်နေ့ မနက် ၅ နာရီလောက်က မဲဆောက်မြို့မှာအထွက် မဲ့ထော့ရွာအနီး ဒွိုင်လုတ်တောင်ကုန်းနားမှာ တိမ်းမှောက်ခဲ့တာလို့ ဆိုပါတယ်။

Wednesday, April 23, 2014

စစ်တပ်မိသားစု၇ဦးပါဝင်သောလူကုန်ကူးခံရသူ၁၄ဦးအားစီစစ်


ကိုတီးဧပြီ(၂၃)၊ ၂၀၁၄
ဘန်ကောက်မြို့တောင်ဘက်ကီလိုမီတာ ၇၀ခန့်
အကွာတွင်ရှိသော  စမုတ်ဆုံခါမြို့၊ မဲခေါင်ငါး
ဖမ်းလှေဆိပ်၊ အင်ဒိုနီးရှားငါးဖမ်းလှေ JAKATA2
ပေါ်   တွင် ရောင်းစားခံခဲ့ရသည့် စစ်တပ်မိသား
စု၇ဦးပါ၁၄ဦး အမှုကိစ္စအား ပူးပေါင်းေ ဆာင်ရွက်
သူများက ယနေ့ ပြန်လည်စီစစ်ကြကြောင်းသိရှိရသည်။

မန္တလေးတွင် နေ့အပူချိန်မြင့်တက်၍ တစ်ရက်အတွင်း ခြောက်ဦးသေဆုံး



ဧပြီ(၂၃)၊ ၂၀၁၄
မန္တလေး၊ ဧပြီ ၂၂ ၊မြန်မာတစ်နိုင်ငံလုံးတွင် ခရမ်းလွန် ရောင်ခြည် အညွှန်းကိန်းတန်ဖိုးများ လွန်ကဲအဆင့်သို့ ရောက်ရှိနေပြီး မန္တလေးတိုင်း ဒေသကြီး၏ နေ့အပူချိန်မှာ ဧပြီလအတွင်း မြင့်တက်လာသဖြင့် အပူဒဏ်ကြောင့် ဧပြီလ၂၁ ရက်နေ့ တစ်ရက်အတွင်း လူခြောက်ဦး သေဆုံးခဲ့ကြောင်း မန္တလေး ပြည်သူ့ဆေးရုံကြီးနှင့် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

လယ်သမား တစ်သိန်းကျော် ပါဝင်မည့် ဧရာဝတီ လယ်သမား ညီလာခံ ပြုလုပ်မည်

ဧပြီ(၂၃)၊ ၂၀၁၄
              မြန်မာ နိုင်ငံရှိ လယ်သမားများ တွေ့ကြုံ နေရသော အခက်အခဲ ပြဿနာ များအား စုပေါင်း ဖြေရှင်း ကြရန် ရည်ရွယ်၍ ၂၀၁၄ ခုနှစ်၊ မေလလယ်၌ လယ်သမား တစ်သိန်းကျော် ပါဝင်သော ဧရာဝတီ လယ်သမား ညီလာခံကို ဧရာဝတီတိုင်း ဒေသကြီး၊ မအူပင် မြို့နယ်တွင် ပြုလုပ် သွားမည် ဖြစ်ကြောင်း တောင်သူ လယ်သမား ဖွံ့ဖြိုး တိုးတက်ရေး ပါတီ ဥက္ကဋ္ဌ ဦးကျော်စွာစိုးက The Messenger သတင်းစာသို့ ပြောသည်။

ပဲခူးမြို့၊ နန်းတော်ရာရပ်ကွက်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဥက္ကဌ ဦးထွန်းအောင်ကြည် ကွယ်လွန်း ဥတုရုပ်ကလပ်အား ကောင်းမွန်စွာ သဂြိင်္ဟ်(ရုပ်/သံ)

