Friday, February 22, 2013

မြင်နိုင်သော မျက်လံးအတု တီထွင်အောင်မြင်


တကယ်မြင်နိုင်တဲ့ မျက်လုံးအတုပဲ ဖြစ်ပါတယ်။ အမေရိကန် ဆေးနှင့် ကျန်းမာရေး စစ်ဆေးရေးအဖွဲ့က အသိအမှတ်ပြုပြီးရင် အသုံးပြုနိုင်တော့ မှာ ဖြစ်ပါတယ်။

စက်ရုံမျက်လုံးလို့လည်းခေါ်နိုင်ပါတယ်။ အတွင်းမှာ ကင်မရာပါပြီး အီလက် ထရုတ် အချောင်း ၆၀ လောက် အသေးစိတ်ကို ထည့်သွင်းထား ပါတယ်။ တကယ့် မျက်လုံးတစ်လုံးနီးနီး မမြင်ရရင်တောင် သာမန်လူတစ်ယောက် လမ်းလျှောက်သလိုပဲ သွားလာအသုံးပြုနိုင်ရမယ်၊ စာဖတ်နိုင်ရမယ်လောက် ထိ ကို ကြိုးပမ်းထားပါတယ်။

Thursday, February 21, 2013

ကျွန်တော်တို့ဟာ တိုင်းပြည်ကို မျက်လှည့်ပြရန် အကြောင်းမရှိပါဘူးဟုဆိုသည့် စွမ်းအင်ဝန်ကြီး

 
ဒေသဆိုင်ရာအာဏာပိုင်တွေကို မပိတ်ပါနဲ့ လုပ်ခွင့်ပေးလိုက်ပါ။ဖွံ့ဖြိုးရေးအတွက်ရှိပါစေ။ သမ္မတကြီးရဲ့ လမ်းညွှန်မှုပါဟုဆိုသည့် စွမ်းအင်ဝန်ကြီး
ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် ဆဋ္ဌမပုံမှန်အစည်း အဝေး (၁၂)ရက်မြောက်နေ့တွင် မော်လိုက်မဲဆန္ဒနယ်မှ ဦးသောင်း က မော်လိုက်ရဲ့အရှေ့ခြမ်းမှာ ရှိတဲ့ အင်းတော်ဒေသက ရေနံ လက်တွင်းထုတ်လုပ်မှုတွေနှင့် ရှမ်းပြည်နယ်မဲဆန္ဒနယ်မှာ ဦးနေ ၀င်းထွန်းက ရေနံလုပ်တဲ့ လုပ် ကွက်ကို ကုမ္ပဏီတစ်ခုတည်းကို ဧရိယာအကျယ်ကြီးမပေးဘဲနဲ့ လူအများစု လုပ်ကိုင်ဆောင်ရွက် နိုင်အောင် လုပ်ကွက်အရွယ် အစား ပုံသေသတ်မှတ်ပြီး လုပ် ကိုင်ဖို့ ပေးသင့်ကြောင်း တင်ပြ လာခြင်းအား စွမ်းအင်ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးဦးသန်း ဌေးက ပြန်လည်ဖြေကြားသွား ကြောင်း သိရှိရပါတယ်။

Wednesday, February 20, 2013

နေမျိုးဝေနဲ့ဝင်းချို အဲဒီလူတွေကို ထိန်းလိုက်ရင် ဒီကိစ္စကပြတ်ပြီ (ခင်ရွှေ၊ ဇေကမ္ဘာ)

နေမျိုးဝေနဲ့ဝင်းချို အဲဒီလူတွေကို ထိန်းလိုက်ရင် ဒီကိစ္စကပြတ်ပြီ (ခင်ရွှေ၊ ဇေကမ္ဘာ)
=============================================

ပုဂ္ဂလိက လုပ်ငန်းများအား ဦးတည်၍ လှုံ့ဆော်သူအချို့အပေါ်အစိုးရမှ မည်သည့်အတွက် အရေးမယူကြောင်းဇေကမ္ဘာဦးခင်ရွှေမေးခွန်းထုတ်

