Saturday, February 21, 2015

တောင်းဆိုရက်အတွင်း ပညာရေး ဥပဒေပြင်ဖို့ မဖြစ်နိုင်ကြောင်း လွှတ်တော်ကော်မတီပြော

ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကျင်းပနေစဉ် / Photo: RFA
သပိတ်မှောက် ကျောင်းသား ကျောင်းသူတွေတောင်းဆို ထားတဲ့အတိုင်း ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နောက်ဆုံး ထားပြီး အမျိုးသားပညာရေးဥပဒေကို လွှတ်တော် က ပြင်ဆင်ပြဌာန်းပေးဖို့ဆိုတာ အချိန်တိုတောင်းတဲ့ အတွက် မဖြစ်နိုင်ကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းကော်မတီက ပြောပါတယ်။

ရွှေပြည်သာ စုပေါင်းအလုပ်သမား သပိတ်ကို ရန်ကုန်ရဲတပ်ဖွဲ့ အကြမ်း ဖက်နှိမ်နင်း

ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာစက်မှုဇုန် ၃ က အလုပ်သမားတွေ ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ဆန္ဒပြကြစဉ်။ Photo: Wai Yan Moe Myint/RFA
ရန်ကုန်တိုင်း ရွှေပြည်သာစက်မှုဇုံမှာ အခြေခံလစာတိုးပေး ဖို့ သပိတ်မှောက် တောင်းဆိုနေတဲ့ အလုပ်သမားတွေကို မနေ့ညနေ ၅ နာရီကျော်လောက်မှာ ရဲအင်အားအလုံး အရင်းနဲ့အကြမ်းဖက် နှိမ်နင်းလိုက်ပါတယ်။

ရွှေပြည်သာ လုပ်သားနဲ့ ရဲအဓိကရုဏ်း ၄၀ ကျော် ဒဏ်ရာရ

မြန်မာ့အထည်ချုပ် လုပ်ငန်းခွင်မြင်ကွင်း။
ဖေဖေါ်ဝါရီလ (၂၀)ရက်နေ့ ညနေပိုင်းက ရွှေပြည်သာစက်မှုဇုန်မှာ အခြေခံ လုပ်ခလစာ တိုးမြှင့်ပေးဖို့ ဆန္ဒပြတောင်းဆိုနေတဲ့ အထည်ချုပ် အလုပ်သမား သပိတ်ကို ရဲအာဏာပိုင်တွေက အကြမ်းဖက်ဖြိုခွဲခဲ့ပြီး အခြေအနေတွေ တင်းမာခဲ့ပါတယ်။ အမျိုးသမီး အလုပ်သမား ၃၅ ဦးကျော် ထိခိုက်ဒဏ်ရာရခဲ့သလို ရဲတချို့လည်း ဒဏ်ရာရခဲ့တယ်လို့ မျက်မြင်သက်သေတွေကပြောပါတယ်။ ဒါအပြင် ဦးဆောင်လှုပ်ရှားတဲ့ အလုပ်သမားသပိတ်ခေါင်းဆောင် (၈)ဦးကို ရဲအာဏာပိုင်တွေက ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ လက်ရှိအခြေအနေမှာတော့ စုပေါင်း အလုပ်သမားသပိတ်စခန်းကို E-Land Myanmar အထည်ချုပ်စက်ရုံရှေ့မှာ ဆက်လက်ထားရှိပြီး အလုပ်သမားအင်အား (၆၀၀)လောက် ညလုံးပေါက် ထိုင်သပိတ် ဆန္ဒပြနေကြပါတယ်။ မအင်ကြင်းနိုင်က အကြောင်းစုံကို ဆက်လက်ပြောပြမှာပါ။

ရဲနဲ့ အလုပ်သမား ရိုက်ကြလို့ ဒဏ်ရာ ရသူ များပြား

သောကြာနေ့ ညနေပိုင်းမှာ ဖြစ်ခဲ့တာပါ
အခြေခံ လုပ်ခလစာ တိုးမြှင့်ရေး သပိတ်မှောက် တောင်းဆို နေကြတဲ့ ရွှေပြည်သာ စက်မှုဇုန်က အထည်ချုပ် လုပ်သား တွေနဲ့ ရဲတပ်ဖွဲ့ဝင် တွေကြား သောကြာနေ့ည ဦးပိုင်းက ထိပ်တိုက် ဖြစ်တဲ့ အတွက် နှစ်ဘက် စလုံးမှာ ဒါဇင်နဲ့ ချီပြီး လူတွေ ဒဏ်ရာ ရခဲ့ ကြပါတယ်။

Friday, February 20, 2015

လူကုန်ကူးအကြမ်းဖက်သမား၅ဦးကို ဖမ်းဆီး


၂၀၁၅ ဖေဖေါ်ဝါရီလ ၁၈၊ကိုတီး

             မြန်မာသံရုံးအလုပ်သမားကူညီစောင်
့ရှောက်ရေးကော်မတီအဖွဲ့နှင့်မဟာချိုင်ရဲတပ်ဖွဲ့တို့ပူးပေါင်း၍ ယနေ့ညနေ ပိုင်းက မဟာချိုင်မှမြန်မာလူမျိုးလူကုန်ကူးအကြမ်းဖမ်းအုပ်စု၅ဦးအား ဖမ်းဆီးလိုက်ကြောင်း MATအဖွဲ့ကပြောသည်။