ဧပြီ(၂၃)၊ ၂၀၁၄
ပဲခူးမြို့၊ နန်းတော်ရာရပ်ကွက်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးထွန်းအောင်ကြည်သည် ၂၃၊ ၄၊ ၂၀၁၄ ရက်နေ့ ည(၁၂)နာရီ(၃၅)မိနစ်ခန့်တွင် ဦးနှောက်အကျိတ်
ကင်ဆာရောဂါဖြင့် ကွယ်လွန်သွားကြောင်း အဖွဲ့ဝင်တစ်ဦး၏ ပြောပြချက်အရသိရှိရသည်။

ကိုမိုးသီးဇွန် ခေါင်းဆောင်ကာ ဦးဝင်းတင် နောက်ဆုံးခရီး လမ်းလျှောက်ပို့ဆောင်

ဧပြီ(၂၃)၊ ၂၀၁၄
ရန်ကုန်၊ မဇ္ဈိမ။ ။ ၈၈ကျောင်းသား ခေါင်းဆောင် တစ်ဦးဖြစ်သည့် ကိုမိုးသီးဇွန် ခေါင်းဆောင်ကာ လူ ၁၅၀ခန့်သည် ဦးဝင်းတင်၏ နောက်ဆုံး ခရီးအတွက် မြောက်ဥက္ကလာ အဝိုင်းမှ စတင်ကာ
လမ်းလျှောက် ပို့ဆောင်ရန် ဧပြီလ ၂၃ရက် နံနက် ၁၁နာရီခွဲတွင် စတင်ထွက်ခွာနေပြီဖြစ်သည်။

အကြံပြုလွှာများ မျိုးစောင့်ဥပဒေကြမ်း ကော်မရှင်ထံ မရောက်သေး

ဧပြီ(၂၃)၊ ၂၀၁၄
ပြည်တွင်း၊ ပြည်ပ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ၏ ဝေဖန် ကန့်ကွက်မှုများရှိနေသည့်
မျိုးစောင့် ဥပဒေအား လာမည့် မေလတွင် ပြည်သူ လူထုထံ ချပြတော့မည်ဖြစ်သော်လည်း ယနေ့
အချိန်အထိ ဥပဒေကြမ်းရေးဆွဲရေးကော်မရှင်ထံသို့ အကြံပြုလွှာများ မရောက်သေးကြောင်း
ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်ဌေးက မြန်မာတိုင်း(မ်)ကို ပြောသည်။

ဒလတွင် သောက်သုံးရေ အခက်ခဲနှင့် ကြုံတွေ့နေ

ဧပြီ(၂၃)၊ ၂၀၁၄
ရန်ကုန်တဖက်ကမ်း ဒလမြို့နယ်ထဲက ရပ်ကွက်တချို့မှာ ပူပြင်းတဲ့နွေရာသီကြောင့် ရေခန်းလာတဲ့အတွက် သောက်ရေရှားပါးမှု အခက်အခဲ ကြုံတွေ့နေရပါတယ်။

မရောင်သည့်နေပြည်တော် ဆီမလူးသင့်ပါ

ဧပြီ(၂၃)၊ ၂၀၁၄
 
သမ္မတဦးသိန်းစိန်လက်မှတ် ရေးထိုးပြဋ္ဌာန်းလိုက်သည့် ၂၀၁၄ -၁၅ ဘဏ္ဍာနှစ် အမျိုးသားစီမံ ကိန်းဥပဒေနှင့် ပတ်သက်၍ ဝေ ဖန်မှုများရှိခဲ့သည်။ အထူးသဖြင့် ရခိုင်ပြည်နယ်နှင့် ပတ်သက်၍ ဖြစ်သည်။ သမ္မတလက်မှတ်ရေးထိုး ပြဋ္ဌာန်းခဲ့သည့် ဥပဒေတွင် ရခိုင် ပြည်နယ်၌ ၅ ဒသမ ၇ ရာခိုင် နှုန်းတိုးတက်ရန် ဟုပါရှိသည်။ သို့ သော်နေပြည်တော်ကောင်စီနယ် မြေအတွက်မူ ၂၈ ဒသမ ၂ ရာခိုင် နှုန်းတိုးတက်ရန် လုပ်ဆောင်မည်ဟု ဖော်ပြထားသည်။ ရှမ်းပြည်နယ် တွင် ၅ ရာခိုင်နှုန်းတိုးတက်ရန်နှင့် ကချင်ပြည်နယ်တွင် ၂ ရာခိုင် နှုန်း တိုးတက်ရန်တို့ဖြစ်သည်။