February 19, 2013

မြေသိမ်းမှုများ၌ အမှန်တ ကယ်သိမ်းယူသော အိုးအိမ်ဦးစီး  ဌာနအား ရည်ရွယ်ဦးတည်ခြင်း လုံးဝမရှိဘဲ ယင်းအိုးအိမ်ဦးစီးဌာန  မှ လုပ်ကိုင်ခွင့်ပြန်ချပေးသော ပုဂ်္ဂလိကလုပ်ငန်းများအား ပြည်သူ များမှအထင်လွှဲမှားလာစေရန် ရည်ရွယ်၍နိုင်ငံရေးလှုံ့ဆော်သူ   အချို့ရှိနေပြီး။ယင်းသို့သော နိုင်ငံ ရေးလှုံ့ဆော်သူအချို့အား အစိုးရ မှ မည်သည့်အတွက်ကြောင့် ထိရောက်စွာ ထိန်းသိမ်းအရေး ယူခြင်းမပြုရကြောင်း ဇေကမ္ဘာ   ကုမ္ပဏီဥက္ကဋ္ဌဦးခင်ရွှေမှမေးခွန်း ထုတ်ပြောကြားလိုက်သည်။
““ကျွန်တော်အနေနဲ့နိုင်ငံရေး   တိုက်ကွက်ကြီးကိုကောင်းကောင်း ခံနေရတယ်။ပြောရရင်နိုင်ငံရေး   လှုံ့ဆော်နေသူတွေက နည်းနည်း လေးပါ အဲဒီမှာရန်ကုန်မှာဆို နေမျိုးဝေနဲ့ဝင်းချို အဲဒီလူတွေကို  ထိန်းလိုက်ရင် ဒီကိစ္စကပြတ်ပြီ သူတို့က နည်းနည်းဆို ဇေကမ္ဘာ    မြေသိမ်းတယ်။ ဇေကမ္ဘာမတရား  လုပ်တယ်ဆိုပြီး လှုံ့ဆော်ကြတာ    ဇေကမ္ဘာမတရားလုပ်တာ ဘာမှ မရှိပါဘူး။ဒီရက်ထဲမှာ နေမျိုးဝေ က စာအုပ်ကြီးထုတ်လိုက်တာ အဲဒီမှာ ဇေကမ္ဘာက မတရားလုပ် တယ်ဆိုပြီးပါရော ဇေကမ္ဘာမတရား  လုပ်တာလုံးဝမရှိပါဘူး။နည်းနည်း ဆို ခင်ရွှေ၊ ဇေကမ္ဘာ၊ခရိုနီ လွှတ် တော်ကိုယ်စားလှယ်ပြီးတော့ အကြောင်းကြောင်းတွေလည်းရှိ တယ်။ အဓိကက လှုံ့ဆော်နေတဲ့ သူ ၄ယောက်လောက်လိုပါ ဒီ လေးယောက်လောက်ကို နိုင်ငံ တော်က ဘာကြောင့် မထိန်းနိုင် သလဲဆိုတာတော့ ကျွန်တော်လည်း စဉ်းစားလို့မရဘူးဗျာ””ဟု ဇေကမ္ဘာ ဦးခင်ရွှေမှ လွှတ်တော်လယ်ယာ မြေနှင့်အခြားမြေများသိမ်းဆည်းခံ ရမှုစုံစမ်းရေးကော်မရှင်နှင့်လုပ်ငန်း ရှင်များတွေ့ဆုံပွဲ၌ ပြောကြားသွား   ခဲ့သည်။
ဇေကမ္ဘာဦးခင်ရွှေ ရှေ့မှ ဆက်လက်ပြောကြားရာ၌ နိုင်ငံ တော်ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၄၌ ယခင်အစိုးရလုပ် ထားဆောင်ရွက်ထားသည်များ အား ယခုအစိုးရမှ ဃသမလေ ပြုရ မည့် သဘောရှိကြောင်း လက်ရှိ   လုပ်ငန်းစီမံကိန်းများမှာ ယခင် အစိုးရလုပ်ထားတာ လုပ်ငန်းများ    ဖြစ်သည့်အတွက် ယခုအစိုးရမှ     ဃသမလေ ပြုလုပ်ပေးရမည်ဖြစ်ကြောင်း  နှင့်ယင်းသို့ နိုင်ငံရေးလှုံ့ဆော်မှု များ၊ လယ်သမားများအား မြှောက် ပင့်နေမှုများနှင့်အခြားသောကိစ္စ များအတွက် မိမိအနေဖြင့် တရား စွဲဆိုထားသော အမှုပေါင်း၂၀ခန့် ရှိနေပြီး ယင်းအမှုများအားလည်း   တရားရုံးများမကိုင်ရဲ၊ရဲစခန်းမှလည်း ဘာမှမလုပ်ပေးသည့်အတွက် တရားဥပဒေစိုးမိုးရေးဟူသည်မရှိ တော့ပြီလားဟု ထပ်မံမေးခွန်း  ထုတ်ပြောကြားသွားခဲ့သည်။


ခန့်ခန့်(ဒဿနိက)
hotnewsweekly.com 

ပုဂ္ဂလိက လုပ်ငန်းများအား ဦးတည်၍ လှုံ့ဆော်သူအချို့အပေါ်အစိုးရမှ မည်သည့်အတွက် အရေးမယူကြောင်းဇေကမ္ဘာဦးခင်ရွှေမေးခွန်းထုတ်

February 19, 2013

မြေသိမ်းမှုများ၌ အမှန်တ ကယ်သိမ်းယူသော အိုးအိမ်ဦးစီး ဌာနအား ရည်ရွယ်ဦးတည်ခြင်း လုံးဝမရှိဘဲ ယင်းအိုးအိမ်ဦးစီးဌာန မှ လုပ်ကိုင်ခွင့်ပြန်ချပေးသော ပုဂ်္ဂလိကလုပ်ငန်းများအား ပြည်သူ များမှအထင်လွှဲမှားလာစေရန် ရည်ရွယ်၍နိုင်ငံရေးလှုံ့ဆော်သူ အချို့ရှိနေပြီး။ယင်းသို့သော နိုင်ငံ ရေးလှုံ့ဆော်သူအချို့အား အစိုးရ မှ မည်သည့်အတွက်ကြောင့် ထိရောက်စွာ ထိန်းသိမ်းအရေး ယူခြင်းမပြုရကြောင်း ဇေကမ္ဘာ ကုမ္ပဏီဥက္ကဋ္ဌဦးခင်ရွှေမှမေးခွန်း ထုတ်ပြောကြားလိုက်သည်။

လယ်ယာမြေ နှင့်အခြားမြေများသိမ်းဆည်းခံရမှုစုံစမ်းရေးကော်မရှင် ရွှေပြည်သာမှာ မပီပြင်


