Monday, May 12, 2014

နေပြည်တော် တည်ဆောက်ရေး ကုန်ကျစရိတ်များနှင့်ပတ်သတ်၍ စုံစမ်းနေသောသတင်းထောက်များရှိပါက ဖမ်းဆီးမည်ဟု ခြိမ်းခြောက်


(နေပြည်တော် သတင်းရပ်ဝန်း)

(သတင်းထောက်) ဦးရဲထွဋ်ခင်ဗျား နေပြည်တော် တည်ဆောက်ရေး နဲ့ ပတ်သတ်ပြီး အရင် အစိုးရကရော အခုအစိုးရကပါ ကုန်ကျ စရိတ် ဘယ်လောက်ရှိသလဲဆိုတာ တစ်ခါမှ ထုတ်ဖော် ပြောကြားတာမတွေ့ရပါဘူး ၊ အဲဒါ နဲ့ ပတ်သတ်လို့ ဦးရဲထွဋ် အနေနဲ့


(ဦးရဲထွဋ်) ကျနော့် အနေနဲ့ ဒီကိစ္စနဲ့ ပတ်သတ်လို့ ဘာမှပြောစရာမရှိပါဘူး ၊

(သတင်းထောက်) ဒီလိုပါ ဦးရဲထွဋ်ခင်ဗျား ၊ ပြည်သူတွေက ဒီ နေပြည်တော် ဆိုတဲ့ စီမံကိန်းကို ဘယ်သူတာဝန်ခံ ဆုံးဖြတ်ခဲ့တာလဲ ၊ ပိုက်ဆံတွေ ဘယ်လောက်ကုန်သွားသလဲ ၊ တန်ရာတန်ကြေးကုန်တာ ဟုတ်ရဲ့လား စသဖြင့် သိချင်နေကြပါတယ် ၊ တရားဝင်

တိတ်ကျကျ ထုတ်ပြန်ထားတာတွေ ဘာမှ မရှိဘူးဆိုတော့ ပြည်သူတွေ ကြားမှာ မလိုလားအပ်တဲ့ ကောလဟာလတွေ ဖြစ်နေမှာစိုးလို့ပါ ၊

(ဦးရဲထွဋ်) ကျနော့်အနေနဲ့ ဘာမှ ပြောစရာမရှိဘူးလို့ပဲ ထပ်ပြောပါရစေ ၊ ပြည်သူတွေ အနေနဲ့လည်း အစိုးရက ကောင်းရာကောင်းကြောင်းလုပ်ခဲ့တာပါပဲ ၊ အခုကြည့်ပါ နေပြည်တော်ကြီးဟာ ဘယ်လောက်ခမ်းနား တင့်တယ်နေသလဲ ၊ ဒီလို နေပြည်တော်မျိုး

မြန်မာနိုင်ငံမှာရှိတယ် ဆိုပြီး ဂုဏ်ယူရမယ့် အရာပါ ၊ ငွေရေးကြေးရေး ဘယ်လောက်ကုန်ခဲ့သလဲဆိုတာ ကိုယ်နဲ့ ဆိုင်တဲ့ ကိစ္စမဟုတ်ဘူးလေ ၊

(သတင်းထောက်) ဒါပေမယ့် ဦးရဲထွဋ်ရယ် ၊ နမူနာပြောရမယ်ဆိုရင် နေပြည်တော်မှာ တည်ထားတဲ့ စစ်သမိုင်းပြတိုက်ဆိုရင် ဒေါ်လာ ဘီလီယံ နဲ့ ချီပြီး အကုန်အကျခံထားတယ်လို့ ကြားပါတယ် ၊ အဲဒီ စစ်သမိုင်းပြတိုက်ကို တစ်နှစ်နေလို့ မှ လူတစ်ရာပြည့်အောင်

လာမကြည့်ကြဘူး လို့လဲ ပြောသံကြားပါတယ် ၊ အဲဒီ စစ်သမိုင်းပြတိုက်ရဲ့ ပြုပြင်ထိန်းသိမ်း စရိန်က တစ်နှစ်ကို ကျပ်ငွေ သိန်းပေါင်း သောင်းဂဏန်း နီးပါးကုန်ကျတယ်လို့လဲ ကြားပါတယ် ၊ အဲဒါတွေက ကုန်သင့်ကုန်ထိုက်တဲ့ ပိုက်ဆံတွေ မှ ဟုတ်ရဲ့လားဆိုတာ ကျနော်တို့

စဉ်းစားရမယ်လေ ၊

(ဦးရဲထွဋ်) ခင်ဗျားတို့ သတင်းထောက်တွေ ဒီလောက်အထိ လိုက်ဝေဖန်နေတာကိုက တော်တော်လွန်နေပြီဗျ ၊ ခင်ဗျားတို့ အပူ ဘာမှမပါဘူး ၊ သူဖာသာသူ ဘယ်လောက်ကုန်ကုန် ခင်ဗျား အိတ်ထဲက ပိုက်ဆံတစ်ပြားပါသွားလို့လားဗျ ၊ ဒီမှာ နေပြည်တော် နဲ့ ပတ်သတ်လို့

နောက်နောင် ခင်ဗျားတို့ စုံစမ်းနေတယ်လို့ ကြားရင် အားလုံး ဖမ်းပစ်လိုက်လို့ရတယ် ၊ ခင်ဗျား သိရဲ့လား ၊

(ဦးရဲထွဋ်၏ ဒေါသနှင့်တုန့်ပြန်မှုကြောင်း အင်တာဗျူးရပ်သွားပါသည်)

နေပြည်တော် စစ်သမိုင်းပြတိုက်၏ တည်နေရာကို သိလိုပါက ဂူဂယ်တွင် 19.893198, 96.259719 ဟု ရိုက်ပြီး ရှာနိုင်ပါသည် ၊ ဂူဂယ်တွင် နေရှယ်နယ်ဂတ်စ်ဟောက်စ် ဟု ပုံမှားရိုက်ရေးထားသည် ၊

(နေပြည်တော် သတင်းရပ်ဝန်းမှ ပေးပို့လာသော သတင်းဖြစ်သည်)
Credit to Hawdeka Khalaylay
Copy to facebook.com

No comments:

Post a Comment