အမေရိကန်ပြည်နှင်ဒဏ်က လွတ်မြောက်သွားတဲ့ ဂျပ်စတင်ဘီဘာ

ဧပြီ(၂၃)၊ ၂၀၁၄
ကမ္ဘာကျော်လူငယ် ပေါ့ပ်အဆိုတော် ဂျပ်စတင်ဘီ ဘာအား လက်ရှိနေထိုင်ရာ အ မေရိကန်နိုင်ငံမှ ၎င်း၏ ဇာတိ ကနေဒါနိုင်ငံသို့ ပြန်လည်နှင် လွှတ်ရန်ဟူသော အွန်လိုင်းအသ နားခံစာကို အိမ်ဖြူတော်အရာရှိ များက ပယ်ချလိုက်သည်။

မြန်မာဝမ်ပေါင်ကုမ္ပဏီ ၀န်ထမ်းများ လုပ်အားခတိုးပေးရေး ဆန္ဒပြ

ဧပြီ ၁၀ ရက်နေ့ ဆန္ဒပြခဲ့ကြစဉ်
ဧပြီ ၁၀ ရက်နေ့ ဆန္ဒပြခဲ့ကြစဉ်
ဧပြီ(၂၃)၊ ၂၀၁၄၊ By
စစ်ကိုင်းတိုင်း မုံရွာခရိုင် လက်ပံတောင်းတောင်မှာ ကြေးနီတူးဖော်နေတဲ့ မြန်မာဝမ်ပေါင်ကုမ္ပဏီက ၀န်ထမ်းတွေဟာ  လုပ်ခလစာ တိုးမြှင့်ပေးဖို့ ဒီကနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
လက်ပံတောင်း ကြေးနီစီမံကိန်းမှာ ဝင်လုပ်ဖို့ မြန်မာဝမ်ပေါင်ကုမ္ပဏီရဲ့ စာတွေ့၊ လက်တွေ့ သင်တန်း အပတ်စဉ် ၂ မှာ တက်ရောက်ခဲ့တဲ့ ဘွဲ့ရ၀န်ထမ်းတွေ အပါအ၀င် ဒေသခံအလုပ်သမား ၂၅၀ လောက်က ဒီကနေ့ မနက်ပိုင်းက လက်ပံတောင်းဒေသက ၀မ်ပေါင် ကုမ္ပဏီရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။

ဟံသာဝတီ ဦးဝင်းတင် ဈာပနအခမ်းအနားအား ထောင်အတွင်းမှ သံချေခြင်းခက်ပုံစံဖြင့် တက်ရောက်ဂါရ၀ပြု


ရန်ကုန်၊ ဧပြီ ၂၃
 
ဟံသာဝတီဦးဝင်းတင်၏ဈာပနအခမ်းအနားအား ဦးထွန်းလွင် ဆိုသူမှ ထောင်အတွင်း သံချေခြင်းခက်သည့် ပုံစံမျိုးဝတ်ဆင်ကာ တက်ရောက် ဂါရ၀ပြုခဲ့သည်။

အသက် ၈ နှစ်အရွယ် ဆွံ့အနားမကြားမိန်းကလေးကို အသက် ၄၀ အရွယ်က မုဒိန်းကျင့်

ဧပြီ(၂၃)၊ ၂၀၁၄ 
 
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ................ရပ်ကွက်ရှိ ................... လိုင်းခန်း အမှတ် (-) နေ လူမှု ၀န်ထမ်း ဦးစီးဌာန (၃) ဆွံ့အ နားမကြား ကလေးများကျာင်းမှ အသက် ရှစ်နှစ်အရွယ် ကလေးငယ် တစ်ဦးကို အသက် (၄၀) အရွယ် အမျိုးသား တစ်ဦးက အဓမ္မ ပြုကျင့်မှု တစ်ခု ဧပြီလ (၂၀) ရက်နေ့က ဖြစ်ပွား ခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးမှ သတင်း ရရှိသည်။