၂၈.၁၀.၂၀၁၂နေ့မှာသာဓုကန်ဘုန်းတော်ကျောင်းဓမ္မာရုံမှာစုံးစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့နှင့်လယ်သမားများတွေဆုံခဲ့ပြီစုံစမ်းစစ်ဆေးရေးကော်မရှင်မှဦးအောင်သိန်းလင်း၊ဒေါက်တာမြင့်ကြည်၊ဦးအောင်ဇင်၊ီးခိုင်မောင်ရည်တို့လယ်ယာမြေသိမ်းဆည်းခံလယ်သမားများ၏နစ်နာမှုများကိုစစ်ဆေးဆောင်ရွက်ရန်ကော်မရှင်အနေဖြင့်လာရောက်တွေ့ဆုံဖြေရှင်းရန် လာရောက်ခဲ့ပါသည်။
လယ်သမားများမှနစ်နာမှုများကိုကော်မရှင်လူကြီးများတင်ပြခဲ့ပါသည်ကော်မရှင်မှလယ်သမားများတင် ပြသောကြောင်းအရာများကို စစ်ဆေးတဲ့အခါမှာလုပ်ငန်းရှင်များဘက်ကိုလည်းမလိုက်ဘူးလယ်သမား များဖက်ကိုလည်းမလိုက်ဘူးမှန်မှန်ကန်ကန် စစ်ဆေးတွေ့ရှိချက်များကိုစုံစမ်းစစ်ဆေးရေးကော်မရှင်အ နေဖြင့်လွှတ်တော်သို့ပြန်လည်တင်ပြပေမှာဖြစ်ပါသည်။အကယ်၍လုပ်ငန်းရှင်များနှင့်လယ်သမား နှင့် ညှိနှိုင်း ဆောင်ရွက်လို့ပြေလည်မှုရမည်ဆိုရင်လည်းညှိနှိုင်းပေမည်ဟုပြောဆိုခဲ့ပါသည် စက်မှုဇုန်သိမ်း လယ် သမားများမှလယ်တစ်ဧလျှင်သိန်း(၄၀)ဖြင့်ရလိုကြောင်တင်ပြခဲ့ပါသည်ယခုလိုတင် ပြခဲ့မှုအပေါ် ကော်မရှင်အဖွဲဝင်တစ်ဦးဖြစ်သူဦးခိုင်မောင်ရည်မှလယ်သမားများတောင်ဆိုသောငွေကြေး မှာအလွန်နဲ သောကြောင့်လယ်သမားများကိုစိတ်ဆိုးကြောင်းပြောဆိုခဲ့ပါသည်။

ဥပဒေပြုရေးအာဏာ

ဥပဒေပြုရေးအာဏာဆိုတာ အုပ်ချုပ်ရေးအာဏာကျင့်သုံးတဲ့အစိုးရနဲ့ အုပ်ချုပ်ခံတွေလိုက်နာရမည့် ဥပဒေတွေပြ ဌာန်းပေးတဲ့ လွှတ်တော်ဖြစ်ပါတယ်။ ယခုဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာတော့ လွှတ်တော် (၂)ရပ်ပေါင်းထား သည့် ပြည်ထောင်စုလွှတ်တော်ကို ခေါ်ဆိုခြင်းဖြစ်ပါတယ်။ လွှတ်တော် ကိုယ်စား လှယ်ကြီး တွေ အမှန်တကယ်ထမ်းဆောင်ရမည့်တာဝန်တွေက
(၁) ဥပဒေပြုခြင်း၊ ဥပဒေပြုရန်အကြံပြုခြင်း၊ ဥပဒေကြမ်းများကို ဆွေးနွေးဝေဖန်ခြင်း၊
(၂) အုပ်ချုပ်ရေးအာဏာကျင့်သုံးမှုကို ရေးရာကော်မတီများ ဖွဲ့စည်းစောင့်ကြည့်စစ်ဆေးခြင်း၊
(၃) ငွေကြေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးဆုံးဖြတ်ပေးခြင်း စတာတွေပါတယ်။
Law Maker ခေါ် ကိုယ်စားလှယ်များ မည်မျှအရည်အချင်းရှိကြသနည်း၊ မည်သည့်နည်းနှင့် လွှတ်တော်ပေါ်သို့ ရောက်ရှိလာသနည်း၊ Congressional Law ခေါ် လွှတ်တော်လုပ်ထုံးလုပ်နည်းဥပဒေ မည်သို့ရှိသနည်း စသည်တို့ပေါ်တွင် မူတည်ပါလိမ့်မည်။

တိုင်းပြည်ဘဏ္ဍာငွေရဖို့အတွက် အခြေခံလူ တန်းစားတွေရဲ့ ဘ၀ကိုဖျက်ဆီးပြီး အရင်တည်ရန် မသင့်လျှော်

