ပဲခူးတိုင်းဒေသကြီး၊
က၀မြို့နယ်၊ ရွှေညောင်ပင်ကျေးရွာ အ.ထ.က ကျောင်းခွဲရှိ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆို ကြမည့်
ကျောင်းသား/ကျောင်းသူများသည် ယခုနှစ် ၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် စာစစ်ဌာနပြောင်းလဲဖြေ
ဆိုရမည်ဖြစ်သည့်အတွက် အခက်အခဲများစွာနှင့် ရင်ဆိုင်ကြုံတွေ့နိုင်ကြောင်း ကျောင်းသားမိဘများ၏
ပြော ကြားချက်အရ သိရှိရသည်။
ရွှေညောင်ပင်ကျေးရွာ
အ.ထ.က ကျောင်းခွဲရှိ ကျောင်းသား/ကျောင်းသူများသည် ၁၉၉၃ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ သက္ကသိုလ်ဝင်စားမေးပွဲကို
သက္ကလစံပြကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ဖြေဆိုခဲ့ရာ ကျန်မာရေး၊ နေထိုင်ရေး၊ လုံခြုံရေးပြည့်စုံမှုကြောင့်
စိတ်လက်ချမ်းသာစွာဖြင့် ဖြေဆိုခဲ့ကြ၍ မြို့နယ်အဆင့်တွင် ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထအဆင့်
များရရှိခဲ့သော ကျောင်းတစ်ကျောင်းဖြစ်ပြီး အောင်ချက်ရာခိုင်နှုန်းမြင့် မားသည့် ကျောင်းလည်းဖြစ်ပါသည်။