လမ်းအလယ်ပလက်ဖောင်းပေါ် ရပ်နေသူ အမျိုးသမီးနှစ်ဦးကို အရှိန်ဖြင့်တိုက် ၍ ယာဉ်တိမ်းမှောက်


ဧပြီ(၂၃)၊ ၂၀၁၄
 
ရန်ကုန် ဧပြီ ၂၂ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် (၃) ရပ်ကွက် ကျိုက်ဝိုင်း ဘုရားလမ်း အလက (၅)ကျောင်းရှေ့၌ ဧပြီ ၁၉ ရက် ည ၇နာရီခန့်က ရန်ကုန်တိုင်းဒေသကြီးဗဟန်းမြို့နယ် ကိုယ့်မင်းကိုယ်ချင်းရပ်ကွက် ကမ္ဘာအေးဘုရားလမ်း အမှတ်၂၇ ဘီနေ ယာဉ်မောင်း မျိုးမင်းသွင်(၃၃နှစ်) သည် တိုယိုတာ ဟိုင်းလပ်ဆပ်(ဖ်)၂ဂ/--- အနက်ရောင် မော်တော်ယာဉ်ကို ကျိုက်ဝိုင်းဘုရားလမ်းအတိုင်း အနောက်မှအရှေ့သို့ မောင်းနှင်လာစဉ် ကျိုက်ဝိုင်းဘုရား ကားမှတ်တိုင်အနီး လမ်းအလယ်ကျွန်း ပလက်ဖောင်းပေါ်တွင် ရပ်နေသော အမျိုးသမီးနှစ်ဦးကို အရှိန်ဖြင့် ဝင်တိုက်မိပြီး ယာဉ်မှာတိမ်းမှောက်သွားကြောင်းသိရသည်။

ဟံသာဝတီလေဆိပ် ကုမ္ပဏီ ၃ ခု တင်ဒါပြိုင်

ဟံသာဝတီလေဆိပ် နမူနာကို တွေ့မြင်ရစဉ်
 ဟံသာဝတီလေဆိပ် နမူနာကို တွေ့မြင်ရစဉ်
ဧပြီ(၂၃)၊ ၂၀၁၄ 
By ဒီဗွီဘီ
တင်ဒါ အောင်မြင်တဲ့ ကုမ္ပဏီ ရွေးချယ်ပြီးနောက်မှ အဆင်မပြေမှု ဖြစ်ပေါ်လို့ ဒုတိယအကြိမ် တင်ဒါပြန်ခေါ်ထားတဲ့ ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ် စီမံကိန်းကို နိုင်ငံတကာ ကုမ္ပဏီ ၃ ခုက တင်ဒါ ပြန်လျှောက်ထားခဲ့တယ်လို့ မြန်မာ့လေကြောင်းတာဝန်ရှိသူတယောက်က အတည်ပြု ပြောဆိုပါတယ်။

Tuesday, April 22, 2014

ဦးဝင်းတင်ကွယ်လွန်ခြင်းနှင့်ပတ်သက်၍ ပဲခူးမြို့နေ ပြည်သူများ၏ ပြောကြားချက်

သင်္ကြန်တွင်းကောလာဟလနဲ့ပတ်သက်ပြီး ပရိသတ်ကို အမှန်အတိုင်းဖွင့်ဟလိုက်တဲ့ စိုင်းစိုင်းခမ်းလှိုင်