အုပ်ချုပ်ရေးအာဏာဆိုတာ ပြည်သူ့ရေးရာဝန်ဆောင်မှုတွေကိုပေးတဲ့ အုပ်ချုပ်ရေးယန္တရားနဲ့ သူ့ကိုကြီးကြပ်တဲ့ အစိုးရကို ဆိုလိုခြင်းဖြစ်တယ်။ ယနေ့ခေတ် အုပ်ချုပ်သူအစိုးရ အနေဖြင့် အခွန်း ထမ်းပြည် သူဦး စားပေးရေး စနစ်မျိုးနဲ့သွားမည်ဆိုလျှင် အခွန်ထမ်းဆောင်နိုင်ရန်ခက်ခဲသော အခြေခံလူတန်းစား လယ်သမား၊ အလုပ်သမားတွေ အတွက်ထိရောက်မှုရှိနိုင်/မရှိနိုင်ကို ကြိုတင်တွက်ချက်ဖို့လိုအပ်ပါလိပ့်မည်။ လုပ်ငန်းရှင်တွေအတွက် လုပ်ငန်းလည်ပတ်ရန်မြေနေရာနှင့် လုပ်ပိုင်ခွင့်တွေဟာ အခြေခံလူတန်းစားတွေဖြစ်သည့် အလုပ်သမား၊ လယ်သမားတို့၏ လုပ်ပိုင်ခွင့်နှင့် လယ်ယာမြေများသိမ်းဆည်းခံရမည့်အခြေအနေကိုတော့မဆိုက်ရောက်သင့်ပါ။  တိုင်းပြည်ဘဏ္ဍာငွေရဖို့အတွက် အခြေခံလူတန်းစားတွေရဲ့ ဘ၀ကိုဖျက်ဆီးပြီး အရင်တည်ရန် မသင့်လျှော် ကြောင်းအသိပေးတင်ပြရခြင်းဖြစ်ပါသည်။

ကိုယ်ထူကိုယ်ထစနစ်ကြောင့် လယ်ယာမြေရေကြီးခြင်း ပြဿနာများ ပြေလည်တော့မည်


ပဲခူးတိုင်းဒေသကြီး ညောင် လေးပင်မြို့နယ် ကွင်းအမတ် ၂၀၃(ခ)တော်ပသီနှင့်မုက္ခမူ ကရင်  ရွာကြားရှိ နှစ်ပေါင်း(၇၀)ကျော် ကြား ချောင်းကော၊မြောင်းကော  များအား ငါးလုပ်ငန်းရှင်များအဖွဲ့ မှာ ကိုယ်ထူကိုယ်ထစနစ်ဖြင့် ပြန် လည်တူးဖော်ရာတွင် သက်ဆိုင် ရာတာဝန်ရှိသူများက ကြည့်ရှုခဲ့ ကြကြောင်းသိရှိရပါသည်။

ခေါင်းကျကျ၊ ပန်းကျကျ အုပ်ချုပ်ရေးမှူးစားတယ်၊ လယ်သမားတွေက ဒေါင်လိုက်ကျမှ စားရမယ်


လပွတ္တာခရိုင်-မော်လမြိုင် ကျွန်းမြို့နယ်-ချောင်းဖျားအုပ်စု မျက်တိုအုပ်စု-ရွှေလုံးကွင်းအုပ်စု- ပလွန်စာရွာမ-လေးအုပ်စု၏ အုပ် ချုပ်ရေးမှူး ကိုသန်းဌေးနှင့် ကျေး ရွာဘဏ်အတွင်းရေးမှူး ဦးဟန် ထွန်းတို့သည် မြန်မာလယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ လယ်သမား (၁၁၉)ဦး၏လယ်ဧက (၄၈၉)ဧက အတွက် ငွေ ၃၉၁ သိန်း ၂ သောင်းကို ဇန်န၀ါရီလ ၁၁ ရက် က ထုတ်ယူလာကြောင်း လယ် သမားကြီးဦးဖိုးထွားနှင့် ဦးကျော် ထွန်းတို့ ပြောပြ၍ သိရှိရပါ သည်။

ဝန်ကြီးက လိမ်တာလား၊ ၀န်ထမ်းက ညာတာလား



ပဲခူးတိုင်းဒေသကြီးညောင်လေးပင်မြို့နယ်တ၀ိုက်၊ ကျေးရွာများရှိ လယ်မြေအချို့သည် ၁၉၉၃ ခုနှစ်ကတည်းကစတင်ကာ နှစ်စဉ် မိုးစပါးစိုက်ပျိုးရာသီတွင် လယ်မြေများ ရေကြီးနစ်မြုပ်မှု ပြသနာကို ကြုံတွေ့ရလေ့ရှိသည်။ ထိုနေရာအနီးတ၀ိုက်ရှိ ရေနုတ်ချောင်းများ၊ မြောင်းများကို ပိတ်ဆို့ကာ တည်ဆောက်ထားသော မျဉ်းဝန်းဆည်များ၊ ဓမင်းများ၊ ငါးဖမ်းဆည်များ ပြုလုပ် ငါးဖမ်းခြင်းကြောင့် ချောင်း၊ မြောင်းများကောလာကာ  ရေစီးရေလာပိတ်ဆို့ပြီး လယ်မြေများသို့ ရေလွှမ်းမိုးခြင်းဖြစ်သည်။ ထိုကဲ့သို့ ပြသနာများသည် လွန်ခဲ့သည့် တပ်မတော်အစိုးရလက်ထက်ကတည်းက ခံစားနေခဲ့ရခြင်း ဖြစ်သော်လည်း အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်ခံနေရချိန်တွင် ကယ်သူမဲ့ ဘ၀ဖြင့် နှစ်ပေါင်းများစွာ ခံစားခဲ့ကြရသည်။

