Friday, May 22, 2015

လမ်းပြကြယ်ပါတီ နိုင်ငံရေးပါတီတစ်ခုအဖြစ် မှတ်ပုံတင်ခွင့်ရရှိ

 ပဲခူးမြို့အခြေဆိုက် ပါတီတစ်ခုဖြစ်သော လမ်းပြကြယ်ပါတီအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ၂၀၁၅ခုနှစ်၊ မေလ(၂၀)ရက်နေ့တွင် နိုင်ငံရေးပါတီအဖြစ်ခွင့်ပြုလိုက်
ပြီဖြစ်ကြောင်း ဦးအေးမြင့်(လမ်းပြကြယ်)၏ ပြောကြားချက်အရ သိရှိရသည်။

Wednesday, May 20, 2015

ပဲခူးတိုင်းဒေသကြီးဆည်မြောင်းဝန်ကြီးဌာနနှင့်အပြိုင် လွန်ဆွဲနေရသော က၀မြို့နယ်ရှိ လယ်သမား(၅)ဦး

ဘိုးဘွားမိဘများလက်ထက်မှစတင်၍ တရားဝင်အခွန်စည်းကြပ်စိုက်ပျိုးလုပ်ကိုင်ခွင့်ရရှိခဲ့သော လယ်ယာမြေဧရိယာ (၄၀)ဧကကျော်ခန့်အား ပဲခူးတိုင်းဒေသကြီးဆည်းမြောင်းဝန်ကြီးဌာနပိုင် လယ်ယာမြေအဖြစ်
သက်မှတ်ခြင်းအပေါ် မူလလက်ငုတ်ပိုင်ရှင်များဖြစ်ကြသော ပဲခူးတိုင်းဒေသကြီး၊ က၀မြို့နယ်၊ ညောင်ပင်ကျေးရွာအုပ်စု၊ သမဲ့ချောင်းကျေးရွာ၊ ကွင်းအမှတ်(၁၀၆၈-င) အတွင်း စိုက်ပျိုးလုပ်ကိုင်နေကြသည့် ဒေါ်တင်တင်ဦး ပါ
လယ်သမား(၅)ဦးမှ ၂၀၁၅ ခုနှစ်၊ မေလ(၁၃)ရက်နေ့တွင် လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခံရမှု စုံစမ်းရေးကော်မရှင်နှင့် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ထံသို့ ထပ်မံတင်ပြတိုင်တန်းထားကြောင်း သိရှိရသည်။