ဗန်းမော်၊ ဧပြီ ၂၁
 
" သင်္ကြန်ပြတိုက်" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို စိုင်းစိုင်းခမ်းလှိုင်က ခင်ဝင့်ဝါ၊ နန်းဆုဦးတို့နဲ့ ရိုက်ကူးနေပြီး သင်္ကြန်မှာ သူငယ်ချင်းတွေ မဏ္ဍပ်စုဆောက်ကြ
တဲ့ အထဲမှာ ခေါင်းဆောင်တစ်ယောက်ဖြစ်သူ စိုင်းစိုင်းဆိုတဲ့ကောင်လေး တစ်ယောက်အဖြစ် သရုပ်ဆောင်ရတာပါ။ သင်္ကြန်မဏ္ဍပ်ကို တာဝန် ယူပြီးလုပ်ရတဲ့အတွက်နဲ့ ဇာတ်ကားရိုက်ကူး မှုအကြောင်းကို

တပ်နှင့်ကေအိုင်အေ တိုက်ပွဲရက်ဆက် ဖြစ်ပြီးနောက် လဂျောင် ကျေးရွာနေသူများ ရွာလုံးကျွတ် ပြောင်းရွှေ့

ဗန်းမော်၊ ဧပြီ ၂၁

ကချင်ပြည်နယ်တွင် ဧပြီလဆန်းမှ စတင်ကာ တပ်မတော်နှင့် ကေအိုင်အေ တပ်များကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီးနောက် ဧပြီလ ၂၀ ရက် နေ့မှ စတင်ကာ မန်စီမြို့နှင့် ၁၀ မိုင်ကျော်ခန့် ဝေးသော မြို့ပေါ် စစ်ရှောင်စခန်းများဆီသို့ လဂျောင်ကျေးရွာနေ ဒေသခံများ ပြောင်းရွှေ့လျက် ရှိကြောင်း ဗန်မော်မြို့ ကရုဏာ မြန်မာလူမှုဖွံ့ဖြိုးရေး ရုံးမှ အစီအစဉ် ညှိနှိုင်းရေးမှူး ဦးနော်ဒင့်က ပြောကြားသည်။

အိမ်လခမပေးနိုင်၍ အိမ်ရှင်က ဆင်းခိုင်းသောကြောင့် အဘိုးအိုတစ်ဦး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်


 ဧပြီ(၂၂)၊ ၂၀၁၄

 တောင်ဒဂုံမြို့နယ် ၁၀၆ ရပ်ကွက်တွင်  အိမ်ငှားနေထိုင် သည့် အဘိုးအိုတစ်ဦးသည် အိမ်လခမပေးနိုင်၍ အိမ်ရှင်က ဆင်းခိုင်း သောကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစာ ဆရာကြီး ဦးဝင်းတင်သို့ အမှတ်တရ ပြောစကားများ


ဧပြီ(၂၂)၊ ၂၀၁၄၊ By ဧရာဝတီ
သတင်းစာ ဆရာကြီး တဦးလည်းဖြစ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီရဲ့ နာယက အဖွဲ့ဝင်လည်း ဖြစ်တဲ့ ဦးဝင်းတင် ဟာ ရန်ကုန်ဆေးရုံကြီးမှာ ကျောက်ကပ် ဝေဒနာ ကုသမှု ခံယူနေရင်း ဒီနေ့ မနက် ၆ နာရီခွဲလောက်မှာ ကွယ်လွန် သွားပါတယ်။

လူ့ငရဲထောင်ပြန် စာရေးသူရဲ့ ကျယ်လောင်မြည်ဟိန်းတဲ့ တိုးတိုးအမှာစကား

 စစ်ကြောရေး, ထောင်, တော်လှန်ရေး, အရေးတော်ပုံ
စစ်ကြောရေး, ထောင်, တော်လှန်ရေး, အရေးတော်ပုံ