Tuesday, February 19, 2013

စက်မှုဇုန်တွေမှာ လျှပ်စစ်မီး တနေ့ ၅ နာရီသာပေးတော့မည်

ဖေဖော်ဝါရီလ ၂၀ ရက်နေ့က စပြီး စက်မှုဇုန်တွေမှာ တနေ့ကို လျှပ်စစ်မီး ၅ နာရီသာ ပေးတော့ မယ်လို့ မြန်မာနိုင်ငံ လျှပ်စစ် ဓာတ်အားပေးရေး အဖွဲ့ ဥက္ကဌက ပြောပါတယ်။ အခုလို စက်မှုဇုန်တွေမှာ လျှပ်စစ်မီး ပြတ်တောက်တာဟာ နှစ်စဉ်လိုလို ဖြစ်နေပြီး၊ စက်မှုလုပ်ငန်းတွေအတွက် ပုံမှန်ထက် ကုန်ကျစရိတ် ၄ ဆ ပိုများစေတယ်လို့ လှိုင်သာယာ စက်မှုဇုန် ဥက္ကဌ က တုံ့ပြန်လိုက်ပါတယ်။ ဒီသတင်း အပြည့်အစုံကိုတော့ ဆက်သွယ် မေးမြန်းထားတဲ့ ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင် က ပြောပြပေးမှာဖြစ်ပါတယ်။

ပြည်တွင်းမှာ လျှပ်စစ်မီး အလုံအလောက် မရတဲ့ အခြေအနေ ကြောင့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က စတင်ပြီး စက်မှုဇုန်တွေမှာ တနေ့ကို မီး ၅ နာရီပဲ အသုံးပြုခွင့် ရတော့မယ် လို့ မြန်မာနိုင်ငံ လျှပ်စစ် ဓာတ်အားပေးရေး အဖွဲ့ ဥက္ကဌ ဦးအောင်ခိုင် က ပြောပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ မေးခွန်းကို တိတိကျကျ ဖြေကြားဖို့ ညွှန်ကြား

 
RFA
ပြည်ထောင်စုလွှတ်တော် နာယက၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ဖြစ်ပါသည်။
 
2013-02-18
နိုင်ငံတော်စီမံကိန်းတွေနဲ့ ပတ်သက်ပြီး လွှတ်တော် ကိုယ်စားလှယ်တွေ ရဲ့ ဆွေးနွေးမေးမြန်းချက်တွေကို ဝန်ကြီးဌာနတွေအနေနဲ့ ပွင့်လင်းမြင်သာမှုရှိရှိနဲ့ တိတိကျကျ ပြန်လည် ရှင်းလင်းပေးစေချင်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်က ဖေဖေါ်ဝါရီလ ၁၈ ရက် ဒီကနေ့ ပြည်ထောင်စု လွှတ်တော်မှာ တိုက်တွန်း လိုက်ပါတယ်။

မြန်မာကလေးစစ်သား ၂၄ ဦး ပြန်လွှတ်ပေးမှု ကုလကြိုဆို

မြန်မာစစ်တပ်က ကလေးစစ်သားတွေကို မိဘထံ ပြန်လည်အပ်နှံမှု အခမ်းအနား (၃၊ ၉၊ ၂၀၁၂)မြန်မာစစ်တပ်က ကလေးစစ်သားတွေကို မိဘထံ ပြန်လည်အပ်နှံမှု အခမ်းအနား (၃၊ ၉၊ ၂၀၁၂)
 

မြန်မာစစ်တပ်ထဲက ကလေးစစ်သား ၂၄ ဦးကို ပြန်လွှတ်ပေးလိုက် တဲ့အပေါ် ကုလသမဂ္ဂ က ချီးမွမ်း ကြိုဆိုလိုက်ပါတယ်။

စစ်တပ်တွင်းက ကလေးစစ်သား ၂၄ ဦးကို စိစစ်ပြီး ပြန်လွှတ်ပေးတဲ့ အခမ်းအနားတရပ်ကို ပြီးခဲ့တဲ့ သောကြာနေ့တုန်းက ရန်ကုန်မြို့မှာ ကျင်းပခဲ့ပြီး၊ အစိုးရ တာဝန်ရှိသူတွေ၊ စစ်တပ် အရာရှိတွေအပြင် UNICEF ကုလသမဂ္ဂ ကလေးသူငယ်များ ရန်ပုံငွေအဖွဲ့က မြန်မာနိုင်ငံ ကိုယ်စားလှယ်လည်း တတ်ရောက်ခဲ့ပါတယ်။

တပ်မြေကိစ္စ နှင့် ပတ်သက်လျှင် နားပိတ်ပြီးသာအိပ်နေတော့

 
တပ်မတော်က သိမ်းထား သောလယ်မြေကိစ္စနှင့်ပတ်သက်၍ “ခင်ဗျားတို့နားပိတ်ပြီးသာ အိပ် နေပါ။ နောက်တစ်လအတွင်း ထူး ခြားပါမည်”ဟု လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဋ္ဌ ဦးတင်ထွတ်နှင့်အဖွဲ့ဝင် များက ၇-၂-၂၀၁၃ ရက်တွင် တောင်ဥက်္ကလာပရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးရုံး၌ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်မှ လယ်သိမ်းခံရသော လယ်သမားများအား ပြောကြား သွားကြောင်း အဆိုပါအစည်း အဝေးကို တက်ရောက်သူများက ပြောကြားလျက်ရှိပါသည်။ မင်္ဂလာဒုံမြို့နယ် အမှတ် ၃ လမ်း ဘေးစမ်းကြီးဝကွင်း ကွင်းအမှတ် (၄၀၇)အေ၊ (၄၀၇)ဘီ၊ (၄၀၇)စီ၊ (၄၀၈)အေ ကွင်းများကို ၁၉၉၂ တွင် တပ်မတော်က သိမ်းယူသွား ကြောင်း ထိုသို့သိမ်းယူခြင်းကြောင့် လယ်သမား ၈၀ခန့်မှာ အဆိုပါ လယ်တွေမှာပဲ သီးစားငှားပြီး ပြန် လည်စိုက်ပျိုးနေပေမဲ့ တစ်ဧက စပါး ၁၆ တင်းပေးနေရာမှ နောက်ပိုင်းတွင် တင်း၂၀အထိ