Sunday, February 15, 2015

ရန်ကုန်ဝင်ရင် ရေနစ်မည်ဟု အစိုးရပြောကြားချက် ခြိမ်းခြောက်မှုဆန်ဟု ဗကသပြော


ရန်ကုန်ကို ချီတက်နေတဲ့ သပိတ်စစ်ကြောင်းတွေနဲ့ ပတ်သက်ပြီးတော့ အစိုးရရဲ့ ပြောကြားချက်တွေဟာ ခြိမ်းခြောက်မှုဆန်နေတယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် (ဗကသ)က ပြောပါတယ်။

ဦးဖုန်ကြားရှင် လောက်ကိုင် အာဏာသိမ်းမှု လက်မခံဟု ကာချုပ်ပြော


ဦးဖုန်ကြားရှင်း ဦးဆောင်တဲ့ ကိုးကန့် တိမ်းရှောင်အဖွဲ့က လောက်ကိုင်ဒေသကို တိုက်ခိုက်သိမ်းပိုက်ပြီး ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ အစိုးရအဖွဲ့ကို ဖြုတ်ချ အာဏာသိမ်းဖို့ ကိစ္စကို တပ်မတော်က လက်မခံကြောင်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

မိုင်းပေါသည့်နယ်ဘက်တွင် အစိုးရနှင့် လက်နက်ကိုင်အဖွဲ့စည်းများ မြန်ဆုံးညှိနိုင်းဆောင်ရွက်သင့်


ကယား (ကရင်နီ) ပြည်နယ် မိုင်းပေါများသည့် ရှားတောမြို့နယ် သံလွင်တလျှောက်နှင့် ပွန်ချောင်းနောက် များတွင် အစိုးရနှင့် လက်နက်ကိုင်အဖွဲ့အစည်းများက မိုင်းရှင်းလင်းရေးကို အမြန်ဆုံးညှိနှိုင်းဆောင်ရွက် ပေးသင့်သည်ဟု ကယားပြည်နယ် ငြိမ်းချမ်းရေးဖြစ်စဉ် လေ့လာစောင့်ကြည့်ရေးအဖွဲ့မှ ဆရာပလုရယ်က ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ပြောကြားသွားသည်။

ဌာနချုပ်လိုင်ဇာ အနီးသို့ အစိုးရတပ်များ လက်နက်ကြီးများ ပစ်ခတ်

ဦး လာနန်၊ KIO ပြောရဲဆိုခွင့် ပုဂ္ဂိုလ်
ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဌာနချုပ် လိုင်ဇာအနီးရှိ ရှေ့တန်း စခန်းများသို့ အစိုးရ စစ်တပ်က လက်နက်ကြီးများဖြင့် နေ့စဉ် ပစ်ခတ်နေသဖြင့် နှစ်ဖက် စစ်ရေးတင်းမာမှု ရှိနေသည်ဟု KIO ပြောရေး ဆိုခွင့် ရှိသူ ဦးလာနန်က ပြောသည်။

အဓ္ဓမပြုကျင့် သတ်ဖြတ်ခံရသော ဆရာမနှစ်ဦး အမှု တရားခံဖော်ထုတ်နိုင်ရေး အစာရှောင် ဆုတောင်းမည်

ဇန်န၀ါရီ ၂၃၊ ဆရာမ နှစ်ဦး ဈာပဏ အခမ်းအနားကို လူ ထောင်ပေါင်းများစွာဖြင့် မြစ်ကြီးနား AD 2000 ခန်းမ တွင် ကျင်းပခဲ့တယ်
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်း (ကြူကုတ်) မြို့နယ် နမ်တောင်း (Namtau) ကျေးရွာအုပ်စု ကောင်းခါး (Kawng Hka) ကျေးရွာရှိ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ၏ စေတနာ့ ဝန်ထမ်း ကချင်ကျောင်းဆရာမ Maran Lu Ra နှင့် Tangbau Hkawn Nan Tsin တို့ အဓမ္မပြုကျင့်ခံရ၍ သတ်ဖြတ်ခံရသော တစ်လပြည့်သည့် လာမည့် ဖေဖော်ဝါရီလ ၁၉ ရက်တွင် ၂၄ နာရီ ကမ္ဘာနှင့်တလွှား အစာရှောင်ဆုတောင်းရန် KBC က ပန်ကြားလိုက်သည်။

ကျောက်ဖြူတွင် ဦးခေါင်းမရှိဘဲ သေဆုံးနေသူ တစ်ဦးတွေ့ရှိ


ဖေဖော်ဝါရီ ၁၅

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်၊ စိုင်ခြုံကျေးရွာ မြောက်ဘက် နှစ်ဖာလုံခန့် အကွာ၊ လယ်ကွင်းစပ်နား ဆူးခြုံထဲတွင် ဦးခေါင်းပြတ်ကြီးဖြင့် အမည်မသိ သေဆုံးနေသူ တစ်ဦးကို ကျေးရွာသားများက တွေ့ရှိခဲ့သည်ဟု ရဲအဖွဲ့က ပြောကြားသည်။

စိတ်မနှံ့သူ ကိုယ့်အိမ်ကိုကိုယ် မီးရှို့ရာမှ မင်းပြားမြို့နယ်တွင် နေအိမ် ၁၅ လုံး မီးလောင်


စစ်တွေ၊ ဖေဖော်ဝါရီ ၁၄

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်မှ  ကျေးရွာ တစ်ခုတွင် စိတ်မနှံ့သူ တစ်ဦးမှ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ကိုယ့်အိမ်ကို ကိုယ် မီးရှို့ရာမှ အနီးအနားသို့ နေအိမ်များသို့  ကူးစက်ပြီး အိမ် ၁၅ လုံးမီးလောင်သွားခဲ့သည်ဟု သတင်း ရရှိသည်။