ဧပြီ(၂၂)၊ ၂၀၁၄၊  By ဦးဝင်းတင်
ဒီနေ့ ၂၀၁၀ ခုနှစ် မတ်လ ၁၂ ရက်။ ကျနော် အသက် ၈၀ ပြည့်တယ်ဗျာ။ အသက် ၈၀ ဆိုတာ အတော်ကြီးကြီးလွန်းပြီဗျ။ သင်္ချိုင်းမီးသင်္ဂြိုလ်စက်ကို လှမ်းမြင်နေရပြီ။ မဝေးတော့ဘူး။ မဝေးတော့ဘူးဆိုမှ ဒီခရီးနီးသလား လာမေးမနေနဲ့။ ဝေးပါသေးတယ်လည်း လာပြောမနေနဲ့။ ခရီးဆုံး နီးနေတာကိုလည်း သိတယ်။ မီးသင်္ဂြိုလ်စက် မဝေးတော့တာလည်း သိတယ်။ ရှင်ချိန် နည်းလာပြီဆိုတာလည်း သိတယ်။ သေချိန်ကပ်လာပြီ ဆိုတာလည်း သိတယ်။ အဲဒါတွေ သိတာထက် ပိုသိတာက လုပ်စရာတွေ အများကြီးရှိသေးတယ် ဆိုတာနဲ့ လုပ်စရာတွေကို လုပ်နိုင်သမျှ အများကြီး လုပ်သွားရဦးမယ် ဆိုတာပါပဲ။

ဧပြီ ၂၃ ရက် မိုးလေ၀သ ခန့်မှန်းချက် – ဒေါက်တာထွန်းလွင်



ဧပြီ(၂၂)၊ ၂၀၁၄၊ By ဒီဗွီဘီ

ဧပြီ ၂၂ ရက်နေ့ မနက် ၇ နာရီ မိနစ် ၃၀ အချိန် ဖမ်းယူရရှိထားတဲ့ တိမ်ပုံအရ ကပ္ပလီ ပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်မှာ တိမ်အနည်းငယ် ဖြစ်ထွန်းနေပါတယ်။

မော်ဒယ်ဖြစ်ချင်၍ ပြည့်တန်ဆာလုပ်စဉ်က ရခဲ့သည့် ကိုယ်ဝန်ကို ဖျက်ချခဲ့မှုကြောင့် ဝေဖန်ခံနေရသူ မိန်းကလေး

ဧပြီ(၂၂)၊ ၂၀၁၄

အသက်(၂၃) နှစ် အရွယ်ရှိတဲ့ ဗြိတိန် နိုင်ငံ သူ ဂျိုဆီကန် နင်ဟမ် ဟာ မော်ဒယ် ဘ၀ ကို ရောက်ရှိ လို တာ မို့ လက်ရှိ ဆောင်ထားတဲ့ ကိုယ်ဝန်ကို ဖျက်ချဖို့ စီစဉ် ခဲ့တာကြောင့် ဝေဖန် မှုတွေနဲ့ ရင်ဆိုင် နေရ တယ်လို့ သိရ ပါတယ်။ ကန်နင်ဟမ် ရဲ့ ကိုယ်ဝန်ဟာ (၁၈) ပတ်ရှိ သွား ခဲ့ပြီဖြစ် ပါတယ်။ ဗြိတိန် နိုင်ငံမှာ

ဟံသာဝတီ ဦးဝင်းတင်အကြောင်း အကျဉ်းချုပ် - 7 Day Daily

ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)

ဧပြီ(၂၂)၊ ၂၀၁၄
ဟံသာဝတီဦးဝင်းတင် ကွယ်လွန် (၁၉၃၀−၂၀၁၄)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ နာယက၊ ထင်ရှားသောသတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်သည် ကိုယ်တွင်းအင်္ဂါများ ပျက်စီးသည့်ရောဂါဖြင့် တစ်လကျော်ကြာဆေးကုသမှုခံယူပြီးနောက် ဧပြီ ၂၁ရက် နံနက်၆နာရီခွဲတွင် ရန်ကုန်ဆေးရုံကြီး၊ အထူးကြပ်မတ်ကုသဆောင်(ICU)၌ ကွယ်လွန်ခဲ့သည်။