မြန်မာနိုင်ငံတွင် ပထမ ဆုံး ကျင်းပဖြစ်သည့် အလုပ်သမားရေးရာ အလုပ်ရုံဆွေးနွေးပွဲ

မြန်မာနိုင်ငံတွင် ပထမ ဆုံး ကျင်းပဖြစ်သည့် အလုပ်သမားရေးရာ အလုပ်ရုံဆွေးနွေးပွဲ

ဖေဖေါ်ဝါရီလ ဆယ့်ခြောက်ရက်နှင့် ဆယ့်ခုနှစ်ရက်တို့ တွင် သုခ ခန်းမ နာရေးကူညီမှုအသင်း
တွင် အခြေခံအလုပ်သမားသအဂ္ဂ ပေါင်းတစ်ရာနီးပါးတို့  က အလုပ်သမားရေးရာအလုပ်ရုံဆွေးနွေးပွဲအောင်မြင်စွာပြုလုပ်နိုင်ခဲ့သည်။
တက်ရောက်သည့် အလုပ်သမားပေါင်း တစ်ရာ့ငါးဆယ်ကျော်ဖြစ်ပြီး သမဂ္ဂပေါင်း ၈၀ကျော်မှ
တက်ရောက်၍ လက်ရှိ အလုပ်သမားအခွင့်အရေး နှင့် ဖွဲ့ စည်းရေးအတွက် ဖိနှိပ်ချိုးဖောက်ခံ
ရမှုများကို စာတန်းဖတ်တင်ပြသွားပါသည်။
အခမ်းအနားကို အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် နာယက ကြီး ဘဘ ဦးတင်ဦး ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့ အစည်း မှ ဦးကိုကိုကြီး အစိုးရ ပိုင်းမှ အလုပ်သမားရေးဝန်ကြီးဌါန ၏ညွှန်ချုပ် ဦးဝင်းရှိန် တို့ က အဖွင့် အမှာစကားပြောကြားပေးကြပြီး ILO မှ လွတ်လပ်စွာသင်းပင်းဖွဲ့ စည်းရေး တာဝန်ခံ မစ္စတာရော့(စ်) ၀ီလစင် မှ ဒုတိယနေ့ တွင် အလုပ်သမားများအတွက် လွတ်လပ်စွာသင်းပင်းဖွဲ့ စည်းမှုဆိုင်ရာ နှင့် အခွင့်အလမ်းများကို ဆွေးနွေးတင်ပြသွားပါသည်။
ဤ အလုပ်ရုံဆွေးနွေးပွဲသို့  သမဂ္ဂအသီးသီး၏ တင်သွင်း ဖတ်ကြားသွားသောစာတန်းများကိုပြုစု ၍ Labour Rights (အလုပ်သမားအခွင့်အရေး)နှင့် ပတ်သတ်၍ ဦးသူရိန်အောင်မှ
တာဝန်ယူကာအစုလိုက် စုစည်းဆွေးနွေးတင်ပြသွားပြီး Trade disipute(အငြင်းပွါးမှု) နှင့် ပတ်သတ်၍ ဦး
စောကျော်ကျော်ကျော်မင်းမှ တာဝန်ယူကာ အစု အဖွဲ့ အလိုက်ဆွေးနွေးတင်ပြသွားပြီး ဒေါ်အိရွှေစင်ညွန့် မှ တာဝန်ယူကာ Freedom of Association (လွတ်လပ်စွာသင်းပင်းဖွဲ့ စည်းခွင့် )နှင့် ပတ်သတ်ပြီး အစု အဖွဲ့ အလိုက် ဆွေးနွေးသွားပါသည်။ ဆွေးနွေးတင်ပြချက် များကို လာမည့်ရက်သတ္တပတ်အတွင်း
လွှတ်တော်သို့  တင်သွင်းသွားမည်ဖြစ်ပါသည်။
အလုပ်ရုံဆွေးနွေးပွဲ ဖြစ်မြောက်ရေးကို အလုပ်သမားရေးဆောင်ရွက်သူများကွန်ယက်မှ တာဝန်ယူဆောင်ရွက်ပြီး လူထု အကျိုးပြု ဆောင်ရွက်နေသောအဖွဲ့ အစည်း အသီးသီး၏
အလှူငွေများ ဦးကျော်သူဒေါ်ရွှေဇီးကွက် တို့ ၏ ခန်းမ နှင့် အလုပ်ရုံဆွေးနွေးပွဲတစ်လျောက်
စားသောက်နေထိုင်မှုများအစစ တာဝန်ယူမှုကြောင့် ဤ အလုပ်ရုံဆွေးနွေးပွဲအားအောင်မြင်စွာကျင်းပနိုင်ခြင်းဖြစ်သည်။


ဖေဖေါ်ဝါရီလဆယ့်ခြောက်ရက်နှင့်ဆယ့်ခုနှစ်ရက်တို့ တွင်သုခခန်းမနာရေးကူညီမှုအသင်းတွင်အခြေခံအလုပ်သမားသအဂ္ဂ ပေါင်းတစ်
ရာနီးပါးတို့ ကအလုပ်သမားရေးရာအလုပ်ရုံဆွေးနွေးပွဲအောင်မြင်စွာပြုလုပ်နိုင်ခဲ့သည်။တက်ရောက်သည့်အလုပ်သမားပေါင်းတစ်ရာ့ငါး
ဆယ်ကျော်ြ ဖစ်ပြီး သမဂ္ဂပေါင်း ၈၀ကျော်မှတက်ရောက်၍ လက်ရှိ အလုပ်သမားအခွင့်အရေး နှင့် ဖွဲ့ စည်းရေးအတွက် ဖိနှိပ်ချိုးဖောက်ခံရမှုများကို စာတန်းဖတ်တင်ပြသွားပါသည်။

Monday, February 18, 2013

အကြွေး ၆ သိန်း ပြန်မဆပ်နိုင်လို့  သားမယားပြုကျင့်တဲ့ ကျေးရွာအုပ်ချုပ်ရေးမှုးကို (အရေးယူပေးရန်)

အကြွေး ၆ သိန်း ပြန်မဆပ်နိုင်လို့  သားမယားပြုကျင့်တဲ့ ကျေးရွာအုပ်ချုပ်ရေးမှုးကို (အရေးယူပေးရန်) 
( NEWS COLLECTION )

ပန်းတနော်မြို့နယ် ခရေကုန်း ကျေးရွာအုပ်စု အတွင့် ဖွင့်လှစ်ပေးနေသည့် နယ်လှည့် အခမဲ့ ကွန်ပျူတာသင်တန်း အမှတ်စဉ် ၁၂ အား စီစဉ် ထားသော ဘုန်းတော်ကြီး ကျောင်း အတွင်း ဖွင့်လှစ်ခွင့် မရအောင် နှောက်ယှက် ဖိအားပေးသော ကျေးရွာ အုပ်ချုပ်ရေးမှူး နှင့် စာရေး တို့အား တိုက်ရိုက်တွေ့ဆုံ မေးမြန်းပြီး မကူညီချင်နေပါ မနှောက်ယှက် ရန် ပြောကြားနေစဉ် ။ ထို ကျေးရွာ အုပ်ချုပ်ရေးမှူးမှာ မယားကြိးရှိပါ လျှက် နှင့် သူပိုင်ဆန်စက်မှ အလုပ်သမားဖြစ်သူ ဧ။် သမီးဖြစ်သူ ၁၇ နှစ်သမီးအား အကြွေးခြောက်သိန်း မဆပ်နိုင်သော မိဘဖြစ်သူကို အကြပ် ကိုင်ပြီး သမီးကို သိမ်း ယူကာ အတင်းအကျပ် မယားပြုပြီး ကိုယ်ဝန်ရလာသော အခါ စွန့်ပစ်လိုက်သော လူမဆန် သူတဦးဖြစ်သည်။

ထိုလို လူများသည် ဒေသ ဖွံ့ဖြိုးရေး အတွက် နည်းပညာလာရောက် အခမဲ့သင်ပေးသော မိမိတို့ အဖွဲ့ကို ရိုင်းစိုင်းစွာဆက်ဆံတုန့်ပြန်သဖြင့် ကျနော်နှင့် ပါလာသော အလှူရှင်များ နှင့် အတော်ပင် အခြေအ တင် ဖြစ်ပွားခဲ့ရသည်။ သူတို့ ဒေသ ဖွံ့ဖြိုးစေဖို့ လာရောက် ကူညီ ပေးသော မိမိတို့ကိုပင် ရန်သူသဖွယ် ဆက်ဆံသည်။ ထို အုပ်ချုပ်ရေးမှူးနှင့် စာရေးတို့အား တရွာလုံးက ရွံ့မုန်းသော်လည်း အာဏာပိုင် နေ သူမို့ဘယ် သူကမှ မပြောရဲကြပေ။

ကျေးရွာ အုပ်ချုပ်ရေးမှူး မှ ကျူးလွန်မယားပြုပြီး ကိုယ်ဝန်ရခါမှ စွန့်ပစ်လိုက်သောကြောင့် တဲစုတ်လေး တခုပေါ်တွင် သားကင်းငယ်လေးနှင့် အတူ မကျန်းမမာ ဝေဒနာ ခံစားနေရသော မိန်းကလေးငယ်။ သူ့ အသက် ၁၇ နှစ်တွင် မိဘဖြစ်သူက တင်ရှိနေသော အကြွေးခြောက်သိန်း ကြောင့် သူ့ အဖိုး အရွယ်ရှိသော ကျေးရွာအုပ်ချုပ်ရေးမှူး အလိုကို ဖြည့်ပေးခဲ့ရသော မိန်းကလေးငယ်။ ယခု ကလေး ငယ်ဖြင့် ဒီလိုနေ နေ ရ ပါသည်။

ko nay myo zin 

ရုပ်သံကို အောက်ပါလင့်တွင် ကြည့်ရူ့နိုင်ပါသည်

http://abbsoluteright.blogspot.com/2013/02/blog-post_5259.html
                                                           

ပန်းတနော်မြို့နယ် ခရေကုန်း ကျေးရွာအုပ်စု အတွင့် ဖွင့်လှစ်ပေးနေသည့် နယ်လှည့် အခမဲ့ ကွန်ပျူတာသင်တန်း အမှတ်စဉ် ၁၂ အား စီစဉ် ထားသော ဘုန်းတော်ကြီး ကျောင်း အတွင်း ဖွင့်လှစ်ခွင့် မရအောင် နှောက်ယှက် ဖိအားပေးသော ကျေးရွာ အုပ်ချုပ်ရေးမှူး နှင့် စာရေး တို့အား တိုက်ရိုက်တွေ့ဆုံ မေးမြန်းပြီး မကူညီချင်နေပါ မနှောက်ယှက် ရန် ပြောကြားနေစဉ် ။ ထို ကျေးရွာ အုပ်ချုပ်ရေးမှူးမှာ မယားကြိးရှိပါ လျှက် နှင့် သူပိုင်ဆန်စက်မှ အလုပ်သမားဖြစ်သူ ဧ။် သမီးဖြစ်သူ ၁၇ နှစ်သမီးအား အကြွေးခြောက်သိန်း မဆပ်နိုင်သော မိဘဖြစ်သူကို အကြပ် ကိုင်ပြီး သမီးကို သိမ်း ယူကာ အတင်းအကျပ် မယားပြုပြီး ကိုယ်ဝန်ရလာသော အခါ စွန့်ပစ်လိုက်သော လူမဆန် သူတဦးဖြစ်သည်။

အမျိုးသမီးခေါင်းဖြတ် အသတ်ခံရမှု မှုခင်းတပ်ဖွဲ့ တိုက်ရိုက်ကိုင်တွယ်


ဖြူး ၊ဖေဖော်ဝါရီ ၁၇

ပဲခူး တိုင်းဒေသကြီး တောင်ငူခရိုင် ၊ ဖြူးမြို နယ် သပြေလှ ကျေးရွာ ချောင်းကူးတံတား အောက်တွင် ဖေဖော်ဝါရီ ၁၄ရက်နေ.က တွေ့ရှိသော အမျိုးသမီး ခေါင်းဖြတ် အသတ်ခံရမှု ကို နေပြည်တော် မှုခင်း တပ်ဖွဲ့ (CID) မှ တိုက်ရိုက် ကိုင်တွယ် စစ်ဆေးနေကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ် မှ ဒုတိယ ရဲမှူးကြီး တစ်ဦ်း က The Voice Weekly သို့ ပြောကြားသည်။

“ ခု အမျိုးသမီး ရဲ့ ဓာတ်ပုံတွေကို တစ်နိုင်ငံလုံး ဖြန့်ထားပါတယ် ၊ဖြူးမှာ မသင်္ကာ သူ တစ်ဦး ကို လည်း စစ်ဆေးနေ ပါတယ် လတ်တလော အသေးစိတ်ပြောလိုမရပါဘူး ၊ ” ဟု ၎င်း က ဆိုသည်။

မြန်မာနိုင်ငံသား ကရင်တိုင်းရင်းသူ ကို နှိပ်စက်ခဲ့သော ထိုင်းလူမျိုး ဇနီးမောင်နှံ ကို ထိုင်းအစိုးရက ဘတ်ငွေ ၁ သိန်းဖြင့် ဖမ်းဝရမ်းထုတ်

ဖေဖော်ဝါရီ ၁၈၊ ၂ဝ၁၃

မြန်မာနိုင်ငံသား ကရင်တိုင်းရင်းသူ မအဲကို ၅ နှစ်ကြာ နှိပ်စက်ခိုင်းစေခဲ့သော ထိုင်းလူမျိုး ဇနီးမောင်နှံ ကို ထိုင်း အစိုးရက ဘတ်ငွေ ၁ သိန်းဖြင့် ဖမ်းဝရမ်း ထုတ်ထားကြောင်း အလုပ်သမား အလုပ် အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ စုံ စမ်း သိရသည်။
''ဒီကိစ္စအတွက်ကို အရင်ကတည်း က ပြင်းပြင်းထန်ထန် အရေးယူပေးဖို့ ကျွန်တော်တို့ တိုက်တွန်းထားပါတယ်။ အခု ပြစ်မှုကျူးလွန်တဲ့သူတွေက ထွက် ပြေးသွားပြီလို့ သိရတယ်။ တရားဝင်စာတော့ မဝင်သေးဘူး။ တရားဝင်စာ ဝင် လာပြီး ဘယ်လို ဆက်လက်ဆောင်ရွက် မယ်ဆိုတာ ဆုံးဖြတ်သွားမှာပါ''ဟု အဆို ပါဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက The Messenger ဂျာနယ်သို့ ပြောကြား သည်။

ကချင်ဒုက္ခသည်တွေအတွက် ကုလအကူအညီစတင်စေလွှတ်

ကချင်စစ်ပြေးဒုက္ခသည် (၁၅၊ ၂၊ ၂၀၁၂)ကချင်စစ်ပြေးဒုက္ခသည် (၁၅၊ ၂၊ ၂၀၁၂)

မကြာသေးခင်က လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ မြန်မာ
နိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တွင်းမှာ ဒုက္ခရောက်နေသူတွေကို ပထမဆုံးအကြိမ်အဖြစ် ကုလသမဂ္ဂ က အကူအညီတွေ ပေး အပ်တော့မှာ ဖြစ်ပါတယ်။ ကချင်ပြည်နယ်တွင်း တိုက်ခိုက်မှုတွေ အရှိန် လျော့ကျလာတာနဲ့အမျှ ကုလသမဂ္ဂ က အကူအညီ ပေးနိုင်တဲ့ အခြေအနေတွေ ပေါ်ပေါက်လာတာပါ။